SHINE Technical Institute

SHINE Technical Institute Quality that sets the standard.

29/01/2023
29/01/2023
07/10/2019

🏠🏠ဘယ္မွာမွ မရႏိုင္တ့ဲ ေစ်းနံႈန္းနဲ႔ 1Sq-ftကို 24000က်ပ္နဲ႔ သင့္စိတ္တိုင္းက် အိမ္တလံုးကို ပိုင္ဆိုင္ႏိုင္ပါပီ။🏠🏠
✔️ Designမွစပီး အေခ်ာထည္ အခန္းဖြဲ႕ အပီးအစီး၊ ေရ၊ မီး၊ ေဆး၊ ျပတင္းေပါက္၊ တံခါးတပ္အၿပီး၊ အမိုး Slabေလာင္းေပးမယ့္အျပင္ ေႂကြျပားပါ ကပ္ေပးမွာပါေနာ္
✔️ သီတင္းကၽြတ္မွာ အိမ္လွလွေလး ပိုင္ဆိုင္ခ်င္သူေတြအတြက္ 1Sq-Ftကို 24000က်ပ္ အတိနဲ႔ ေဆာက္ေပးမယ့္ အထူးအစီအစဥ္ေလးရွိလို႔ အခုခ်က္ခ်င္းပဲဖုန္းဆက္လိုက္ပါေနာ္

📞📞 09 969945555
📞📞 09 977755515
📞📞 09 977408451
📞📞 09 977408453

Join with SHINE Group
16/05/2019

Join with SHINE Group

🙏Shine Group of Companies မွ 2019 ႏွစ္သစ္အခါသမယတြင္  New On Job Training မ်ားစတင္ေခၚယူေနၿပီးျဖစ္ေၾကာင္း သတင္းေကာင္းေလးေပ...
05/01/2019

🙏Shine Group of Companies မွ 2019 ႏွစ္သစ္အခါသမယတြင္ New On Job Training မ်ားစတင္ေခၚယူေနၿပီးျဖစ္ေၾကာင္း သတင္းေကာင္းေလးေပးအပ္ပါတယ္ရွင္ 🙏

ပထဆံုးေခၚယူသြားမည့္ Position ေလးကေတာ့
👉 Digital Sales & Marketing - က်ား/မ(၁၀)ဦး 👈 ေခၚယူသြားမွာျဖစ္ပါတယ္။

👉ရူိင္းကုမၸဏီမ်ားအုပ္စုမွဖြင့္လွစ္မည့္ On Job Training မ်ားသည္ လုပ္ငန္းခြင္မ်ားအတြင္းလက္ေတြ့ေလ့လာမူ ့မ်ားျဖင့္ Training ေပးသြားမည္ျဖစ္ပါသည္။

👉ယခုကဲ့သို့ Trainingေပးရျခင္း ရည္ရႊယ္ခ်က္မွာ လုပ္ငန္းခြင့္အေတြ့အျကံဳ မရွိသူမ်ားအားအခ်ိန္တိုအတြင္း စနစ္တက် က်ႊမ္းက်င္စြာ လုပ္ကိုင္နိုင္ေစရန္အတြက္ အခမဲ့သင္ျကားေပး ျခင္းျဖစ္ပါတယ္။

👉အထက္ပါ Position အတြက္လိုအပ္ခ်က္မ်ားမွာ
အေျခခံပညာအထက္တန္း အဆင့္ရွိသူမ်ားေလ်ာက္ထားႏိုင္ပါသည္။

👉အထက္ပါ On Job Training တက္ေရာက္လိုသူမ်ားသည္ ဓါတ္ပံု(၂)ပံု။ရပ္ကြက္ေထာက္ခံစာ ရဲစခန္းေထာက္ခံစာ အလုပ္သမားမွတ္ပံုတင္မိတၱဴ ႏိုင္ငံသားစီစစ္ေရးကဒ္ျပား သန္းေခါင္စာရင္းမိတၱဴ ပညာအရည္အခ်င္း ႏွင့္တကြ လိုအပ္သည့္စာရြက္ စာတမ္းအျပည့္အစံုႏွင့္အတူပံုပါ လိပ္စာအတိုင္းလာေရာက္
ေလ်ာက္ထားႏိုင္ပါသည္။

