K-Way Group

K-Way Group

Share

Your Complete Partner for Life in Korea🇰🇷
- A Total Support Company for Entering and Settling in Korea -

Photos from K-Way Group's post 05/05/2026

📌 ဒီနေ့ လေ့လာမယ့် စကားလုံးတွေက👇

📚နေရာနှင့် ပတ်သက်သော စကားလုံးများ
နေရာ=장소

학교 – ကျောင်း
회사 – ကုမ္ပဏီ
식당 – စားသောက်ဆိုင်
집 – အိမ်
병원 – ဆေးရုံ
도서관 – စာကြည့်တိုက်
카페 – ကော်ဖီဆိုင်
은행 – ဘဏ်

📌 예문
👉 학교에 가요 = ကျောင်းသို့ သွားပါတယ်
👉 카페에 가요 = ကော်ဖီဆိုင်သို့ သွားပါတယ်

💡 Tip
👉 “~에 가요” = “~သို့ သွားတယ်”
ဒီ pattern ကို မှတ်ထားပါ

⸝

📚 အလုပ်အကိုင်နှင့် ပတ်သက်သော စကားလုံးများ
အလုပ်အကိုင်=직업

학생 – ကျောင်းသား
회사원 – ကုမ္ပဏီဝန်ထမ်း
요리사 –စားဖိုမှုး
가수 – အဆိုတော်
선생님 – ဆရာ/မ
의사 – ဆရာဝန်
간호사 – သူနာပြု
배우 – သရုပ်ဆောင်

📌 예문
👉 저는 학생이에요 = ကျွန်တော်/ကျွန်မ ကျောင်းသားပါ
👉 그는 의사예요 = သူက ဆရာဝန်ပါ

💡 Tip
“I am ~” ပုံစံနဲ့ ပြောလေ့ကျင့်ပါ
👉 저는 ~이에요 / 예요

⸝

📚 ဆန့်ကျင်ဘက်ကြိယာများ
반대말 =ဆန့်ကျင်ဘက်စကားလုံး

열다 – ဖွင့်သည်
닫다 – ပိတ်သည်
가다 – သွားသည်
오다 – လာသည်
앉다 – ထိုင်သည်
서다 – မတ်တပ်ရပ်သည်
밀다 – တွန်းသည်
당기다 – ဆွဲသည်

📌 예문 (Example)
👉 문을 열어요 = တံခါးကို ဖွင့်ပါတယ်
👉 의자에 앉아요 = ထိုင်ခုံမှာ ထိုင်ပါတယ်

💡 Tip
ဒီလို နေ့စဉ်သုံးတဲ့ စကားလုံးတွေကို
နေ့တိုင်း နည်းနည်းစီသင်ရင်
မြန်မြန် တတ်လာပါလိမ့်မယ်

⸝

🌏 𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 🇰🇷✨

🌟 𝗞𝗼𝗿𝗲𝗮 မှာ ကျောင်းတက်ဖို့အတွက်သာမက
ရောက်သွားတဲ့အခါ နေထိုင်ရေးအဆင်ပြေစေဖို့အတွက်ပါ

𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။
[email protected]
—

New Student ဖြစ်ဖြစ်
Visa Change လုပ်ချင်သူဖြစ်ဖြစ်
Step by Step Guide ပေးပါတယ်။

—

📩 Comment(သို့) Messenger မှာ “Study Korea” လို့ပို့ပြီး
Free Consultation ရယူနိုင်ပါတယ်။


03/05/2026

❗ လူတော်တော်များများ “ဆိုးလ်” ကိုပဲ ရွေးပြီး နောက်မှ နောင်တရတတ်ကြပါတယ်…

ကိုရီးယားကို ကျောင်းသွားတက်မယ်လို့ စဉ်းစားလိုက်တဲ့အခါ လူအများစုရဲ့ ခေါင်းထဲမှာ ပထမဆုံးပေါ်လာတာက Seoul (ဆိုးလ်) ပါ။

ဆိုးလ်မှာ နာမည်ကြီးတက္ကသိုလ်တွေ၊ Part-time အလုပ်အကိုင်အခွင့်အလမ်းတွေ၊ နိုင်ငံတကာ Activities တွေ အများကြီးရှိတာ မှန်ပါတယ်။

ဒါပေမယ့် “ဆိုးလ်ဆိုတိုင်း အားလုံးအဆင်ပြေမယ်” လို့ မထင်သင့်ပါဘူး။

ဆိုးလ်ထဲမှာရှိပေမယ့် သွားရေးလာရေးခက်ခဲတဲ့ နေရာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းနည်းတဲ့ နေရာတွေ၊ ကျောင်းကပေးနိုင်တဲ့ အခွင့်အရေးနည်းတဲ့ တက္ကသိုလ်တွေလည်း ရှိနိုင်ပါတယ်။

ဒါကြောင့် ကျောင်းရွေးတဲ့အခါ မြို့နာမည်ထက် ကိုယ့် Budget၊ ကိုယ့် Goal နဲ့ ကိုက်ညီမှု ကို ပိုအရေးကြီးစွာ စဉ်းစားသင့်ပါတယ်။

⸝

၁။ ဆိုးလ်ကို ရွေးချယ်မယ်ဆိုရင် သိထားသင့်တဲ့အချက်များ

ဆိုးလ်မှာ ကျောင်းတက်ခြင်းရဲ့ အားသာချက်တွေကတော့—

✔️ ထိပ်တန်းတက္ကသိုလ်တွေ ဝင်ခွင့်ရခဲ့ရင် ဘွဲ့ရပြီးနောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်း ပိုများနိုင်ပါတယ်။

✔️ Part-time အလုပ်အကိုင် အခွင့်အလမ်းတွေ များပါတယ်။

✔️ ကျောင်းတက်ရင်း နိုင်ငံတကာ Activities၊ Networking၊ Internship အခွင့်အလမ်းတွေ ပိုရနိုင်ပါတယ်။

✔️ နိုင်ငံခြားသားကျောင်းသားတွေနဲ့ တွေ့ဆုံရတဲ့ အခွင့်အလမ်းလည်း ပိုများနိုင်ပါတယ်။

ဒါပေမယ့် သတိထားရမယ့်အချက်တွေလည်း ရှိပါတယ်။

❌ အိမ်လစာက တစ်လကို ₩500,000 ~ ₩1,000,000+ အထိ ကုန်ကျနိုင်ပါတယ်။

❌ စားဝတ်နေရေးစရိတ် မြင့်မားပါတယ်။

❌ ဝင်ခွင့်ကတည်းက အပြိုင်အဆိုင်များပြီး စိတ်ဖိစီးမှုများနိုင်ပါတယ်။

❌ ဆိုးလ်ထဲမှာရှိတဲ့ ကျောင်းဆိုပေမယ့် တချို့နေရာတွေက သွားလာရခက်ခဲပြီး အလုပ်အကိုင်အခွင့်အလမ်းနည်းနိုင်ပါတယ်။

