The Weekend Club

The Weekend Club "We help Entrepreneurs and Executives become more successful"

14/12/2017

📢 Customer Service Representative (CSR) နေရာတွင်လုပ်ကိုင်ရန်ဝန်ထမ်းများခေါ်ယူခြင်း။
📢 ခန့်ထားမည့်ဦးရေ - ၂၀ ယောက် (ကျား/မ)
📢 လုပ်ငန်းအတွေ့အကြုံမရှိသူများလည်းလျှောက်ထားနိုင်ပါသည်။
📢 လက်ရှိတက္ကသိုလ် ၊ သင်တန်းတက်နေသူဖြစ်လျှင် Shift များအလိုက်ပြောင်းလဲလုပ်ကိုင်နိုင်သည်။

📎လုပ်ကိုင်ရမည့်အလုပ်နှင့်ပတ်သက်သောအကြောင်းအရာများ

✔️Customer များမေးလာသောသတင်းအချက်အလက်များကို Chat Box မှတစ်ဆင့် မှန်ကန်တိကျစွာ ဖြေကြားပေးခြင်း။
✔️Customer များနှင့်ပတ်သက်သော မှတ်တမ်းများကို Computer Database ထဲသို့ထည့်သွင်းခြင်း။
✔️မိမိလုပ်ကိုင်နေသော Company ၏ထုတ်ကုန်ပစ္စည်း နှင့်ပတ်သတ်သည့် အကြောင်းအရာများကို သင်ယူ၍ Customer များအားပြန်လည်ဝန်ဆောင်မှုပေးခြင်း။
✔️Customer Complaint များကို Customer များစိတ်ကျေနပ်မှုရှိသည်အထိဖြေရှင်းပေးခြင်း။
✔️မိမိ၏ Team Supervisor နှင့် ပူပေါင်း၍ မိမိ၏ Customer များ၏အခက်အခဲများကို ကူညီဖြေရှင်းပေးခြင်း။

📎လိုအပ်သည့် အရည်အချင်းများ

✔️၁၀ တန်အောင်မြင်ထားသူဖြစ်ရမည်။
✔️Social Media (Facebook / Viber) ကိုရင်းနှီးကျွမ်းဝင်စွာအသုံးပြုနိုင်ရမည်။
✔️ကွန်ပျူတာ အခြေခံအသုံးပြုတတ်ရမည်။
✔️စာစီစာရိုက် အခြေခံတတ်မြောက်ရမည်။ (English/မြန်မာ)
✔️အလုပ်ချိန်အပြောင်းအလဲကို လက်ခံလုပ်ကိုင်နိုင်ရမည်။
✔️Day Shift / Night Shift တို့ဖြင့်လုပ်ကိုင်နိုင်ရမည်။

အလုပ်အားစိတ်ဝင်စား၍လျှောက်ထားလိုပါက Messenger သို့မဟုတ် [email protected] သို့ CV များပေးပို့၍လျှောက်ထားနိုင်ပါသည်။

12/08/2016

ကျင်းပမည့် နေ့ရက်း ၁၄ သြဂုတ် ၂၀၁၆ ကျင်းပမည့် အချိန်း နေ့လည် ၂း၀၀ နာရီမှ ၅း၃၀ထိ ကျေင်းပမည့် နေရာ: ၂၉ ရတနာဒီပလမ်းသွယ်၊ ကျိုက္ကဆံဘုရားလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်။ ဆက်သွယ်ရန် - ၀၉ ၉၆၇၂၅၅၃၁၀-၎

25/06/2016

Digital Entrepreneurs၊ Technopreneurs များအတွက် ဒီနေ့ ကျွန်တော် မှတ်သားမိတာလေး ပြန်လည်မျှဝေ ပါရစေ။

"Entrepreneur who falls in love with giving solution will definitely fail while who falls in love with solving problem will definitely succeed"

