စီးပွားပန်းခင်း

စီးပွားပန်းခင်း

Share

ပညာရေးဝန်ဆောင်မှု နှင့် ကျန်းမာရေး?

28/03/2025

ငလျင်လှုပ်ရင် စားပွဲအောက်မှာနေပါတို့၊ တံခါးကျည်းဘောင်အောက်မှာ နေပါတို့ အစရှိသဖြင့် အရပ်ပြော
စကားတွေရှိတာကို ကြားဖူးကြမှာပါ။
အဲဒါတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ
တော့။ အခုဆောင်းပါးကို ဖတ်ပြီးတဲ့နောက်မှာ စာဖတ်ပရိတ်သတ်တွေရဲ့ အတွေးအခေါ်ပြောင်းသွားနိုင်ပြီး တစ်နေ့တစ်နေ့မှာ သင်တို့ရဲ့ အသက်တွေကို ကယ်
တင်နိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

(Doug Copp ၏ “The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်)

ကျွန်တော့နာမည်က ဒေါက်တာကော့ပ်ပါ။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အတွေ့အကြုံ အရင့်ဆုံးကယ်
ဆယ်ရေးအဖွဲ့အစည်းဖြစ်တဲ့ အမေရီကန်အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ARTI ရဲ့ကယ်ဆယ်ရေးအကြီးအကဲနှင့် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲရေးမှူးရာထူးကို ရရှိထားသူပါ။ ကျွန်တော်ဟာ ပြိုကျနေတဲ့ အဆောက်အအုံ (၈၇၅) ခုထဲကို တွားသွားဝင်ရောက်ခဲ့ဖူးပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း (၆၀)ကျော်က ကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ တွဲဖက်လုပ်ဆောင်ခဲ့ဖူးပြီး အချို့နိုင်ငံတွေမှာဆိုရင် ကယ်ဆယ်ရေးအဖွဲ့တွေကိုတောင် တည်
ထောင်ပေးခဲ့ဖူးပါတယ်။ ၁၉၈၅ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်ခဲ့သမျှ အကြီးစားသဘာဝဘေး
အန္တရာယ်တိုင်းမှာ ဝင်ရောက် တာဝန်ထမ်းဖူးပါတယ်။

၁၉၈၅ခုနှစ်၊ မက္ကဆီကိုစီးတီး ငလျင်ဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော် ကျောင်းတစ်ကျောင်းထဲကို အရင်ဆုံးတွားသွားဝင်ရောက်တဲ့အခါမှာ ကျောင်းသားကလေး
ငယ်အားလုံး သူတို့တွေရဲ့စာသင်စားပွဲတွေအောက်မှာ ရှိနေတဲ့မြင်ကွင်းပါပဲ့။ ဒါပေမယ့်ကလေးတွေအားလုံး အရိုးတွေ စိစိညက်ညက်ကြေတဲ့အထိပိမိနေကြတာကို စိတ်မချမ်းမြေ့ဖွယ်မြင်တွေ့ခဲ့ရပါတယ်။

တကယ်လို့သာ ကလေးငယ်တွေဟာ အခန်းအလယ်လျှောက်လမ်းထဲက သူတို့တွေရဲ့ စာသင်ခုံတွေနဲ့ ဘေးကပ်လျက်လဲလျောင်းနေခဲ့မယ်ဆိုရင်တောင် အသက်ဆုံးရှုံးချင်မှ ဆုံးရှုံးကြရမှာပါ။
အရှင်ဆုံးပြောပါမယ်။ အဆောက်အအုံးတစ်ခု ပြိုကျတဲ့အခါ မျက်နှာကြက်တွေရဲ့ အလေးချိန်ဟာ ပရိဘောဂတွေရဲ့အပေါ်တည့်တည့်ကိုသက်ရောက်တာကြောင့်
အောက်တည့်တည့်မှာ ရှိတဲ့ အရာဝတ္တုအားလုံးကြေမွသွားကြပါတယ်။

ဒါပေမဲ့ အဲဒီအပျက်အစီးပုံရဲ့ ဘေးနေရာလေးတွေကတော့ ကလိုင်များအဖြစ်ကျန်ခဲ့ပါတယ်။ အဲဒီနေရာအ
လွတ်တွေကို ကျွန်တော်က “အသက်ကယ်တြိဂံ” လို့ အမည်ပေးထားပါတယ်။

အရာဝတ္တုတစ်ခုဟာ ကြီးမားတောင့်တင်းလေ ပိုမိုခိုင်ခံ့လေဖြစ်လို့ သူတို့ရဲ့ဘေးက ကွက်လပ်ဟာလည်း ပိုပြီးကြီးမားနိုင်ပါတယ်။ ဒီတော့ လူသားတွေအနေနဲ့ အဲဒီနေရာလွတ်ထဲမှာ ဘေးမသီရန်မခနေထိုင်နိုင်ဖို့ အခွင့်သာသွားစေပါတယ်။