⸝

၂။ နယ်မြို့တွေကို ရွေးချယ်မယ်ဆိုရင်

Busan, Daegu, Daejeon စတဲ့ မြို့တွေမှာ ကျောင်းတက်မယ်ဆိုရင်လည်း အားသာချက်တွေ များပါတယ်။

✔️ အိမ်လစာက ပုံမှန်အားဖြင့် ₩250,000 ~ ₩500,000 ဝန်းကျင်ဖြစ်လို့ စရိတ်သက်သာပါတယ်။

✔️ စားဝတ်နေရေးစရိတ်လည်း ဆိုးလ်ထက် သက်သာနိုင်ပါတယ်။

✔️ ငွေကြေးဖိအားနည်းပြီး ပညာရေးကို ပိုအာရုံစိုက်နိုင်ပါတယ်။

✔️ ပတ်ဝန်းကျင်အေးချမ်းလို့ Stress နည်းနည်းနဲ့ ကျောင်းတက်ချင်သူတွေအတွက် သင့်တော်ပါတယ်။

ဒါပေမယ့် နယ်မြို့တွေမှာလည်း အားနည်းချက်တွေ ရှိပါတယ်။

❌ ဆိုးလ်လောက် Part-time အလုပ်အကိုင် မပေါများနိုင်ပါဘူး။

❌ International exposure နည်းနိုင်ပါတယ်။

❌ ဘွဲ့ရပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာမှာ အနည်းငယ်ပိုခက်ခဲနိုင်ပါတယ်။

အထူးသဖြင့် နိုင်ငံခြားသားဘွဲ့ရကျောင်းသားတွေကို ခန့်ထားတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေက ဆိုးလ်ဘက်မှာ ပိုများနိုင်ပါတယ်။

⸝

ဒါဆို ဘယ်မြို့ကို ရွေးသင့်လဲ?

Budget အဆင်ပြေပြီး နိုင်ငံတကာကျောင်းသားတွေနဲ့ တွေ့ဆုံချင်တယ်၊ ကျောင်းတွင်း Activities၊ Internship၊ Networking အခွင့်အလမ်းတွေ ပိုလိုချင်တယ်ဆိုရင် ဆိုးလ် ကို ရွေးချယ်သင့်ပါတယ်။

Budget အကန့်အသတ်ရှိပြီး စိတ်ဖိစီးမှုနည်းနည်းနဲ့ အေးအေးဆေးဆေး ပညာသင်ချင်သူတွေဆိုရင်တော့ နယ်မြို့တွေ ကို ရွေးချယ်သင့်ပါတယ်။

သူငယ်ချင်းတွေသွားလို့ လိုက်သွားတာ၊ Trend ဖြစ်လို့ ရွေးတာမျိုး မလုပ်သင့်ပါဘူး။

ကျောင်းတက်တဲ့အခါ သူငယ်ချင်းအသစ်တွေ၊ Team Project တွေ၊ Activities တွေကနေတစ်ဆင့် Network အသစ်တွေ အများကြီးရလာမှာပါ။

အရေးအကြီးဆုံးက ကိုယ့် Budget နဲ့ ကိုယ့် Goal ကို မှန်မှန်ကန်ကန်သိပြီး ရွေးချယ်ဖို့ပါ။

⸝

📩 ဘယ်မြို့ကို ရွေးရမလဲ မသေချာသေးဘူးလား?

အခုပဲ Chat Box မှာ “Study Korea” လို့ Message ပို့လိုက်ပါ။

ကျောင်းသူ/ကျောင်းသားရဲ့ အခြေအနေ၊ Budget၊ Goal နဲ့ ကိုက်ညီမယ့် မြို့နဲ့ ကျောင်းကို K-Way Group မှ FREE အခမဲ့ အကြံပေး ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

🌏 𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 🇰🇷✨

25/04/2026

Free Class အတွက် အဆင်သင့်ပြင်ပြီးကြပြီလားရှင့် ?

🎉 𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 𝗢𝗽𝗲𝗻𝗶𝗻𝗴 𝗙𝗥𝗘𝗘 𝗞𝗼𝗿𝗲𝗮𝗻 𝗖𝗹𝗮𝘀𝘀 🇰🇷✨

ကိုရီးယားစာ စတင်လေ့လာချင်သူတွေအတွက် ဖွင့်ပွဲအထိမ်းအမှတ် ၂ လ ပြတ် FREE Class 🎁

📚 Duration – ၂လခွဲ (+Seminar ၂တန်း)
🗓 တစ်ပတ် ၂ ကြိမ်
⏰ တစ်ကြိမ် ၂နာရီ

“📖 재미있는 한국어”ဆိုတဲ့ ကိုရီးယားစာကို လွယ်လွယ်ကူကူနဲ့ စိတ်ဝင်စားစရာကောင်းအောင် မိတ်ဆက်သင်ပေးမယ့် အတန်းလေးပါ။
고려대학교က Basic courseကို အခြေခံထားပါတယ်။
Beginner လုံးဝ OK 👍
အခြေခံကနေ စနစ်တကျ သင်ကြားပေးမှာဖြစ်ပါတယ်။

🎁 Free Class Joinသူများသာ ရနိုင်မယ့် အထူးအခွင့်အရေးများ
(ကိုရီးယားမှာ လက်ရှိကျောင်းတက်ရင်း လုပ်ငန်းခွင်ဝင်နေတဲ့ စီနီယာအစ်မတွေ ကိုယ်တိုင် Knowledge Sharingလုပ်ပေးသွားမှာပါ)

🎓 𝗙𝗥𝗘𝗘 𝗦𝗲𝗺𝗶𝗻𝗮𝗿 (𝟭) ကိုရီးယား ကျောင်းဗီဇာလျှောက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းများ ဘယ်လိုပြင်ဆင်ရမလဲ? ဘယ်လိုအမှားတွေရှောင်ရမလဲ?

🎓 𝗙𝗥𝗘𝗘 𝗦𝗲𝗺𝗶𝗻𝗮𝗿 (𝟮) ကိုရီးယားမှာ ကျောင်းရွေး၊ မေဂျာရွေးဖို့ ကိုယ်နဲ့ ကိုက်ညီတဲ့ လမ်းကြောင်းကို ဘယ်လိုရွေးမလဲ?