👏 အျမန္ဆံုးလာေရာက္ ေလ်ာက္ထားဖို့ဖိတ္ေခၚ လိုက္ပါတယ္ေနာ္ 👏

ဆက္သြယ္ရန္လိပ္စာ- အမွတ္(၂၉)၊ ေျမညီထပ္၊ဂ်ိဳးျဖဴလမ္း၊
ဂ်ိဳးျဖဴကြန္ဒို၊မဂၤလာေတာင္ညြန္႕ၿမိဳ႕နယ္၊ ရန္ကုန္တိုင္းေဒသႀကီး၊
(ေအာင္ဆန္းကြင္းအထူးတန္းေရွ႕)
[email protected]
ဖုန္း - ၀၁-၃၈၅၃၄၀ လိုင္းခဲြ(၂၀၃)

25/10/2018
17/10/2018


ဒီအပတ်မှာတော့ အိမ်တွေမှာ လျှပ်စစ်သွယ်တန်းတပ်ဆင်တဲ့အခါ အသုံးများသော Single Pole MCBs or Miniature Circuit Breakers တွေအကြောင်းကို ဘာသာပြန်ဆိုဖော်ပြပေးလိုက်ပါတယ်နော်။

MCB တွေသည် လျှပ်စစ်နှင့်စက်ပစ္စည်းပေါင်းစပ်တီထွင်ထားသော electromechanical devices တွေ ဖြစ်ပြီး လျှပ်စစ်ပတ်လမ်းတွေမှာ ပိုလျှံလျှပ်စီး (over current) ဖြစ်ခြင်းမှ ကာကွယ်ပေးသည်။
လျှပ်စစ်ပတ်လမ်းတစ်ခုတွင် ပိုလျှံလျှပ်စီး(over current)ဖြစ်ပေါ်နိုင်ခြေ(၃)မျိုးရှိသည်။
(၁)ရှော့ဖြစ်၍ ပိုလျှံလျှပ်စီးဖြစ်ခြင်း (Short Circuit)
(၂)ပိုလျှံ load သုံးစွဲမှုကြောင့်ဖြစ်ခြင်း (Over Load)နှင့်
(၃)မှားယွင်းစွာ တွက်ချက် တပ်ဆင်မှု
စသည်တို့ဖြစ်သည်။

MCB တွေသည် ကုန်ကျစရိတ်သက်သာပြီး၊ line အတင်အချပြုလုပ်ရာတွင် လွယ်ကူလျင်မြန် စိတ်ချရသောကြောင့် Fuse တွေထက် အားသာချက် ပိုများသည်ဟု ဆိုရပေမည်။

MCB တစ်လုံးရဲ့ အလုပ်လုပ်ပုံဟာ ရိုးရှင်းပြီး ပတ်လမ်းမှာ ဖြတ်စီးနေသော fault current ကို ဖြတ်တောက်ပေးသည်။

MCB သည် အမြင့်ဆုံးသတ်မှတ်ထားသောလျှပ်စီး (maximum current)ဖြတ်စီးသွားတာနဲ့ အလိုအလျောက် ဖြတ်တောက်ပေးသော ခလုတ်တစ်ခုပဲ ဖြစ်ပါတယ်။

MCB တွေကို ပိုလျှံလျှပ်စီး (over current) နှင့် အပူလွန်ကဲမှုကြောင့်ဖြစ်ပေါ်လာသော (over temperature faults) တွေကို ဖြတ်တောက်ပေးနိုင်ရန်/ကာကွယ်ပေးနိုင်ရန် Design တွက်ချက် ထုတ်လုပ်ထားကြတာပဲ ဖြစ်ပါတယ်။

MCB ရဲ့ အစိတ်အပိုင်း တစ်ခုစီ အကြောင်းနဲ့ အလုပ်လုပ်ပုံကို ပြောရမယ်ဆိုရင်တော့.....

