18/08/2026
MCIC ရဲ့ ပထမအကြိမ်မြောက် President Cup Futsal Tournament စတင်ပြီ 🏆⚽🔥
ဒီနေ့မှာတော့ MCIC ကျောင်းသားတွေရဲ့ အားကစားစိတ်ဓာတ်နဲ့ တက်ကြွမှုတွေကို ဖော်ထုတ်ပြသခွင့်ရမယ့် President Cup Futsal Tournament ပွဲစဉ်တွေကို ကျောင်းသားအသင်း (၅) သင်းနဲ့ စတင်ဖွင့်လှစ်လိုက်ပါပြီ။
အသင်းတစ်သင်းချင်းစီရဲ့ ပြင်ဆင်လာမှု၊ ကွင်းအတွင်း ခွန်အားပြည့်ကစားဟန်တွေနဲ့အတူ ပွဲစဉ်တိုင်းက အကြိတ်အနယ်ရှိလှတာကြောင့် ပွဲစကတည်းက ပရိသတ်တွေပါ စိတ်လှုပ်ရှားစွာ အားပေးခဲ့ကြပါတယ်။
ယှဉ်ပြိုင်ကြမည့် အသင်းများ
-BE 1
-BE 2
-Advance Diploma
-Diploma
-Foundation
မိမိတို့အားပေးတဲ့ အသင်းတွေ Champion ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့ ကွင်းအတွင်းလာရောက်ပြီး သောင်းသောင်းဖျဖျ အားပေးလိုက်ကြရအောင်။ ပွဲစဉ်အလိုက် ရလဒ်တွေနဲ့ ထူးခြားချက်တွေကိုလည်း MCIC Page မှတစ်ဆင့် ပုံမှန်တင်ဆက်ပေးသွားပါမယ်။
14/08/2026
ရေဘေးသင့်ခဲ့ရတဲ့ ကလေးငယ် ၅,၂၈၀ ဦး၏ ပညာရေးအိပ်မက်တွေကို ပြန်လည်အသက်သွင်းခြင်း 📚✨
ရေဘေးဒဏ်ကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လေးမျက်နှာမြို့က ကျောင်းသူ/ကျောင်းသား ကလေးငယ် ၅,၂၈၀ ဦး၏ ပညာရေး ခရီးလမ်း မပြတ်တောက်စေဖို့…
ကျနော်တို့ Myanmar Creative International College (MCIC) ရဲ့ ကျောင်းသူ/ကျောင်းသားများနဲ့ ဝန်ထမ်းအဖွဲ့သားများအားလုံး တက်ညီလက်ညီ ပူးပေါင်းပြီး စာအုပ်၊ ဘောပင်၊ ခဲတံ၊ ခဲဖျက်နဲ့ ပေတံ စတဲ့ ပညာရေးထောက်ပံ့ကူညီရေး ပစ္စည်းများကို စနစ်တကျ ထုပ်ပိုးပြင်ဆင်ပြီး ရေဘေးသင့်ဒေသသို့ အရောက် ပေးပို့လှူဒါန်းသွားမှာဖြစ်ပါတယ်။ 📦✏️📖
ကလေးငယ်တွေရဲ့ လက်ထဲကို စာအုပ်နဲ့ ဘောပင်တွေ ပြန်လည်ရောက်ရှိသွားပြီး အနာဂတ်အိပ်မက်တွေကို စိတ်အေးချမ်းသာစွာ ပြန်လည်ပုံဖော်နိုင်ဖို့က ကျနော်တို့ MCIC မိသားစု၏ အဓိကမျှော်လင့်ချက်ဖြစ်ပါတယ်။
အခုလို စာသင်ခုံပေါ် ပြန်လည်ရောက်ရှိနိုင်ရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်မှာ ဝိုင်းဝန်းကူညီပေးကြသူများ၊ တက်ကြွစွာ ပါဝင်အားဖြည့်ပေးခဲ့ကြသည့် MCIC ကျောင်းသား/သူများနှင့် ဝန်ထမ်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ ❤️
13/08/2026
