မြန်မာစစ်တပ်၏ အာဏာသိမ်းမှုဟာ မကြာခင် (၃) နှစ်ပြည့်တော့မည်ဖြစ်ပါသည်။ ယနေ့တိုင်လည်း ပြည်သူများဟာ ရရာနည်းလမ်းများဖြင့် မြန်မာစစ်တပ်အာဏာသိမ်းမှုကို တော်လှန်ဆန့်ကျင် သပိတ်မှောက်နေဆဲဖြစ်ပါသည်။
ခေတ်အဆက် မြန်မာစစ်တပ်အပေါင်းအပါများ၏ ယုတ်မာမှုကို တိုင်းရင်းသားပြည်သူတရပ်လုံး ခါးစည်းခံခဲ့ကြရပါသည်။ ပြည်သူ့သွေးကြွေးဆပ်ဖို့၊ ပြည်သူ့သွေးမအေးသွားဖို့ ကချင်တိုင်းရင်းပြည်သူများက တော်လှန်သီချင်းဖြစ်သည့် "HPYA"ဆိုသည့် သီချင်းကို တင်ဆက်ထားပါသည်။ နားဆင်ရင်းဖြင့် စစ်တပ်ကို အဆုံးတိုင် တော်လှန်ကြစို့။
Credit to Video and Photos
Universities Kachin Literature and Culture Association- Yangon
Yangon kaw nga ai dakasu ni hta JLH nnga mat ai majaw kalang mi bai hpaw hpang wa ai ga rai sai.
26/10/2023
📣📣Twitter Campaign📣📣
.................................................
တော်လှန်မိတ်ဆွေများခင်ဗျာ။ အောက်တိုဘာ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၃ရက်ဆက်တိုက် Twitter မှာ Post တွေကို အတူတူ Tweet ကြရအောင်။ စင်ကာပူအစိုးရကို ဖိအားပေးတဲ့ အွန်လိုင်းလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ Twitter campaign သည် နိုင်ငံတကာအသိုင်းအဝိုင်းမှ အာရုံစူးစိုက်မှုကိုရရှိလာရေးအတွက် အလွန်အရေးကြီးသည့် လှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။ Tweet ပြီးသည်နှင့် တစ်ပြိုင်နက် အောက်တွင်ပေးထားသော စင်ကာပူဝန်ကြီးများ၊ ဝန်ကြီးချုပ်များ၏ Twitter များတွင် comment များပေးခြင်းအားဖြင့် ပိုမိုထိရောက်စေပါသည်။ ဒါ့ကြောင့် Twitter Campaign တွင် အတူတကွ ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။
26/10/2023
တော်လှန်မိတ်ဆွေများခင်ဗျာ
ဒီနေ့ကတော့ Facebook comment campaign တတိယနေ့ပဲဖြစ်ပါတယ်။
လှုပ်ရှားမှုရဲ့ တတိယနေ့မှာတော့ အောက်မှာပေးထားတဲ့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Mr Lawrence Wong’ရဲ့ Facebook ပိုစ့်ကို အားလုံးအတူတူ ပုံနဲ့စာကို Comment သွားပေးကြရအောင်။
ပြုလုပ်ရမည့် အဆင့် ၁ -
ဤစာကို ကူးယူပါ။
👇👇👇👇👇👇👇
“According to the Tom Andrew’s report, Myanmar military junta is using the Singapore banks in purchasing arms. Allowing Myanmar junta to access the Singapore Banks means that Singaporean Government is supporting the junta’s atrocity crimes. As a minister for finance !!!, you have to take the responsible and block the junta’s access Singapore financial system."
ပြုလုပ်ရမည့် အဆင့် ၂ -
Comment ပေးရန်အတွက် ပုံအားယခု post တွင် တင်ထားသော ပုံအားအသုံးပြုပေးပါရန်။
👆👆👆👆👆👆
ပြုလုပ်ရမည့် အဆင့် ၃ -
Comment ပေးရမည့်post ကိုရောက်ရန်အောက်ပါလင့်ကိုနှိပ်ပါ။
👇👇👇👇👇👇👇 https://www.facebook.com/LawrenceWongST/posts/879031720248975
ပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ 💯💯💯💯💯
26/10/2023
Singapore is the third-largest arms supplier for the Myanmar Military Junta, the terrorist group committing atrocities in Myanmar. The Singaporean Government wear a mask, portraying itself as standing for cleanliness, but behind the scenes, there is tacit support for the Myanmar Military Junta.