ငလျင်ကြောင့်ပြိုပျက်နေတဲ့ အဆောက်အအုံပုံတွေကို တီဗွီမှာ တွေ့ရတဲ့အခါ အသက်ကယ်တြိဂံတွေကို လိုက်ပြီးရေတွက်ကြည့်ပါ။ ပြိုပျက်နေတဲ့ အဆောက်အအုံတစ်ခုအထဲမှာ အများဆုံး ဂျီသြမေတြီပုံသဏ္ဌာန်က
တော့ တြိဂံဖြစ်ပြီးနေရာတကာမှာ တွေ့ရပါလိမ့်မယ်။

ဘေးကင်းဖို့ လက်တို့အညွှန်း

၁။ ငလျင်လှုပ်လို့ အဆောက်အအုံတစ်ခုပြိုတော့မလို ဟန်ပြင်နေရင် လူတော်တော်များများဟာ တစ်ခုခု
အောက်ထဲဝင်ပုန်းဖို့လောက်ပဲ သိကြလို့ အဆောက်အအုံပိသေကြရပါတယ်။ စာရေးစားပွဲတွေ ကားတွေအစရှိတဲ့အရာတွေ အောက်ဝင်ပုန်းသူတွေဟာ အဖြစ်ဆိုးနဲ့
ကြုံတွေကြရပါတယ်

၂။ ခွေးတွေကြောင်တွေနဲ့ကလေးငယ်တွေဟာ သန္ဓေသားလောင်းပုံစံ အတိုင်းခွေအိပ်လေ့ရှိတာကို မြင်ဖူးကြမှာပါ။ ငလျင်လှုပ်ပြီဆိုရင်လည်း အဲလိုအနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ ဘေးကင်းလုံခြုံရေးအသိပညာပါပဲ။ ခွေခေါက်နေခြင်းအားဖြင့် နေရာလွတ်သေးသေးလေးထဲမှာ အသက်ရှင်ရက်ကျန်ရှိဖို့ အခွင့်သားသွားစေပါ
တယ်။ အလွယ်တကူပြားချပ်မသွားနိုင်တဲ့ ဆိုဖာခုံ၊ ခု
တင်အစရှိတဲ့ ထုထည်ကြီးကြီး အရာတွေဘေးမှာခွေ
ခေါက်နေလို့ရမယ့် နေရာလွတ်မျိုးတွေရှိတတ်ပါတယ်။

၃။ ငလျင်လှုပ်နေစဉ်ကာလအတွင်းမှာပျဉ်ထောင်အိမ်
တွေဟာ အလုံခြုံဆုံးပါပဲ့။ သစ်သားဟာ ကွေးလွယ်
ညွတ်လွယ်လို့ ငလျင်လှိုင်းတွေနဲ့အတူ အလိုက်သင့်
လှုပ်ရှားနိုင်ပါတယ်။ ပျဉ်ထောင်တစ်လုံးပြိုကျတယ်ဆိုဦးတော့၊ နေရာလွတ်တွေ အများကြီးချန်ထားခဲ့ပါလိမ့်
မယ်။ ဒါအပြင် ပျဉ်ထောင်အိမ်တွေဟာ ပြိုကျရင် ပိမယ့် အလေးအချိန်လည်းနည်းပါးပါတယ်။
အုတ်တိုက်တွေကတော့ ငလျင်လှုပ်ရင် အုတ်ချပ်တွေအဖြစ် တစ်စစီပြိုကွဲသွားတတ်လို့ အောက်မှာရှိနေမယ့်လူတွေအတွက် အန္တရာယ်ရှိပါတယ်။

၄။ ညအချိန်ငလျင်လှုပ်တဲ့အခါကုတင်ပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်နေရင် ကုတင်ဘေးကိုသားလှိမ့်ချ
လိုက်ပါ။ ငလျင်လှုပ်ရင် ကုတင်ဘေးလိမ့်ဆင်းဖို့ အကြံ
ပြုချက်တွေကိုသာ ကုတင်ခြေရင်းမြင်သာတဲ့နေရာမှာ ကပ်ထားပေးနိုင်မယ်ဆိုရင် လူအသေအပျောက်နည်းသွားနိုင်ပါတယ်။

၅။ ငလျင်လှုပ်ချိန်မှာ တံခါး၊ ဒါမှမဟုတ် ပြတင်းပေါက်ကနေထွက်ပြေးဖို့ အချိန်မရတော့ဘူးဆိုရင် ဆိုဖာကြီး
ကြီး ဒါမှမဟုတ် ဗီရိုကြီးကြီးဘေးမှာ ခွေခေါက်ပြီးနေ
လိုက်ပါ။

၆။ တံခါးကျည်းဘောင်အောက်မှာ ဝင်ပုန်းနေတဲ့သူတွေဟာ သေဆုံးကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ငလျင်လှုပ်လို့ ကျည်းဘောင်ပြုတ်ထွက်သွားချိန်မှာ အ
ပေါ်ကအုတ်၊ အင်္ဂတေအစရှိတာတွေ ပြိုကျလာနိုင်လို့ အခန့်မသင့်ရင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်၊