အကြံအဥာဏ်ပေးခြင်း၊ အိုင်ဒီယာထုတ်ခြင်းတို့ကို နှစ်သက်တဲ့ စွန့်ဦးတီထွင်သူ တစ်ယောက်က ရှုံးနိမ့်မှုတွေ ကြုံရမှာ မလွဲဖြစ်သလို၊ ပြသနာရဲ့ အဖြေကိုပဲ ရှာဖို့ နှစ်သက်တဲ့ စွန့်ဦးတီထွင်သူကတော့ အောင်မြင်မှုတွေ မလွဲကြုံရမှာ ဖြစ်ပါတယ်။

ကဲ ... ကိုယ့် ဘော်ဘော် Technopreneur နည်းပညာအခြေပြု စွန့်ဦးများ လည်း ပြသနာတွေရဲ့ အဖြေတွေကို ရှာရင်းနဲ့ အောင်မြင်မှုများ ရရှိနိုင်ပါစေလို့ ဆုတောင်းရင်း မှတ်သားမိတာလေးများ ပြန်လည် ရှဲ လိုက်ပါရစေဗျာ။

16/06/2016

Linux အခြေခံကိုနားလည်ပြီး လုပ်သက်အတွေ့အကြုံ တစ်နှစ်နှင့် အထက်ရှိသူ။ English လို ကောင်းကောင်း ပြောဆိုနိုင်သူ တစ်ဦး အလိုရှိပါသည်။ ရန်ကုန်ရှိ နိုင်ငံခြား ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ရပါမည်။ အကြမ်းဖျင်းလစာ USD 500-600 လောက်ရနိုင်ပါသည်။ စိတ်ဝင်စားပါက chat box မှတဆင့် ဆက်သွယ်ပေးပါရန်။

(ပုံမှာ စာတွေ သိပ်မမြင်ရလို့ ဆိုသည့်အတွက် ပုံခွဲတင်ပေးလိုက်ပါပြီ ခင်ဗျာ)ကျွန်တော်တို့ Weekend Club ၀ိုင်းတော်သား များစုေ...
11/06/2016

(ပုံမှာ စာတွေ သိပ်မမြင်ရလို့ ဆိုသည့်အတွက် ပုံခွဲတင်ပေးလိုက်ပါပြီ ခင်ဗျာ)

ကျွန်တော်တို့ Weekend Club ၀ိုင်းတော်သား များစုပေါင်းပြီး မကြာမှီတွင် သင်တန်း ဖွင့်လှစ်ပါတော့မည်။ သင်တန်းနာမည်ကတော့ Idea Explorer (Ideaex) ဖြစ်ပြီး သင်တန်းမှ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဖြစ်ချင်သူများ၊ မိုဘိုင်းလ် application ရေးတတ်ပြီး Ideation လုပ်ချင်သူများ၊ နှင့် အ ခြားခြားသော IT - Entrepreneur ဆက်စပ် သင်တန်းများကို ပြန်လည် သင် ကြားသွားမှာ ဖြစ်ပါကြောင်း။
Ideaex တွင် သင်ကြားနိုင်သော Track များကို ပုံပါအတိုင်း ရှိပါသည်။
Ideaex page နှင့် website link ကို မကြာမှီတွင် ဖော်ပြပေးသွားပါမည် ခင်ဗျား။ ကျေားဇူးတင်ပါတယ် ခင်ဗျား။

Idea Explorer (Ideaex) is the one stop novice-to-expert advanced creativity and digital native grooming center where you become Technopreneur or Ideapreneur.

ကျွန်တော်တို့ Weekend Club ၀ိုင်းတော်သား များစုပေါင်းပြီး မကြာမှီတွင် သင်တန်း ဖွင့်လှစ်ပါတော့မည်။ သင်တန်းနာမည်ကတော့ Idea...
10/06/2016