To Sign
https://actionnetwork.org/petitions/c3fbe2d39f1663281b48a93e6c2300e0e9598300?source=direct_link
26/10/2023
စင်ကာပူနိုင်ငံသည် ရက်စက်လှသည့် ရာဇဝတ်မှုများကျူးလွန်နေသော အကြမ်းဖက်စစ်အုပ်စုအတွက် တတိယအကြီးဆုံး လက်နက်ရောင်းချနေသော နိုင်ငံဖြစ်ပါသည်။ စင်ကာပူနိုင်ငံသည် သန့်ရှင်းသော စီးပွားရေးဖြင့်ရပ်တည်သည်ဆိုသည့် မျက်နှာဖုံးကိုဝတ်ဆင်ထားသော်လည်း နောက်ကွယ်တွင် အကြမ်းဖက်စစ်တပ်အား ခိုးကြောင်ခိုးဝှက် ကူညီထောက်ပံ့ပေးလျက်ရှိပါသည်။
ပြည်သူတစ်ဦးတစ်ယောက် ချင်းစီ၏ လက်မှတ်များ လိုအပ်နေပါသည်။ 👇
https://actionnetwork.org/petitions/c3fbe2d39f1663281b48a93e6c2300e0e9598300?source=direct_link
23/10/2023
သေနတ်မကိုင်နိုင်ပေမဲ့ တော်လှန်လို့ရပါတယ်။
လက်မှတ်ထိုးပါဝင်ရန်
https://actionnetwork.org/petitions/c3fbe2d39f1663281b48a93e6c2300e0e9598300?source=direct_link
23/10/2023
အိမ်ပြန်ချင်တယ်…
ငါတို့ အိမ်ပြန်ချင်တယ်…
ငါတို့မှာ ကိုယ့်ရဲ့ရွေးချယ်မှု မဟုတ်ဘဲ
ငါတို့ အိမ်နဲ့ ဝေးခဲ့ကြရတယ်
ငါတို့မှာ ဖိိနှိပ်ချုပ်ချယ်မှု မတရားမှုတွေကြောင့်
ငါတို့ အိမ်နဲ့ ဝေးခဲ့ကြရတယ်
ငါတို့မှာ အာဏာရှင်စနစ်ကို တော်လှန်ရင်း
ငါတို့ အိမ်နဲ့ ဝေးခဲ့ကြရတယ်
သက်ကယ်မိုး ထရံကာအစ
သွပ်မိုး အုတ်ကာအဆုံး
ငါတို့ရဲ့ အိမ်လေးတွေကို ငါတို့ လွမ်းလှပြီ…
ငါတို့ရဲ့ အိမ်လေးကို ချန်လှပ်ထားခဲ့ကြပြီး
မတရားမှုကို တော်လှန်ရာက
ထောင်ထဲရောက်သူတွေ၊ တောထဲရောက်သူတွေ
ငါတို့ရဲ့ အိမ်လေးကို ချန်လှပ်ထားခဲ့ကြတာ
ဘယ်လောက်တောင် ကြာခဲ့ပြီလဲ
ငါတို့ရဲ့ အိမ်လေးလည်း
ငါတို့ကို ခွင့်လွှတ်မယ်ထင်ပါတယ်
အိမ်လေးရေ
ငါတို့လည်း မင်းဆီ အမြန်ပြန်လာချင်ပါတယ်
ငါတို့ အိမ်ပြန်ချင်တယ်…
ရေးသူ - Mirror
လက်မှတ်ထိုးပါဝင်ရန်
https://actionnetwork.org/petitions/c3fbe2d39f1663281b48a93e6c2300e0e9598300?source=direct_link
23/10/2023
တော်လှန်မိတ်ဆွေများခင်ဗျာ
ကျွန်တော်တို့ရဲ့ Facebook အကောင့်တွေကို အသုံးပြုပြီး စင်ကာပူအစိုးရအဖွဲ့က အရေးပါတဲ့ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေရဲ့ Facebook post တွေမှာ comment ပေးတဲ့ Facebook comment campaign ကို လာမဲ့ အောက်တိုဘာ (၂၄) ကနေ (၂၆) ရက်နေ့အထိ (၃) ရက်တိုင်အောင် လုပ်ဆောင်သွားကြရန်ရှိပါတယ်။
စင်ကာပူအစိုးရကို ဖိအားပေးနိုင်ရေးလှုပ်ရှားမှုတွေမှာ အစိုးရအဖွဲ့က အရေးပါတဲ့ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေရဲ့ Facebook post တွေမှာ Comment တွေအများကြီးသွားပေးကြတဲ့ လှုပ်ရှားမှုက တော်တော်လေး ထိရောက်မှုရှိတဲ့ လှုပ်ရှားမှုဖြစ်လို့ တော်လှန်မိတ်ဆွေတို့ ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
နေ့အလိုက်တင်ရမဲ့ပုံတွေနဲ့ စာတွေကို အချိန်နဲ့ တစ်ပြေးညီတင်ပေးသွားပါမယ်။
ပြည်သူတစ်ယောက်ချင်းစီ၏ လက်မှတ်များလည်း လိုအပ်နေပါတယ် ခင်ဗျာ...
