25/08/2026
💡“Weekend Class ရွေးချယ်ရာတွင် စဉ်းစားရမည့်အချက်များ”
ကျောင်းပိတ်ရက်တွေဟာ ကလေးတွေအတွက် စာသင်ခန်းထဲက သင်ယူမှုတွေကို ခဏနားပြီး ကိုယ်ပိုင်စိတ်ဝင်စားမှုတွေကို ရှာဖွေဖို့၊ အရည်အချင်းအသစ်တွေကို စမ်းသပ်ဖို့နဲ့ ကိုယ့်ကိုယ်ကို ပိုမိုတိုးတက်လာစေဖို့ အကောင်းဆုံးအချိန်တစ်ခုပါ။
ဒါကြောင့် Weekend Class တစ်ခုရွေးချယ်တဲ့အခါ
“ဘာသင်တန်းတက်ရမလဲ?” ထက်
“ဒီသင်တန်းက ကလေးအတွက် ဘာတွေတိုးတက်လာစေမလဲ?” ဆိုတာကို ပိုစဉ်းစားသင့်ပါတယ်။
01 | Purpose
ကလေးရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပါသလား?
စာသင်ရုံသာမက လက်ရှိအားနည်းနေတဲ့အပိုင်းကို ဖြည့်ဆည်းပေးနိုင်ပြီး ရှိပြီးသားအရည်အချင်းတွေကို ပိုမိုတိုးတက်စေနိုင်တဲ့ Class ဖြစ်ဖို့ အရေးကြီးပါတယ်။
02 | Quality
သင်ကြားပေးမယ့်သူနဲ့ သင်ကြားမှုစနစ်က ယုံကြည်စိတ်ချရပါသလား?
အတွေ့အကြုံရှိတဲ့ ဆရာ/ဆရာမတွေ၊ သေချာစီမံထားတဲ့ Curriculum နဲ့ ကလေးတွေရဲ့ အသက်အရွယ်နဲ့ လိုအပ်ချက်အလိုက် သင်ကြားပေးနိုင်မှုက သင်ယူမှုရလဒ်အတွက် အဓိကပါ။
03 | Environment
ကလေးတစ်ယောက် ဖွံ့ဖြိုးဖို့ သင့်တော်တဲ့ ပတ်ဝန်းကျင်ရှိပါသလား?
လုံခြုံမှု၊ သန့်ရှင်းမှု၊ သင်ထောက်ကူပစ္စည်းနဲ့ Learning Environment က ကလေးရဲ့ အာရုံစူးစိုက်မှုနဲ့ သင်ယူလိုစိတ်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။
04 | Beyond the Classroom
စာသင်ခန်းပြင်ပမှာပါ အသုံးချနိုင်မယ့် Skills တွေ ရရှိပါသလား?
Focus, Discipline, Creativity, Communication, Problem-Solving နဲ့ Self-Confidence စတဲ့ Life Skills တွေက ကလေးရဲ့ ပညာရေးခရီးတစ်လျှောက်သာမက အနာဂတ်ဘဝအတွက်ပါ အရေးကြီးတဲ့ အခြေခံစွမ်းရည်တွေ ဖြစ်ပါတယ်။
05 | Joy
အရေးကြီးဆုံးကတော့… ကလေးပျော်ရဲ့လား?
ကလေးတစ်ယောက်အတွက် အကောင်းဆုံး Learning Experience ဆိုတာ စိတ်ဖိစီးမှုနဲ့ သင်ယူရတာမဟုတ်ဘဲ စိတ်ဝင်စားမှု၊ ပျော်ရွှင်မှုနဲ့ ယုံကြည်မှု တွေ တိုးလာစေတဲ့ သင်ယူမှုမျိုးပါ။
ဒီလိုစံနှုန်းတွေနဲ့အတူ အမေကိုယ်ပိုင်
အထက်တန်းကျောင်းမှာ ကလေးတွေရဲ့ အရည်အချင်းနဲ့ စိတ်ဝင်စားမှုအလိုက် ရွေးချယ်နိုင်မယ့် Weekend Classes တွေကို စနစ်တကျ ပြင်ဆင်ပေးထားပါတယ်။
🥋 Taekwondo — Discipline & Confidence
🧠 Brain Development (3–7) — Focus & Thinking Skills
🇯🇵 Japanese — Language & Cultural Awareness
🧘 Yoga — Balance & Mindfulness
🎨 Arts & Crafts — Creativity & Self-Expression
🇬🇧 YLE — English Skills & Communication
ပိတ်ရက်တိုင်းကို အချိန်ဖြုန်းသွားစရာမလိုပါဘူး။
ကလေးရဲ့ အနာဂတ်အတွက် တစ်ဆင့်ချင်း တည်ဆောက်ပေးနိုင်တဲ့ အချိန်တစ်ခု ဖြစ်လာနိုင်ပါတယ်။
“အမေ့မေတ္တာဖြင့် ပွေ့ပိုက်ပြီး အဖေ့စည်းကမ်းဖြင့် ထုဆစ်မည့် သင့်ရင်သွေး၏ အနာဂတ်”
🏫 “အမေ” ကိုယ်ပိုင်အထက်တန်းကျောင်း
👉 စုံစမ်းမေးမြန်းလိုပါက
💌 Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
☎️ 09 798 5110 42 / 09 666 046 588
📍 လိပ်စာ 🏫
(YS3) ကန်တော်ကြီးရိပ်မွန် အိမ်ယာ၊ မန္တလေးလမ်း (အောက်)၊ ကန်တော်လေးမြောက်ရပ်ကွက်၊
မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
#အမေ #အမေကိုယ်ပိုင်အထက်တန်းကျောင်း