ကျွန်တော်တို့ Weekend Club ၀ိုင်းတော်သား များစုပေါင်းပြီး မကြာမှီတွင် သင်တန်း ဖွင့်လှစ်ပါတော့မည်။ သင်တန်းနာမည်ကတော့ Idea Explorer (Ideaex) ဖြစ်ပြီး သင်တန်းမှ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဖြစ်ချင်သူများ၊ မိုလ်ဘိုင်းလ် application ရေးတတ်ပြီး Ideation လုပ်ချင်သူများ၊ နှင့် အ ခြားခြားသော IT - Entrepreneur ဆက်စပ် သင်တန်းများကို ပြန်လည် သင် ကြားသွားမှာ ဖြစ်ပါကြောင်း။
Ideaex တွင် သင်ကြားနိုင်သော Track များကို ပုံပါအတိုင်း ရှိပါသည်။
Ideaex page နှင့် website link ကို မကြာမှီတွင် ဖော်ပြပေးသွားပါမည် ခင်ဗျား။ ကျေားဇူးတင်ပါတယ် ခင်ဗျား။

လုပ်ငန်းရှင်တို့နားလည်ထားသင့်တဲ့ စာရင်းအခြေခံ (အပိုင်း - ၃)============================================အရှုံးအမြတ်စာရင်းန...
03/03/2016

လုပ်ငန်းရှင်တို့နားလည်ထားသင့်တဲ့ စာရင်းအခြေခံ (အပိုင်း - ၃)
============================================

အရှုံးအမြတ်စာရင်းနဲ့လက်ကျန်စာရင်းတွေအကြောင်း ပြောပြပြီးပြီဆိုတော့ ကဲ ဒီတခေါက်တော့ Cash Flow အကြောင်းပြောကြည့်ရအောင်။

Finance လောကမှာ ပြောတတ်ကြတဲ့ စကားတခွန်းရှိပါတယ် လုပ်ငန်းတခုက ၁နှစ် ၂နှစ် ရှုံးနေသေးရင် တောင့်ခံ့နိုင်တယ် ဒါပေမယ့် Cash Flow မှာ အနှုတ်ပြသွားပြီ/လက်ထဲမှာ ငွေပြတ်သွားပြီဆိုရင်တော့ ၁လ ၂လတောင် ဆက်လည်ပတ်ဖို့ မဖြစ်နိုင်ပါဘူး။

အမှန်ပါပဲ ဘာလို့ဆို လုပ်ငန်းတခုက ရှုံးနေတယ်ဆိုရင်တောင် လုပ်ငန်းရှင်က ရင်းနှီးထားတဲ့ ငွေရှိပါသေးတယ် အဲဒီတော့ ကုန်ရောင်းတာပဲဖြစ်ဖြစ် ဝန်ဆောင်မှုပေးတာပဲဖြစ်ဖြစ် အကြွေးမကျဘူး ငွေလည်နေသေးတယ်ဆို လုပ်ငန်းဆက်လည်နေဖို့ ဖြစ်နိုင်ပါသေးတယ်။

ဒါပေမယ့် မြတ်နေရင်တောင် အကြွေးတွေကျ စီမံခန့်ခွဲမှုအားနည်းလို့ ကြွေးရှင်ကို အကြွေးပေးစရာမရှိ၊ ဝန်ထမ်းတွေကို လခပေးစရာမရှိ၊ အခွန်ဆောင်စရာမရှိဖြစ်သွားရင်တော့ အဲဒီလုပ်ငန်းကို ဆက်လည်ပတ်အောင်လုပ်နိုင်ဖို့ မလွယ်ပါဘူး။ အဲဒီအတွက် ငွေချေးတန်ချေး၊ လုပ်ငန်းရှင်က အိပ်စိုက်တန်စိုက် ဒါမှမဟုတ် အကြွေးတွေ ရအောင်တောင်းရင်တောင်း လုပ်ပေးဖို့လိုပြီး မလုပ်နိုင်ရင်တော့ ဘယ်ဝန်ထမ်းကမှ လခမရပဲ ဆက်လုပ်မှာ မဟုတ်သလို၊ အကြွေးမဆပ်ပဲ ကြွေးချည်းထပ်ယူနေရင်တော့ ဘယ်သူကမှ ကုန်ကြမ်းတွေ ထပ်ပေးချင်မှာ မဟုတ်ပဲ လုံးချာလည်လိုက်ပြီး လုပ်ငန်းရပ်သွားနိုင်ပါတယ်။