https://actionnetwork.org/petitions/c3fbe2d39f1663281b48a93e6c2300e0e9598300?source=direct_link
23/10/2023
Do More Singapore
Lee Hsien Loong Vivian Balakrishnan
လက်မှတ်ထိုးပါဝင်ရန်
https://actionnetwork.org/petitions/c3fbe2d39f1663281b48a93e6c2300e0e9598300?source=direct_link
12/10/2023
လိုင်ဇာမြို့၊ မုန်လိုင်ခက် စစ်ရှောင်စခန်းအပေါ် မြန်မာစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်၍
Yangon JLH ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
၂၀၂၃ ခုနစ်၊ အောက်တိုဘာလ (၁၂) ရက်
၁။ အာဏာသိမ်းမြန်မာစစ်တပ်မှ မိမိတို့ကချင်ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုကို ပြင်းထန်စွာရှုံ့ချပါသည်။ အသက်ပေးဆပ်လိုက်ရသည့် ပြည်သူများ၊ ကလေးများအတွက် မိသားစုဝင်များနှင့်ထပ်တူ မိမိတို့ ရန်ကုန်တက္ကသိုလ်များ ကျောင်းသားများက အထူးကြေကွဲ ဝမ်းနည်းရပါသည်။
၂။ ၂၀၂၂ခုနစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့ ဖားကန့်အနန့်ပါတွင် တစ်ကြိမ်၊ ယခု လိုင်ဇာမြို့အနီး မုန်လိုက်ခက် စစ်ရှောင်စခန်းကို မြန်မာစစ်တပ်မှ တဖန်ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်မှုသည် မိမိကချင်ပြည်သူများအား ရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးသုဉ်းသတ်ဖြတ်ခြင်း (Genocide) ဖြစ်သည်။
၃။ မြန်မာအာဏာသိမ်းစစ်တပ် အမြစ်ပြတ်မကျရှုံးသေးသရွေ့ ပြည်သူများအပေါ် ရက်ရက်စက်စက်သတ်ဖြတ်မှုများ ပို၍ကျူးလွန်လာမည်ဖြစ်သည်။ မြန်မာအာဏာသိမ်းစစ်တပ်ကို ရရာနည်းလမ်းများဖြင့် ပြည်သူများဆက်လက်တိုက်ပွဲ တော်လှန်သွားကြဖို့ တိုက်တွန်းပါသည်။
၄။ ကျွန်ုပ်တို့ Yangon JLH မှလည်း မြန်မာစစ်တပ်၏ လူမဆန်သတ်ဖြတ်မှုကြောင့် အသက်ပေးဆပ်ခဲ့ရသည့် ကချင်ပြည်သူများနှင့်အတူ ရပ်တည်ပြီး အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲတွင် အဆုံးထိပါဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်။
ကချင်ပြည်အဓွန့်ရှည်ပါစေ။
12/10/2023
"What happened in , on October 9th?" ⚠️
that killed at least 13 were children and injured 50+ adds to the list of war crimes & crimes against humanity by 's gang.
We call on UNSC to refer Myanmar to ICC and countries that are heavy arms exporters to Myanmar military to immediately end their complicity in the Myanmar Military's crimes and stop supporting war criminals in Myanmar.
10/10/2023
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လိုင်ဇာဒေသ၊ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းမှ စစ်ရှောင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
Crd- GSCN
#ကချင် #လိုင်ဇာ #စစ်ဘေးရှောင်စခန်း #စစ်ဘေးရှောင် #မုန်လိုင်ခက်
Click here to claim your Sponsored Listing.
Location
Category
Contact the school
Website
Address
Yangon