၇။ လှေခါးခွင်ထဲမှာ ဘယ်တော့မှမနေပါနဲ့။ လှေခါးတွေဟာ ပင်မအဆောက်အအုံနဲ့ တစ်ဆက်တည်းမရှိတတ်ဘဲ ပုခက်လွှဲသလို ယိမ်းခါနေအောင် တည်ဆောက်ထားတတ်တာမို့ ငလျင်လှုပ်ပြီဆိုရင် ပြုတ်ကျလာပြီး
အောက်မှာရှိတဲ့ သူတွေကို လှေခါးထစ်တွေက အပိုင်းပိုင်းခုတ်ဖြတ်ပစ်တတ်ပါတယ်။ အဆောက်အအုံမပြိုကျနိုင်ဘူးဆိုရင်တောင် ထွက်ပြေးနေတဲ့သူတွေနဲ့ လှေခါး
ပြည့်သွားပြီး ပြုတ်ထွက်သွားနိုင်တဲ့ အန္တရာယ်ရှိလို့
လှေခါးကြံ့ခိုင်မှုကို မပြတ်စစ်ဆေးသင့်ပါတယ်။

၈။ နံရံတွေရဲ့ အတွင်းဘက်ထက် အပြင်ဘက်မှာ ရောက်နေစေဖို့ကြိုးစားပါ။ အတွင်းဘက်မှာ ရောက်နေလို့ အဆောက်အအုံပြိုကျခဲ့ရင် ထွက်ပေါက်ရှာမရဖြစ်တတ်ပါတယ်။

၉။ ငလျင်လှုပ်ချိန်မှာ မော်တော်ယာဉ်အတွင်းဝင်ရောက်ပုန်းအောင်းသူတွေဟာ ပြင်ပက အရာတွေသူတို့အပေါ်ပိတဲ့ခါ ထွက်ပြေးလို့မရဘဲ ပိသေကြရပါ
တယ်။
တကယ်လို့သာ ကားထဲကထွက်လာပြီးကားဘေးနားမှာ ကပ်လျက်ခွေခေါက်အိပ်နေရင်တောင် အသက်ရှင်သန်မှုအခွင့်အရေး ပိုရှိနေပါသေးတယ်။ ကားတွေဟာ ဘယ်လောက်ပိပိသူတို့ရဲ့ဘေးကပ်လျက်မှာ သုံးပေ
လောက်ကွက်လပ်ကျန်ခဲ့တတ်ပါတယ်။ ဒီကွက်လပ်
လေးဟာ အသက်ကယ်တြိဂံပါပဲ့။

၁၀။ ပြိုကျပျက်စီးနေတဲ့ သတင်းစာတိုက်တွေနဲ့ စာရွက်အသုံးများတဲ့ အခြားရုံးတွေကို ဝင်ရောက်ကြည့်ရှုဖူးတဲ့အတွေ့အကြုံအရ စက္ကူတွေဟာ လွယ်လွယ်နဲ့ပြားကပ်မသွားတတ်တာတွေကို တွေ့ရပါတယ်။ စက္ကူပုံကြီး
ဘေးနားမှာဆိုရင်တော့ နေရာလွတ်ကြီးကြီးမားမား
ကျန်တတ်ပါတယ်။ ဒီအချက်တွေကို ၁၉၉၆ခုနှစ်မှာ
လက်တွေ့စမ်းသပ်ကြည့်ပြီးသားဖြစ်ပြီး တူရကီအစိုးရ၊ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ARTI ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စမ်းသပ်ချက်မှာ သိပ္ပံနည်းကျ အဖြေ
ထွက်ခဲ့ပါတယ်။

ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ လူသားတို့ရဲ့ခံစားမှုအတိုင်းသိရှိ ခံစားနိုင်တဲ့ လူတူစက်ရုပ် (၂၀)ကို ကျောင်းတစ်ကျောင်းနဲ့ နေအိမ်တစ်လုံးထဲထည့်ပြီး အဆောက်အအုံတွေကို ဖြိုချကြည့်ခဲ့ပါတယ်။
စက်ရုပ် (၁၀) ရုပ်ကို အောက်ထဲပြေးဝင်ပုန်းတဲ့ စနစ်အတိုင်း နေရာချထားခဲ့ပြီး ကျန်တဲ့စက်ရုပ် (၁၀)ရုပ်ကို
တော့ ကျွန်တော့ရဲ့ အသက်ကယ်တြိဂံနည်းစနစ် အတိုင်းနေရာချထားခဲ့ပါတယ်။ အဆောက်အအုံပြိုကျသွား
ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ အဆောက်အအုံအပျက်ထဲဝင်ပြီး မှတ်တမ်းတင်ခဲ့ပါ
တယ်။