📌အတွေ့အကြုံရှိ ဆရာ/ဆရာမတွေနဲ့ သင်ကြားနိုင်မှာဖြစ်ပြီး နောက်ပို့စ်မှာ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

🎯 ဒီ Program က ဘယ်သူတွေအတွက်လဲ?
✔ ကိုရီးယားစာကို အခုမှ စသင်မယ့်သူ
✔ ကိုရီးယားသွားဖို့ ဘယ်ကစရမှန်းမသိသေးတဲ့သူ
✔ Language School D4 စိတ်ဝင်စားသူ
✔ Undergraduate/ Master / PhDအထိ ရေရှည်ပညာသင်ဖို့ စဉ်းစားနေသူ

📌 Pageကို Like & Shareလုပ်ထားတဲ့သူတိုင်း တက်ခွင့်ရမှာပါ (အခုထိတော့ လူဦးရေ သတ်မှတ်ထားခြင်းမရှိသေးပါဘူး)
📩 it Messenger မှာ Screenshotနဲ့အတူ “FREE CLASS” လို့ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

🌏 𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.

𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 🇰🇷✨

🌟 𝗞𝗼𝗿𝗲𝗮 မှာ ကျောင်းတက်ဖို့အတွက်သာမက
ရောက်သွားတဲ့အခါ နေထိုင်ရေးအဆင်ပြေစေဖို့အတွက်ပါ

𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။

—

New Student ဖြစ်ဖြစ်
Visa Change လုပ်ချင်သူဖြစ်ဖြစ်
Step by Step Guide ပေးပါတယ်။

—

📩 Comment(သို့) Messenger မှာ “Study Korea” လို့ပို့ပြီး
Free Consultation ရယူနိုင်ပါတယ်။


13/04/2026

🎓 April 25 မှာ ကိုရီးယားအိပ်မက်ကို အတူတူ အကောင်အထည်ဖော်ကြစို့! 🇰🇷

March လထဲက စောင့်မျှော်နေကြတဲ့ ကျောင်းသား/သူများအားလုံးအတွက် ကိုရီးယားစာ အခြေခံ သင်တန်းစတင်ဖို့ ရက်အနည်းငယ်ပဲ လိုပါတော့တယ်။

📚 သင်တန်းစမယ့်ရက်: April 25 (Saturday/Sunday)

👩‍🏫 Teacher: TOPIK Level 5 ဆရာမ ရွှန်းလဲ့နေခြည်

သင်တန်းမစခင် ဘာတွေပြင်ဆင်ထားရမလဲ?

1. Zoom App ကို ဖုန်း/Computer ထဲမှာ Install လုပ်ထားပါ။

2. Internet Connection ကောင်းမွန်တဲ့နေရာမှာ ရှိနေပေးပါ။

3. သင်ခန်းစာ PDF တွေကို ကြိုတင်လေ့လာနိုင်ဖို့ Group ထဲမှာ Join ထားပါ။

❌ စာရင်းမသွင်းရသေးဘူးလား? အခုထိ အခွင့်အရေးရှိပါသေးတယ်။

🎁 Free Class Join မည့်သူများအတွက် သတိပေးချက်

Free Class အတွက် Like & Share လုပ်ပြီး Screenshot ပို့ထားသူများအားလုံးကို Class Link များ စတင်ပေးပို့နေပြီဖြစ်ပါတယ်။

📍 K-Way Group နှင့်အတူ ကိုရီးယားခရီးစဉ်ကို အခုပဲ စတင်လိုက်ပါ။

🔥
Like & Share လုပ်ပြီး သင်တန်းလာအပ်ထားတဲ့သူတွေအနေနဲ့ အတန်း student Group ထဲ ဝင်ထားပြီးတာ သေချာလား စစ်ဖို့ မမေ့နဲ့ဦးနော်။ လူဦးရေ ကန့်သတ်ထားတာမို့ နောက်ကျသွားရင် နောက်တစ်သုတ်ထိ စောင့်ရပါလိမ့်မယ်။

🌏 𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 🇰🇷✨

🌟 𝗞𝗼𝗿𝗲𝗮 မှာ ကျောင်းတက်ဖို့အတွက်သာမက
ရောက်သွားတဲ့အခါ နေထိုင်ရေးအဆင်ပြေစေဖို့အတွက်ပါ

𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။
[email protected]
—

New Student ဖြစ်ဖြစ်
Visa Change လုပ်ချင်သူဖြစ်ဖြစ်
Step by Step Guide ပေးပါတယ်။

—

📩 Comment(သို့) Messenger မှာ “Study Korea” လို့ပို့ပြီး
Free Consultation ရယူနိုင်ပါတယ်။


Photos from K-Way Group's post 05/04/2026

မင်္ဂလာပါရှင့် 🇰🇷✨

ဒီနေ့မှာတော့ ကိုရီးယားစာကို လေ့လာချင်တဲ့သူတွေ၊ Beginner တွေအတွက် Living Room Vocabulary (ဧည့်ခန်းအတွင်း အသုံးများသော စကားလုံးများ)ကို မိတ်ဆက်ပေးလိုက်ပါတယ် 📚💬

⸝

🧠 ဧည့်ခန်းသုံး ကိုရီးယားစကားလုံးများ

🛋️ 소파 – ဆိုဖာ
🪑 의자 – ထိုင်ခုံ
🛏️ 담요 – စောင်
🪵 테이블 – စားပွဲ
📚 책장 – စာအုပ်စင်
📺 텔레비전 – တီဗွီ
📺 티비장 – တီဗွီတင်စင်
🪟 창문 – ပြတင်းပေါက်
🪟 커튼 – လိုက်ကာ
❄️ 에어컨 – လေအေးပေးစက်

🧹 쓰레기통 – အမှိုက်ပုံး
📡 리모컨 – ရီမုတ် Remote
🕰️ 시계 – နာရီ
🪴 화분 – (ပန်း)အိုး
🌀 선풍기 – ပန်ကာ
🔥 히터 – အပူပေးစက်
🌫️ 공기청정기 – လေသန့်စင်စက်

💡 램프 – မီးအိမ်
🖼️ 사진 액자 – ဓာတ်ပုံဘောင်
🎨 그림 – ပန်းချီကား
🪞 거울 – မှန်
📻 라디오 – ရေဒီယို
📅 달력 – ပြက္ခဒိန်
🛋️ 쿠션 – ကူရှင်
🔊 스피커 – စပီကာ
🏠 거실 – ဧည့်ခန်း

