17/12/2025
လူမှုအကျိုးပြုစီးပွားရေး (Social Impact Business) ကို သင် သိပြီးပြီလား?
ယနေ့ခေတ်မှာ
👉 လှူဒါန်းခြင်းတစ်ခုတည်း မလုံလောက်တော့ပါဘူး
👉 အမြတ်ရလည်းရ၊ လူမှုအကျိုးလည်း ပြုနိုင်တဲ့
ရေရှည်တည်တံ့တဲ့ စီးပွားရေးမော်ဒယ်တွေ က အဓိကအခန်းကဏ္ဍယူလာနေပါပြီ။
ဒီအကြောင်းအရာကို
MBE Advisory Board Member – ဒေါက်တာဇော်နိုင် က
“Beyond CSR and NGOs: Sustainable Social Impact Businesses in Asia”
ခေါင်းစဉ်နဲ့ အပြည့်အစုံ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
🔍 Webinar မှာ ဘာတွေ သိနိုင်မလဲ?
✅ CSR / NGO နဲ့ Social Impact Business တို့ရဲ့ ကွာခြားချက်များ
✅ အမြတ်ရ + လူမှုအကျိုးပြု = ရေရှည်စီးပွားရေးမော်ဒယ်များ
✅ အာရှဒေသအတွင်း အောင်မြင်နေတဲ့ Real Case Studies များ
📌 Webinar အသေးစိတ်
📅 နေ့ရက် – ၁၉ ဒီဇင်ဘာ ၂၀၂၅
⏰ အချိန် – ည ၇:၀၀ နာရီ
💻 နေရာ – Zoom (Online)
https://us06web.zoom.us/j/82683629738?pwd=UQFb4IdF6hzxDEoUaTUirAalKlNpXY.1
Meeting ID: 826 8362 9738
Passcode: bcd2025
🚀 ဒီ Webinar ကို ဘယ်သူတွေ တက်သင့်လဲ?
✔ လူမှုရေးနဲ့ စီးပွားရေးကို ပေါင်းစပ်ပြီး ဖွံ့ဖြိုးစေချင်သူများ
✔ Entrepreneur / Business Owner / Startup Founder များ
✔ NGO, CSR, Social Enterprise အလုပ်လုပ်နေသူများ
✔ အနာဂတ်အတွက် အကျိုးရှိတဲ့ စီးပွားရေးကို လုပ်ချင်သူတိုင်း
👉 အခုပဲ စာရင်းသွင်းပြီး
အမြတ်နဲ့ လူမှုအကျိုးကို တပြိုင်နက်တည်း ဖန်တီးနိုင်တဲ့
စီးပွားရေးအမြင်သစ်တွေ ရယူလိုက်ပါ!
📩 Register Now!
https://forms.gle/NsW27tnTdbjoouey8
20/11/2025
🔔🔔🔔MBE ညီအစ်ကို မောင်နှမများ မင်္ဂလာပါ ခင်ဗျာ 🔔🔔🔔
🔈🔉🔊နှစ်စဉ် November လတွင် ကျင်းပပြုလုပ်လျက်ရှိသော GEW (Global Entrepreneurship Week) Myanmar ပြန်လည်ရောက်ရှိလို့လာပါပြီ ခင်ဗျာ 🔈🔉🔊
ယခုနှစ် GEW 2025 အတွက် ကျွန်တော်တို့ Myanmar Business Executives Association အသင်းက အထိမ်းအမှတ်အဖြစ် စီစဉ်ပြုလုပ်သည့်
“Together We Build: How Humans + AI Are Redesigning Entrepreneurship” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲလေးကို
ကျွန်တော်တို့ SBD Committee ရဲ့ Co-chairperson, Dr. Kyaw Phyo Linn က Online ဟောပြောဆွေးနွေးသွားမည် ဖြစ်ပါသောကြောင့် AI ကိုစိတ်ပါဝင်စားသူများ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
👉 စီးပွါးရေးနယ်ပယ်ကို ခေတ်မီ Humans + AI နည်းပညာတွေအကူအညီနဲ့ ပိုမိုတိုးတက်အောင် ဒီဇိုင်းရေးဆွဲဆောင်ရွက်ကြမယ်
👉 AI ကို ခြိမ်းခြောက်မှုလို့ မြင်နေသေးလား? (သို့) ကြိုဆိုမလား?
👉 ဒီဆွေးနွေးပွဲမှာ သင်သိရှိရမယ့် အချက် (၃) ချက်
၁။ AI ကို အသုံးချပြီး လုပ်ငန်းတိုးတက်အောင် ဘယ်လိုလုပ်မလဲ?
၂။ လူသားတွေရဲ့ အားသာချက်ဖြစ်တဲ့ ဆန်းသစ်တီထွင်မှု၊ စီမံခန့်ခွဲမှုစွမ်းရည်တွေကို ဘယ်လိုမြှင့်တင်မလဲ?
၃။ AI ခေတ်မှာ အောင်မြင်တဲ့ စွန့်ဦးတီထွင်သူဖြစ်ဖို့ ဘယ်လိုပြင်ဆင်မလဲ?
