23/03/2026
အားလုံးပဲ မင်္ဂလာပါ။ Page ကြီးကငြိမ်သက်တိတ်ဆိတ်နေခဲ့တာ ၆နှစ်လောက်ရှိပါပြီ။ခု Page ကိုပြန်ပြီး အလုပ်လုပ်ဖို့တွေးမိတော့ ဘယ်ကနေပြန်စရပါ့မလဲပေါ့။ လက်တလော ARFFနဲ့ကင်းကွာနေပေမဲ့ ဒီရဲ့အကြောင်းတရားတွေကိုတော့ မေ့မထားပဲ ရတဲ့အချိန်အားတဲ့အချိန်လေးတွေမှာ လေ့လာဖြစ်တယ်။အရင်ကသိပြီးသားအကြောင်းအရာတွေနဲ့ ခုနောက်ပိုင်း တိုးတက်ပြောင်းလဲမှုကနေတဆင့် ဖြစ်ပေါ်လာတဲ့အကြောင်းတရားအပေါ်မှာလဲ မြင်လာတာလေးတွေရှိတယ်။ ဒါပေမဲ့ ကိုယ်တစ်ယောက်ထဲသိထားတာက ဘာအတွက်မှအကျုံးမဝင်ဘူး အားလုံးသိအောင်ပြန်မျှဝေပေးနိုင်ရင် တစ်စုံတစ်ခုအကျိုးလေးတော့ရှိတန်ကောင်းပါတယ်လေဆိုပြီး Page ကိုပြန် Run ဖို့ကြိုးစားလိုက်တာပါ။အားလုံးလဲ ခုချိန်မှာ ကျနော့ထက်တောင်ပိုအသိကြွယ်နေမယ်လို့ ယုံကြည်မိပါတယ်။ AI တွေ Google Translate တွေကလဲ လိုက်မမှီအောင် ကောင်းလွန်းနေတော့ ဘာလေးရှာချင်ရှာချင် အကုန်ရနေ တဲ့အနေအထားမှာ လူတိုင်းရဲ့အရည်အချင်းတွေကလဲ လျှော့တွက်လို့မရပါဘူး ဒါလေးပြောချင်တာပါ။အဲ့တော့ ဝါသနာအရ ARFF ကိုရောက်လာတာမဟုတ်ပေမဲ့ လေ့လာရင်းဆည်းပူးရင်း ဆရာသမားတွေရဲ့လမ်းညွှန်ပြသမှုနဲ့ လိုက်လုပ်ရင်းမှတ်သားရင်းဝါသနာလိုဖြစ်သွားတာပါ။ Aircraft Rescue & Firefighting (လေယာဉ်အသက်ကယ်မီးသတ်)မှာ Aircraft ကိုခဏဖြုတ်ပြီးကြည့်မယ်ဆိုရင်လဲ ဒီရဲ့အတက်ပညာကလဲ အပြင်မှာဝင်ဆန့်တယ်ဆိုတာလေးပြောပါရစေ။ အသက်ကယ်ဖို့ ဦးစားပေးလိုက်တဲ့အတွက် Contribution လို့ခေါ်တဲ့ အများအပေါ်အကျိုးပြုမှုတစ်ရပ်ကို တွေးပေးလိုက်တာပါပဲ။ဒီလိုတွေးပြီးလုပ်ဆောင်နိုင်ဖို့ဆိုတာ ကျနော်တို့မှာ လိုအပ်ချက်မရှိမှရမှာပါ။ ပြည့်စုံတယ်ဆိုတာတော့ ဘယ်သူမှမရှိပါဘူး။ ဒါပေမဲ့ လိုအပ်လာရင် လိုအပ်တဲ့နေရာလေးတစ်ထောင့်တစ်နေရာကိုဖြည့်ပေးနိုင်ရင်ကို လုပ်ငန်းကအောင်မြင်နေပါပြီ။ ဒီလို လိုအပ်ချက်တွေဖြည့်ဖို့ ဒီအလုပ်နဲ့ပက်သက်ပြီး ကျနော့ဘက်က ရှာဖွေ သိမ်းဆည်းထားတာလေးတွေကို တစ်ပတ်ကို ၂ရက် /၃ရက် ပုံမှန်တင်ပေးမယ်လို့တွေးထားပါတယ်။ Post တင်တဲ့အခါ မြန်မာလိုပဲဦးစားပေးတင်ပါမယ်။ အောက်ခြေကနေစပြီး တစ်ဆင့်ခြင်း ပြန်တင်ပေးပါမယ်။ မရှင်းတာမေးလိုရာလေးတွေ၊ အမှားပါပါနေခဲ့ရင် မေးပါထောက်ပါ ဝေဖန်ပါလို့ ပြောလိုပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။