⸝

🎁 K-Way Group FREE Korean Class

👉 Zoom Class နဲ့ အခမဲ့ သင်ယူနိုင်မယ်
👉 Vocabulary + Speaking + Grammar ကို စနစ်တကျ သင်ပေးမယ်
👉 Beginner မှ Advanced အထိ သင်ကြားပေးမယ်

⸝

📌 Messenger Group ထဲဝင်ပြီး Lesson တွေကို အခမဲ့ ရယူလိုက်ပါ
📌 K-Way Group Acc ကို Add ထားဖို့ မမေ့နဲ့နော်

⸝

✨ ကိုရီးယားစာကို လွယ်လွယ်ကူကူနဲ့ စတင်လိုက်ပါ
Start your Korean journey with K-Way Group 🇰🇷💙

🌏 𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 🇰🇷✨

🌟 𝗞𝗼𝗿𝗲𝗮 မှာ ကျောင်းတက်ဖို့အတွက်သာမက
ရောက်သွားတဲ့အခါ နေထိုင်ရေးအဆင်ပြေစေဖို့အတွက်ပါ

𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။
[email protected]
—

New Student ဖြစ်ဖြစ်
Visa Change လုပ်ချင်သူဖြစ်ဖြစ်
Step by Step Guide ပေးပါတယ်။

—

📩 Comment(သို့) Messenger မှာ “Study Korea” လို့ပို့ပြီး
Free Consultation ရယူနိုင်ပါတယ်။


04/04/2026

ရှေ့ရက်ကတော့ ကိုရီးယားမှာ ကျောင်းသားတွေ အများဆုံး လုပ်ကြတဲ့ Part-Time အလုပ်အကြောင်းကို တစ်ဆင့်တစ်ဆင့် ပြောပြခဲ့ပြီး၊ အဲဒီအလုပ်တွေက ဘယ်လို အကျိုးကျေးဇူးတွေရှိသလဲ၊ ဘယ်သူတွေ အတွက် အဆင်ပြေလဲ ဆိုတာကိုလည်း ရေးခဲ့ပါတယ်။

ဒီနေ့မှာတော့ တရားဝင်လုပ်လို့ရတဲ့အလုပ်တွေမဟုတ်ဘဲ၊ တရားမဝင် (Illegal) အလုပ်တွေ အကြောင်းကို သေချာရှင်းပြချင်ပါတယ်။ ဘာကြောင့် မလုပ်သင့်သလဲ၊ ဘယ်လို အကျိုးဆက်တွေ ဖြစ်နိုင်သလဲ ဆိုတာကို ကျောင်းသားအနေနဲ့ နားလည်လွယ်အောင် ပြောပြပေးမယ်။

1. Private Tutoring (အိမ်သွား သင်ကြားပေးခြင်း)

Private tutoring လို့ခေါ်တဲ့ အိမ်မှာ သွားသင်ပေးတာတွေ၊ academy မဟုတ်ဘဲ အဂ်လိပ်စာ Tutor လုပ်တာတွေက student visa နဲ့ များသောအားဖြင့် လုပ်ခွင့်မရှိပါဘူး။ လူတွေ ငွေသားနဲ့ဘဲ လက်ခံပြီး လုပ်ကြပေမယ့် ဖမ်းမိရင် ဒဏ်ငွေပေးရနိုင် ဖြစ်နိုင်ပါတယ်။

Korea မှာ ကိုယ်ပိုင်စာသင်ပေးချင်ရင်

“လုပ်ချင်သလိုလုပ်” မရပါဘူး၊ စနစ်တကျ ပညာရေးဌာန ဆီမှာ စာရင်းသွားပြီး ခွင့်ပြုချက်‌တောင်းခံဖို့ လိုအပ်ပါတယ်၊။ ဒါပေမဲ့ Permission တောင် မချပေးတဲ့ case တွေ အများကြီးရှိပါတယ်။

2. Delivery Jobs (배달)

Food Delivery အလုပ်တွေမှာ လုပ်တဲ့အခါ ဆိုင်ကယ် လိုင်စင်လိုအပ်ပြီး Student Visa နဲ့ လုပ်လို့မရပါဘူး။ Delivery အလုပ်က ကျောင်းသားတွေအတွက် အန္တရာယ်များပြီး တရားမဝင်တာကို ‌သေချာ သိထားဖို့ လိုပါတယ်။

Delivery လုပ်မယ်ဆိုရင် ဆိုင်ကယ်လိုင်စင်, insuranceစတာတွေ လိုပါတယ်။ဒါတွေကို ကျောင်းသား တစ်ယောက်အနေနဲ့ fulfill လုပ်ဖို့ မလွယ်ပါဘူး။

ဒါထက်အရေးကြီးတာက

👉 D-2 / D-4 visa နဲ့ delivery အလုပ်က မလုပ်ခွင့်ရှိတာများပါတယ်။

3. Nightlife Jobs (Bar, Club, Hostess)

ဒီအလုပ်တွေက Student Visa နဲ့ တင်းကြပ်စွာ ပိတ်ပင်ထားတဲ့ အလုပ်တွေထဲက တစ်ခုပါ။ ဖမ်းမိရင် deport လုပ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဖမ်းမိရင် ဒဏ်ကြေးဆောင်ရတာ အပြင် မြန်မာနိုင်ငံ ပြန်ပို့ခံရတဲ့အထိ ဖြစ်နိုင်ပ်တယ်။

4. ခွင့်ပြုချက် မရှိဘဲ အလုပ်လုပ်ခြင်း

ကိုရီးယားမှာ ကျောင်းသားအနေနဲ့ အလုပ်လုပ်ချင်ရင် Immigrationရဲ့ ခွင့်ပြုချက် မရှိဘဲ လုပ်မယ်ဆိုရင် တရားမဝင်အလုပ် ဖြစ်သွားနိုင်ပါတယ်။


---

# # # တရားမဝင် အလုပ် တစ်ခုကြောင့် —

- ❌ Visa extension တိုးမရခြင်း
- ❌ Visa Cancel ခံရခြင်း
- ❌မြန်မာပြည်ပြန်ပို့ခံရခြင်း
- ❌ Korea ပြည်ဝင်ခွင့် ပိတ်ပင်နိုင်ခြင်းတွေ ဖြစ်လာတဲ့ အနာဂတ်အကုန် ထိခိုက်နိုင်တဲ့အတွက် ပိုက်ဆံမြန်မြန်ရဖို့အတွက် risk မယူဖို့ အကြံပေးချင်ပါတယ်။

