New Step Foreign Language Centre

New Step Foreign Language Centre Education and languages

🇯🇵 N4 / N3 သင်တန်းအသစ် စတင်ဖွင့်လှစ်ပါပြီ! 🎉ဂျပန်စာအဆင့်မြှင့်ချင်သူများ၊ JLPT အတွက် ပြင်ဆင်နေသူများအတွက် အခုကတည်းက စတင်...
14/08/2026

🇯🇵 N4 / N3 သင်တန်းအသစ် စတင်ဖွင့်လှစ်ပါပြီ! 🎉
ဂျပန်စာအဆင့်မြှင့်ချင်သူများ၊ JLPT အတွက် ပြင်ဆင်နေသူများအတွက် အခုကတည်းက စတင်လိုက်ပါ 📚✨
N4 / N3 — အတူတူကြိုးစားပြီး အောင်မြင်မှုဆီသွားကြမယ်🇯🇵💪

09-454 824 209

08/08/2026

စကားပြန်အရည်အချင်းက မသေးဘူး။ ငါသာဆို ဆဲတယ်ပဲထင်နေမှာ
လိုက်မပြောကြနဲ့နော် ကလေးတွေ 😁

တစ်သက်မှာတစ်ခါတော့ (အချစ်ခံဖူးချင်တယ်) 😊ဂျပန်လိုဘယ်လိုပြောရမလဲ comment မှာကြည့်ပါ။ 😄ဒီစာကြောင်းတွေကိုရောပြောကြည့်ပါဦး။၁။...
06/08/2026

တစ်သက်မှာတစ်ခါတော့ (အချစ်ခံဖူးချင်တယ်) 😊
ဂျပန်လိုဘယ်လိုပြောရမလဲ
comment မှာကြည့်ပါ။ 😄
ဒီစာကြောင်းတွေကိုရောပြောကြည့်ပါဦး။
၁။ တစ်သက်မှာတစ်ခါပဲရမယ့်အခွင့်အရေးမလို့ ကိုယ့်အချစ်ကိုလက်ခံပေးပါ။😁
၂။ တစ်သက်မှာတစ်ခါတည်းသော အမှတ်တရကို မင်းနဲ့အတူဖန်တီးချင်တယ်။
(ဒါကတကယ်လေးနက်တယ်နော် ဘာကိုပြောချင်တာလဲသိလား?)
🥰

ဂျပန်မှာရှိနေတဲ့သူတွေနဲ့ ဂျပန်သွားမယ့်သူတွေ ငလျင်နဲ့ပတ်သတ်ပြီးသိထားသင့်တဲ့ ဗဟုသုတနဲ့ စကားလုံးတွေလေ့လာထားကြပါ။ 🇯🇵 日本で地震が起...
30/07/2026

ဂျပန်မှာရှိနေတဲ့သူတွေနဲ့ ဂျပန်သွားမယ့်သူတွေ ငလျင်နဲ့ပတ်သတ်ပြီးသိထားသင့်တဲ့ ဗဟုသုတနဲ့ စကားလုံးတွေလေ့လာထားကြပါ။

🇯🇵 日本で地震が起きたら…
ဂျပန်မှာ ငလျင်လှုပ်ရင် သိထားသင့်တဲ့အချက်များ
🟢 ① 地震が起きたら(じしんがおきたら)
   (ငလျင်လှုပ်တဲ့အချိန်)