အထက်ပါအကြောင်းအရာများ ဗဟုသုတမျှဝေမည့် ပွဲလေးဖြစ်ပါတယ် ခင်ဗျာ
“Together We Build: How Humans + AI Are Redesigning Entrepreneurship”
Speaker - Dr. Kyaw Phyo Linn (MBE)
📅 နိုဝင်ဘာ ၂၂၊ ၂၀၂၅ (စနေ)
⏰ မွန်းလွဲ ၂:၀၀ - ၃:၃၀
💻 Zoom Online
Meeting ID: 838 1551 4818
Passcode: gew
အခမဲ့ တက်ရောက်နိုင်ပါသည်။
Registration Link
https://forms.gle/iAaVL5oDDEMrsYP99
ဆက်သွယ်ရန်:
MBE - [email protected], +95 4200 699 02
01/09/2025
အားလုံးကို အသိပေး ကြေငြာထားတဲ့အတိုင်းပဲ
ကျွန်တော်တို့ MBE ရဲ့ BCB Centre ကနေ ကြီးမှူးဖွင့်လှစ်တဲ့
💼✨ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐈𝐦𝐚𝐠𝐞 & 𝐒𝐚𝐥𝐞𝐬 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐜𝐞
🚀 𝐘𝐨𝐮𝐫 𝐆𝐚𝐭𝐞𝐰𝐚𝐲 𝐭𝐨 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞, 🧼 𝐂𝐥𝐞𝐚𝐧 𝐈𝐦𝐚𝐠𝐞 & 📈 𝐒𝐚𝐥𝐞𝐬 𝐌𝐚𝐬𝐭𝐞𝐫𝐲! သင်တန်းက
စီစဉ်ထားတဲ့ အတိုင်း ဒီနေ့မှာ စတင်ပြီး သင်တန်း စတင်ခဲ့ပါပြီ။
သင်ကြားတဲ့ ဆရာများရဲ့ ကြွယ်ဝတဲ့ အတွေ့အကြုံများနဲ့
ဆက်စပ်ပြီး သင်ကြားတာမို့ တက်ရောက်ကြသူ သင်တန်းသားများအနေနဲ့
အထူး အကျိုးရှိမယ်လို့လည်း BCB Center က ယုံကြည်ပါတယ်။
နောက်လများမှာလည်း လုပ်ငန်းခွင်မှာ အကျိုးရှိထိရောက်စေမဲ့
စီးပွားစီမံပညာရပ်များနဲ့ ဆက်စပ်သင်တန်းများကို
ဆက်လက် ဖွင့်လှစ်သွားဖို့ ရှိတာကြောင့်
BCB Center Page ကိုလည်း Like & Share လုပ်ထားပေးခြင်းအားဖြင့်
သင်တန်းအသစ်များရဲ့ သတင်းများ မပြတ် သိရှိနိုင်မှာမို့
ခုပဲ Like & Share ပြုလုပ်လိုက်ကြရအောင်ပါ...
15/08/2025
💼✨ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐈𝐦𝐚𝐠𝐞 & 𝐒𝐚𝐥𝐞𝐬 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐜𝐞
🚀 𝐘𝐨𝐮𝐫 𝐆𝐚𝐭𝐞𝐰𝐚𝐲 𝐭𝐨 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞, 🧼 𝐂𝐥𝐞𝐚𝐧 𝐈𝐦𝐚𝐠𝐞 & 📈 𝐒𝐚𝐥𝐞𝐬 𝐌𝐚𝐬𝐭𝐞𝐫𝐲!
________________________________________
🤔 ဘယ်သူတွေအတွက် လိုအပ်သလဲ
📌 ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးချင်သူများ
📌 Sales, Marketing, Distribution အရည်အချင်းမြှင့်ချင်သူများ
📌 Professional life မှာ Personal Branding ဖြစ်ချင်သူများ
📌 Sales Executive, Sales Manager, SME Owner များ
📌 ကိုယ်ပုံရိပ်၊ စွမ်းဆောင်ရည် နှစ်ခုလုံး တိုးချင်သူများ
________________________________________
👍တက်ရောက်ပြီးရမည့် အကျိုးကျေးဇူးများ
📍 ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာမည်
📍 Smart & Clean Professional Image တည်ဆောက်နိုင်မည်
📍 Sales, Marketing & Distribution နားလည်မှု တိုးလာမည်
📍 Communication, Collaboration & Problem-Solving Skills တိုးတက်မည်
📍 Customer Relations & Service ပိုမိုကောင်းမွန်လာမည်
📍 ကိုယ်ရည်ကိုယ်သွေး တောက်ပသန့်ရှင်းမှုဖြင့် လူမှုဆက်ဆံရေး တိုးတက်မည်
📍 အသက်နှင့်သင့်လျော်သော ဖက်ရှင်နှင့် မိတ်ကပ်နည်းစနစ်များ သိရှိလာမည်
________________________________________
📚သင်ကြားမည့် အကြောင်းအရာများ
✍️Sales & Marketing
• Secrets of Selling Techniques
• Effective Distribution Channels
• Excellent Customer Service
• Marketing & Communication Concepts
✍️Grooming & Professionalism
• Grooming Dos & Don’ts
• Building Professional Image & Etiquette
• Grooming Policy in the Workplace
• Hygiene & Etiquette in Retail
• Public Speaking & Presentation Skills
________________________________________
✍️သင်ကြားမည့်ဆရာများ
ဦးအောင်ဖြိုးမင်း
Sales Consultant
BSc. (Chem:), DIM, Executive MBA
ဒေါ်စုမွန်ထွေး
Founder & Principal – Pro Creative Center (PCC)
BSc. (IC), Executive MBA
________________________________________
💻နေရာ – Zoom Online
⏰အချိန် – 1st Sep – 5th Sep 2025 (7 to 9 pm)
💳သင်တန်းကြေး – 150,000 Ks
📱ဆက်သွယ်ရန် – 094200 69902
________________________________________
Business Capacity Building Centre
Established in 2007 and is managed by Myanmar Business Executives Association (MBE), providing business education and capacity building for better business community development!!!