Myanmar Creative International College (MCIC) ရဲ့ ဂုဏ်ထူးဆောင်နာယက၊ လူငယ်များ၏ အားထားရာ ရန်ကုန်တက္ကသိုလ် ၊ ဓါတုဗေဒဌာနမှူး(ငြိမ်း)၊စာရေးဆရာ၊ဆရာကြီး ပါမောက္ခဒေါက်တာခင်မောင်ညို (ဓာတုဗေဒ) မှ
MCIC ကျောင်းသား/သူများအတွက် "အောင်မြင်မှုဆီသို့" ဆိုသည့် ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကို မကြာသေးမီက အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ခေတ်သစ်ပညာရေးစနစ်တွင် လူငယ်များ၏ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် ဘဝအောင်မြင်မှုရရှိရန်အတွက် လိုအပ်သည့် မရှိမဖြစ် အရည်အသွေးများကို ဆရာကြီးမှ အတွေ့အကြုံများစွာ၊ လက်တွေ့ကျသော ပမာဏဥပမာများဖြင့် ရှင်းလင်းမြွက်ကြားပေးခဲ့ပါသည်။
ဆရာကြီး၏ ဟောပြောပွဲမှ အဓိကမျှဝေပေးခဲ့သည့် အချက်များ
၁။ ပန်းတိုင်အတိအကျထားရှိခြင်း (Goal Setting)
အောင်မြင်မှု၏ ပထမဆုံးခြေလှမ်းမှာ မိမိသွားလိုသည့် ခရီးစဉ်နှင့် လိုချင်သည့် ပန်းတိုင်ကို အတိအကျ သတ်မှတ်နိုင်ခြင်းဖြစ်သည်။
၂။ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်း (Continuous Learning)
ခေတ်ပြိုင် တိုးတက်နေသော ကမ္ဘာကြီးတွင် ကျောင်းစာအပြင် အပြင်ပညာရပ်များ၊ ဘဝကျွမ်းကျင်မှု (Life Skills) များကိုစဉ်ဆက်မပြတ် လေ့လာနေရန် လိုအပ်သည်။
၃။ ဇွဲ၊ လုံ့လနှင့် ကြံ့ကြံ့ခံနိုင်ရည် (Resilience & Perseverance)
အဟန့်အတားများနှင့် အခက်အခဲများမှာ အောင်မြင်မှု၏ အစိတ်အပိုင်းများသာဖြစ်ပြီး၊ အရှုံးမပေးဘ ကြံ့ကြံ့ခံနိုင်သော စိတ်ဓာတ်သည် အောင်မြင်သူတို့၏ လျှို့ဝှက်ချက်ဖြစ်သည်။
၄။ အချိန်ကို စနစ်တကျ စီမံခန့်ခွဲခြင်း (Time Management)
မိမိတို့၏ အဖိုးတန်အချိန်များကို အကျိုးရှိစွာ အသုံးချတတ်ရေးနှင့် အဓိကကျသော ဦးစားပေးလုပ်ငန်းများကို ခွဲခြားလုပ်ဆောင်နိုင်ရေး။
ဒီဟောပြောပွဲမှာ ဆရာကြီး လမ်းညွှန်ပေးခဲ့တဲ့ အဖိုးတန် သင်ခန်းစာများနှင့် အကြံပြုချက်များသည် MCIC ကျောင်းသား/သူများအတွက် မိမိတို့ ပညာရေးနှင့် အနာဂတ် ရည်မှန်းချက်များဆီ သွားရာလမ်းတွင် များစွာ ခွန်အားနှင့် လမ်းပြကြယ် ဖြစ်စေမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ကျောင်းသား/သူများအနေဖြင့် ဆရာကြီး၏ ဩဝါဒများကို နှလုံးသွင်းကာ မိမိတို့ အိမ်မက်များကို အကောင်အထည်ဖော်ရင်း အောင်မြင်မှုလမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းနိုင်ကြပါစေကြောင်း MCIC မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