✅ 落ち着く(おちつく)
→ တည်ငြိမ်ပါ။ မထိတ်လန့်ပါနဲ့။

✅ 頭を守る(あたまをまもる)
→ စားပွဲအောက်ဝင်ပြီး ခေါင်းကို ကာကွယ်ပါ။

✅ 窓や棚から離れる(まどやたなからはなれる)
→ ပြတင်းပေါက်၊ ဗီဒို၊ စင်များနှင့် ဝေးဝေးနေပါ။

✅ エレベーターを使わない
→ ဓာတ်လှေကား မသုံးပါနဲ့။

🔴 ② 地震のあとに起こる可能性があること
ငလျင်လှုပ်ပြီးနောက် ဖြစ်လာနိုင်သည့်အန္တရာယ်များ

🌊 津波(つなみ)
➡️ ဆူနာမီ

🔥 火災(かさい)
➡️ မီးလောင်ကျွမ်းခြင်း

⚡ 停電(ていでん)
➡️ မီးပျက်ခြင်း

🚰 断水(だんすい)
➡️ ရေပျက်ခြင်း

📶 通信障害(つうしんしょうがい)
➡️ ဖုန်းလိုင်း/အင်တာနက် ပြတ်တောက်ခြင်း

🚉 電車の運休(でんしゃのうんきゅう)
➡️ ရထားရပ်နားခြင်း

🛣️ 道路の通行止め(どうろのつうこうどめ)
➡️ လမ်းပိတ်ခြင်း

🏠 建物の倒壊(たてもののとうかい)
➡️ အဆောက်အဦ ပြိုကျခြင်း

⛰️ 土砂災害(どしゃさいがい)
➡️ မြေပြိုခြင်း

🟡 ③ 避難するとき(ひなんするとき)
  (ဘေးလွတ်ရာရွှေ့ပြောင်းတဲ့အခါ)

✅ 避難所へ行く(ひなんじょへいく)
→ ခိုလှုံရေးစခန်းသို့ သွားပါ။

✅ ラジオやニュースを見る
→ သတင်းများကို စောင့်ကြည့်ပါ။

✅ 家族と連絡を取る
→ မိသားစုနှင့် ဆက်သွယ်ပါ။

🎒 非常持ち出し袋(ひじょうもちだしふくろ)
 (အရေးပေါ်အိတ်)

💧 飲み水 — သောက်ရေ

🍞 非常食 — အရေးပေါ်အစားအစာ

🔦 懐中電灯 — ဓာတ်မီး

🔋 モバイルバッテリー — Power Bank

💊 常備薬 — ပုံမှန်သောက်ဆေး

🩹 救急セット — ရှေးဦးသူနာပြုအိတ်

📻 携帯ラジオ — ရေဒီယိုအသေး

📚 JLPT Vocabulary
日本語 読み方  မြန်မာ
地震  じしん ငလျင်
震度   しんど ငလျင်ပြင်းအား
津波   つなみ ဆူနာမီ
避難   ひなん ဘေးလွတ်ရာရွှေ့ပြောင်းခြင်း
避難所 ひなんじょ ခိုလှုံရေးစခန်း
防災   ぼうさい ဘေးအန္တရာယ်ကာကွယ်ရေး
火災   かさい မီးလောင်ကျွမ်းမှု
停電   ていでん မီးပျက်ခြင်း
断水  だんすい ရေပျက်ခြင်း
通信障害 つうしんしょうがい ဆက်သွယ်ရေးပြတ်တောက်ခြင်း
建物倒壊 たてものとうかい အဆောက်အဦပြိုကျခြင်း
土砂災害 どしゃさいがい မြေပြိုခြင်း
非常口 ひじょうぐち အရေးပေါ်ထွက်ပေါက်
非常持ち出し袋 ひじょうもちだしぶくろ အရေးပေါ်အသုံးအဆောင်အိတ်

အသိသတိက အရေးပေါ်အခြေအနေတစ်ခုမှာ သင့်အသက်ကို ကယ်တင်ပေးနိုင်ပါတယ်။


မနေ့က ငလျင်ကြီးတော်တော်ကြမ်း Kumamoto တစ်ဝိုက်ကတပည့်တွေ အဆင်ပြေကြရဲ့လား။ တစ်ခုခုဆို ဆရာ့ဆီဆက်သွယ်ကြနော်။ ဆရာလည်းအဆင်ပြေပ...
29/07/2026