MCB မှာ ရွေ့လျားနိုင်သော အစိတ်အပိုင်း (moveable contact) နှင့် မရွေ့လျားနိုင်သော/အသေတပ်ဆင်ထားသော(fixed contact) ဟူ၍ နှစ်မျိုးပါဝင်ပြီး ကြိုတင်သတ်မှတ်ထုတ်လုပ်ထားသော လျှပ်စီးကိုကျော်လွန်ပြီး လျှပ်စီးဖြတ်စီးလျှင် စီးချင်း ရွေ့လျားနိုင်သောအစိတ်အပိုင်း (moveable contact)သည် နဂို ထိနေရာမှ ကွာသွားပြီး ပတ်လမ်းတွင်လျှပ်စီးစီးခြင်းမှ ဖြတ်တောက်ပေးသည်။

အပြစ်လျှပ်စီး ( fault current)ဖြစ်ပေါ်နေသော နေရာကို ရှာဖွေ စစ်ဆေး ဖယ်ရှား တပ်ဆင်ပြီးရင်တော့ breaker ပြန်တင်ပြီး လျှပ်စီးပတ်လမ်းတစ်လျောက် လျှပ်စီး စီးစေကာ ပုံမှန်အတိုင်းအလုပ်လုပ်နိုင်ပြီဖြစ်သည်။

MCB တွေကို ပိုလျံလျှပ်စီး (over current)ဖြစ်ပေါ်လျှင် 2.5 milisecond အတွင်းဖြုတ်ချပေးနိုင်အောင် Design တွက်ချက်ထုတ်လုပ်ထားလေ့ရှိပြီး Over Heating ဖြစ်တဲ့အချိန် Over load ဖြစ်တဲ့ အချိန်မျိုးဆိုရင်တော့ 2second ကနေ 2minute အတွင်း ဖြုတ်ချနိုင်အောင် ထုတ်လုပ်လေ့ရှိကြသည်။


ဒီအပတ္မွာေတာ့ အိမ္ေတြမွာ လွ်ပ္စစ္သြယ္တန္းတပ္ဆင္တဲ့အခါ အသုံးမ်ားေသာ Single Pole MCBs or Miniature Circuit Breakers ေတြအေၾကာင္းကို ဘာသာျပန္ဆိုေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

MCB ေတြသည္ လွ်ပ္စစ္ႏွင့္စက္ပစၥည္းေပါင္းစပ္တီထြင္ထားေသာ electromechanical devices ေတြ ျဖစ္ၿပီး လွ်ပ္စစ္ပတ္လမ္းေတြမွာ ပိုလွ်ံလွ်ပ္စီး (over current) ျဖစ္ျခင္းမွ ကာကြယ္ေပးသည္။
လွ်ပ္စစ္ပတ္လမ္းတစ္ခုတြင္ ပိုလွ်ံလွ်ပ္စီး(over current)ျဖစ္ေပၚႏိုင္ေျခ(၃)မ်ိဳးရွိသည္။
(၁)ေရွာ့ျဖစ္၍ ပိုလွ်ံလွ်ပ္စီးျဖစ္ျခင္း (Short Circuit)
(၂)ပိုလွ်ံ load သုံးစြဲမႈေၾကာင့္ျဖစ္ျခင္း (Over Load)ႏွင့္
(၃)မွားယြင္းစြာ တြက္ခ်က္ တပ္ဆင္မႈ
စသည္တို႔ျဖစ္သည္။

MCB ေတြသည္ ကုန္က်စရိတ္သက္သာၿပီး၊ line အတင္အခ်ျပဳလုပ္ရာတြင္ လြယ္ကူလ်င္ျမန္ စိတ္ခ်ရေသာေၾကာင့္ Fuse ေတြထက္ အားသာခ်က္ ပိုမ်ားသည္ဟု ဆိုရေပမည္။