13/08/2026
🌟 TSU International Social Innovation Camp 2026 သို့ MCIC မှ တက်ရောက်လေ့လာခဲ့
ထိုင်းနိုင်ငံ၊ Thaksin University ၏ Faculty of Health and Sports Sciences မှ ဦးစီးကျင်းပပြုလုပ်သော "TSU International Social Innovation Camp 2026" သို့ MCIC မှ ကျောင်းသူ ၂ ဦးနှင့် လေ့လာသူ ဆရာမ ၁ ဦးတို့ သွားရောက်ပါဝင် တက်ရောက်နေကြပါတယ်။ 🇲🇲✨
ဒီပွဲမှာ—
💡 Empowering Future Leaders through Innovation, Collaboration, and Global Citizenship ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လူငယ်ခေါင်းဆောင်များ၏ တီထွင်ဖန်တီးနိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်း/ကမ္ဘာလုံးဆိုင်ရာ အသိပညာများကို မြှင့်တင်ပေးနိုင်မည့် အစီအစဉ်ကောင်းများ ပါဝင်ခဲ့ပါတယ်။
ကျောင်းသူများနှင့် ဆရာမတို့အနေဖြင့် ပညာရပ်ဆိုင်ရာ ဗဟုသုတများနှင့် လူမှုရေးဆိုင်ရာ ဆန်းသစ်တီထွင်မှု (Social Innovation) အတွေ့အကြုံကောင်းများစွာကို လေ့လာဆုဆောင်းရရှိခဲ့ကြပြီး အနာဂတ်အတွက် တန်ဖိုးရှိသော ကွန်ရက်များနှင့် ဗဟုသုတများကို ယူဆောင်လာနိုင်ခဲ့ကြပါတယ်။ 🎓🤝✨
Photo crd:Kyal Sin Phyo
06/08/2026
Myanmar Creative International College (MCIC) Practical Workshop Highlight 🛠️⚙️
ဒီနေ့ MCIC ရဲ့ Mechanical Workshop မှာ Engineering ကျောင်းသား/သူတွေ Single Cylinder Diesel Engine ရဲ့ Valve Mechanism (ဗားစနစ်) နဲ့ Tappet Arm, Push Rod (Tappet Rod) တွေရဲ့ အလုပ်လုပ်ပုံကို စာတွေ့တင်မကဘဲ လက်တွေ့ဖြုတ်တပ်စမ်းသပ် လေ့လာခဲ့ကြပါတယ်။ 🔧✨
💡 လက်တွေ့သင်ခန်းစာမှာ ဘာတွေ လေ့လာခဲ့ကြသလဲ။
Valve Mechanism (ဗားစနစ်): Diesel Engine တစ်လုံးမှာ Air Intake (လေဝင်) နဲ့ Exhaust (အိတ်ဇောထွက်) စနစ်တွေ မှန်ကန်တဲ့ Timing အတိုင်း အပိတ်အဖွင့်လုပ်ပေးပုံကို စက်အစိတ်အပိုင်းတစ်ခုချင်းစီ ဖြုတ်ကြည့်ပြီး အနီးကပ် လေ့လာခဲ့ကြပါတယ်။
Tappet Arm & Push Rod (Tappet Rod): Camshaft ကနေ တဆင့် တက်လာတဲ့ Motion ရွေ့လျားမှုကို Push Rod ကနေ Tappet Arm သို့ ပေးပို့ပြီး Valve တွေကို ဖိဖွင့်ပေးပုံ နည်းပညာစနစ်ကို လက်တွေ့ တိုင်းတာကြည့်ရှုခဲ့ကြပါတယ်။