မနေ့က ငလျင်ကြီးတော်တော်ကြမ်း
Kumamoto တစ်ဝိုက်ကတပည့်တွေ အဆင်ပြေကြရဲ့လား။ တစ်ခုခုဆို ဆရာ့ဆီဆက်သွယ်ကြနော်။ ဆရာလည်းအဆင်ပြေပါတယ်။ အားလုံးဘေးကင်းကြပါစေ။

特定技能1号 (Tokuteiginou 1) ရဲ့ လက်ရှိအခြေနေနဲ့ အလားအလာကို ခန့်မှန်းလို့ရအောင် ၂၀၂၆ ခုနှစ် ၃ လပိုင်းမှာ ဂျပန်လူဝင်မှုကြီးကြပ...
22/07/2026

特定技能1号 (Tokuteiginou 1) ရဲ့ လက်ရှိအခြေနေနဲ့ အလားအလာကို ခန့်မှန်းလို့ရအောင် ၂၀၂၆ ခုနှစ် ၃ လပိုင်းမှာ ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်ကိုအခြေခံပြီး သုံးသပ်ထားပါတယ်။
အောက်ကဇယားက ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်ကိုအခြေခံပြီး ဖော်ပြထားတာပါ။
ဂျပန်လဝက ဖော်ပြချက်အရ Tokutei စားသောက်ဆိုင်လိုမျိုး လျှောက်ထားမယ့်ဦးရေ ပြည့်နိုင်ခြေရှိလို့ visa အသစ်လျှောက်ထားမှု ပိတ်နိုင်မယ့်အလားအလာများတာက 飲食料品製造業 (စားသောက်ကုန်ထုတ်လုပ်ငန်း) ဖြစ်ပါတယ်။ 介護 (ပြုစုစောင့်ရှောက်ရေး) ကတော့ လက်ခံနိုင်တဲ့အရေအတွက် တစ်ဝက်နီးပါ ကျန်ပေမယ့် လက်ရှိ kaigo scholar နဲ့ကျောင်းတက်နေသူတွေ ထည့်မတွက်ထားတဲ့အတွက် 介護 (ပြုစုစောင့်ရှောက်ရေး) လည်း သိပ်မသေချာတဲ့အခြေအနေလို့ သုံးသပ်ရပါတယ်။
ဒါပေမယ့် ၂၀၂၆ အတွင်းတော့ ဖြစ်လာနိုင်တာမဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်။
ကျန်လုပ်ငန်းတွေကတော့ အဆင်ပြေနေသေးတဲ့အခြေနေရှိပါတယ်။
Tokuteiginou အောင်လက်မှတ်ကိုင်ထားမယ့်သူတွေအနေတဲ့ ခုချိန်မှာ တစ်ခုတည်းကိုင်ပြီးစောင့်ဆိုင်းနေတာထက် ၂ ခုလောက်ကိုင်ထားတာကပိုပြီးစိတ်ချရပါမယ်။
ဂျပန်နိုင်ငံရဲ့ ပေါ်လစီအပြောင်းအလဲတွေပေါ်လည်းမူတည်နေတာကြောင့် အခြေနေကို စောင့်ကြည့်ရင်း ဂျပန်စာ level မြင့်ထားတာအကောင်းဆုံးပါပဲ။



🇯🇵 JLPT N4 အတန်းသစ် စတင်လက်ခံနေပါပြီ!အတူတူ N4 ကို အောင်မြင်အောင် လေ့လာကြမယ် 💪✨ 09-454 824 209
22/07/2026

🇯🇵 JLPT N4 အတန်းသစ် စတင်လက်ခံနေပါပြီ!
အတူတူ N4 ကို အောင်မြင်အောင် လေ့လာကြမယ် 💪✨

09-454 824 209

ချဉ်ဖတ်ကြိုက်ကြလား?ဒီနေ့ကတော့ ချဉ်ဖတ်ကြိုက်တတ်သူတွေအတွက် ဗဟုသုတလေးမြန်မာမှာချဉ်ဖတ်မျိုးစုံရှိသလို ဂျပန်မှာလည်း ချဉ်ဖတ်မျ...
17/07/2026