21/07/2025
𝐅𝐢𝐧𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐍𝐨𝐧-𝐅𝐢𝐧𝐚𝐧𝐜𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐫𝐬
(𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐨𝐮𝐫𝐬𝐞)
စီးပွားရေး လုပ်ငန်းများကို ဦးဆောင် စီမံခန့်ခွဲ နေကြတဲ့လုပ်ငန်းရှင်တွေ မန်နေဂျာတွေ အတွက် စာရင်းနဲ့ ဘဏ္ဍာရေးပိုင်း ဆိုင်ရာတွေကို မျှဝေပေးနိုင်ဖို့ ရည်ရွယ်ပြီး သင်တန်းလေး တစ်ခုကို BCB က စီစဉ်ထားပါတယ်။
ပါဝင်မယ့် အကြောင်းအရာ ခေါင်းစဉ်တွေကတော့✍️
📌 အမြတ် နဲ့ ငွေသား ဘာကွာလဲ
📌 စာရင်းအမျိုးအစားများနှင့် ဘဏ္ဍာရေး စာရင်းမိတ်ဆက်
📌 ဘဏ္ဍာရေး စာရင်းစနစ်၏ အခြေခံ သဘောတရားများ
📌 ဘဏ္ဍာရေး စာရင်းစနစ် လည်ပတ် အလုပ်လုပ်ပုံ အဆင့်ဆင့်
📌 ဘဏ္ဍာရေး ရှင်းတမ်းများ အကြောင်း
📌 ထိရောက်သော ဘဏ္ဍာငွေ စီမံခန့်ခွဲမှု
📌 စွန့်စားရမှု နှင့် အကျိုးအမြတ် ပြန်ရချက် ဆက်စပ်မှု
📌 အချိန် နဲ့ ငွေကြေး ရဲ့ အချိတ်အဆက်
📌 ဘတ်ဂျက် ပြဌာန်းခြင်း နှင့် ဘဏ္ဍာရေး အစီအစဉ်ချမှတ်ခြင်း
စသဖြင့် စီးပွားရေး လုပ်ငန်းတွေမှာ လက်တွေ့အသုံးချလို့ ရတဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု နှင့် ရင်နှီးမြှမ်နှံမှု ဆိုင်ရာအကြောင်းအရာတွေကို ရှင်းလင်း သင်ကြားပေးမှာ ဖြစ်ပါတယ်။
သင်တန်းကြေး ကတော့ တစ်ဦးလျှင် ၁သိန်းခွဲကျပ် ဖြစ်ပြီး Zoom Online Class ပုံစံနဲ့ လေ့လာ ကြရမှာ ဖြစ်ပါတယ်။
ဇူလိုင် ၃၀ ရက်ကနေ ဩဂုတ် ၁ရက် နေ့အထိ သင်တန်း အပ်ကြသူတွေ အတွက် Early Bird Discount 25% ရရှိမှာ ဖြစ်ပြီး MBE ရဲ့ Partner အဖွဲ့အစည်း တွေ နဲ့ MBE အသင်းဝင်တွေ သို့မဟုတ် အသင်းဝင်များရဲ့ လုပ်ငန်းအဖွဲ့အစည်း များမှ ဝန်ထမ်းများ အတွက် တစ်ဦးလျှင် Special Rate တစ်သိန်း ကျပ် အပြင် Group Discount အဖြစ် ၅ယောက် သင်တန်းအပ်လျှင် FOC ၁ယောက် တက်ယောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
တတ်ရောက်သင့်တဲ့ သူတွေကတော့
📍ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ
📍စီးပွားရေး လုပ်ငန်းတွေမှာ ဦးဆောင် တာဝန်ယူ လုပ်ကိုင်နေကြတဲ့ မန်နေဂျာတွေ
📍ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို စိတ်ဝင်စား လေ့လာချင်သူတွေ
အစရှိတဲ့ သူတွေ တက်သင့်ပါတယ်။
သင်တန်းက
ဩဂုတ်လ ၄ရက် ကနေ ၈ ရက်အထိ 🗓️
Monday to Friday ၅ရက် ဖြစ်ပါမယ်။
နေ့စဉ် ည ၇နာရီ မှ ၉နာရီ🕖🕘 အထိ
စုစုပေါင်း ၁၀ နာရီ သင်ကြားမှာ ဖြစ်ပါတယ်။
✍️သင်တန်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက
☘️ငွေသား နဲ့ အမြတ် ကွာခြားချက်ကို သိရှိ၍ အခြေအနေပေါ်မူတည်ပြီး အရေးကြီးတာနဲ့ အရေးပါတာကို ဦးစားပေး မှန်ကန်စေဖို့
☘️စာရင်း သဘောတရား နဲ့ စာရင်း လုပ်ငန်းစဉ်တွေ အကြောင်း နားလည်ပြီး Account and Finance Team နှင့် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက် မှုတွေ ဖြစ်စေဖို့
☘️ဘဏ္ဍာရေး ရှင်းတမ်းတွေ ကို ပြည့်စုံစွာ သိရှိနားလည်ပြီး လုပ်ငန်းကို ဦးဆောင်နိုင်စေဖို့
☘️ဘဏ္ဍာငွေ ရှာဖွေရေးနဲ့ ရင်းနှီးမြှမ်နှံမှုတွေ အတွက် ဆုံးဖြတ်ချက် ချမှတ် တဲ့ အခါ အထောက်အကူ ပြုစေဖို့
☘️ Budgeting နဲ့ ကုန်ကျစရိတ်ထိမ်းချုပ်မှုများကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်စေဖို့ ဖြစ်ပါတယ်။
✍️သင်ကြားပေးမယ့် ဆရာ ကတော့
ဦးခင်ဇော်ဝင်း
Financial Consultant
B.Com, MBA, DA, EDBM
စီးပွားရေး၊ စာရင်း နဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှု နယ်ပယ်မှာ လုပ်သက် အတွေ့အကြုံ နှစ် ၂၀ ကျော် ရှိပြီး လက်တလော Company အဖွဲ့အစည်းတွေမှာ ဘဏ္ဍာရေးအတိုင်ပင်ခံ နှင့် ပုဂ္ဂလိက သင်တန်းကျောင်းတွေမှာ အချိန်ပိုင်း ဆရာအဖြစ် တာဝန်ယူ လုပ်ဆောင်နေသူ တစ်ဦး ဖြစ်ပါတယ်။
Zoom Live မတက်နိုင်သူများအတွက် Recording Video စီစဉ်ပေးထားပါမယ်။
အတန်းချိန် ရက်ပြည့် တက်ရင် E-Certificate ကို Email ပို့ပေးပါမယ်။
စိတ်ဝင်စားလို့ စုံစမ်း မေးမြန်း ချင်တယ် တက်ရောက်ချင်တယ် ဆိုရင်တော့ ယခု post မှာ တင်ပေးထားတဲ့ Viber ဖုန်းနံပါတ် 09 4200 699 02 ကို ဆက်သွယ် မေးမြန်း စာရင်းပေးနိုင်ပါတယ်။ 📝📝📝
Statements
Management
Business Capacity Building Centre
Established in 2007 and is managed by Myanmar Business Executives Association (MBE), providing business education and capacity building for better business community development!!!