MCB တစ္လုံးရဲ႕ အလုပ္လုပ္ပုံဟာ ႐ိုးရွင္းၿပီး ပတ္လမ္းမွာ ျဖတ္စီးေနေသာ fault current ကို ျဖတ္ေတာက္ေပးသည္။

MCB သည္ အျမင့္ဆုံးသတ္မွတ္ထားေသာလွ်ပ္စီး (maximum current)ျဖတ္စီးသြားတာနဲ႔ အလိုအေလ်ာက္ ျဖတ္ေတာက္ေပးေသာ ခလုတ္တစ္ခုပဲ ျဖစ္ပါတယ္။

MCB ေတြကို ပိုလွ်ံလွ်ပ္စီး (over current) ႏွင့္ အပူလြန္ကဲမႈေၾကာင့္ျဖစ္ေပၚလာေသာ (over temperature faults) ေတြကို ျဖတ္ေတာက္ေပးႏိုင္ရန္/ကာကြယ္ေပးႏိုင္ရန္ Design တြက္ခ်က္ ထုတ္လုပ္ထားၾကတာပဲ ျဖစ္ပါတယ္။

MCB ရဲ႕ အစိတ္အပိုင္း တစ္ခုစီ အေၾကာင္းနဲ႔ အလုပ္လုပ္ပုံကို ေျပာရမယ္ဆိုရင္ေတာ့.....

MCB မွာ ေ႐ြ႕လ်ားႏိုင္ေသာ အစိတ္အပိုင္း (moveable contact) ႏွင့္ မေ႐ြ႕လ်ားႏိုင္ေသာ/အေသတပ္ဆင္ထားေသာ(fixed contact) ဟူ၍ ႏွစ္မ်ိဳးပါဝင္ၿပီး ႀကိဳတင္သတ္မွတ္ထုတ္လုပ္ထားေသာ လွ်ပ္စီးကိုေက်ာ္လြန္ၿပီး လွ်ပ္စီးျဖတ္စီးလွ်င္ စီးခ်င္း ေ႐ြ႕လ်ားႏိုင္ေသာအစိတ္အပိုင္း (moveable contact)သည္ နဂို ထိေနရာမွ ကြာသြားၿပီး ပတ္လမ္းတြင္လွ်ပ္စီးစီးျခင္းမွ ျဖတ္ေတာက္ေပးသည္။

အျပစ္လွ်ပ္စီး ( fault current)ျဖစ္ေပၚေနေသာ ေနရာကို ရွာေဖြ စစ္ေဆး ဖယ္ရွား တပ္ဆင္ၿပီးရင္ေတာ့ breaker ျပန္တင္ၿပီး လွ်ပ္စီးပတ္လမ္းတစ္ေလ်ာက္ လွ်ပ္စီး စီးေစကာ ပုံမွန္အတိုင္းအလုပ္လုပ္ႏိုင္ၿပီျဖစ္သည္။

MCB ေတြကို ပိုလ်ံလွ်ပ္စီး (over current)ျဖစ္ေပၚလွ်င္ 2.5 milisecond အတြင္းျဖဳတ္ခ်ေပးႏိုင္ေအာင္ Design တြက္ခ်က္ထုတ္လုပ္ထားေလ့ရွိၿပီး Over Heating ျဖစ္တဲ့အခ်ိန္ Over load ျဖစ္တဲ့ အခ်ိန္မ်ိဳးဆိုရင္ေတာ့ 2second ကေန 2minute အတြင္း ျဖဳတ္ခ်ႏိုင္ေအာင္ ထုတ္လုပ္ေလ့ရွိၾကသည္။

02/07/2018


ဒီအပတ်အတွက်Knowledge Sharing အဖြစ် Electrical Estimate ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မီးပိုက်(Pipe size)ရွေးချယ်ခြင်း အကြောင်းရှင်းပြရေးသားသွားပါမယ်နော်။💁💁💁