အဲဒီအခါမှာ တစ်ခုခုအောက် ပြေးဝင်ပုန်းတဲ့နည်းကို သုံးရင် အသက်ရှင်စရာလမ်းမမြင်တဲ့ အနေအထား
တွေမှာ အသက်ကယ်တြိဂံနည်းစနစ်ကို သုံးတဲ့သူတွေဟာ အသက်အန္တရာယ်ကနေ လွတ်ငြိမ်းချမ်းသာဖို့ ရာ
နှုန်းပြည့်ရှိနေတာကို တွေ့ခဲ့ရပါတော့တယ်။

ဒီဥပမာကို ကြည့်ခြင်းအားဖြင့် ငလျင်လှုပ်ပြီဆိုရင် ပြာယာခတ်မသွားပဲ ခိုင်ခံ့ပစ္စည်းတွေရှိတဲ့နေရာတွေ
ဘေးကွေးကွေးကလေးဝင်ထိုင်နေတတ်ဖို့လိုအပ်တယ်ဆိုတာ သိကြမယ်လို့ ထင်ပါတယ်။

ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပွားလာလို့ လူသားတွေရဲ့ အသက်အန္တရာယ်ပိုမိုရှိလာတဲ့အတွက် တစ်ခုခုဖြစ်လာခဲ့လို့ရှိရင် အဆင်သင့်ဖြစ်နေ
စေဖို့ မိမိနေထိုင်ရာ အိမ်၊ ပတ်ဝန်းကျင်မှာ အသက်
ကယ်ပစ္စည်းတွေ များများစားစား ထားရှိဖို့လိုအပ်ပါမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အသက်ကယ်တြိဂံဘယ်နှခုရှိနိုင်တယ်ဆိုတာကို ကြိုတင်ရှာဖွေထားသင့်ပါတယ်လို့
အကြံပြုလိုက်ပါရစေ။
( Doug Copp ၏ “ The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။)

Credit: Original Writer Via ကိုဖေအောင်

Myanmar News Market Page မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Photos from စီးပွားပန်းခင်း's post 20/09/2022

Special Sales 💥💥

အခုလိုကာလမှာ အိမ်တိုင်းရှိထားသင့်တဲ့ covid test kitများကို မင်မင်တို့ EFG Healthcareမှာ discountဈေးနှုန်းနဲ့ရနိုင်ပါတယ်နော်👇👇

Available Covid Test Kit
📌Hotgen Antigen 💥(2500ks)💥
Exp date (2.1.2023)
📌 Gensure Antibody 💥(2000ks)💥
Exp date (1.2.2023)
Test kitထဲမှာကျ Antigenနဲ့ Antibodyဆိုပြီး (၂)မျိုးကွဲသွားပါတယ်ရှင့်2️⃣💥
Antigenကိုတော့👉👉ကိုဗစ်ဖြစ်လားမဖြစ်လား စစ်တဲ့နေရာမှာ သုံးပြီး
Antibodyကိုတော့👉👉ကိုဗစ်ဖြစ်ပြီး antibodyထွက်မထွက်စစ်ရာမှ သုံးနိုင်ပါတယ်ရှင့်
Antibodyကို covid (+)ဖြစ်ပြီး ၁ပတ်မှ ၃ပတ်အတွင်းစစ်နိုင်ပါတယ်နော်✅✅

Page messengerမှာ မှာယူနိုင်ပြီး ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေရပါတယ်ရှင့် 🤗❤️
နယ်ဆို ဂိတ်ချပေးပါယ်

ဆိုင်လိပ်စာ
EFG HealthCare Co.,Ltd.
အမှတ် (၃၀၃) (၄)လွှာ ၊ မဟာဗန္ဓုလလမ်းမပေါ်
(၄၂)လမ်းထိပ် ၊ ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်မြို့။
📞 0973009869 ,09899006670
ဆိုင်ဖွင့်ချိန် - 8:30 Am To 5:30Pm
ပိတ်ရက် မရှိ ဆိုင်ဖွင့်ပါတယ်ရှင့်

Photos from စီးပွားပန်းခင်း's post 23/01/2022

Medical Examination Glove လေးတွေ
ထပ်ရောက်ပါတယ်ရှင် 🧤

ပေါ့ပေါ့ပါးပါးနဲ့ဈေးသက်သက်သာသာ အသုံးပြုချင်သူများအတွက် အသင့်တော်ဆုံးပါပဲရှင် 💵

ရောဂါပိုးမွှားများကို အထိရောက်ဆုံးကာကွယ်လိုက်ပါ 🦠

EFG HealthCare Company Limited
အမှတ်(၃၀၃)၄လွှာ ၊ မဟာဗန္ဓုလလမ်းမပေါ်(၄၂လမ်းထိပ်)
(ဝန်ကြီးများရုံးရှေ့)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

