18/09/2024
ပညာရေး ရေချိန်မြင့်တဲ့မိဘနဲ့
ရေချိန် နိမ့်တဲ့မိဘ အဓိကဘာကွာလည်း ဆိုရင်
ပညာရေး ရေချိန်မြင့်တဲ့မိဘ
1. ကိုယ့်သားသမီးပညာရေးမှာတိုးတတ်မှုရှိလား မရှိဘူးလား လေ့လာတယ် ( စာရွတ်တွေပေါ်မှာပေးတဲ့ A တွေ B တွေအရမ်းအလေးမထားဘူး )။
2. ကိုယ့်သားသမီးကစာနားမလည်ဘူး မလိုက်နိုင်ဘူးလို့ပြောတာနဲ့ ကျောင်းနဲ့ဆရာကိုတန်းအပြစ်မတင်ဘူး ( သားသမီးရဲ့စာအုပ်တွေထဲမှာစာစုံရဲ့လား
အချိန်စာရင်းတောင်းကြည့်ပြီး စာသင်ချိန်တွေမှာ သူတို့သားသမီးဘာတွေလုပ်နေလဲ ဆိုတာကိုသေချာစွာလေ့လာတယ်)
3. ဆရာ မိဘ ကျောင်းသားဆိုတဲ့ အချက်ကိုနားလည်တဲ့အတွက် ကျောင်းကိုလူကိုယ်တိုင်လာဆွေးနွေးတယ် ( အပြင်မှာတွေ့ကရာလူကိုလိုက်မမေးဘူး လိုက်မပြောဘူး)
4. သားသမီး ပညာရေးအတွက် ပြတ်သားတဲ့ လမ်းညွှန်မြေပုံရှိတယ်။
ပညာရေး ရေချိန်နိမ့်တဲ့မိဘများကျတော့
1. စာရွတ် ပေါ်မှာရတဲ့ A/B/C နဲ့ အမှတ်ကိုဘဲလိုက်ကြည့်တယ် ( တကယ်စာတတ်မတတ်မသိဘူး)
2. သားသမီးစာမရဘူး စာနားမလည်ဘူး စာမလိုက်နိုင်ဘူးပြောတာနဲ့ ကျောင်းနဲ့ဆရာ/မ တွေကိုအပြစ်ပြောတယ် ( ကျူရှင်ထပ်ထားမယ် ဂိုက်ခေါ်ပေးမယ် )
3. ဆရာ မိဘ ကျောင်းသား ဆိုတဲ့ အဓိပ္ပါယ်မသိတော့ ကျောင်းသားနဲ့မသတ်ဆိုင်တဲ့ ပတ်ဝန်းကျင် ကလူတွေကို ကိုယ့်သားသမီးပညာရေးအတွက်လိုက်မေးတယ် လိုက်ပြောတယ်။ သူတို့အကြံပေးတဲ့အတိုင်းလုပ်ကြတယ်။
4. သားသမီးအတွက် ပြတ်သားတဲ့ ပညာရေး လမ်းပြမြေပုံဆိုတာဘာလည်း မရှိဘူး။
သူများပြောင်းလိုက်ပြောင်း သူများတတ်လိုက်တတ်
သူများယောင်လိုက်ယောင် သူများလုပ်တဲ့အတိုင်း လိုက်လုပ်တယ်။