Valve Clearance Adjustment: Engine စွမ်းဆောင်ရည် မှန်ကန်စေဖို့နဲ့ အသံမထွက်စေဖို့အတွက် Tappet clearance (ဗားကြားဟအကွာအဝေး) ကို Feeler Gauge အသုံးပြုပြီး မှန်ကန်အောင် ချိန်ညှိနည်း (Tappet Clearance Setting) ကိုလည်း ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ခွင့်ရခဲ့ပါတယ်။
ကျောင်းသား/သူများအနေဖြင့် စာတွေ့သီအိုရီများကို လက်တွေ့ စက်ပစ္စည်းများဖြင့် တွဲဖက်လေ့လာရသည့်အတွက် Engine ၏ အတွင်းပိုင်း Mechanics လုပ်ဆောင်ချက်များကို ပိုမို ထိရောက်စွာ နားလည်သဘောပေါက်သွားကြပါတယ်။
🎓 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞- 𝐌𝐂𝐈𝐂
တက်ရောက်ရန် စိတ်ဝင်စားသူများအနေဖြင့် အောက်ပါLinkတွင် စရင်းသွင်းနိုင်ပါသည်။
✅Registration Link- https://docs.google.com/forms/d/e/1FAIpQLSfr8GTW5xJPrrruPNtS6hG4i2zlJrPpwPg3P6K-2Pna_3nk4A/viewform?usp=header
🏫 𝗠𝗖𝗜𝗖 𝗖𝗮𝗺𝗽𝘂𝘀𝗲𝘀
📍 𝗗𝗮𝗴𝗼𝗻 𝗖𝗮𝗺𝗽𝘂𝘀
အမှတ် (၄၄)၊ ပြည်လမ်း(တော်ဝင်စင်တာအရှေ့၊ စိန်ဂေဟာဘေး၊ ပဲခူးကလပ်မှတ်တိုင်) ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
📍 𝗟𝗮𝗻𝗺𝗮𝗱𝗮𝘄 𝗖𝗮𝗺𝗽𝘂𝘀
No. (5), လမ်းသစ်ရိပ်သာ
ဘုန်းကြီးလမ်းနှင့် လမ်းသစ်လမ်းထောင့်
လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
📞 𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗡𝘂𝗺𝗯𝗲𝗿𝘀
☎️ 09 429 777 760
☎️ 09 404 113 404
☎️ 09 404 082 404
☎️ 09 404 077 404
📩 𝐄𝐦𝐚𝐢𝐥: 𝐦𝐲𝐚𝐧𝐦𝐚𝐫𝐜𝐫𝐞𝐚𝐭𝐢𝐯𝐞𝐢𝐧𝐭.𝐜𝐨𝐥𝐥𝐞𝐠𝐞@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
🌐 𝐖𝐞𝐛: www.mcic.edu.mm
04/08/2026
🌟 *𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 International College* ရဲ့ အခမဲ့ 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 အတန်းတွေကို September လ 17 ရက်နေ့မှာ ဖွင့်လှစ်ပေးတော့မှာပဲ ဖြစ်ပါတယ် 📣
G-12 အဆင့်ဖြေဆိုဖူးသူတိုင်း (G-12 မအောင်မြင်သေးသော်လည်း) တက်ရောက်နိုင်မယ့်အတန်းတွေဖြစ်ပါတယ် ✅
👉 Foundation တန်းပြီးဆုံးပါက Diploma ကနေ Bachelor Degree အထိ ဆက်လက်တက်ရောက်နိုင်မှာဖြစ်ပြီး Foundation Class မှာ ထူးချွန်စွာအောင်မြင်သူများအတွက် 𝐃𝐢𝐩𝐥𝐨𝐦𝐚 နဲ့ 𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫 ဘွဲ့တန်းများသို့ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦 များဖြင့် တက်ရောက်နိုင်မယ့်အခွင့်အရေးကိုလည်း ရရှိမှာဖြစ်ပါတယ်။