📱 09899006670, 0973013432,
📱0973009869, 09400973653

Photos from စီးပွားပန်းခင်း's post 20/01/2022

သင့်ကလေးများလုံခြုံဖို့
Face Shield လေးတွေတပ်ပေးစို့.........👦🧒

ချစ်စရာ သားသား၊ မီးမီးလေးတွေကို
Covid ရန်က ကာကွယ်ဖို့ ကအရေးကြီးပါတယ်ရှင် 🤔

သားသား ၊ မီးမီး တို့ကို အပြင်ခေါ်သွားတဲ့အခါ
Mask လေးတွေတပ်ပေးတဲ့ အပြင် Face Shield လေးပါတပ်ပေးကြပါနော် 😷

မင်မင် တို့ EFG HealthCare မှာ ချစ်စရာ သားသား ၊မီးမီးတို့အတွက် ချစ်စရာ Baby Face shield တွေရရှိပါပြီရှင်

အရုပ်လေးတွေနဲ့ချစ်ဖို့ကောင်းပြီး မျက်မှန် Face Shield လေးနဲ့ ကြိုး Face Shield လေးတွေကို ပေးတဲ့စျေးနှုန်းနဲ့ တန်တဲ့ Quality လေးတွေကိုရောင်းပေးနေပါပြီရှင် 😘

မိဘတိုင်းရဲ့ ပျော်ရွှင်မှုဖြစ်တဲ့ သားသား ၊ မီးမီးလေးတွေကို
ချစ်စရာ Face Shield လေးတွေနဲ့ ရောဂါပိုးမွှား ရန်မှ ကာကွယ်လိုက်ကြပါ.....👍

Face Shield လေးများကို လူကြီးမင်းတို့၏အိမ်အရောက် ပို့ဆောင်ပေးနေပါပြီရှင် 🚙

ဆိုင်တွင်လည်းလာရောက်ဝယ်ယူနိုင်ပါပြီ

EFG HealthCare Co.,Ltd.
အမှတ်(၃၀၃) (၄လွှာ) မဟာဗန္ဓုလလမ်းမပေါ်
(၄၂လမ်းထိပ်) ဝန်ကြီးများရုံးရှေ့
ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်မြို့။
📞 0973013432 , 0973009869
📞 09400973653 , 09899006670

Photos from စီးပွားပန်းခင်း's post 18/01/2022

ဆေးရုံ ၊ဆေးခန်း နှင့် အိမ်တွေ ၊ လမ်းတွေ ၊ ရပ်ကွက်တွေ လူမှုကူညီရေး အဖွဲ့များမှာ
ပိုးသတ်ဆေးရည်ထည့်ဖျန်းရန် ဆေးဖျန်းပုံးများကိုဝယ်ယူလိုပါက
ကျွန်မတို့ EFG HealthCare ကိုဆက်သွယ်လိုက်ပါရှင်

ကျွန်မတို့ EFG HealthCare တွင် ဆေးဖျန်းပုံများကို

- 2 Liter
- 3 Liter
- 16 Liter
- 20 Liter
လက်ရိုက်ပုံး , Battery Type ဆိုပြီး ရှိပါတယ်ရှင်

EFG HealthCare Co.,Ltd.
အမှတ် (၃၀၃)(၄)လွှာ၊ ၊၄၁လမ်းနှင့် ၄၂လမ်းကြား၊
မဟာဗန္ဓုလလမ်းမပေါ်၊ ဝန်ကြီးများရုံးရှေ့ ၊
ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
0973013432
09400973653

Photos from စီးပွားပန်းခင်း's post 17/01/2022

‼ ပြန်ရောက်ပါပြီနော် ‼

🦠 ရောဂါပိုးများကို အထိရောက်ဆုံးကာကွယ်ပေးမယ့်
ဆေးဘက်ဆိုင်ရာ အဆင့်မှီ

🎀 Hanma တံဆိပ်
KN95 (အဖြူ / အစိမ်း)

🎀 Hanma တံဆိပ်
KF94 (အဖြူ)

💯 ပိုးသတ်ပြီး
(၁)ခု တစ်ထုတ်ပါဗူးများနှင့် စနစ်တကျ သေချာစွာ
ထုတ်ပိုးထားသော

🌸 Medical Mask လေးများကို
ကျွန်မတို့ EFG HealthCare Co.,Ltd. တွင်
လက်လီ လက်ကားဝယ်ယူရရှိနိုင်ပါပြီနော်..

EFG HealthCare Co.,Ltd.
အမှတ် (၃၀၃)(၄)လွှာ၊ ၊၄၁လမ်းနှင့် ၄၂လမ်းကြား၊
မဟာဗန္ဓုလလမ်းမပေါ်၊ ဝန်ကြီးများရုံးရှေ့ ၊
ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
📞 0973013432
📞 09400973653

Photos from စီးပွားပန်းခင်း's post 16/01/2022

Hand Sanitizer (Spray)

🔹 250ml
🔹 500ml
🔹 5Liter ပုံးများကို

လက်လီလက်ကား ဝယ်ယူရရှိနိုင်ပါပြီရှင်

EFG HealthCare Co.,Ltd.
အမှတ် (၃၀၃) (၄)လွှာ ၊ မဟာဗန္ဓုလလမ်းမပေါ်
(၄၂)လမ်းထိပ် ၊ ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်မြို့။

📞 0973013432 , 0973009869
📞 09400973653 , 09899006670

Photos from စီးပွားပန်းခင်း's post 15/01/2022

Promotion Again ‼️

ချစ်ရသော Customer ကြီးတို့အတွက် မင်မင်တို့ EFG HealthCare ကနေပြီးတော့ Promotion အသစ်လေးတစ်ခုလုပ်ပေးနေပါပြီရှင်။

အခု Promotion လေးက 10ဗူးဝယ် 1ဗူးလက်ဆောင်ပေးမဲ့ အစီအစဥ်လေးပဲဖြစ်ပါတယ်ရှင်........