🌏 𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 🇰🇷✨
🌟 𝗞𝗼𝗿𝗲𝗮 မှာ ကျောင်းတက်ဖို့အတွက်သာမက
ရောက်သွားတဲ့အခါ နေထိုင်ရေးအဆင်ပြေစေဖို့အတွက်ပါ
𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။
[email protected]
—
New Student ဖြစ်ဖြစ်
Visa Change လုပ်ချင်သူဖြစ်ဖြစ်
Step by Step Guide ပေးပါတယ်။
—
📩 Comment(သို့) Messenger မှာ “Study Korea” လို့ပို့ပြီး
Free Consultation ရယူနိုင်ပါတယ်။

02/04/2026

ကိုရီးယားမှာ ကျောင်းတက်ရင်း “ငွေရှာလို့ရမလား?” 🤔

အဖြေကတော့ “ရပါတယ်” ပါ။

တချို့ အချိန်ပိုင်း အလုပ်တွေက ကိုယ့်ရဲ့နေ့စဉ်အသုံးစရိတ်ကိုလည်း ရှာနိုင်ပြီး အိမ်ကို ပြန်ပို့နိုင်တဲ့ အပြင် ကိုရီးယားမှာ အလုပ်လုပ်ရင်း အတွေ့အကြုံတွေ အများကြီး ရရှိစေမှာပါ။

ဒီ post မှာတော့ ကျောင်းသားတွေ လုပ်လို့ရတဲ့ အလုပ်အမျိုးအစားအချို့ကို ရှင်းပြပေးသွားပါမယ် 💸

☕ Café & Restaurant

ကိုရီးယားမှာရှိတဲ့ ကျောင်းသားတွေ အများဆုံးလုပ်ကြတဲ့ အချိန်ပိုင်း အလုပ်ကတေ့ စားသောက်ဆိုင်တွေနဲ့ Café တွေပါ။ ကျောင်းသားတွေ စအလုပ်လုပ်ဖို့ အဆင်ပြေတဲ့ အလုပ်ဖြစ်ပြီး စားပွဲထိုး၊ မီးဖိုအကူ၊ ကော်ဖီအဖျော် စတာတွေ လုပ်ရပါတယ်။ စားသောက်ဆိုင်တော်တော်များများက အတွေ့အကြုံ မလိုအပ်လဲ ခန့်ကြတဲ့ အတွက် အလုပ်စလုပ်ဖို့လဲ အဆင်ပြေသလို ဖောက်သည်တွေနဲ့ စကားပြော၊ orderကောက်တာမျိုးတွေ ရှိတဲ့အတွက် Korean အခြေခံ စကားပြောတတ်ဖို့ လိုအပ်ပါတယ်။

🏪 Convenience Store (CU, GS25, 7-Eleven)

Convenience Store အလုပ်တွေက အချိန်ညှိနိုင်တဲ့ အလုပ်ဖြစ်ပါတယ်။ ပိုက်ဆံရှင်း၊ ပစ္စည်းတင်၊ သန့်ရှင်းရေး စတာတွေ လုပ်ရပြီး ဖောက်သည်တွေနဲ့ အများကြီး ဆက်ဆံရတဲ့အတွက် ကိုရီးယား စကားပိုကောင်းဖို့ လိုအပ်ပါတယ်။

🧹 Cleaning / Housekeeping

ဟိုတယ်၊ မိုတယ်၊ ရုံးတွေမှာ သန့်ရှင်းရေးအလုပ်တွေ လုပ်နိုင်ပါတယ်။ ဒီအလုပ်တွေက ကိုရီးယားစာ စကားပြောနည်းနည်းသာ လိုအပ်ပြီး ကိုယ်ခံအားပိုလိုတဲ့အလုပ်တွေ ဖြစ်ပါတယ်။ Korean အခြေခံသာရှိသေးသူများအတွက် အဆင်ပြေတဲ့အလုပ်ဖြစ်ပြီး အလုပ်တည်ငြိမ်မှုလည်း ရှိပါတယ်။

🛍️ Shop / Duty-Free Store

Duty-Free Store တွေ၊ အရောင်းဆိုင်တွေမှာ အရောင်းအကူအလုပ်တွေ လုပ်နိုင်ပါတယ်။ ခရီးသွားများ များသောနေရာတွေမှာ လူကြိုက်များပြီး ဘာသာစကားများစွာ ပြောတတ်သူများအတွက် အဆင်ပြေတဲ့ အလုပ်ဖြစ်ပါတယ်။ အဂ်လိပ်စာ၊ ကိုရီးယားစာတော်တဲ့ ကျောင်းသားတွေ အတွက် အခွင့်အလမ်း ကောင်းတဲ့ အလုပ်အမျိုးအစား တစ်ခုပါ။

🎤 စကားပြန် / ဘာသာပြန်

ဘာသာပြန်အလုပ်တွေက ဆေးခန်း, ဘဏ်, Agencies တွေမှာ အများဆုံးလိုအပ်ပါတယ်။ လစာ မြင့်တဲ့ အလုပ်အကိုင် ဖြစ်ပြီး ကိုရီးယားစာသေချာ ကောင်းဖို့ လိုအပ်ပါတယ်။ ကျောင်းသားတွေ၊ ဘာသာစကား အထူးကျွမ်းကျင်သူတွေ အတွက် အခွင့်အလမ်း ကောင်းတဲ့ အလုပ်ဖြစ်ပါတယ်။

⚠️အရေးကြီးတာတစ်ခုကတော့

ကိုရီးယားမှာ ကျောင်းသားအနေနဲ့ အချိန်ပိုင်းအလုပ်လုပ်ချင်ရင် ကျောင်းနဲ Immigration Office နှစ်ဖက်စလုံးမှ ခွင့်ပြုချက် ရယူရန် လိုအပ်ပါတယ်။

ခွင့်မရှိဘဲ အလုပ်လုပ်ပါက ဗီဇာပြဿနာ၊ ငွေဒဏ် သို့မဟုတ် ပြည်ပသို့ ပြန်ပို့ခံရနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

🌏 𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 🇰🇷✨
🌟 𝗞𝗼𝗿𝗲𝗮 မှာ ကျောင်းတက်ဖို့အတွက်သာမက
ရောက်သွားတဲ့အခါ နေထိုင်ရေးအဆင်ပြေစေဖို့အတွက်ပါ
𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။
[email protected]
—
New Student ဖြစ်ဖြစ်
Visa Change လုပ်ချင်သူဖြစ်ဖြစ်
Step by Step Guide ပေးပါတယ်။
—
📩 Comment(သို့) Messenger မှာ “Study Korea” လို့ပို့ပြီး
Free Consultation ရယူနိုင်ပါတယ်။