ချဉ်ဖတ်ကြိုက်ကြလား?
ဒီနေ့ကတော့ ချဉ်ဖတ်ကြိုက်တတ်သူတွေအတွက် ဗဟုသုတလေး
မြန်မာမှာချဉ်ဖတ်မျိုးစုံရှိသလို ဂျပန်မှာလည်း ချဉ်ဖတ်မျိုးစုံရှိပါတယ်။
ထူးဆန်းတာက လုပ်ပုံလုပ်နည်းပါ တူတဲ့နည်းတွေရှိနေတာပါ။

ချဉ်ဖတ်ကို ဂျပန်ပန်လို 漬物(つけもの)လို့ခေါ်ပါတယ်။

🇯🇵 日本の漬物 (ဂျပန်ချဉ်ဖတ်)

日本の漬物は、きゅうり、大根、白菜、なすなどの野菜を、塩・酢・ぬか・みそ・しょうゆなどで漬けて作ります。素材本来の味や食感を大切にし、比較的あっさりした味付けが特徴です。

ဂျပန်ချဉ်ဖတ်များကို သခွားသီး၊ မုန်လာဥဖြူ၊ ဂေါ်ဖီထုပ်၊ ခရမ်းသီး စတဲ့ ဟင်းသီးဟင်းရွက်များကို ဆား၊ ရှာလကာရည်၊ နုကာ (ဆန်ဖွဲ)၊ မီဆို၊ ပဲငံပြာရည်တို့ဖြင့် ချဉ်ဖတ်လုပ်ကြသည်။ ဟင်းသီးဟင်းရွက်၏ မူလအရသာနှင့် အရသာခံစားမှုကို ထိန်းသိမ်းထားပြီး အရသာပေါ့ပေါ့ပါးပါး ဖြစ်သည်မှာ ထူးခြားချက်ဖြစ်သည်။

日本では、ご飯のお供として食べたり、お弁当に入れたり、和食の付け合わせとして食べることが一般的です。

ဂျပန်တွင် ချဉ်ဖတ်ကို ထမင်းနှင့်တွဲဖက်စားသုံးခြင်း၊ ထမင်းဘူး (お弁当) ထဲတွင် ထည့်ခြင်းနှင့် ဂျပန်ဟင်းလျာများ၏ အရံဟင်းအဖြစ် စားသုံးခြင်းတို့ကို အများဆုံးတွေ့ရသည်။

🇲🇲 ミャンマーの漬物 (မြန်မာချဉ်ဖတ်)

ミャンマーの漬物は、マンゴー、小さな大根、からし菜、たけのこなどを、塩や発酵によって漬けて作ります。

မြန်မာချဉ်ဖတ်များကို သရက်သီး၊ မုန်လာဥဖြူ (အပင်လိုက်)၊ မုန်ညင်းရွက်၊ ဝါးမျှစ် စသည်တို့ကို ဆားနှင့် သဘာဝအချဉ်ဖောက်နည်းဖြင့် ပြုလုပ်ကြသည်။

食べるときには、唐辛子、にんにく、エビ粉、ごま油などを加え、自分の好みに合わせて味付けすることもあります。

စားသုံးသည့်အခါတွင် ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်မှုန့်၊ နှမ်းဆီ စသည်တို့ကို ထပ်မံထည့်သွင်းကာ မိမိနှစ်သက်သလို အရသာပြင်ဆင်၍ စားသုံးလေ့ရှိကြသည်။

🌸 共通点と違い(တူညီချက်နှင့် ကွာခြားချက်)

✅ どちらも野菜を保存するための伝統的な食品です。
→ နှစ်နိုင်ငံလုံးမှာ ချဉ်ဖတ်ဟာ ဟင်းသီးဟင်းရွက်ကို ကြာရှည်ခံအောင် ထိန်းသိမ်းဖို့ အသုံးပြုလာတဲ့ ရိုးရာအစားအစာ ဖြစ်ပါတယ်။

