31/07/2017
Hi Friends...
ဒီနေ့တော့ speaking ပိုင်းကိုဘဲ နည်းနည်းကြည့်ရအောင်...
ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ အင်္ဂလိပ်လို How are you? လို့ အမေးခံရရင် Yes လို့ဖြေတတ်ကြတာ တော်တော်များများ တွေ့ရပါတယ်...
စဉ်းစားကြည့်ရင် မြန်မာလိုတော့ ဟုတ်နေသလို ဒါပေမယ့် အင်္ဂလိပ်လိုတော့ တစ်မျိုးဖြစ်နေတယ် ... နေကောင်းလား လို့မေးရင် ... ကောင်းတယ်လို့ ပြန်ဖြေရတာဘဲ မဟုတ်လား... ဆိုတော့ Yes လို့ဖြေရင်... နေကောင်းလာ... ဟုတ်ကဲ့ပါ လို့ဖြေနေသလိုဖြစ်ပါတယ်...
ဘယ်လိုဖြေကြမလဲလေ့လာကြရအောင်
နေကောင်းလား.. အဆင်ပြေလား... ဆိုတာတွေကို E လို
How are you?
How are you doing?
How have you been doing?
How is everything going with you?
လို့ အမျိုးမျိုးမေးလို့ရပါတယ်...
အတန်းတက်တာ ဘယ်လိုနေလဲ How is your class?
How is your class going on?
How have you been doing with your classes? ဒီလိုတွေ မေးလို့ရပါတယ်
ပြီးတော့
ဒီနေ့ ဘယ်လိုနေလဲ ...How was your day? တစ်နေ့တာရဲ့ အဆုံးမှာ မေးရတာပါ ... နောက်တစ်နေ့ မှာ မနေ့က အကြောင်းမေးခြင်ရင် How was your day yesterday? ပေါ့
စနေ တနင်္ဂနွေ နေ့ဘယ်လိုနေခဲ့လဲ... ဘယ်လို အသုံးပြုခဲ့လဲ လို့ မေးတဲ့သဘောပေါ့ How was your weekend?
ဒီမေးခွန်းတွေကို ဖြေရင်
= good, fine, wonderful, fantastic, amazing, nice,
= bad, terrible, awful, tirring, horrible စသည် feeling ကိုဖော်ပြတဲ့ adjective တွေကို သုံးပြီးဖြေရပါတယ်
adjective ကိုတော့ mishbell page မှာ လေ့လာလို့ရပါတယ်