အဲဒီအတွက် လုပ်ငန်းတစ်ခုအနေနဲ့ အသုံးဝင်ပြီး လက်တွေ့နဲ့ အနီးစပ်ဆုံးဖြစ်နိုင်မယ့် Cash flow စနစ်တခုက ရှိနေသင့်ပါတယ်။ ရှိနေမှလည်း ပြီးခဲ့တဲ့လတွေမှာ လုပ်ငန်းရဲ့ ငွေကြေးအနေအထားက မှန်းထားသလိုဖြစ်ရဲ့လား၊ နောင်လာမယ့် အနာဂတ်ကာလတွေမှာကော လုံလောက်တဲ့ ငွေရှိနေမလား၊ မရှိဘူးလို့ မှန်းဆထားမယ်ဆိုရင် လိုနေမယ့် ငွေကို ဘယ်လိုရှာမလဲ ဘဏ်ကချေးမလား အရင်းထပ်ထည့်မလား ကြိုတင်ဆုံးဖြတ်ချက် ချထားနိုင်မှာ ဖြစ်ပါတယ်။

လုပ်ငန်းတွေမှာ သုံးကြတဲ့ Cash Flow Statement ရဲ့ ပုံစံတွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တချို့လုပ်ငန်းကြီးတွေမှာ အချိန်ကာလတခုချင်းစီအတွက် Profit & Loss၊ Balance Sheet တို့သာမက Cash Flow Statement ကိုပါ ပြင်ဆင်ကြတဲ့ ပုံစံတွေရှိသလို နှစ်တစ်နှစ်အတွင်း ၁၂လကို ယှဉ်လို့ ပြတတ်ကြတဲ့ ပုံစံတွေလည်းရှိပါတယ်။ အဲဒီထဲကမှ လုပ်ငန်းသေးတွေအတွက် ပိုမိုသင့်တော်မယ်လို့ ထင်တဲ့ Cash Flow Statement ဥပမာပုံစံတစ်ခုကိုပဲ ဒီစာနဲ့ တွဲထားပေးလိုက်ပါတယ်။

လုပ်ငန်းရှင်တွေအတွက် အသုံးဝင်မယ့် Ratio တွေအကြောင်းကိုလည်း ကြိုးစားပြီး ပြောပြသွားပါအုံးမယ် ....

လုပ်ငန်းရှင်တို့နားလည်ထားသင့်တဲ့ စာရင်းအခြေခံ (အပိုင်း - ၂)=============================================အပိုင်း၁မှာ အခြေ...
18/02/2016

လုပ်ငန်းရှင်တို့နားလည်ထားသင့်တဲ့ စာရင်းအခြေခံ (အပိုင်း - ၂)
=============================================

အပိုင်း၁မှာ အခြေခံ အရှုံးအမြတ်စာရင်းကို အကြမ်းဖျင်းပြောပြီးသွားပြီဆိုတော့ လက်ကျန်စာရင်း (Balance Sheet) အကြောင်းကို ဆက်လိုက်ကြရအောင်..

အရှုံးအမြတ်စာရင်းက လုပ်ငန်း ရှုံးနေသလား မြတ်နေသလားဆိုတဲ့ အရှုံးအမြတ်အခြေအနေကို ပြောပြတယ်ဆိုရင် လက်ကျန်စာရင်းကတော့ လုပ်ငန်းရဲ့ အခြေအနေ အနေအထားကိုပြောပြတယ်လို့ဆိုရမှာပါ။

သူ့မှာ အခြေခံအကျဆုံး ညီမျှခြင်းတစ်ခုရှိနေပြီး အဲဒါကတော့

ပိုင်ဆိုင်မှု (Assets) = ရင်းနှီးမြှပ်နှံငွေ (Capital) + ပေးရန်အကြွေး (Liabilities)

ပိုင်ဆိုင်မှုဆိုတဲ့အထဲမှာ လုပ်ငန်းမှာ ရှိတဲ့ ငွေတွေ၊ ရစရာ ရှိတဲ့အကြွေးတွေ၊ လုပ်ငန်းကပိုင်တဲ့ စက်ပစ္စည်းတွေ၊ ကွန်ပျူတာတွေ၊ ကားဆိုင်ကယ်တွေ၊ အဆောက်အဦတွေ၊ ပရိဘောဂပစ္စည်းတွေ၊ ကုန်ပစ္စည်းတွေ စသဖြင့် ပိုင်ဆိုင်မှုအကုန်လုံးကို ဆိုလိုပါတယ်။