10/07/2025
"အမွေအနှစ်အဖြစ် တည်တံ့စေမည့် မိသားစု စီးပွားရေး စီမံအုပ်ချုပ်မှု အလေ့အထကောင်းများ အနာဂတ်အတွက် တည်ဆောက်ခြင်း" အကြောင်း ဆွေးနွေးပွဲ ဖိတ်ကြားခြင်း
စီးပွားရေးလုပ်ငန်းရှင်များအတွက် –
မျိုးဆက်တစ်ခုမှသည် နောက်တစ်ခုဆီသို့ အနာဂတ်အတွက် မိသားစု စီမံအုပ်ချုပ်မှုအမွေအနှစ်ကို တစ်ဆက်တည်း လက်ဆင့်ကမ်းတည်ဆောက်နိုင်ရန်၊ မိသားစု စီမံအုပ်ချုပ်မှု (Family Governance) အလေ့အထကောင်းများကို သိရှိကျင့်သုံးနိုင်ရန် ရည်ရွယ်ထားသော
"𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐚 𝐋𝐞𝐠𝐚𝐜𝐲: 𝐅𝐚𝐦𝐢𝐥𝐲 𝐆𝐨𝐯𝐞𝐫𝐧𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐭𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞" ဆွေးနွေးပွဲ အခမ်းအနားကို မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) က အောက်ပါအတိုင်း စီစဉ်ကျင်းပသွားပါမည်။
𝐃𝐚𝐭𝐞 – 𝟐𝟕𝐭𝐡 𝐉𝐮𝐥𝐲 𝟐𝟎𝟐𝟓 (𝐒𝐮𝐧𝐝𝐚𝐲)
𝐓𝐢𝐦𝐞 – (𝟏:𝟑𝟎) 𝐏𝐌 𝐭𝐨 (𝟒:𝟎𝟎) 𝐏𝐌
𝐕𝐞𝐧𝐮𝐞 – 𝐘𝐒𝐗 𝐘𝐚𝐧𝐠𝐨𝐧 𝐒𝐭𝐨𝐜𝐤 𝐄𝐱𝐜𝐡𝐚𝐧𝐠𝐞, 𝐒𝐮𝐥𝐞 𝐏𝐚𝐠𝐨𝐝𝐚 𝐑𝐨𝐚𝐝, 𝐘𝐚𝐧𝐠𝐨𝐧
MBE အသင်းက ဆောင်ရွက်လျက်ရှိသော Responsible Business Development Program ၏ လုပ်ငန်းစဥ် တစ်ရပ်အဖြစ် ကျင်းပမည့် ယခု အခမ်းအနားတွင်
𝐊𝐞𝐲𝐧𝐨𝐭𝐞 𝐒𝐩𝐞𝐞𝐜𝐡 –
"City Mart, Market place နှင့် Ocean Supermarket များ အပါအဝင် City Holdings Limited" လုပ်ငန်းများကို ဦးဆောင်သူ 𝐃𝐚𝐰 𝐖𝐢𝐧 𝐖𝐢𝐧 𝐓𝐢𝐧𝐭, (𝐆𝐫𝐨𝐮𝐩 𝐂𝐄𝐎, 𝐂𝐢𝐭𝐲 𝐇𝐨𝐥𝐝𝐢𝐧𝐠𝐬 𝐋𝐢𝐦𝐢𝐭𝐞𝐝) က မိသားစု စီမံအုပ်ချုပ်မှု (Family Governance) အကြောင်း Key Note Speech ပြောကြားခြင်း၊
𝐏𝐚𝐧𝐞𝐥 𝐃𝐢𝐬𝐜𝐮𝐬𝐬𝐢𝐨𝐧 –
မိသားစု စီမံအုပ်ချုပ်မှုဆိုင်ရာ အလေ့အကျင့်ကောင်းများ လက်တွေ့ ကျင့်သုံးနေကြသော အတွေ့အကြုံရှိ ဦးဆောင် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည့်
𝐔 𝐊𝐲𝐚𝐰 𝐋𝐰𝐢𝐧 𝐎𝐨 – 𝐂𝐡𝐚𝐢𝐫𝐦𝐚𝐧, 𝐄𝐯𝐞𝐫 𝐅𝐥𝐨𝐰 𝐑𝐢𝐯𝐞𝐫 𝐆𝐫𝐨𝐮𝐩 𝐏𝐮𝐛𝐥𝐢𝐜 𝐂𝐨., 𝐋𝐭𝐝.
နိုင်ငံတကာ နှင့် ပြည်တွင်း ကုန်သွယ်ရေး နှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို နှစ် (၃၀) ကျော် ဦးဆောင်နေသည့် လုပ်ငန်းရှင်
𝐔 𝐊𝐲𝐚𝐰 𝐓𝐡𝐞𝐭 𝐍𝐚𝐢𝐧𝐠 – 𝐌𝐚𝐧𝐚𝐠𝐢𝐧𝐠 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫, 𝐘𝐨𝐤𝐞 𝐏𝐲𝐨 𝐂𝐨., 𝐋𝐭𝐝.
(၅၂) နှစ်ကျော် သက်တမ်းရှိ "ရုပ်ပျိုတိုင်းရင်းဆေး ထုတ်လုပ်ရေးလုပ်ငန်း" ၏ တတိယမျိုးဆက် ပဲ့ကိုင်ရှင်
𝐃𝐚𝐰 𝐍𝐲𝐨 𝐍𝐲𝐨 𝐒𝐞𝐢𝐧 – 𝐂𝐄𝐎, 𝐔 𝐊𝐚𝐫 𝐊𝐚 𝐂𝐨., 𝐋𝐭𝐝.
(၉၇) နှစ်ကျော် အောင်မြင်နေသည့် "ဦးကာက + ဒေါ်စိန် လက်ဖက်လုပ်ငန်း" ၏ တတိယမျိုးဆက် ပဲ့ကိုင်ရှင်
𝐃𝐫. 𝐌𝐲𝐢𝐧𝐭 𝐌𝐲𝐢𝐧𝐭 𝐊𝐡𝐢𝐧 – 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫, 𝐌𝐌𝐊 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐧𝐚𝐜𝐤𝐬 𝐂𝐨., 𝐋𝐭𝐝.
နှစ်ပေါင်း (၁၀၀) ကျော် မိသားစု အဆက်ဆက် အောင်မြင်နေသည့် "မြင့်မြင့်ခင် ထိုးမုန့် နှင့် မြန်မာ့ရိုးရာ မုန့်လုပ်ငန်း" လုပ်ငန်းရှင် တို့က အဓိက ဆွေးနွေးသူ Panelists များအဖြစ် လည်းကောင်း၊
𝐃𝐫. 𝐒𝐢 𝐓𝐡𝐮 𝐏𝐡𝐲𝐨 – 𝐂𝐄𝐎, 𝐓𝐫𝐮𝐬𝐭 𝐕𝐞𝐧𝐭𝐮𝐫𝐞 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬 𝐂𝐨., 𝐋𝐭𝐝.