02/04/2026

ကိုရီးယားမှာ နေမယ်ဆိုရင်... သိထားသင့်တဲ့ "အိပ်မက်နဲ့ လက်တွေ့"

ကိုရီးယားကို သွားချင်ကြတာ စိတ်လှုပ်ရှားဖို့ကောင်းသလို တစ်ဖက်မှာလည်း တကယ့်လက်တွေ့ဘဝက Drama တွေထဲကလို အမြဲတမ်း ပန်းခင်းမနေဘူးဆိုတာ သတိပြုမိဖို့ လိုတယ်။ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ နေထိုင်ရတာ အဆင်ပြေဖို့ဆိုရင် ဒီအချက်လေးတွေကို ကြိုပြီး နှလုံးသွင်းထားစေချင်ပါတယ်။

၁။ စကားမတတ်ရင် "မျက်စိမှိတ်၊ နားပိတ်" နေရသလိုပါပဲ

အင်္ဂလိပ်စာ တတ်ရုံနဲ့ ကိုရီးယားမှာ အဆင်ပြေဖို့ ခဲယဉ်းပါတယ်။ ဆေးရုံသွားတာပဲဖြစ်ဖြစ်၊ ရုံးကိစ္စတွေပဲဖြစ်ဖြစ် ကိုရီးယားစကား အခြေခံ (အနည်းဆုံး နှုတ်ဆက်တာ၊ ဈေးမေးတာ) လောက်မှ မသိရင် အလွန်အမင်း အခက်တွေ့ရတတ်ပါတယ်။ ဒါကြောင့် အခြေခံလေးတော့ အရင်သင်သွားတာ အကောင်းဆုံးပါ။

၂။ "လူကြီးမိဘ" ကို ရိုသေရတဲ့ ယဉ်ကျေးမှု

ကိုရီးယားမှာက အသက်အရွယ်ကို အတော်လေး ကြည့်ပါတယ်။ စကားပြောရင် သုံးရမယ့် အသုံးအနှုန်း၊ ဦးညွှတ်ရမယ့် အနေအထားကအစ အသေးစိတ်ရှိတယ်။ ဒါကို ဂရုမစိုက်မိရင် သူတို့က "ယဉ်ကျေးမှုမရှိဘူး" လို့ သတ်မှတ်တတ်ကြလို့ သူတို့ရဲ့ အစဉ်အလာလေးတွေကို လေ့လာထားဖို့ လိုပါတယ်။

၃။ "အပြင်လူ" လို့ ခံစားရတဲ့ အခိုက်အတန့်တွေ

ကိုရီးယားလူမျိုးတွေက သူတို့အချင်းချင်း (အုပ်စုလိုက်) နေရတာကို ပိုနှစ်သက်ကြတယ်။ ဒါကြောင့် နိုင်ငံခြားသားတစ်ယောက်အနေနဲ့ သူတို့ကြားထဲ ရောနှောဖို့ ကြိုးစားတဲ့အခါ တစ်ခါတလေ "အမြဲတမ်း အပြင်လူ" လိုမျိုး ခံစားရတတ်ပါတယ်။ ဒါဟာ ခွဲခြားတာထက် သူတို့ရဲ့ လူနေမှုစတိုင်လ်ကြောင့်မို့ စိတ်ဓာတ်မကျဖို့ လိုပါတယ်။

၄။ "ပေးရင် ယူ၊ ယူရင် ပေး" ဆိုတဲ့ အလေ့အထ

ကိုရီးယားတွေက ခင်မင်ရင်းနှီးတဲ့အခါ လက်ဆောင်ပေးရတာ ဝါသနာပါကြတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက တစ်ယောက်ယောက်က ကိုယ့်ကို တစ်ခုခုပေးလိုက်ပြီဆိုရင် ကိုယ့်ဘက်ကလည်း တစ်ခုခု (အနည်းဆုံး ကော်ဖီတစ်ခွက်ဖြစ်ဖြစ်) ပြန်ပေးတတ်တဲ့ "အပြန်အလှန် ကျေးဇူးဆပ်ခြင်း" ယဉ်ကျေးမှုရှိပါတယ်။ ဒါဟာ ရင်းနှီးမှုကို တည်ဆောက်တဲ့ နည်းလမ်းတစ်ခုပါပဲ။

ခြုံပြောရရင်တော့...
ကိုရီးယားဟာ အခွင့်အလမ်းတွေ အများကြီးရှိတဲ့ နေရာပါ။ ကိုယ့်ဘက်က အခွင့်အလမ်းတွေ အသုံးချနိုင်တဲ့ အခါ အမြင့်ကို တက်ရောက်နိုင်မှာပါ။ ဒါပေမဲ့ ဒီစိန်ခေါ်မှုလေးတွေကို နားလည်ပြီး ကြိုပြင်ဆင်ထားရင်တော့ ကိုရီးယားမှာ နေထိုင်ရုံတင်မကဘဲ အောင်မြင်တဲ့ဘဝကိုပါ တည်ဆောက်နိုင်ပါလိမ့်မယ်။

🌏 𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 🇰🇷✨
🌟 𝗞𝗼𝗿𝗲𝗮 မှာ ကျောင်းတက်ဖို့အတွက်သာမက
ရောက်သွားတဲ့အခါ နေထိုင်ရေးအဆင်ပြေစေဖို့အတွက်ပါ
𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။
[email protected]
—
New Student ဖြစ်ဖြစ်
Visa Change လုပ်ချင်သူဖြစ်ဖြစ်
Step by Step Guide ပေးပါတယ်။
—
📩 Comment(သို့) Messenger မှာ “Study Korea” လို့ပို့ပြီး
Free Consultation ရယူနိုင်ပါတယ်။

Photos from K-Way Group's post 31/03/2026

📚 한국음식 단어 학습
(ကိုရီးယားအစားအစာနဲ့ပတ်သက်တဲ့ စကားလုံးများ)

ဒီနေ့မှာတော့ ကိုရီးယားအစားအစာများနဲ့ ဆိုင်တဲ့
အခြေခံစာလုံးပေါင်းများကို 𝗞-𝗪𝗔𝗬 နဲ့အတူတူလေ့လာကြရအောင်ပါ 🇰🇷✨

⸝

🍚 1. 기본 구성 (အခြေခံအစားအစာဖွဲ့စည်းမှု)

