06/01/2021
မင်္ဂလာပါ ချစ်ညီမလေးတို့ရေ
နှစ်သစ်မှာ အိပ်မက်သစ်တွေ တူတူရှာရအောင်နော်
2020 က အားလုံးသိကြတဲ့အတိုင်း စိတ်ညစ်စရာတွေနဲ့မို့ ရည်ရွယ်ချက်တွေ ပျောက် ...ပိုက်ပိုက်တွေလဲ ပျောက်ခဲ့ကြသူတွေ အများသားပဲနော်
အဲ့လို စိတ်ညစ်စရာတွေ ကို ထားခဲ့လိုက်ပါတော့
နှစ်သစ်မှာ ရည်မှန်းချက်အသစ်တွေနဲ့ ပညာတွေ သင်ကြမယ်
ပိုက်ပိုက်တွေ ရှာကြမယ်လေနော်
ကဲ လက်မှုပညာ ဝါသနာပါသူတွေ အတွက်တော့
စက်ချုပ်လေးသင်မလား...
ပိတ်စတွေပေါ်မှာ ပန်းပွင့်ပန်းခက်နဲ့ Design ဆန်းတွေရေးဖို့ ပိတ်လက်ရေးပန်းချီ(Hand Painting) သင်တန်းလေးသင်မလား
အဝတ်စားဒီဇိုင်းဆန်းတွေနဲ့ လူပုံလှလှတွေ တီထွင်ဆွဲချင်သူတွေအတွက် Fashion Illustration သင်တန်းလေးတတ်မလား
စီးကွမ့်ထိုး ဆေးရိုက်လုပ်ငန်းလုပ်ချင်ပေမယ့် ဒီဇိုင်းဆန်းမထုတ်တတ်လို့စိတ်ညစ်နေသူတွေအတွက် #ပန်းပွင့် #ပန်းခက် အမျိုးမျိုး ရေးနည်းနဲ့ #ချိတ်လိုင်း #ကနူတ် ရေးနည်းလေးတွေ သင်ချင်လား
Page အသစ် ပြန်လုပ်တဲ့အထိမ်းမှတ်နဲ့ 50000 တန် သင်တန်းတန်းခွဲတစ်ခုကို 26000 ကျပ်ထဲနဲ့ သင်ကြားခွင့်ရမှာပါ
ကဲ တန်းခွဲတစ်ခုစီကို ဘာတွေ သင်ပေးမလဲ ပြောမယ်နော်...
👉 စက်ချုပ်သင်တန်း. အခြေခံ ကိုယ်တိုင်းနည်းကစပြီး ပုံကျကျ ချုပ်နိုင်အောင် သင်ကြားပေးမှာပါ
အခြေခံ ရင်ဖုံး၊ ရင်စေ့နဲ့ အင်္ကျီပုံဆန်းတွေ. ဂါဝန်၊ ချိတ်ထမီ၊ ပက်ထမိန်၊ သုံးလွှာ ၊ လေးလွှာ ၊ A စကပ်၊ Office စကပ်တွေကို Pattern ဆွဲနည်း ချုပ်နည်းတွေအပြင်
အနေနဲ့ Ready to Wear pattern တွေပါ သင်ပေးဦးမှာပါနော်...
👉 ပိတ်ပန်းချီရေးနည်း(Hand Painting Class)..ပန်းပွင့် ပန်းခက် ၊လိပ်ပြာ၊ ငှက်အမျိုးမျိုး ပန်းကနုတ်ရေးနည်း အခြေခံတွေက စလို့
ပိတ်စပေါ် ကူးဆွဲနည်း ဆေးဖြည့်နည်းများ၊ ကာလာသီအိုရီတွေ ၊ ပုံတွေ လှပနေဖို့ သိသင့်တဲ့ အလင်း အမှောင်အကြောင်းတွေကို စနစ်တကျ သင်ကြားပေးမှာပါ
သင်တန်းပြီးသွားရင်တော့ အထည်တွေမှာသာမက T Shirt တွေ.. ပိုက်ဆံအိတ်. ဖိနပ်တွေ နဲ့ အိမ်နံရံတွေကိုပါ အလှဆင်ရင်း အပိုဝင်ငွေတွေ ရှာနိုင်မှာပါနော်
👉 Fashion Illustration Class...
ကိုယ်ပိုင် Fashion ဆန်းဆန်းထွင်ချင်သူတွေအတွက်..
လူခန္တာကိုယ် ဟန်ပန်အမျိုးမျိုးရေးနည်း
ဆံပင်ပုံစံ အမျိုးမျိုးရေးနည်း ၊ အလင်းအမှောင်နဲ့ ဆေးခြယ်နည်း
ပိတ် အပျော့အမာ အတွန့် အခေါက် ရေးဆွဲနည်း
အဝတ်စား ဒီဇိုင်း အမျိုးမျိုးရေးဆွဲနည်းနဲ့
ကာလာ သီအိုရီတွေကို သင်ကြားပေးမှာဖြစ်ပါတယ်နော်
👉 ပန်းပွင့်၊ ပန်းခက်နဲ့ ကနုတ်၊ ချိတ်လိုင်း ရေးနည်း.... #ဒါလေးကတော့ တန်းခွဲအသစ်လေးပါ လက်မှုလုပ်ငန်း၊ ပန်းထိုး၊ စီးကွင့်ထိုး၊ ဆေးရိုက်လုပ်ချင်သူတွေအတွက် ကိုယ်ပိုင် ဒီဇိုင်းတွေ ထုတ်နိုင်ဖို့...
ပန်းအမျိုးမျိုးရေးနည်း၊ ကနုတ်အမျိုးမျိုးရေးနည်း၊ ချိတ်လိုင်းရေးနည်း၊ ငှက်၊ လိပ်ပြာ ရေးနည်း၊ ပန်းပွင့် Pattern များ ထုတ်နည်း နဲ့ ကာလာသီအိုရီ အတွဲအစပ်တွေ လှပအောင် တွဲစပ်နည်း စတာတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်ရှင့်..
👉 သင်ကြားပေးမယ့် ပုံစံက 👉Online Class ဖြစ်ပြီးတော့..
Zoom, Google Meet, Facebook Group, Chat Group တွေမှာ လက်တွေ Video တွေ Live Video တွေနဲ့ သင်ကြားပေးမှာပဲ ဖြစ်ပါတယ်နော်....
လူဦးရေ ကန့်သတ်ထားတာမို့ နှစ်ခါမရနိုင်တဲ့ အခွင့်ရေးတွေ မဆုံးရှုံးဖို့ အမြန်လေး အပ်နှံနိုင်ပါပီနော်
သင်တန်းတွေ စမှာတော့
ဇန်နဝါရီလ 15ရက်နေ့ပါ...
သင်တန်းကာလ 1 လ ပါ...
သင်တန်း အပ်ချင်သူတွေက
👉 အောက်က အဆင်ပြေရာ အကောင့်တွေကို ငွေလွှဲပြီး အပ်နှံနိုင်ပါတယ်ရှင့်
wave money .09445592461
KBZ pay . 09970632399
MAB Acc - 6262 2000 8186 1334
CB Acc - 3571 0830 0367 8389
အသေးစိတ်သိလိုပါက
09 445 592 461 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်
❤️❤️🥰