MBE အသင်း၏ EC တစ်ဦးဖြစ်ပြီး (၁၀) နှစ်ကျော် Stock Exchange & Financial Advisory Services လုပ်ငန်းများ ဆောင်ရွက် နေသည့် လုပ်ငန်းရှင်က ဦးဆောင် ဆွေးနွေးသူ Moderator အဖြစ် လည်းကောင်း၊ ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ပြည်တွင်း/ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ၊ မိသားစု စီးပွားရေး လုပ်ငန်းများကို လက်ဆင့်ကမ်း တည်ဆောက်လိုသော လုပ်ငန်းရှင်များ၊ စိတ်ဝင်စားသူများ တက်ရောက်နိုင်မည့် ယခု အခမ်းအနားတွင်
အထူး (အထူး) စိတ်ဝင်စားဖွယ် 𝐋𝐮𝐜𝐤𝐲 𝐃𝐫𝐚𝐰 အစီအစဉ်များလည်း ပါဝင်မည် ဖြစ်ရာ
𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤
https://docs.google.com/forms/d/e/1FAIpQLSelqKWklrE34sKRQh8_5VFQQBVl5dtVTQ09o-cBO2Og26QI8w/viewform
မှာ အမြန်ဆုံး စာရင်းပေးသွင်းကြဖို့ သတင်းကောင်းပါး ဖိတ်ကြား တိုက်တွန်း လိုက်ရပါသည်။
29/02/2024
𝐅𝐮𝐧𝐝𝐫𝐚𝐢𝐬𝐢𝐧𝐠 (ငွေအရင်းအနှီးရှာဖွေခြင်း)
စီးပွါးရေးလုပ်ငန်းများ လုပ်ကိုင်ကြတဲ့ အခါမှာ ငွေကြေးစီမံခန့်ခွဲခြင်းနဲ့ အရင်းအနှီးရှာဖွေခြင်းဟာ အလွန်အရေးပါပါတယ်။ ဒီနေ့မှာတော့ အရင်းအနှီးရှာဖွေခြင်း အကြောင်းကို မျှဝေသွားမှာဖြစ်ပြီး ငွေကြေးစီမံခန့်ခွဲခြင်းအကြောင်းကို နောက်နေ့ တွေမှာဆက်လက်မျှဝေသွားပါမယ်။
ကျွန်တော်တို့ဟာ ငွေကြေးအရင်းအနှီးကို
(၁) လုပ်ငန်းအသစ်စတင်လုပ်ကိုင်ဖို့ဖြစ်စေ၊
(၂) လက်ရှိလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဖို့ဖြစ်စေ၊
(၃) လက်ရှိလုပ်ငန်းကိုတိုးချဲ့လုပ်ကိုင်ဖို့ဖြစ်စေ လိုအပ်ကြပါတယ်။
၁ နဲ့ ၃ ကတော့ ရှင်းပါတယ်။ ၂ ကတော့ ဘယ်လိုမျိုးလဲဆိုတော့ လုပ်ငန်း ဆက်လက်ရှင်သန်ဖို့ ငွေကြေးကြပ်တည်းလို့ လိုအပ်တာမျိုး ဒါမှမဟုတ် ဘဏ်လိုမျိုး လုပ်ငန်းတွေမှာ ဗဟိုဘဏ်ကချမှတ်ထားတဲ့ အပ်ငွေနဲ့ အရင်းအနှီးအချိုး သတ်မှတ်ချက်ကြောင့် အပ်ငွေများလာတဲ့အခါမှာ အရင်းအနှီးလိုအပ်လာတာမျိုးတွေပါ။
ငွေအရင်းအနှီးရှာဖွေခြင်းဟာ စီးပွားရေး လုပ်ငန်းများရဲ့အဓိကဆုံးဖြတ်ချက်တွေထဲကတစ်ခုဖြစ်သလို စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်ပါတယ်။
အဓိကငွေအရင်းအနှီးရှာဖွေခြင်း (၂) မျိုးကတော့
(၁) ချေးငွေရယူခြင်းအားဖြင့် ငွေအရင်းအနှီးရှာဖွေခြင်း (debt financing) နှင့်
(၂) အစုရှယ်ယာအားဖြင့် ငွေအရင်းအနှီးရှာဖွေခြင်း (equity financing) တို့ပဲဖြစ်ပါတယ်။
(၁) ချေးငွေရယူခြင်းအားဖြင့် ငွေအရင်းအနှီးရှာဖွေခြင်း ဆိုတာကတော့ ငွေချေးစာချုပ်စာတမ်းများ (Bonds) ထုတ်ရောင်းခြင်း ၊ ဘဏ်များ ၊ ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်းများ အစရှိသူတို့ထံမှ သင့်တော်သော အတိုးနှုန်းဖြင့် ချေးငွေရယူပြီး ငွေအရင်းအနှီးရှာဖွေခြင်း ဖြစ်ပါသည်။
(၂) အစုရှယ်ယာအားဖြင့် ငွေအရင်းအနှီးရှာဖွေခြင်း
၄င်းတွင် Private Equity financing နှင့် Public Equity financing ဟူ၍ (၂) မျိုး ရှိပြီး ပြင်ဆင်ချိန်၊ ကုန်ကျစရိတ်၊ စည်းမျဉ်းဉပဒေ လိုက်နာရမှုများ စသဖြင့် ကွာခြားချက်များ ရှိနိုင်ပါသည်။
(က) Public Equity financing ဆိုတာကတော့ အစုရှယ်ယာများကို အများပြည်သူများသို့ကမ်းလှမ်းခြင်းနည်းလမ်းဖြင့် ရင်းနှီးမြှုပ်နှံသူများထံမှ ငွေအရင်းအနှီးရှာဖွေခြင်း ဖြစ်ပါသည်။ ဤသို့ အများပြည်သူများသို့ကမ်းလှမ်းရန်အတွက် အလားအလာညွှန်းတမ်း (Prospectus) ကို မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သို့ တင်သွင်းပြီး ၄င်း၏ ခွင့်ပြုချက်ရရှိရန် လိုအပ်ပါသည်။ အများပြည်သူများသို့ ကမ်းလှမ်းထားသော အစုရှယ်ယာများသည် ငွေဖြစ်လွယ်မှုကောင်းမွန်သော အရောင်းအဝယ်သွက်သော စျေးကွက်တခု လိုအပ်ပါသည်။ ထိုကြောင့် အစုရှယ်ယာများကို အများပြည်သူများသို့ ကမ်းလှမ်းခြင်း နှင့်တပြိုင်နက် (သို့) ကမ်းလှမ်းပြီးနောက်တွင် စတော့အိတ်ချိန်းတွင် စာရင်းဝင်ခြင်းကိုစဥ်းစားသင့်ပါသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ရန် Main Board နှင့် Pre-listing Board ဟူ၍ (၂) မျိုး ရှိပါသည်။ Main Board တွင် လက်ရှိအချိန်အထိ စာရင်းဝင်ထားသောကုမ္ပဏီ (၈) ခုအထိရှိပြီး Pre-listing Board ကို ၂၀၂၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ Pre-listing Board တွင်စာရင်းဝင်ခြင်းသည် Main Board တွင် စာရင်းဝင်ခြင်းထက်လိုအပ်သည့် ပြင်ဆင်ရသည့် အချက်အလက်များ နည်းသဖြင့် ပိုမိုလွယ်ကူပါသည်။ ကျွန်ုပ်တို့ Trust Venture Partners သည် Pre-listing Board တွင် စာရင်းသွင်းရန်အကြံပေးလိုင်စင် ပထမဆုံးရရှိထားသော ကုမ္ပဏီတခု ဖြစ်ပါသည်။
(ခ) Private Equity financing ဆိုသည်မှာ စီးပွားရေးလုပ်ငန်းများသည် Private equity fund ၊ Principal investment ၊ Institutional Investor ၊ Individual Investor အစရှိသည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများထံသို့ ၄င်းတို့၏ အစုရှယ်ယာတစိတ်တဒေသကို ရောင်းချခြင်းဖြင့် ငွေအရင်းအနှီး ရှာဖွေခြင်း ဖြစ်ပါသည်။
အထက်ပါရွေးခြယ်စရာနည်းလမ်းအသီးသီးမှာ ကုန်ကျစရိတ် (financing Cost) ၊ ဆုံးရှုံးနိုင်ချေ (financial risk) ၊ ရရှိနိုင်တဲ့ အရင်းအနှီးပမာဏ ၊ အပေါင် (collateral) လိုအပ်ချက် ၊ requirements and process ၊ အချိန်ကြာမြင့်မှု အစရှိသဖြင့် ကွာခြားချက်အသီးသီးရှိပါတယ်။ စီးပွားရေးလုပ်ငန်းများသည် ၄င်းတို့၏လုပ်ငန်းရည်ရွယ်ချက် နှင့် ငွေကြေးလိုအပ်ချက်အပေါ်မူတည်ပြီး ငွေအရင်းအနှီးရှာဖွေခြင်းနည်းလမ်းတွေကို သင့်တော်သလိုရွေးချယ်အသုံးပြုကြပါတယ်။
ယေဘုယျအားဖြင့် ချေးငွေရယူခြင်းအားဖြင့် ငွေအရင်းအနှီးရှာဖွေခြင်း (debt financing) ရဲ့အားသာချက်တွေကတော့ -
(၁) ချေးငွေအပေါ်အတိုးပေးချေမှုများသည် အခွန်ခုနှိမ်နိုင်ခြင်း။ အတိုးပေးပြီးအမြတ်ပေါ်မှာ သာအမြတ်ခွန်ဆောင်ရတာဖြစ်တဲ့အတွက် အတိုးမရှိခဲ့ရင် ပေးရမယ့်အခွန်ထပ်သက်သာသွားပါတယ်။
(၂) မိမိလုပ်ငန်း မိမိကုမ္ပဏီ အပေါ်ပိုင်ဆိုင်မှုနှင့်ထိန်းချုပ်ပိုင်ခွင့်မပြောင်းလဲခြင်း။
(၃) equity financing ထက်ပိုသက်သာခြင်း - debt financing က အတိုးအရင်း ပေးဆပ်ရမယ်ဆိုတဲ့ ကာလသတ်မှတ်ချက်နဲ့ ကတိကဝတ်ရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံသူဘက်က ကြည့်ရင် equity financing ထပ် risk ပိုနည်းပါတယ်။ ဒါကြောင့်ပေးရတဲ့ အတိုး (တနည်းအားဖြင့် return) က equity financing ထက်သက်သာပါတယ်။
Debt financing ရဲ့ မကောင်းတဲ့အချက်တွေကတော့ -
(၁) ချေးငွေအတွက် ပုံမှန်အတိုးပေးချေမှုသည် လုပ်ငန်းအတွက် ကုန်ကျစရိတ် တနည်းအားဖြင့် ငွေအထွက် ကို တိုးစေခြင်း။
(၂) ၎င်း၏ကြွေးမြီတာဝန်များ စာချုပ်ပါဝတ္တရားများနှင့်အတူ ၎င်းတို့ကို ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း ကျေပွန်အောင်မဆောင်ရွက်နိုင်ပါက ဒေဝါလီခံခြင်းအပါအဝင် ဥပဒေနှင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးဆက်များကို ရင်ဆိုင်ရနိုင်ခြင်း။
(၃) အထက်ပါ financial risk အပြင် အတိုး အရင်း တို့ကို လုပ်ငန်းမြတ်မြတ်မမြတ်မြတ် ပေးဆပ်ရန်လိုအပ်ချက်ကြောင့် ဝန်ထုတ်ဝန်ပိုးဖြစ်ခြင်း
(၄) အများအားဖြင့် collateral လိုအပ်ခြင်း
(၅) အရင်းအနှီးသည်ကာလအကန့်အသတ်ရှိခြင်း စသည်တို့ ဖြစ်ပါသည်။
အစုရှယ်ယာထုတ်ရောင်းခြင်းအားဖြင့် ငွေအရင်းအနှီးရှာဖွေခြင်း (equity financing) ရဲ့ အားသာချက်တွေကတော့ -