ကိုရီးယားအစားအစာတစ်ပွဲမှာ များသောအားဖြင့်—
• 밥 (ထမင်း)
• 국 (ဟင်းရည်)
• 반찬 (အရံဟင်း)
• 김치 (ကင်ချီ)
• 수저 (ဇွန်းနှင့်တူ) —숟가락(ဇွန်း)+ 젓가락(တူ)ကို တွဲပြီး ခေါ်တာပါ
(ကိုရီးယားတွေဟာ ပုံမှန်အားဖြင့် ထမင်းစားတဲ့အခါ ခက်ရင်းမသုံးကြပါဘူး)
👉 ဒီပုံစံကို 한정식 (ကိုရီးယားဓလေ့ထမင်းပွဲပုံစံ)လို့လဲ ခေါ်ပါတယ်

⸝

🍖 2. 고기 요리 (အသားဟင်းများ)
• 갈비찜 — နံရိုးဟင်း
(ဝက်/အမဲနံရိုးတွေကို ငရုတ်သီးအနှစ်နဲ့ တည်ချက်ပြီး နူးညံ့ပြီး စားလို့ကောင်းတဲ့ ဟင်းတစ်မျိုးပါ)
• 찜닭 — ကြက်သားဟင်း
(ကြက်သား၊အားလူး၊မုန်လာဥ၊ပဲကြာဆံစတာတွေကို ရောချက်ထားတာပါ၊ ကြက်အာလူးဟင်းနဲ့ အရသာအနည်းငယ်ဆင်ပါတယ်)
• 제육볶음 — ဝက်သားစပ်ကြော်
(ဝက်သုံးထပ်သားကို ငရုတ်နှစ်၊အရွက်နဲ့ တွဲကြော်ထားတဲ့ဟင်းပါ)
• 보쌈 — ဝက်သားပြုတ်
(ဝက်သားကို အရသာထည့်ပြုတ်ထားပြီး ဆလပ်ရွက်နဲ့ထုပ်စားသလို ထမင်းနဲ့လဲ တွဲစားလေ့ရှိပါတယ်)

⸝

🍲 3. 국 & 찌개 (ဟင်းရည်များ)
• 미역국 — ရေညှိဟင်းရည်
(မွေးနေ့တွေမှာ အဓိကချက်စားလေ့ရှိပါတယ်)
• 육개장 — အမဲသားစပ်ဟင်းရည်
(အမဲသား၊မှိုနဲ့ အရွက်တွေရောချက်ထားတဲ့ဟင်းရည်ပါ)
• 김치찌개 — ကင်ချီဟင်းရည်
(ကင်ချီနဲ့ ဝက်သားအစတွေကို ရောချက်ထားတဲ့ ဟင်းရည်ဖြစ်ပြီး လူကြိုက်အများဆုံးအရည်သောက်ဟင်းဆိုလဲ မမှားပါဘူး)
• 된장찌개 — ပဲငပိဟင်းရည်
(ပဲငပိ၊အာလူး၊ ဖရုံသီး (+ အသား)စတာတွေကို ရောချက်ထားတဲ့ ဟင်းရည်ဖြစ်ပါတယ်)
ထူးခြားချက်က
👉 “국” = ပေါ့ပြီး အရသာလေးလေးပင်ပင်မရှိတဲ့ ဟင်းရည်ဖြစ်ပြီး
👉 “찌개” = အနည်းငယ် အရသာလေးပြီး ပါဝင်ပစ္စည်းပိုများပါတယ်

⸝

🍛 4. 밥 종류 (ထမင်းအမျိုးအစားများ)
• 볶음밥 — ထမင်းကြော်
• 비빔밥 — ထမင်းသုပ်
• 김밥 — ထမင်းလိပ်
• 덮밥 — ထမင်းပုံစား (ထမင်းပေါ်မှာ ဟင်းပုံစားတာမျိုးပါ)
👉 ထမင်းက အဓိကအစားအစာဖြစ်တာမို့ ထမင်းကို ပုံစံမျိုးစုံနဲ့ လုပ်စားတာကို သိထားရမှာပါ

⸝

🍜 5. 면 종류 (ခေါက်ဆွဲအမျိုးအစားများ)
• 라면 — ခေါက်ဆွဲပြုတ်
• 짜장면 — ပဲခေါက်ဆွဲ
• 냉면 — ခေါက်ဆွဲအေး
• 비빔국수 — ခေါက်ဆွဲသုပ်(မုန့်ဖက်ပုံစံပါ)
👉 ကိုရီးယားမှာ ခေါက်ဆွဲဟာလည်း လူကြိုက်များတဲ့ အစားအစာတစ်မျိုးပါပဲ

⸝

📌 ကိုရီးယားအစားအစာများကို လေ့လာရာမှာ
👉 ထမင်း
👉 ခေါက်ဆွဲ
👉 အသားဟင်း
👉 ဟင်းရည်
ဆိုပြီး အမျိုးအစားလိုက် ခွဲပြီး မှတ်ထားရင် ပိုမိုလွယ်ကူစွာ သင်ယူနိုင်ပါတယ် 💡

⸝

📢 ကျောင်းသားများအတွက် TIP

📌 နေ့စဉ် 3~5 လုံးသာ မှတ်ထားပါ
📌 အသံထွက်နဲ့ အတူ လေ့လာပါ
📌 ပုံနဲ့ တွဲပြီး မှတ်ထားရင် ပိုမှတ်မိလွယ်ပါတယ်

⸝

🌏 𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 🇰🇷✨

🌟 𝗞𝗼𝗿𝗲𝗮 မှာ ကျောင်းတက်ဖို့အတွက်သာမက
ရောက်သွားတဲ့အခါ နေထိုင်ရေးအဆင်ပြေစေဖို့အတွက်ပါ

𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။
[email protected]
—

New Student ဖြစ်ဖြစ်
Visa Change လုပ်ချင်သူဖြစ်ဖြစ်
Step by Step Guide ပေးပါတယ်။

—

📩 Comment(သို့) Messenger မှာ “Study Korea” လို့ပို့ပြီး
Free Consultation ရယူနိုင်ပါတယ်။

23/03/2026

𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣မှ သင်ကြားပေးမယ့် Korean Language Teacher ကို မိတ်ဆက်ပေးချင်ပါတယ်ရှင့်

👩‍🏫 Teacher ရွှန်းလဲ့နေခြည်ဟာ ၂၀၂၀ ခုနှစ်မှ စတင်ပြီး ကိုရီးယားဘာသာစကားကို စိတ်အားထက်သန်စွာ လေ့လာခဲ့ပြီး လက်ရှိအချိန်မှာ ၆ နှစ်နီးပါး အတွေ့အကြုံရှိထားသူဖြစ်ပါတယ်။

