20/07/2026
🎨 Certificate in Introduction to Kanote & Myanmar Traditional Art
ကနုတ်ပန်းရေးဆွဲခြင်းအနုပညာကို စနစ်တကျ လေ့လာလိုသူများ၊ မိမိ၏ Illustration, Design, Painting နှင့် အခြား Creative Works များတွင် မြန်မာ့ Visual Elements များကို ခေတ်ပြိုင်အမြင်ဖြင့် ပြန်လည်ဖန်တီး အသုံးချလိုသူများအတွက် MCTC မှ Certificate Course in Introduction to Kanote & Myanmar Traditional Art သင်တန်းကို ဖွင့်လှစ်လိုက်ပါပြီ။ ✨
📚 သင်တန်းအဆင့် Level (၂) မျိုးရှိပါတယ်။
1. Basic Course (3 Months)
_ကနုတ်ပန်းအခြေခံရေးဆွဲနည်းများ
_မြန်မာမှုအနုပညာကို စတင်နားလည်ရန် လိုအပ်သော အခြေခံဗဟုသုတများ
_လက်တွေ့ရေးဆွဲလေ့ကျင့်မှုများ
Basic Course တစ်ခုတည်းကိုလည်း သီးသန့်တက်ရောက်နိုင်ပါတယ်။
အချိန်အကန့်အသတ်ရှိသူများ၊ အခြေခံမှ စတင်လေ့လာလိုသူများအတွက် သင့်တော်သော Course ဖြစ်ပါတယ်။
2. Advanced Course (3 Months)
(Basic Course ပြီးမှသာ ဆက်လက်တက်ရောက်နိုင်ပါမယ်။)
Advanced Course တွင် အခြေခံထက် ပိုမိုနက်ရှိုင်းသော သင်ခန်းစာများကို သင်ကြားပေးမည်ဖြစ်ပြီး—
_ကနုတ်ပန်းသဘောတရားနှင့် ရေးဆွဲနည်းများ
_မြန်မာမှုဗိသုကာ မိတ်ဆက်
_ခေတ်အလိုက် ဝတ်စားဆင်ယင်ဟန်များ
_မြန်မာမှု သုတေသန
_မြန်မာ့ရိုးရာပန်းချီ၏ ဆင့်ကဲပြောင်းလဲမှုများ
_မြို့တွင်း Field Trip များ
_Research Paper ပြုစုတင်သွင်းခြင်း
စသည့် အကြောင်းအရာများကို ပိုမိုကျယ်ပြန့်စွာ လေ့လာနိုင်မှာဖြစ်ပါတယ်။
(Basic Course တစ်ခုတည်းကိုလည်း ရွေးချယ်တက်ရောက်နိုင်ပါတယ်။ Advanced Course ကိုတော့ Basic ပြီးမှသာ ဆက်လက်တက်ရောက်နိုင်ပါတယ်။)
✨ ဘာကြောင့် ဒီသင်တန်းကို တက်ရောက်သင့်တာလဲ?
_ကနုတ်ရေးဆွဲခြင်းကို စနစ်တကျ လေ့လာလိုသူများအတွက် အခြေခံကောင်းတစ်ခု တည်ဆောက်ပေးနိုင်ခြင်း၊
_ရှာဖွေရခက်ခဲသော မြန်မာမှုဆိုင်ရာ Knowledge နှင့် Visual References များကို စနစ်တကျ လေ့လာနိုင်ခြင်း၊
_မိမိ၏ Creative Works များတွင် မြန်မာ့ယဉ်ကျေးမှုအခြေခံ Visual Elements များကို ခေတ်ပြိုင်ပုံစံဖြင့် ပြန်လည်ဖန်တီး အသုံးချနိုင်ခြင်း။
🖌️ သင်ကြားမည့်ပုံစံ
စာသင်ခန်းအတွင်း သင်ကြားမှုတင်မကဘဲ—
Class Exercises
Group Projects
Field Trips
Visiting Professor Sessions
Practical Learning
Research & Documentation
စသည့် လက်တွေ့အတွေ့အကြုံကို အခြေခံသော သင်ကြားရေးပုံစံများဖြင့် လေ့လာနိုင်မှာဖြစ်ပါတယ်။
👨🏫 သင်ကြားပေးမည့်ဆရာများ
အငြိမ်းစားပါမောက္ခကြီး ဦးတင်မောင်လွင် မှ အဓိကသင်ကြားပေးမည်ဖြစ်ပြီး၊
သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပြင်ပကျွမ်းကျင်ပညာရှင်များကလည်း လာရောက်၍ အတွေ့အကြုံနှင့် ဗဟုသုတများကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
🎓 သင်တန်းပြီးဆုံးပါက
_Certificate ရရှိမည်။
_ကနုတ်ပန်းရေးဆွဲခြင်းကို စနစ်တကျ နားလည်နိုင်မည်။
_Illustration, Design, Painting နှင့် အခြား Creative Works များတွင် မြန်မာမှုကို ပိုမိုနက်ရှိုင်းစွာ ထည့်သွင်းအသုံးချနိုင်မည်။
🕙 သင်တန်းအချိန်
တစ်ပတ်လျှင် (၂) ရက်
Wednesday – 10:30 AM – 12:30 PM
Friday – 10:30 AM – 12:30 PM
📩 အသေးစိတ်အချက်အလက်များနှင့် စာရင်းပေးသွင်းလိုပါက Page Messenger (DM) မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။