✅ 日本の漬物は素材の味を大切にします。
→ ဂျပန်ချဉ်ဖတ်က ဟင်းသီးဟင်းရွက်ရဲ့ မူလအရသာကို အလေးထားပါတယ်။

✅ ミャンマーの漬物は酸味や辛味、香りを生かした味が特徴です。
→ မြန်မာချဉ်ဖတ်က ချဉ်၊ စပ်၊ မွှေးတဲ့ အရသာတွေကို ပိုမိုအလေးထားပါတယ်။

📚 今日の単語(ဒီနေ့လေ့လာရန် စကားလုံးများ)

漬物(つけもの)= ချဉ်ဖတ်
発酵(はっこう)= အချဉ်ဖောက်ခြင်း
保存(ほぞん)= ထိန်းသိမ်းခြင်း
付け合わせ(つけあわせ)= အရံဟင်း
共通点(きょうつうてん)= တူညီချက်
違い(ちがい)= ကွာခြားချက်



ဂျပန်တွေပြောတာကို တော်တော်များများနားလည်ပြီး ဂျပန်စကားပြန်ပြောဖို့ကျဘာကြောင့် မတတ်ကြသလဲ?🤔ခုရက်ပိုင်း တပည့်တွေလာမေးကြတဲ့အ...
09/07/2026