ရင်းနှီးမြှပ်နှံငွေဆိုတာကတော့ လုပ်ငန်းရှင်က လုပ်ငန်းအတွက် ထည့်ထားတဲ့ အရင်းအနှီးတွေ၊ လုပ်ငန်းကနေ ထုတ်ယူမသွားသေးတဲ့ အမြတ်ငွေတွေကို ဆိုလိုပြီး

ပေးရန်အကြွေးဆိုတာကတော့ ကုန်ဝယ်လို့ ပေးရမယ့်အကြွေး ဘဏ်က ချေးထားလို့ ပေးရမယ့် အကြွေးစတဲ့ အကြွေးအကုန်လုံးပါပဲ။

လက်ကျန်စာရင်း (Balance Sheet) ကို ဘယ်လိုပဲ နေရာအနေအထားပြောင်းပြီး ဆွဲဆွဲ ဘယ်လို presentation မျိုးနဲ့ပဲ ပြင်ပြင် အခြေခံညီမျှခြင်းကတော့ တခုတည်းပါပဲ။

လက်ကျန်စာရင်းကို ဘယ်အတွက်သုံးကြလဲဆိုရင်တော့ လုပ်ငန်းရဲ့ အနေအထားကို အကဲဖြတ်နိုင်ဖို့အရေး သုံးကြပါတယ်။
- ရစရာအကြွေးတွေများနေတာလား၊
- ပေးစရာအကြွေးတွေများနေတာလား၊
- လက်ထဲမှာ ငွေသားချည်းသက်သက်လိုတာထက် အရမ်းများနေသလား ဒါမှမဟုတ် တလစာအသုံးစားရိတ်တောင် မလောက်အောင် နည်းလွန်းနေသလား၊
- ကုန်ပစ္စည်းတွေက အဝယ်မလိုက်လို့ လက်ထဲမှာများနေသလား
- ပေးစရာအကြွေးတွေများနေတာက ရစရာအကြွေးတွေမရနိုင်လို့များ ငွေမလည်နိုင်ဖြစ်နေတာလား စသဖြင့် စသဖြင့် လုပ်ငန်းရဲ့ အနေအထားကို အကဲဖြတ်နိုင်ဖို့ သုံးကြပါတယ်။

အရှုံးအမြတ်စာရင်းသက်သက်က အထက်ပါ အနေအထားတွေကို သိစေမြင်စေနိုင်မှာ မဟုတ်တာမို့ လက်ကျန်စာရင်းရှင်းတမ်းကလည်း အရေးပါတဲ့ အစီရင်ခံစာတစ်ခုဖြစ်ပါတယ်။

အရှုံးအမြတ်စာရင်းက ဘယ်လောက်ရောင်းရပြီး ဘယ်လောက်ဝယ်ရတယ်ဆိုတာပဲ ဖော်ပြပြီး ဘယ်လောက်ကိုတော့ အကြွေးနဲ့ရောင်းလိုက်ရပြီး အကြွေးရစရာတွေ မရနိုင်ဖြစ်နေတာမို့ လုပ်ငန်းကို ငွေကြေးကျပ်တည်းစေပါတယ်ဆိုတဲ့အချက်တွေကို ပံ့ပိုးပေးမယ် မဟုတ်ပါဘူး။

နောက်အပိုင်းမှာတော့ ငွေလည်ပတ်မှုစာရင်း (Cash flow) ကို ဆက်ပြောပြမှာဖြစ်ပြီး လုပ်ငန်းရဲ့ အနေအထေားကို အကဲဖြတ်ရာမှာ အသုံးပြုတဲ့ အချိုး (Ratio) တွေအကြောင်းကို နောက်အပိုင်းများမှာ ဆက်လက် ပြောပြသွားပါဦးမယ်။

Address

Yangon

Telephone

+959967255315

Website

Alerts

Be the first to know and let us send you an email when The Weekend Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category