ဘာ10ဗူးဝယ်ရင် တစ်ဗူးလက်ဆောင်လဲ⁉️

ဆေးရုံ ၊ ဆေးခန်းသုံး ရာဘာလက်အိတ် ( Exam Gloves) လေးတွေဖြစ်တဲ့

🧤 Super Care Glove (With Powder) ၊
🧤 Super Care Glove ( Powder Free ) ၊
🧤 Nk Glove ( Powder Free) တို့ကို
10ဗူး ဝယ်ယူသူတိုင်းကို 1ဗူး‌လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်ရှင်.....👏👏

လက်ဆောင်ပေးတဲ့အပြင် စျေးတွေလည်းလျော့ထားတယ်နော် 💵

Super Care (With Powder) ( Size - M/L)
⭐ 1ဗူး - 8500 MMk
⭐ 5ဗူး - 8000 MMK
⭐ 10ဗူး - 8000 MMK (လက်ဆောင်တစ်ဗူး)

Super Care (Powder Free) (Size - S/M)
⭐ 1ဗူး - 13000 MMk
⭐ 5ဗူး - 12500MMK
⭐ 10ဗူး - 12500MMK (လက်ဆောင်တစ်ဗူး)

NK Glove ( Powder Free) (Size - S/M/XL)
⭐ 1ဗူး - 7500MMk
⭐ 5ဗူး - 7200MMK
⭐ 10ဗူး - 7000MMK (လက်ဆောင်တစ်ဗူး)

Promotion လေးကို (15.1.2022 မှ 31.1.2022) အထိပဲဖြစ်ပါတယ်ရှင်

စျေးကလည်းလျော့ Promotion ကလည်းထပ်ပေးနေတော့ အမြန်ဆုံးဝယ်ထားလိုက်ပါနော်....🕺

ဆေးရုံ ၊ ဆေးခန်းသုံး ရာဘာလက်အိတ် Exam Gloves လေးတွေကို ဒီအချိန်မှာ အပြင်သွားတိုင်းဝတ်ဆင်သင့်ပါတယ်ရှင်

ဘာလို့လည်းဆိုတော့ 🤔

အပြင်သွားတဲ့အခါ မိမိ ကိုင်တွယ်မိလိုက်သမျှ ပစ္စည်းတွေမှာ ပိုးမွှား‌တွေကပ်ငြိနေနိုင်တဲ့ အတွက် 🦠🦠
(Exam Gloves) လေးဝတ်ထားရင် အလွယ်တကူ မျက်နှာ ၊ ဆံပင်များကို ကိုင်ခြင်းများ နည်းသွားတဲ့အတွက် လက်မှတဆင့်ပိုးကူးခြင်းကိုလည်း ကာကွယ်နိုင်သွားတာပေါ့ရှင် ☺️

ရာဘာလက်အိတ် Exam Gloves ကို သုံးမယ်ဆိုရင် ဘယ်လို Exam Gloves လေးတွေကို ရွေးချယ်သင့်ပါသလဲ??

Myanmar FDA, ISO အပြင် quality and safety ဖြစ်ပြီး အရည်အသွေးပြည့်မှီတဲ့ Certificate တွေရရှိထားတဲ့ Glove တွေကို သုံးဖို့ အကြံပြုချင်ပါတယ်ရှင်😊

📌 မှတ်ချက်
-----------
အပေါ်တွင်ဖော်ပြထားသော Size များကိုသာ Promotion လုပ်ပေးတာဖြစ်ပါတယ်ရှင်

EFG HealthCare Co.,Ltd.
အမှတ်(၃၀၃)(၄လွှာ) မဟာဗန္ဓုလလမ်းမပေါ် (၄၂လမ်းထိပ်) ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်မြို့။

☎️ 0973009869, 095118647, 09899006670

Photos from စီးပွားပန်းခင်း's post 15/01/2022

KF94 Color Mask များရောက်ပါပြီရှင် 💠

ကျွန်မတို့ EFG Healthcare ကို အဆင်မပြတ် အားပေးနေတဲ့ ချစ် Customer ကြီးတို့အတွက် 👇👇