😱 ဒီ 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐚𝐬𝐬 တွေကို September လ 17ရက်နေ့မှာ အခမဲ့စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး တန်းခွဲတစ်ခုကို ၂၅~၃၀ ဦးသာ လက်ခံသင်ကြားပေးနေတာဖြစ်လို့ *𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐫𝐞𝐚𝐭𝐢𝐯e International College* မှာ ခုပဲ လာရောက်အပ်နှံလိုက်ပါ 💁🏻
"တောက်ပသောအနာဂတ်ကိုပညာဖြင့်ဖန်တီးအံ့”
"Create Your Glorious Future by Education”
🎓 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞- 𝐌𝐂𝐈𝐂
တက်ရောက်ရန် စိတ်ဝင်စားသူများအနေဖြင့် အောက်ပါLinkတွင် စရင်းသွင်းနိုင်ပါသည်။
✅Registration Link- https://docs.google.com/forms/d/e/1FAIpQLSfr8GTW5xJPrrruPNtS6hG4i2zlJrPpwPg3P6K-2Pna_3nk4A/viewform?usp=header
🏫 𝗠𝗖𝗜𝗖 𝗖𝗮𝗺𝗽𝘂𝘀𝗲𝘀
📍 𝗗𝗮𝗴𝗼𝗻 𝗖𝗮𝗺𝗽𝘂𝘀
အမှတ် (၄၄)၊ ပြည်လမ်း(တော်ဝင်စင်တာအရှေ့၊ စိန်ဂေဟာဘေး၊ ပဲခူးကလပ်မှတ်တိုင်) ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
📍 𝗟𝗮𝗻𝗺𝗮𝗱𝗮𝘄 𝗖𝗮𝗺𝗽𝘂𝘀
No. (5), လမ်းသစ်ရိပ်သာ
ဘုန်းကြီးလမ်းနှင့် လမ်းသစ်လမ်းထောင့်
လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
📞 𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗡𝘂𝗺𝗯𝗲𝗿𝘀
☎️ 09 429 777 760
☎️ 09 404 113 404
☎️ 09 404 082 404
☎️ 09 404 077 404
📩 𝐄𝐦𝐚𝐢𝐥: 𝐦𝐲𝐚𝐧𝐦𝐚𝐫𝐜𝐫𝐞𝐚𝐭𝐢𝐯𝐞𝐢𝐧𝐭.𝐜𝐨𝐥𝐥𝐞𝐠𝐞@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
🌐 𝐖𝐞𝐛: 𝐰𝐰𝐰.𝐦𝐜𝐢𝐜.𝐞𝐝𝐮.mm
29/07/2026
🌕 ဝါဆိုလပြည့်နေ့ ဆုတောင်းနှင့် မေတ္တာပို့သချက် 🌕
မြတ်စွာဘုရားရှင် တရားဦးဟောကြားတော်မူသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) တွင် မိဘပြည်သူ၊ မိတ်ဆွေသင်္ဂဟများအားလုံး ကိုယ်စိတ်နှစ်ပါး အေးချမ်းကြပါစေ။
ဝါဆိုသင်္ကန်းများလှူဒါန်းကြရသော အကျိုးအားကြောင့် လောကီ၊ လောကုတ် နှစ်ဖြာသော သုခများနှင့် ပြည့်စုံကြပါစေကြောင်း MCIC မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 🙏✨
#ဝါဆိုလပြည့်နေ့ #မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ
25/07/2026
မြေတိုင်းပညာ (Surveying) ဆိုတာ ဘာကြောင့် လူမှုပတ်ဝန်းကျင်နဲ့ အဆောက်အအုံ တည်ဆောက်ရေးတွေမှာ အရေးအကြီးဆုံး ဖြစ်နေရတာလဲ? 📐🏗️