(၁) financial risk နည်းခြင်း - equity financing လုပ်တာဟာ ဘဏ်ချေးငွေယူသကဲ့သို့ အတိုးအရင်းပေးဆပ်ရန် ကတိကဝတ်မရှိခြင်းကြောင့် ဝန်ထုတ်ဝန်ပိုးပိုပေါ့ပါတယ်။ အထူးသဖြင့် လုပ်ငန်းက အမြတ်ရရှိဖို့ သေချာမှုမရှိသေးတဲ့ကာလတွေမှာ အတိုးအရင်း ဆပ်နိုင်ဖို့ အပေါ် ဝန်မပိတော့ပါ။
(၂) ရင်းနှီးမြုပ်နှံသူများထံမှ ကျွမ်းကျင်မှု၊ လုပ်ငန်းချိတ်ဆက်မှုများနှင့် လုပ်ငန်းအတွက် မဟာဗျူဟာ လမ်းညွှန်မှုများကိုရရှိနိုင်ခြင်း။ ဒါကတော့ ငွေအရင်းအနှီးယူရုံသက်သက်မဟုတ်ပဲ ရှယ်ယာထည့်ဝင်သူဆီက လုပ်ငန်းစီမံခံ့ခွဲမှုအပေါ် ပါဝင်မှုအတိုင်းအတာပေါ်မူတည်ပါတယ်။
(၃) collateral လိုအပ်ချက်မရှိခြင်း
(၄) ကာလအကန့်အသတ်မရှိခြင်း တို့ဖြစ်ပါတယ်။
Equity financing ရဲ့အားနည်းချက်တွေကတော့ -
(၁) ပိုင်ဆိုင်မှု နှင့် ထိန်းချုပ်ပိုင်ခွင့် လျော့နည်းသွားခြင်း။
(၂) ဘဏ္ဍာရေးအချက်အလက်များကို ပိုမိုထုတ်ဖော်ရန် လိုအပ်ခြင်း။
(၃) ချေးငွေကဲ့သို့ အတိုးပေးချေရမှုများမရှိသဖြင့် အခွန်ခုနှိမ်ခြင်းမပြုလုပ်နိုင်သဖြင့် အခွန်ပိုမိုပေးဆောင်ရ၍ ကုန်ကျစရိတ်ကို ပိုမိုတိုးမြင့်စေနိုင်ခြင်း စသည့်တို့ ခံစားရရှိနိုင်ပါသည်။
စီးပွားရေးလုပ်ငန်းများအနေဖြင့် ငွေအရင်းအနှီးရှာဖွေခြင်း (Fundraising) နည်းလမ်းတစ်ခုချင်းစီရဲ့ အားနည်းချက် ၊ အားသာချက် ၊ ပြင်ဆင်ရမည့်အချက် နဲ့ ကုန်ကျစရိတ် အချိန်ကြာမြင့်မှု စသည်တို့ကို မိမိတို့၏ လုပ်ငန်းအစီအစဥ် ၊ ရည်မှန်းချက်များနဲ့ ချိန်ဆပြီး ငွေအရင်းအနှီးရှာဖွေခြင်းနည်းလမ်းများကို ရွေးချယ်သင့်ပါတယ်။
စီးပွားရေးလုပ်ငန်းများအတွက် သင့်တော်မယ့် ငွေအရင်းအနှီးရှာဖွေခြင်းနည်းလမ်းများကို အကြံပေးဖို့နှင့် ငွေအရင်းအနှီးရှာဖွေခြင်းတစ်ခုလုံးကူညီဆောင်ရွက်ပေးဖို့ Trust Venture Partners က အသင့်ရှိနေပါပြီ။
Si Thu Phyo, CFA
Trust Venture Partners
BCDC, MBE
22/02/2024
ဥာဏ်ရည်တု (AI) နည်းပညာ ထွန်းကားလာမှုကြောင့် စျေးကွက်ရှာဖွေရေး နည်းစနစ်များ များစွာ တိုးတက် ပြောင်းလဲခဲ့ပြီးတော့ စျေးကွက်ဆိုင်ရာ ချဲ့ထွင်မှုများကို ပုဂ္ဂလိကဆန်အောင်ပြုလုပ်ခြင်း၊ ပစ်မှတ်ထားခြင်းနှင့် ထိရောက်မှု ပိုကောင်းအောင် ပြုလုပ်ခြင်းတို့အတွက် အစွမ်းထက်တဲ့ ကိရိယာများကို ထုတ်ဖော်ပေးလာလျက် ရှိနေပါတယ်။ သို့ရာတွင် ကြီးမားသော စွမ်းပကားဆိုတာသည် ကြီးမားသော တာဝန်ရှိမှုနဲ့ တွဲဆက်လာပြီး ကျင့်ဝတ်ဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများတွေဟာလည်း မည်သည့် AI မောင်းနှင်သည့် စျေးကွက်ရှာဖွေရေးဗျူဟာ၏ ရှေ့တန်းမှ ထည့်သွင်းရမဲ့ မရှိမဖြစ်အရာ ဖြစ်လို့ လာနေပါတယ်။
ဒီနေရာမှာ စျေးကွက်ရှာဖွေမှု လုပ်ငန်းမှာ Ai ကို အသုံးချခြင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် စိုးရိမ်မှုများလည်း ရှိလို့လာနေပါတယ်။
AI အယ်လဂိုရီသမ်များဟာ ၎င်းတို့ လေ့ကျင့်သင်ကြားထားသည့် ဒေတာမှာ ပါရှိတဲ့ လက်ရှိလူ့အဖွဲ့အစည်းဆိုင်ရာ ဘက်လိုက်မှုများကို ဆက်လက် ကိုင်စွဲမှု ရှိစေနိုင်ပြီး ခွဲခြားဆက်ဆံမှုရှိသော စျေးကွက်ရှာဖွေရေး အလေ့အထများဆီသို့ ဦးတည်သွားစေနိုင်ပါတယ်။ ဒီလို အမူအကျင့်တွေဟာ အချို့သော စားသုံးသူ အမျိုးအစားများကို တရားမျှတမှုပိုင်း ဆိုင်ရာမှာ ထိခိုက်စေနိုင်ပြီး စားသုံးသူများ၏ ယုံကြည်မှုကို ပျက်ပြားစေနိုင်ပါတယ်။
AI မော်ဒယ်များရဲ့ ရှုပ်ထွေးတဲ့ သဘောသဘာဝကနေ ဆုံးဖြတ်ချက်များ မည်သို့ ရရှိလာတယ်ဆိုတာကို နားလည်ဖို့ ခက်ခဲစေနိုင်ပြီး ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ/ တာဝန်ခံမှုဆိုင်ရာ စိုးရိမ်မှုများကို တိုးပွားစေပါတယ်။ စားသုံးသူများ အနေနဲ့ တိကျတဲ့ စျေးကွက်ရှာဖွေရေး မက်ဆေ့ချ်များဖြင့် ၎င်းတို့ကို ပစ်မှတ်ထားရသည့် အကြောင်းရင်းကို သိရှိခွင့် ရသင့်ပါတယ်။