KF 94 (လူကြီး) အရောင်(၁၅)ရောင် Colour Maskလေးတွေ ရောင်းပေးနေပါပြီရှင် 😷

♦️ (၁)ထုတ်ဈေး - 600/- မှ စ၍
အများဈေးအထိ ရှိပါတယ်ရှင်

ဆက်သွယ်ရန်☎️☎️
-------------------
EFG HealthCare Co.,Ltd.
အမှတ် (၃၀၃) (၄)လွှာ ၊ မဟာဗန္ဓုလလမ်းမပေါ်
(၄၂)လမ်းထိပ် ၊ ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်မြို့။
📞 0973013432 , 0973009869
📞 09400973653 , 09899006670

Photos from စီးပွားပန်းခင်း's post 11/01/2022

ခြေနင်းအမှိုက်ပုံး
အမှိုက်အိတ်များ
လက်လီလက်ကား ဝယ်ယူရရှိနိုင်ပါပြီ

EFG HealthCare Co.,Ltd.
အမှတ် (၃၀၃)(၄)လွှာ၊ ၊၄၁လမ်းနှင့် ၄၂လမ်းကြား၊
မဟာဗန္ဓုလလမ်းမပေါ်၊ ဝန်ကြီးများရုံးရှေ့ ၊
ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
0973013432
09400973653

10/01/2022

ခလုတ်တချက်နှိပ်ပြီး မိမိကျန်းမာရေးကို ဂရုစိုက်လိုက်ပါ➕➕

Dr.Smith
Digital သွေးပေါင်းချိန်စက်လေးတွေ ရပါပြီနော်😍😍
အချိန်တိုအတွင်း အမှန်ကန်တိကျတဲ့ အဖြေအမှန်ကိုရပြီး✅✅

Made in Singapore
Warranty 2 year ပါ
သွေးပေါင်းချိန်စက်လေးပါရှင် 💯💯

ဆက်သွယ်ရန်☎️☎️
-------------------
EFG HealthCare Co.,Ltd.
အမှတ် (၃၀၃) (၄)လွှာ ၊ မဟာဗန္ဓုလလမ်းမပေါ်
(၄၂)လမ်းထိပ် ၊ ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်မြို့။
📞 09400973653 , 09899006670
📞 0973009869 , 0973013432

10/01/2022

ချောင်းဆိုးပျောက်ဆေးတွေက တကယ်အိပ်ငိုက်စေတာလား
ချောင်းဆိုးပျောက်ဆေးတွေက တကယ်အိပ်ငိုက်စေတာလား
ချောင်းဆိုးပျောက်ဆေးတွေ သောက်ပြီးရင် အိပ်ငိုက်တတ်တယ်ဆိုတာကို တော်တော်များများသိကြပါတယ်။ တချို့ကလည်း ဒီလိုငိုက်တာကို မကြိုက်လို့ ချောင်းဆိုးတာကို သည်းခံပြီး မသောက်ကြတာ ရှိပါတယ်။ ချောင်းဆိုးပျောက်ဆေးတွေက ဘာကြောင့် ငိုက်တာလဲ။ ဒီလို ငိုက်တာက အန္တရာယ်ရှိလားဆိုတာ ပြောပြပေးပါ့မယ်။

ချောင်းဆိုးပျောက်ဆေးလား၊ ချွဲပျော်ဆေးလား
ချောင်းဆိုးလို့ ဆေးသောက်မယ်ဆိုရင် ချောင်းခြောက်လား၊ ချောင်းစိုလားဆိုတာ အရင်ခွဲရပါတယ်။ ပေးရတဲ့ဆေး မတူသလို အာနိသင်ကလည်း မတူလို့ပါ။ ချောင်းခြောက်ဆိုရင် ချောင်းဆိုးပျောက်ဆေး ပေးရပါတယ်။ ဘူးမှာ Cough suppressant Antitussives တို့ ရေးထားတတ်ပါတယ်။ ချွဲထွက်တဲ့ ချောင်းဆိုရင်တော့ ချွဲပျော်ဆေး ပေးရပါတယ်။ ဘူးမှာ Expectorantတို့ Mucolyticတို့ ရေးထားတတ်ပါတယ်။

ဒီနှစ်ခုက အလုပ်ပုံခြင်း မတူတာကြောင့် မှားသောက်မိလို့ မရပါဘူး။

ချောင်းဆိုးပျောက်ဆေး အမျိုးအစားများ
တစ်ခါ ချောင်းခြောက်ဆိုးလို့ သောက်ရတဲ့ ချောင်းဆိုးပျောက်ဆေးတွေမှာမှ နှစ်မျိုး ထပ်ခွဲထားပါတယ်။ တစ်မျိုးက