ဂျပန်တွေပြောတာကို တော်တော်များများနားလည်ပြီး ဂျပန်စကားပြန်ပြောဖို့ကျဘာကြောင့် မတတ်ကြသလဲ?🤔
ခုရက်ပိုင်း တပည့်တွေလာမေးကြတဲ့အကြောင်းအရာထဲ အများဆုံးအကြောင်းအရာက ဂျပန်စာ level တစ်ခုရောက်တာတောင်မှ ဂျပန်စကားကိုသေချာမပြောနိုင်လို့ ဘယ်လိုရမလဲဆိုတာပဲ။
ဂျပန်တွေပြောတာတော့ ၇၀ ရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်းလောက် နားလည်ပြီး ကိုယ်ကပြန်ပြောဖို့က ၂၀ ရာခိုင်နှန်းတောင် မရှိဘူးလို့ ခံစားနေရတယ်။
ဒါက ဘာသာစကားသင်တန်းကျောင်းတော်တော်များများရဲ့ အားနည်းချက်လို့ ထင်ရနိုင်ပေမယ့် တကယ်တမ်း ကျွန်တော်တို့ ဂျပန်သာသာစကားသင်တန်းကျောင်းမှာ စကားပြောကို ဦးစားပေးသင်ဖို့ အချိန်မရဘူး။
လက်ရှိမှာ ဂျပန်သာသာစကားသင်တန်းတက်ကြသူတွေအားလုံး ၉၉ ရာခိုင်နှုန်းက အချိန်တိုတွင်းအောင်လက်မှတ်ရပြီ ဂျပန်မြန်မြန်ရောက်ဖို့ပဲ စိတ်အားထက်သန်နေကြတာ။ စကားပြောတတ်အောင် သင်ရမယ်။ လေ့ကျင့်ရမယ်။ အချိန်တော့ ပေးရမယ်လို့ပြောလိုက်ရင် အဲ့သင်တန်းကျောင်းလာတက်ကြမှာမဟုတ်ဘူး။
တကယ်တော့ ဘာသာစကားကို သင်နေတဲ့ ကျွန်တော်တို့ရဲ့ သင်ကြားရေးစနစ်ရော သင်ယူနေကြတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ခံယူချက်ရောက လွဲနေတာ။
ဘာသာစကားဆိုက အကြား => အပြော => အရေး => အဖတ် ဆိုတဲ့ အစဉ်နဲ့သွားရတာ။
အဲ့ဒါကို ကျွန်တော်တို့က အရေး => အဖတ် => အကြား => အပြော
ဒီလို ပြောင်းပြန်သင်နေတော့ ဘာသာစကားကို အရေးအဖတ်အကြားအထိ တော်တော် ထိရောက်ပေမယ့် အပြောပိုင်းမှာ အားနည်းကုန်တာ။
အတွေ့အကြုံအရ ပြောရရင် ဂျပန်စကားပြောအမြန်တိုးတက်စေတဲ့ တကယ်ထိရောက်စေတဲ့နည်း ၃ နည်းရှိတယ်။
၁။ ဂျပန်လူမျိုးနဲ့အတူတွဲပြီး စကားပြောလေ့ကျင့်တာ (အလုပ်အတူလုပ်ရင်းသင်ယူရရင်ပိုကောင်း)
(ဒါကအထိရောက်ဆုံးနဲ့ အကောင်းဆုံးနည်းဆိုပေမယ့် အခွင့်အလမ်းနည်းတယ်)
၂။ ဂျပန်ဇာတ်လမ်းတွေ ၊ Anime တွေ ကြည့်ပြီးလိုက်ပြောတာ ဂျပန်သီချင်းတွေ ဆိုပြီးလေ့ကျင့်တာ
(ဒါကလုပ်ရတာလွယ်‌ပေမယ့် စကားတွေက ဟိုရောက်ဒီရောက်နဲ့ လက်တွေ့မှာအသုံးချဖို့ ခက်တာမျိုး မသုံးသင့်တဲ့စကား မှားသုံးမိတာမျိုး ဖြစ်တတ်တယ်။)
၃။ အခြေခံ Grammar တွေကိုပိုင်နိုင်အောင်လေ့လာပြီး စကားလုံးများများနဲ့ အစားထိုးပြီး လေ့ကျင့်တာ
ဒါကတော့ တကယ်သာလေ့ကျင့်မယ်ဆို ၃ ၄ လအတွင်း စကားပြောစွမ်းရည်တိုးတက်လာနိုင်တယ်။ ပါးစပ်ကအမြဲလိုလို ပြောကျင့်ကြည့်နေတဲ့အတွက် တကယ်ပြောဖို့ အခြေအနေကြုံလာတဲ့အခါ စဉ်းစားစရာမလိုဘဲ သူ့အလိုလို ထွက်လာတာ။
ဒီနည်းလမ်းက N5 N4 Grammar ပိုင်ပြီး စကားလုံးများများသိရုံနဲ့ အလုပ်ဖြစ်တယ်။
အဲ့ဒါကြောင့် တစ်ပတ် တစ်ရက် တနင်္ဂနွေနေ့တိုင်း စကားပြောလေ့ကျင့်လို့ရမယ့် Post တွေတင်ပေးပါမယ်။
သိသူဖော်စားမသိသူကျော်သွားပေါ့။
စကားပြောဆိုတာကတော့ ဆရာတွေက သင်ပေးရုံနဲ့ မတတ်ပါဘူး။
ကိုယ်ကိုယ်တိုင် လေ့ကျင့်မှ ရမှာပါ။



07/07/2026

Step ကို​ နေရာအသစ်​ဖြစ်တဲ့​
မြောက်ဥက္ကလာမှာဖွင့်ခဲ့တာ 3နှစ်ပြည့်သွားပြီ ရှေ့ဆက်လည်း ဒီထက်မက အောင်မြင်မှုတွေနဲ့အတူ ကျောင်းသားတွေအတွက် အခွင့်အရေးကောင်းတွေ ပိုမိုဖန်တီးပေးနိုင်ပါစေ။ 💙💪

Address

No(2), 3rd Floor, May Dharwi Street, Sa Ward, North-Okkalapa Township
Yangon
11031

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959454824209

Website

Alerts

Be the first to know and let us send you an email when New Step Foreign Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to New Step Foreign Language Centre:

Shortcuts

Share

Category