မီးပိုက်/ထရမ်းကင်း တွေရဲ့ size ရွေးချယ်တပ်ဆင်ခြင်းဟာ သာမာန်အတွေးနဲ့တွေးလိုက်ရင် ဘာမှမဟုတ်လောက်ပါဘူး...အသေးအမွှားလေးပါအခုလည်းအဆင်ပြေနေတာပဲ လို့ထင်ကောင်းထင်နိုင်ပါတယ်။

မှန်ပါတယ် အခုအဆင်ပြေနေပေမယ့် နောက်ပိုင်း လျှပ်စစ်ပစ္စည်းတွေ အကုန်အစုံသုံးမယ် အဲ့ပစ္စည်းတွေသုံးဖို့ မီးကြိုးတွေကိုလည်း ပြည့်ကြပ်နေအောင် ပိုက် (သို့မဟုတ်) ထရမ်းကင်းထဲက သွားထားမယ် ဆိုရင် မီးကြိုးတစ်ချောင်းချင်းစီမှာ လျှပ်စီးကြောင်း ( Current ) စီးနေတဲ့အတွက် အပူထွက်တာရှိပါတယ်။ အဲ့အပူဟာ ပိုက်/ထရမ်းကင်းပြည့်ကြပ်နေမှုကြောင့် အပြင်မထွက်နိုင်ဘဲ ပိုက်အတွင်းထဲမှာပဲအောင်းနေပြီး မီးကြိုးအပြင်ကာဗာ (Insulator) ဟာ အပူများလျှင် အရည်ပျော်ကာ အထဲက ကြေးကြိုး (Conductor) အချင်းချင်းထိတွေ့ကာ ရှော့(Short) ဖြစ်နိုင်ပါတယ်။
အပူကြောင့် ကြိုးရဲ့ လျှပ်စီးကြောင်းသယ်ဆောင်နိုင်မှု (Current carrying capacity) လည်းလျော့နည်းနိုင်ပါတယ်။
ထိုအခါ လုံလောက်သော လျပ်စီးပမာဏကို အပြည့်အဝ မရသည့်အတွက် လျပ်စစ်ပစ္စည်း(Electronic Device) တွေ အချိန်အတန်ခင် မပျက်စီးသင့်ဘဲပျက်စီးနိုင်ပါတယ်။
မိမိက အခုအဆင်ပြေတာပဲ အလုပ်မြန်မြန်ပြီး ပြီးတာဘဲ ပိုက်နောက်တစ်ချောင်းမပြေးရပြီးရော ဆိုပြီးလုပ်ပေးခဲ့လိုက်တဲ့ အလုပ်ဟာ အိမ်ရှင်အတွက်လည်းဆိုးကျိုးဖြစ်နိုင်တဲ့အပြင် ဒီအလုပ်ကိုလက်ခံလုပ်ပေးသူအတွက်လည်းဆိုးကျိုးဖြစ်နိုင်ပါတယ်။
နှစ်ဦးနှစ်ဖက်အတွက်အကျိုးမရှိပါဘူး။
ထို့ကြောင့် ပိုက်တွေ ထရမ်းကင်းတွေ ရွေးချယ်တဲ့အခါမှာ မှန်ကန်ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်တပ်ဆင်နိုင်ဖို့
ပိုက်ရွေးချယ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ပိုက်တွေ ထဲမှာထည့်မယ့် ကြိုးပမာဏသည် ပိုက်ရဲ့ 60% ပဲနေရာယူရမှာပါ။
ကျန် 40% သည် လေဝင်လေထွက်ကောင်းအောင် ကြိုးထိုးလွယ်အောင် ချန်ထားပေးရမှာပါ။

💚💚💚ပိုက်ရွေးချယ်ခြင်း💚💚💚

ပိုက်ရွေးချယ်ရာတွင်
#ပိုက်ထဲမှာထည့်ပြေးမယ့်ကြိုးရဲ့အရွယ်အစား(wire size)
#ထည့်မယ့်ကြိုးအရေအတွက်
#ပိုက်သွားမည့်လမ်းကြောင်းမှာရှိမည့်အကွေးအရေအတွက်
#ပိုက်ရဲ့အရှည်
အစရှိသည်တို့ကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်