လူတော်တော်များများက မြေတိုင်းတာတယ်ဆိုတာကို စက်ကိရိယာတွေနဲ့ မြေကွက်အကျယ်အဝန်းကို တိုင်းတာရုံပဲလို့ ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ မြေတိုင်းပညာ (Land Surveying) ဆိုတာ ဘယ်ဆောက်လုပ်ရေးနဲ့ အခြေခံအဆောက်အအုံ စီမံကိန်းမှ စတင်လို့မရနိုင်တဲ့ "အုတ်မြစ်အခြေခံ" ပညာရပ်တစ်ခု ဖြစ်ပါတယ်။
💡 မြေတိုင်းပညာရဲ့ အဓိက အရေးပါပုံ (၅) ချက်
၁။ ပိုင်ဆိုင်မှုကို တိကျခိုင်မာစေခြင်း (Legal Ownership)
မိမိပိုင်ဆိုင်တဲ့ မြေကွက်နယ်နိမိတ် (Boundary) တိကျစနစ်ကျမှသာ နယ်နိမိတ် အငြင်းပွားမှုတွေကို ကင်းဝေးစေမှာ ဖြစ်ပါတယ်။
၂။ အင်ဂျင်နီယာ ဒီဇိုင်းများအတွက် မရှိမဖြစ်လိုအပ်ခြင်း (Engineering & Design)
အဆောက်အအုံ၊ လမ်း၊ တံတားနဲ့ စက်ရုံကြီးတွေ မတည်ဆောက်မီ မြေပြင်ရဲ့ အနိမ့်အမြင့် (Topography) နဲ့ သဘာဝလက္ခဏာတွေကို တိကျစွာ မတိုင်းတာဘဲ ဒီဇိုင်းဆွဲလို့ မရနိုင်ပါဘူး။
၃။ စီမံကိန်းစရိတ်နဲ့ ဘေးအန္တရာယ်ကို လျှော့ချပေးခြင်း (Risk & Cost Reduction)
မြေပြင်အခြေအနေကို သေချာတိုင်းတာထားမှသာ မြေပြုပြင်စရိတ် မလိုလားဘဲ ပိုကုန်တာတွေကို လျှော့ချနိုင်ပြီး ရေကြီး/ရေလျှံမှုနဲ့ မြေပြိုမှု အန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ပါမယ်။
၄။ မြို့ပြသစ်များနှင့် အခြေခံအဆောက်အအုံ တိုးတက်ရေး (Urban Planning)
မြို့ပြသစ်တွေ ဖန်တီးရာမှာ လမ်းကွန်ရက်၊ ရေဆိုးထုတ်စနစ်၊ လျှပ်စစ်လိုင်းနဲ့ ရေပိုက်လိုင်းတွေ စနစ်တကျ သွယ်တန်းနိုင်ဖို့ မြေတိုင်းပညာရပ်က ပင်မမဏ္ဍိုင်အဖြစ် ပါဝင်နေပါတယ်။
၅။ ခေတ်မီ နည်းပညာများနှင့် ပေါင်းစပ်နိုင်ခြင်း (Modern Technology)
ဒီနေ့ခေတ်မှာ Total Station, Drone နဲ့ GIS (Geographic Information System) စတဲ့ နည်းပညာမြင့် စက်ကိရိယာတွေကို သုံးပြီး မြေပြင်အချက်အလက်တွေကို တိကျမြန်ဆန်စွာ ကောက်ယူနိုင်နေပြီဖြစ်ပါတယ်။
📌 "ခိုင်မာတဲ့ အဆောက်အအုံတိုင်းရဲ့ နောက်ကွယ်မှာ တိကျတဲ့ မြေတိုင်းပညာရှင်တွေရဲ့ ကြိုးစားမှု ရှိပါတယ်။"
အင်ဂျင်နီယာ နယ်ပယ်မှာ အရေးပါပြီး အခွင့်အလမ်းကောင်းတဲ့ မြေတိုင်းပညာရပ်နဲ့ အင်ဂျင်နီယာဘာသာရပ်တွေကို စနစ်တကျ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ Myanmar Creative International College (MCIC) မှာ တက်ရောက်လေ့လာနိုင်ပါတယ်။ 🎓✨
ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု သို့မဟုတ် စီမံကိန်းတစ်ခု စတင်တော့မယ်ဆိုရင် တိကျပြီး စိတ်ချရတဲ့ မြေတိုင်းစနစ်နဲ့ စတင်ဖို့ မမေ့ပါနဲ့နော်။ 🏗️🌟
#မြေတိုင်းပညာ
16/07/2026
ဒီနေ့ဟာ ကျောင်းသားသစ်တွေအတွက် အနာဂတ်အင်ဂျင်နီယာအိပ်မက်တွေကို စတင်အကောင်အထည်ဖော်မယ့် ထူးခြားတဲ့နေ့တစ်နေ့ပါပဲ။ ✨
MCICရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး နည်းပညာနဲ့ အင်ဂျင်နီယာခရီးစဉ်သစ်ကို လမ်းဖွင့်ပေးမယ့် အတန်းသစ် (၃) ခုကို ဒီနေ့မှာ စတင်ဖွင့်လှစ်လိုက်ပါပြီ။ 🎉
ဒီနေ့စတင်လိုက်တဲ့ အတန်းတွေကတော့ -
Diploma in Civil Engineering (အဆောက်အဦနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ဒီဇိုင်းတွေကို ဖန်တီးမယ့် အနာဂတ်မြို့ပြအင်ဂျင်နီယာများအတွက်)
Diploma in Mechanical Engineering (စက်မှုစွမ်းအား၊ ဒီဇိုင်းနဲ့ တီထွင်ဆန်းသစ်မှုတွေကို မောင်းနှင်မယ့် အနာဂတ်စက်မှုအင်ဂျင်နီယာများအတွက်)
Engineering Foundation (အင်ဂျင်နီယာပညာရပ်ရဲ့ ခိုင်မာတဲ့အခြေခံအုတ်မြစ်ကို စနစ်တကျ တည်ဆောက်မယ့်သူများအတွက်)
အတန်းစဉ်ဆက်မပြတ် တက်ရောက်ပြီး မိမိတို့ရည်မှန်းထားတဲ့ ပန်းတိုင်တွေကို အမိအရလှမ်းကိုင်နိုင်ဖို့ ဒီနေ့ကစပြီး အတူတူကြိုးစားသွားကြရအောင်။ ကျောင်းသား၊ ကျောင်းသူသစ်များအားလုံးကို နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။ 🎓✨
တက်ရောက်ရန်စိတ်ဝင်စားသူများအနေဖြင့် အောက်ပါLinkတွင် စာရင်းသွင်းနိုင်ပါသည်။
✅Registration Link- https://docs.google.com/forms/d/e/1FAIpQLSfr8GTW5xJPrrruPNtS6hG4i2zlJrPpwPg3P6K-2Pna_3nk4A/viewform?usp=header
🏫 𝗠𝗖𝗜𝗖 𝗖𝗮𝗺𝗽𝘂𝘀𝗲𝘀
📍 𝗗𝗮𝗴𝗼𝗻 𝗖𝗮𝗺𝗽𝘂𝘀
အမှတ် (၄၄)၊ ပြည်လမ်း(တော်ဝင်စင်တာအရှေ့၊ စိန်ဂေဟာဘေး၊ ပဲခူးကလပ်မှတ်တိုင်) ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
📍 𝗟𝗮𝗻𝗺𝗮𝗱𝗮𝘄 𝗖𝗮𝗺𝗽𝘂𝘀
No. (5), လမ်းသစ်ရိပ်သာ
ဘုန်းကြီးလမ်းနှင့် လမ်းသစ်လမ်းထောင့်
လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
📞 𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗡𝘂𝗺𝗯𝗲𝗿𝘀
☎️ 09 429 777 760
☎️ 09 404 113 404
☎️ 09 404 082 404
☎️ 09 404 077 404
📩 𝐄𝐦𝐚𝐢𝐥: 𝐦𝐲𝐚𝐧𝐦𝐚𝐫𝐜𝐫𝐞𝐚𝐭𝐢𝐯𝐞𝐢𝐧𝐭.𝐜𝐨𝐥𝐥𝐞𝐠𝐞@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
🌐 𝐖𝐞𝐛: 𝐰𝐰𝐰.𝐦𝐜𝐢𝐜.𝐞𝐝𝐮.mm