OTC (Over the counter) ဆေးဆိုင်မှာ ဆရာဝန် ဆေးစာ မလိုဘဲ အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးတွေပါ။ အသုံးအများဆုံးကတော့ Dextromethorphan (ဒက်ဇ်ထရိုမီသော်ဖန်) ပါတဲ့ဆေးရယ်၊ အလာဂျီမှာ သုံးတဲ့ Antihistamine (အန်တီဟစ်တမင်း) အမျိုးအစားရယ်ပါ။ ဥပမာ ပြောရရင် Chlorpheniramine (ကလော်ဖီနရာမင်း)။
နောက်တစ်မျိုးက မော်ဖင်းအနွယ်ဝင် ဆေးဝါးတွေပါ။ Codeineတို့ Hydrocodoneတို့ပဲ ဖြစ်ပါတယ်။ ဆရာဝန်လက်မှတ်ပါမှ ဝယ်လို့ရတဲ့ ဆေးမျိုးတွေပါ။
ချောင်းဆိုးပျောက်ဆေးတွေက အိပ်ငိုက်တတ်သလား။
အသုံးများတဲ့ Dextromethorphanရဲ့ အလုပ်လုပ်ပုံက ဆေးသောက်လိုက်တယ်ဆိုရင် သွေးထဲကနေတဆင့် ဦးနှောက်ထဲကိုရောက်ပြီး ချောင်းဆိုးစင်တာကို တိုက်ရိုက် သက်ရောက်စေပါတယ်။ ဒီလိုနည်းနဲ့ ချောင်းဆိုးချင်စိတ်ကို ချိုးနှိမ်လိုက်တာကြောင့် ချောင်းဆိုး သက်သာသွားပါတယ်။

ဒါကြောင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ အနည်းငယ် အိပ်ငိုက်တာမျိုး ရှိနိုင်ပါတယ်။

နောက်တစ်ခု Antihistamineကတော့ ခန္ဓာကိုယ်မှာ အလာဂျီဖြစ်တဲ့အခါ ထွက်လာတဲ့ ဟစ်တမင်းဓာတ်တွေကို ဓာတ်ပြယ်စေပါတယ်။ ဒါကြောင့် ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ နှာရည်ယိုတာ၊ မျက်ရည်ယိုတာ၊ ချောင်းဆိုးတာတွေကို သက်သာစေပါတယ်။

သူကလည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ စိတ်တက်ကြွမှုကို လျော့ပါးစေတာကြောင့် အနည်းငယ်အိပ်ငိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။

ဒီဆေးနှစ်မျိုးကို သက်သက်ထုတ်ထားတာရှိသလို အအေးမိရောဂါတွေအတွက် ပေါင်းပြီး ထုတ်ထားတာလည်း ရှိပါတယ်။

ဒါဆိုရင် ဆေးသောက်ဖို့ စိတ်ချရပါ့မလား။
ချောင်းဆိုးပျောက်ဆေးတွေက အိပ်ငိုက်တတ်တယ်ဆိုပေမယ့် လူကို ထိခိုက်လောက်တဲ့အထိတော့ မဟုတ်ပါဘူး။ ဆေးအညွှန်းအတိုင်း တိတိကျကျ သောက်မယ်ဆိုရင် စိတ်ချရပါတယ်။ အမြဲတမ်း မူးနေတာလည်း မဟုတ်ဘဲ ဆေးအာနိသင်ပြယ်သွားရင် သက်သာသွားပါတယ်။

ချောင်းဆိုးပျောက်ဆေးသောက်ပြီးရင် ဘာတွေ ရှောင်ရမလဲ။
ချောင်းဆိုးပျောက်ဆေးကိုယ်တိုင်က ပြဿနာ မရှိပေမယ့် ဘေးထွက်ဆိုးကျိုးတွေကြောင့် အန္တရာယ် မဖြစ်စေဖို့ ဒါတွေကို ဆင်ခြင်ဖို့ လိုပါတယ်။

ဆေးသောက်ပြီးတဲ့အခါ ကားမောင်းတာ၊ စက်ပစ္စည်း ကိုင်တွယ်တာမျိုး မလုပ်သင့်ပါ။ ဆေးက အိပ်ငိုက်တာ၊ မူးဝေတာ၊ နိုးကြားတက်ကြွမှု နည်းပါးတာ ဖြစ်စေတာကြောင့် မတော်တဆမှုတွေ ဖြစ်နိုင်လို့ပါ။
ဒါ့ပြင် အမြင့်တက်တာလည်း မလုပ်သင့်ပါဘူး။ မူးဝေပြီး မတော်တဆပြုတ်ကျနိုင်လို့ပါ။
ဆေးသောက်ပြီး အရက်သေစာသောက်တာကိုလည်း ရှောင်စေချင်ပါတယ်။
ချောင်းဆိုးပျောက်ဆေးတွေက အိပ်ငိုက်တတ်တယ်ဆိုပေမယ့် လူကို အန္တရာယ်ဖြစ်စေလောက်တဲ့အထိတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ငိုက်တာရဲ့ နောက်ဆက်တွဲ မတော်တဆမှုတွေ မဖြစ်စေဖို့ အန္တရာယ်များတဲ့ အလုပ်တွေကိုတော့ ရှောင်ဖို့ လိုပါတယ်။

Crd

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Hlaetan
Yangon
11111