ဥပမာ
မိမိသည် 1.5 ကြိုး ၃ချောင်း ၊ 2.5 ကြိုး ၃ချောင်း ပြေးမည်ဆိုကြပါစို့။
အကွေးက၂ကွေး ရှိမည်။ ပိုက်အရှည်က ၁၀ မီတာပါ။

ကဲ စတွက်ပါပြီနော်📝📝📝
1.5 ကြိုး ၃ချောင်းဖြစ်ပြီး သူ့ရဲ့ conduit factor သည် table မှာကြည့်လိုက်ရင်22

ထို့ကြောင့်
22*3=66......eq(1)

2.5ကြိုးကလည်း ၃ချောင်းဖြစ်ပြီး သူ့ရဲ့ conduit factor သည် table မှာကြည့်လိုက်ရင် 30

ထို့ကြောင့်
30*3=90......eq(2)

eq(1)+(2)
ထို့ကြောင့်
66+90=156

ကြိုးအားလုံးပါပြီးပိုက်ထဲကြိုးထည့်ရမည့်ပမာဏသည် 156

ထို့ကြောင့် ပိုက်size ရွေးရမည့် table အရ 156 ထက်ကြီးတာရွေးရမှာဖြစ်သည့်အတွက်
Table 2 Bends မှာ 156 နဲ့ အနီးစပ်ဆုံးတူတာသည် 244 pipe size သည်
40% အပိုချန်ရမှာဖြစ်သည့်ပတွက်တစ်ဆင့်ကြီးတာရွေးတော့ 20mm pipe ကိုရွေးလိုက်ပါတယ်နော်။

👉👉👉ပုံသေနည်းကတော့
ကြိုးရဲ့ conduit factor x ကြိုးအရေအတွက် ပဲဖြစ်ပါတယ်နော်

ကြိုးအရွယ်အစားတစ်မျိုးချင်းစီအလိုက် သူ့ရဲ့ factor နဲ့မြောက်ပေးရမှာဖြစ်ပြီး တစ်ခုချင်းစီမြောက်ပြီးရင်တော့ အားလုံးကို ပေါင်းပေးရမှာဖြစ်ပါတယ်။
နောက်ဆုံးပေါင်းလဒ်ထွက်လာတဲ့အဖြေကို အကွေးအရေအတွက်အလိုက် tableမှာ ကြည့်ရွေးပြီး တစ်ဆင့်ကြီးတာကို ယူသုံးရမှာဖြစ်ပါတယ်နော်။

နောက်အပတ်မှာ ထရမ်းကင်း(Trunking) ရွေးချယ်ခြင်းကို ဆက်ရှင်းပြပေးသွားမှာဖြစ်လို့ PAGE ကို Like and Share, See first လုပ်ထားဖို့ မမေ့နဲ့ဦးနော်...

👷👍👷👍👷👍👷👍👷👍👷👍👷👍👷👍👷👍

Tag Phoopaye Kywe🙆🙆🙆

Unity Strength Electrical Engineering Group


ဒီအပတ္အတြက္Knowledge Sharing အျဖစ္ Electrical Estimate ထဲမွာ ပါဝင္တဲ့ အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ မီးပိုက္(Pipe size)ေ႐ြးခ်ယ္ျခင္း အေၾကာင္းရွင္းျပေရးသားသြားပါမယ္ေနာ္။💁💁💁

မီးပိုက္/ထရမ္းကင္း ေတြရဲ႕ size ေ႐ြးခ်ယ္တပ္ဆင္ျခင္းဟာ သာမာန္အေတြးနဲ႔ေတြးလိုက္ရင္ ဘာမွမဟုတ္ေလာက္ပါဘူး...အေသးအမႊားေလးပါအခုလည္းအဆင္ေျပေနတာပဲ လို႔ထင္ေကာင္းထင္ႏိုင္ပါတယ္။