📚 ၂၀၂၃ ခုနှစ် TOPIK Exam ကို Level 5 ဖြင့် အောင်မြင်ထားပြီး၊ ကိုရီးယားဘာသာစကားကို အခြေခံကနေ စနစ်တကျ သင်ကြားပေးနိုင်တဲ့ အရည်အသွေးမြင့် Teacher တစ်ဦး ဖြစ်ပါတယ်။

Teaching Experience
✔ Korean Language Center တွေမှာ Full-time Teacher အဖြစ် လုပ်ကိုင်ခဲ့သော အတွေ့အကြုံ
✔ Freelance Korean Teacherအနေဖြင့်လဲ (၃ နှစ်)
✔ လက်ရှိ Korean Translator အဖြစ်ပါ လုပ်ကိုင်နေတာကြောင့်

📖 စာတွေကို နားလည်လွယ်ကူစွာ ဖြည်းဖြည်းချင်း သင်ကြားပေးနိုင်ခြင်းက Teacher ရဲ့ အားသာချက်တစ်ခုဖြစ်ပြီး၊

ကျောင်းသားတွေကို—
👉 Basic ကနေ TOPIK အဆင့်မြင့်အထိ တစ်ဆင့်ချင်း လိုက်လံသင်ကြားပေးနိုင်သလို

👉 အပြင်မှာ တကယ်အသုံးချနိုင်တဲ့ Korean Skill ကို ရရှိအောင် လမ်းညွှန်ပေးနိုင်ပါတယ်။

✨ K-Way Group အနေနဲ့ အတွေ့အကြုံရှိပြီး ယုံကြည်စိတ်ချရတဲ့ Teacher တွေနဲ့သာ သင်ကြားပေးနေတဲ့အတွက် ကျောင်းသားများအတွက် အကောင်းဆုံး သင်ယူမှု အတွေ့အကြုံကို လိုချင်သူ လာရောက် စုံစမ်းနိုင်ပါတယ်ရှင့်

🌏 𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 🇰🇷✨

🌟 𝗞𝗼𝗿𝗲𝗮 မှာ ကျောင်းတက်ဖို့အတွက်သာမက
ရောက်သွားတဲ့အခါ နေထိုင်ရေးအဆင်ပြေစေဖို့အတွက်ပါ

𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။
[email protected]
—

New Student ဖြစ်ဖြစ်
Visa Change လုပ်ချင်သူဖြစ်ဖြစ်
Step by Step Guide ပေးပါတယ်။

—

📩 Comment(သို့) Messenger မှာ “Study Korea” လို့ပို့ပြီး
Free Consultation ရယူနိုင်ပါတယ်။


22/03/2026

ကိုရီးယားစာ အခြေခံ Basic အတန်း နှင့် Topik 1 အတန်း (Zoom) 🎓✨

ကိုရီးယားသွားဖို အိပ်မက်ရှိလား? 🇰🇷
TOPIK 1 ဖြေချင်ပေမယ့် ဘယ်ကစရမလဲ မသိဘူးလား?
👉 ဒီအတန်းက သင့်အတွက်ပဲ ဖြစ်ပါတယ်!

━━━━━━━━━━━━━━━
📚 TOPIK I Preparation Class (Zoom)

🕒 Class Schedule (ညနေပိုင်း)
• ကြာသပတေး – 4:00 PM ~ 6:00 PM
• စနေ – 7:00 PM ~ 9:00 PM
• တနင်္ဂနွေ – 7:00 PM ~ 9:00 PM

📌 သင်တန်းကာလ – ၂ လခွဲ
📌 တစ်ပတ် ၃ ရက် / တစ်ရက် ၂ နာရီ

💰 သင်တန်းကြေး
• 170,000 ကျပ် (ယခင် 200,000 ကျပ်)
🎉 K-way Group Page အား Like & Share လုပ်ပါက
15% Discount ထပ်ရမည်!

📦သင်တန်းကြေးတွင်
• TOPIK 1 Exam Preparation
• Vocabulary + Listening + Reading
• Practice Test + Exam Techniques
• PDF + Audio Files

━━━━━━━━━━━━━━━

🎁 Beginner Free Class (Zoom)

🕒 Class Schedule
• စနေ – 3:30 PM ~ 5:30 PM
• တနင်္ဂနွေ – 5:00 PM ~ 7:00 PM

💰 သင်တန်းကြေး – FREE 🎉
👉 Like & Share လုပ်ပြီး join လို့ရပါတယ်

📦 သင်တန်းတက်ပါက
• Basic Korean Lessons
• PPT + Audio Files

━━━━━━━━━━━━━━━

👩‍🏫 သင်ကြားပေးမည့် ဆရာမ
• TOPIK Level 5 ရရှိထားသော ဆရာမ ရွှန်းလဲ့နေခြည်
• စာသင်အတွေ့အကြုံ ၃ နှစ်ရှိပြီ
• နားလည်လွယ်အောင် Step-by-Step သင်ကြားပေးမှာ ဖြစ်ပါတယ်။

🎁 Free Class Joinသူများသာ ရနိုင်မယ့် အထူးအခွင့်အရေးများ
(ကိုရီးယားမှာ လက်ရှိကျောင်းတက်ရင်း လုပ်ငန်းခွင်ဝင်နေတဲ့ စီနီယာအစ်မတွေ ကိုယ်တိုင် Knowledge Sharingလုပ်ပေးသွားမှာပါ)
━━━━━━━━━━━━━━━

🎯 ဘယ်သူတွေတက်သင့်လဲ?
✔ ကိုရီးယားသွားမယ့် ကျောင်းသားများ
✔ TOPIK 1 ဖြေချင်တဲ့ ရုံးသမားများ
✔ Beginner Level မှ စတင်ချင်သူများ

📌 Seat Limited! (နေရာအကန့်အသတ်ရှိပါသည်)
👉 အမြန်စာရင်းသွင်းလိုက်ပါ

📩 Page Messenger မှ ဆက်သွယ်နိုင်ပါသည်
📧 [email protected]

✨ TOPIK Pass → Korea Dream Start 🇰🇷
🌏 𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 🇰🇷✨

🌟 𝗞𝗼𝗿𝗲𝗮 မှာ ကျောင်းတက်ဖို့အတွက်သာမက
ရောက်သွားတဲ့အခါ နေထိုင်ရေးအဆင်ပြေစေဖို့အတွက်ပါ

𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။
[email protected]
—

New Student ဖြစ်ဖြစ်
Visa Change လုပ်ချင်သူဖြစ်ဖြစ်
Step by Step Guide ပေးပါတယ်။

—

📩 Comment(သို့) Messenger မှာ “Study Korea” လို့ပို့ပြီး
Free Consultation ရယူနိုင်ပါတယ်။


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon