06/10/2023
A Shout out to Sayar ဦးတူး and my Lovely Teachers ❤️🤗 I am on cloud 9!!
Physics နဲ့ Science ကို crazy ဖြစ်တာရဲ့အစက ဆရာဦးအောင်မြဦးပဲ။ ဇာရာ သင်တဲ့ ပုံစံ (Critical Thinking နဲ့ အရင် လိုက်တွေးကြည့်ပြီးမှ စာနဲ့ ချိတ်တာ အဲ့တာ ဆရာနဲ့ စာသင်တုန်းက သင်ခံရတဲ့ပုံပဲ။
၂၀၀၇-၂၀၀၈ ၁၀ တန်းပြီးထဲ Science concept တွေဆိုတယ ခေါင်းထဲ ခုထိ အကုန်ကျန်တယ်။
ဒါလေးတွေက ကျောင်းက Primary အတန်းတွေ သင်တဲ့ ဆရာမ တွေကို Cambridge Science Year 1 to 6
Science Teacher Training ၁ လခွဲ ပေးအပြီး assessment ပြန်စစ်ထားတာပါ။
ဆရာမတွေက Year 1 ကနေ 6 ထိအကုန်ပါတယ်။ ဆိုတော့တချို့ Topic တွေ Unit တွေဆို year 5,6 မှာမှပါတာ အငယ်တန်းတွေမှာမပါဘူး။ ပိုးဆိုးတာက တချို့ဆရာမတွေဆို English/ Global Perspective / ICT အပြင် မြန်မာစာ ဆရာမပါပါတယ် ဟီးဟီး။
ဒါပေမယ့်လည်း မငြီးမညူ လိုက်နားထောင် လိုက်ခေါင်းစားခံပေးတာ တကယ်ကျေးဇူးတင်ပါတယ်။
Science concept တွေဆို အရမ်းကို Share ချင်လို့ တခါတလေ overshare ဖြစ်သွားရင်လဲ တောင်းပန်ပါတယ် 😅
နောက်ပြီးဇာရာ့ မေးခွန်းတွေက ဘယ်တော့မှ မလွယ်ပါဘူး ( ကလေးတွေဆို အတင်းတုတ်တာ အတန်းထဲမှာ စခွီထသလောက် မေးခွန်းရှယ်Tတ် တဲ့ဆရာမဆိုပြီး 🤣)
အမှန်က concept တွေတကယ်သိသလားမွှေတာ။ ဆေးကျောင်းက MCQ stem တွေမေးတဲ့ ပုံစံမေးချတာ။ မေးခွန်းခေါင်းစဉ် တစ်ခုအောက်မှာ အဖြေမှန်က တစ်ခုလဲ ဖြစ်နိုင်တယ် တစ်ခုထက်လဲပိုနိုင်တယ် More than one answer ပေါ့နော် ( ဒါတောင် minus system carried over မလုပ်ထားဘူး ဟိဟိ)
ခုResult လေးတွေကြည့်ပြီး စိတ်ချမ်းသာတယ် တအားပဲ။ ( ၈၃ မှတ်ဖိုးမှာ ၁၁ မှတ်ပဲလျှော့တဲ့ တီချယ်တောင်ရှိတယ် ကျေနပ် ဟိဟိ)
အထူးသဖြင့် Science မဟုတ်တဲ့ဘာသာသင်တဲ့ဆရာမတွေ။ အမှတ်တွေကိုကြည့်လိုက် 🤩🔥💯 ။ (အဲ့တာ ပြောတာ Sciencr is for everyone ပဲ ဘာမှလာမပြောနဲ့ ဟိဟိ) တချို့ကတော့ အမှတ်အရမ်းကောင်းပေမယ့် Science ကို သင်ဖို့ ဝါသနာမပါတဲ့တီချယ်တွေကတော့ ဇာရာ စိတ်မကောင်းဘူးပေါ့နော်။ Concept မိတဲ့တီချယ်တွေဆို ကလေးတွေကို သင်စေချင်တာ။
Thank you so much dear teachers.
Last, but not least အချစ်ဆုံးဆရာ ဦးတူးရဲ့ Legacy လဲ ထိန်းနိုင်အောင်ကြိုးစားပါ့မယ် 😍
23/09/2023
ဉာဏ်စမ်း (လွယ်လွယ်လေး 🤭)
သိပ္ပံ အကြောင်း သိပ်မသိလဲ ဖြေကြည့်နော်။ မေးခွန်း ၁,၂,၃ က ခဏလေးစဉ်းစားတာနဲ့ရပြီ 🤗
မောင်မောင်က ၅၀ kg ဒြပ်ထုရှိတယ်။ ကမ္ဘာပေါ်မှာ သူစခွန်အား 1000 ဖိုး သုံးပြီး ခုန်တာ 2 ပေ လောက် အမြင့်ခုန်နိုင်တယ်။
အဲ့ဒီ ၅၀ kg ဒြပ်ထုရှိတဲ့ မောင်မောင်ကပဲ လ ပေါ်ကိုရောက်သွားတယ်။ လပေါ်မှာ ခွန်အား 1000 ဖိုး သုံးပြီး ခုန်တယ်။
မေးခွန်း
၁။ မောင်မောင်နဲ့ ကမ္ဘာကြားက ဆွဲအား နဲ့
မောင်မောင်နဲ့ လ ကြားကဆွဲအား က ဘယ်နှစ်ဆ ကွာလဲ? ဘာကြောင့်လဲ?
၂။ မောင်မောင် က လပေါ်မှာ ခုန်ရင် (အကြမ်းဖျင်း) ဘယ်နှစ်ပေ မြင့်နိုင်မလဲ? ဘာကြောင့်လဲ?
၃။ မောင်မောင် လပေါ်မှာ ခုန်တဲ့ အမြင့်အတိုင်း ကမ္ဘာပေါ်မှာ ရအောင် ခုန်ဖို့ဆိုရင် ခွန်အား ဘယ်လောက်ဖိုးတောင် သုံးရမလဲ?
၄။ ဘာလို့ လရဲ့ ဒြပ်ထုက ကမ္ဘာထက် ၈၁ ဆ တောင် နည်းတာကို လရဲ့ဆွဲအားက ဘာလို့ ကမ္ဘာထက် ၆ ဆ ပဲ နည်းရတာလဲ? (ဒီမေးခွန်းကတော့ Physics ကို တော်တော်လေး လေ့လာထားမှ ဖြေနိုင်မှာမို့ ခေါင်းခြောက်ရင် မစဉ်းစားပါနဲ့နော်။ နောက် တစ်ပါတ်မှာ ကျွန်မ ဒါလေးကို Video လေးနဲ့ ရှင်းပြပါမယ်နော်။)
**အခေါ်အဝေါ်ရှင်းလင်းချက်**
(ဒြပ်ထု mass ဆိုတာ သူ့ကို လုပ်ထားတဲ့ အမှုန်တွေရဲ့စုစုပေါင်း တန်ဖိုးကိုပြောတာ)
အလေးချိန် (weight) ဆိုတာက ဒြပ်ထုရှိတဲ့ အရာဝတ္တတု နှစ်ခုကြားက ဆွဲအား (gravity) လို့လဲခေါ်တယ် မြန်မာလိုက ကမ္ဘာ့ဆွဲအား / လဆွဲအား/ ဂြိုလ်ဆွဲအားလို့ခေါ်တယ်။
နောက် တပါတ်ကြရင် ဒါနဲ့ ဆက်စပ်တဲ့ escape velocity (ဂြိုလ်တွေ၊ လတွေ နေတွေ ,black hole တွေရဲ့ ဆွဲအားကနေ လွတ်ထွက်ဖို့ လိုအပ်တဲ့ အလျင် ) အကြောင်းပြောပါမယ်နော်။
Support me by ike, follow and share plz🤗
17/04/2023
နိုင်ငံခြားသွားရင် ပထမဆုံးရှာတာက အဲ့ဒီနိုင်ငံမှာ Science museum ရှိလားအရင်ရှာပါတယ်။ အခု Video လေးတွေက Singapore science centre သွားတုန်းက ရိုက်ထားတာပါ ။
အပိုင်း ၁ ပါ။ အပိုင်း ၂ အပိုင်း ၃ လာပါမယ်။ သိပ္ပံနဲ့ ပါတ်သတ်တဲ့ Video လေးတွေ knowledge တွေ share ပေးမှာ မို့ Like and follow လေးလုပ်ပေးကြပါနော်။
Video တစ်ခုချင်းစီ ကို caption နဲ့ရော အောက်မှာ comment အနေနဲ့ရော ပုံလေးတွေနဲ့ထပ်ရှင်းပေးထားပါတယ်။
သိပ္ပံစိတ်ဝင်စားသူ ဘယ်သူမဆို လွတ်လပ်စွာ Share နိုင်ပါတယ်။ ကလေးလေးတွေ ရှိရင်လဲ ပြပေးကြပါနော်။
သိပ္ပံဆိုတာ ကျက်စာမဟုတ်ဘူး စိတ်ဝင်စားစရာအကြောင်းအရာတွေဆိုတာ ကလေးတွေ သိဖို့လိုပါတယ်
PS
ကလေးတွေကို Science museum တွေ ခေါ်သွားကြပါ ဈေးလဲ မများပါဘူး။ Singapore မှာ science centre ရှိတယ် India ကလက္ကတားမှာဆို Science city ရှိတယ်။
ကျွန်မ အကြိုက်ဆုံးကတော့ Washinton DC က Smitsonian museum တွေပါ။ (scholarship အသေးလေးတစ်ခုနဲ့သွားတုန်းက ရောက်ဖူးတာပါ။ )
Smitsonian museum တွေက tay လောက်အောင်မိုက်ပါတယ် US ရောက်နေတဲ့ ကလေးတွေဆိုပို့ဖြစ်အောင်ပို့ပါ သူက FOC ပါ။ natural history museum မှာဆို ကျောက်ဖြစ်ရုပ်ကြွင်းတွေကအစ သဘာဝနဲ့ပါတ်သက်တာ အကုန်ပြထား ပြီး Museum of air and space ဆို astronaut ဝတ်စုံတွေ rocket တွေ space ship တွေကအစ ဥက္ကခဲတွေထိရှိတယ်။
(ဖုန်းခိုးခံရလို့ အဲ့ museum တွေက ရိုက်လာတဲ့ ပုံ ထောင်နဲ့ချီပြီးပါသွားတာ တော်တော် စိတ်မကောင်းတာ)