မွန္ပါတယ္ အခုအဆင္ေျပေနေပမယ့္ ေနာက္ပိုင္း လွ်ပ္စစ္ပစၥည္းေတြ အကုန္အစုံသုံးမယ္ အဲ့ပစၥည္းေတြသုံးဖို႔ မီးႀကိဳးေတြကိုလည္း ျပည့္ၾကပ္ေနေအာင္ ပိုက္ (သို႔မဟုတ္) ထရမ္းကင္းထဲက သြားထားမယ္ ဆိုရင္ မီးႀကိဳးတစ္ေခ်ာင္းခ်င္းစီမွာ လွ်ပ္စီးေၾကာင္း ( Current ) စီးေနတဲ့အတြက္ အပူထြက္တာရွိပါတယ္။ အဲ့အပူဟာ ပိုက္/ထရမ္းကင္းျပည့္ၾကပ္ေနမႈေၾကာင့္ အျပင္မထြက္ႏိုင္ဘဲ ပိုက္အတြင္းထဲမွာပဲေအာင္းေနၿပီး မီးႀကိဳးအျပင္ကာဗာ (Insulator) ဟာ အပူမ်ားလွ်င္ အရည္ေပ်ာ္ကာ အထဲက ေၾကးႀကိဳး (Conductor) အခ်င္းခ်င္းထိေတြ႕ကာ ေရွာ့(Short) ျဖစ္ႏိုင္ပါတယ္။
အပူေၾကာင့္ ႀကိဳးရဲ႕ လွ်ပ္စီးေၾကာင္းသယ္ေဆာင္ႏိုင္မႈ (Current carrying capacity) လည္းေလ်ာ့နည္းႏိုင္ပါတယ္။
ထိုအခါ လုံေလာက္ေသာ လ်ပ္စီးပမာဏကို အျပည့္အဝ မရသည့္အတြက္ လ်ပ္စစ္ပစၥည္း(Electronic Device) ေတြ အခ်ိန္အတန္ခင္ မပ်က္စီးသင့္ဘဲပ်က္စီးႏိုင္ပါတယ္။
မိမိက အခုအဆင္ေျပတာပဲ အလုပ္ျမန္ျမန္ၿပီး ၿပီးတာဘဲ ပိုက္ေနာက္တစ္ေခ်ာင္းမေျပးရၿပီးေရာ ဆိုၿပီးလုပ္ေပးခဲ့လိုက္တဲ့ အလုပ္ဟာ အိမ္ရွင္အတြက္လည္းဆိုးက်ိဳးျဖစ္ႏိုင္တဲ့အျပင္ ဒီအလုပ္ကိုလက္ခံလုပ္ေပးသူအတြက္လည္းဆိုးက်ိဳးျဖစ္ႏိုင္ပါတယ္။
ႏွစ္ဦးႏွစ္ဖက္အတြက္အက်ိဳးမရွိပါဘူး။
ထို႔ေၾကာင့္ ပိုက္ေတြ ထရမ္းကင္းေတြ ေ႐ြးခ်ယ္တဲ့အခါမွာ မွန္ကန္ၿပီး ေဘးအႏၲရာယ္ကင္းရွင္းစြာ ေ႐ြးခ်ယ္တပ္ဆင္ႏိုင္ဖို႔
ပိုက္ေ႐ြးခ်ယ္နည္းေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။ ပိုက္ေတြ ထဲမွာထည့္မယ့္ ႀကိဳးပမာဏသည္ ပိုက္ရဲ႕ 60% ပဲေနရာယူရမွာပါ။
က်န္ 40% သည္ ေလဝင္ေလထြက္ေကာင္းေအာင္ ႀကိဳးထိုးလြယ္ေအာင္ ခ်န္ထားေပးရမွာပါ။

💚💚💚ပိုက္ေ႐ြးခ်ယ္ျခင္း💚💚💚

ပိုက္ေ႐ြးခ်ယ္ရာတြင္
#ပိုက္ထဲမွာထည့္ေျပးမယ့္ႀကိဳးရဲ႕အ႐ြယ္အစား(wire size)
#ထည့္မယ့္ႀကိဳးအေရအတြက္
#ပိုက္သြားမည့္လမ္းေၾကာင္းမွာရွိမည့္အေကြးအေရအတြက္
#ပိုက္ရဲ႕အရွည္
အစရွိသည္တို႔ကို ထည့္သြင္းစဥ္းစားရမွာျဖစ္ပါတယ္

ဥပမာ
မိမိသည္ 1.5 ႀကိဳး ၃ေခ်ာင္း ၊ 2.5 ႀကိဳး ၃ေခ်ာင္း ေျပးမည္ဆိုၾကပါစို႔။
အေကြးက၂ေကြး ရွိမည္။ ပိုက္အရွည္က ၁၀ မီတာပါ။

ကဲ စတြက္ပါၿပီေနာ္📝📝📝
1.5 ႀကိဳး ၃ေခ်ာင္းျဖစ္ၿပီး သူ႔ရဲ႕ conduit factor သည္ table မွာၾကည့္လိုက္ရင္22

ထို႔ေၾကာင့္
22*3=66......eq(1)

2.5ႀကိဳးကလည္း ၃ေခ်ာင္းျဖစ္ၿပီး သူ႔ရဲ႕ conduit factor သည္ table မွာၾကည့္လိုက္ရင္ 30

ထို႔ေၾကာင့္
30*3=90......eq(2)

eq(1)+(2)
ထို႔ေၾကာင့္
66+90=156

ႀကိဳးအားလုံးပါၿပီးပိုက္ထဲႀကိဳးထည့္ရမည့္ပမာဏသည္ 156

ထို႔ေၾကာင့္ ပိုက္size ေ႐ြးရမည့္ table အရ 156 ထက္ႀကီးတာေ႐ြးရမွာျဖစ္သည့္အတြက္
Table 2 Bends မွာ 156 နဲ႔ အနီးစပ္ဆုံးတူတာသည္ 244 pipe size သည္
40% အပိုခ်န္ရမွာျဖစ္သည့္ပတြက္တစ္ဆင့္ႀကီးတာေ႐ြးေတာ့ 20mm pipe ကိုေ႐ြးလိုက္ပါတယ္ေနာ္။

👉👉👉ပုံေသနည္းကေတာ့
ႀကိဳးရဲ႕ conduit factor x ႀကိဳးအေရအတြက္ ပဲျဖစ္ပါတယ္ေနာ္

ႀကိဳးအ႐ြယ္အစားတစ္မ်ိဳးခ်င္းစီအလိုက္ သူ႔ရဲ႕ factor နဲ႔ေျမာက္ေပးရမွာျဖစ္ၿပီး တစ္ခုခ်င္းစီေျမာက္ၿပီးရင္ေတာ့ အားလုံးကို ေပါင္းေပးရမွာျဖစ္ပါတယ္။
ေနာက္ဆုံးေပါင္းလဒ္ထြက္လာတဲ့အေျဖကို အေကြးအေရအတြက္အလိုက္ tableမွာ ၾကည့္ေ႐ြးၿပီး တစ္ဆင့္ႀကီးတာကို ယူသုံးရမွာျဖစ္ပါတယ္ေနာ္။

ေနာက္အပတ္မွာ ထရမ္းကင္း(Trunking) ေ႐ြးခ်ယ္ျခင္းကို ဆက္ရွင္းျပေပးသြားမွာျဖစ္လို႔ PAGE ကို Like and Share, See first လုပ္ထားဖို႔ မေမ့နဲ႔ဦးေနာ္...

👷👍👷👍👷👍👷👍👷👍👷👍👷👍👷👍👷👍

Tag Phoopaye Kywe🙆🙆🙆

Unity Strength Electrical Engineering Group

Address

No (5), Parami Road, Hlaing Township
Yangon
01

Alerts

Be the first to know and let us send you an email when SHINE Technical Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to SHINE Technical Institute:

Shortcuts

Share