AI သည် ဒေတာစုဆောင်းမှုနှင့် ခွဲခြမ်းစိတ်ဖြာမှုအပေါ် ကြီးကြီးမားမား မှီခိုနေရပြီး သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာနှင့် ဒေတာလုံခြုံရေးအတွက် စိုးရိမ်မှုများ တိုးပွားစေပါတယ်။ စားသုံးသူများသည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထိန်းချုပ်ရန်နှင့် ၎င်းကို စျေးကွက်ရှာဖွေရေး ရည်ရွယ်ချက်များအတွက် မည်သို့အသုံးပြုကြောင်း နားလည်ခွင့်ရှိသင့်ပါတယ်။
ပုဂ္ဂလိကဆန်တဲ့ ဆွဲဆောင်မှုရှိသော စျေးကွက်ရှာဖွေရေး အကြောင်းအရာတွေ ဖန်တီးဖို့ရာ AI ကို အသုံးပြုနိုင်ပြီး အမှန်တရားနှင့် ခြယ်လှယ်မှုကြား ကွဲပြားမှုကို မှေးမှိန်ပျောက်ကွယ်စေနိုင်ပါတယ်။ စားသုံးသူများသည် လှည့်ဖြားသော စျေးကွက်ရှာဖွေရေး နည်းဗျူဟာများနှင့် စစ်မှန်သောအချက်အလက်များကို ခွဲခြားသိမြင်နိုင်ရမှာ ဖြစ်ပါတယ်။
ကျင့်ဝတ်ပြည့်ဝသော စျေးကွက်ရှာဖွေရေး အလေ့အကျင့်များ တည်ဆောက်ခြင်း
ဒီအတွက် AI မော်ဒယ်များကို လေ့ကျင့်သင်ကြားရာမှာ အသုံးပြုတဲ့ ဒေတာသည် ကွဲပြားပြီး ဘက်လိုက်မှု မတည်မြဲစေဖို့ ကိုယ်စားပြုမှု ရှိစေဖို့ သေချာပါစေ။ ဖြစ်နိုင်ချေရှိသော ဘက်လိုက်မှုများအတွက် ပုံမှန်စစ်ဆေးသည့် အယ်လဂိုရီသမ်များကို ပုံမှန်စစ်ဆေးပြီး ဖော်ထုတ်ထားသော ပြဿနာများကို တက်ကြွစွာ လျော့ပါးစေနိုင်ပါတယ်။
စျေးကွက်လှုပ်ရှားမှုများတွင် AI ကို မည်သို့အသုံးပြုကြောင်း ရှင်းပြရန်နှင့် ဒေတာစုဆောင်းခြင်းနှင့် အသုံးပြုမှု အလေ့အကျင့်များအကြောင်း ရှင်းလင်းသောအချက်အလက်များကို စားသုံးသူများအား ပေးဆောင်ရန် ကြိုးစားပြီး ပွင့်လင်းမြင်သာမှုနှင့် ရှင်းပြနိုင်မှု ရှိစေရေးကို ကြိုးစားတည်ဆောက်သင့်ပါတယ်။
ခိုင်မာသောဒေတာ လုံခြုံရေးအစီအမံများကို အကောင်အထည်ဖော်ပြီး ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စုဆောင်းအသုံးပြုခြင်းမပြုမီ အသုံးပြုသူများထံမှ တိကျသေချာသောသဘောတူညီချက်ကို ရယူပါ။ ဖယ်ထုတ်ခြင်းဆိုင်ရာ ရွေးချယ်မှုများကို ရှင်းလင်းစွာ ထောက်ပံ့မှု ပေးပြီး ဒေတာအသုံးပြုမှုနှင့် ပတ်သက်၍ သုံးစွဲသူများ၏ ရွေးချယ်မှုများကို လေးစားမှု ရှိစေခြင်းဖြင့် ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးကို ဦးစားပေးသင့်ပါတယ်။
အထင်မှားဖြစ်စေသော သို့မဟုတ် လှည့်ဖြားသောအကြောင်းအရာများ ဖန်တီးဖို့ရန် AI ကိုအသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ စျေးကွက်ရှာဖွေရေး မက်ဆေ့ချ်များသည် မှန်ကန်၊ ပွင့်လင်းမြင်သာပြီး စားသုံးသူအသိဉာဏ်ကို လေးစားမှု ရှိပါစေ။
AI ခေတ်တွင် ကျင့်ဝတ်ဆိုင်ရာ စျေးကွက်ရှာဖွေခြင်းသည် တာဝန်သိဆန်းသစ်မှုနှင့် စဉ်ဆက်မပြတ် တိုးတက်မှုအတွက် ကတိကဝတ်တစ်ခု လိုအပ်ပါတယ်။ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ ကိုယ်ရေးကိုယ်တာနှင့် စစ်မှန်မှုကို ဦးစားပေးခြင်းဖြင့် လုပ်ငန်းများသည် ယုံကြည်မှုတည်ဆောက်ရန်၊ စားသုံးသူများနှင့် အဓိပ္ပာယ်ပြည့်ဝသော ဆက်သွယ်မှုများကို မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သော အောင်မြင်မှုကို ရရှိရန် AI ၏ စွမ်းအားကို အသုံးချနိုင်ပါတယ်။
ဒါ့အပြင် AI မောင်းနှင်သော စျေးကွက်ရှာဖွေရေး အလေ့အကျင့်များအတွက် ရှင်းလင်းသော ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်များနှင့် စည်းမျဉ်းများ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးပါ။ စျေးကွက်ရှာဖွေမှုဆိုင်ရာ အခန်းကဏ္ဍများမှာ AI ကို လုံးလုံးလျားလျား အစားထိုးခြင်းမဟုတ်ဘဲ လူသား၏ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို မြှင့်တင်ဖို့အတွက် ကိရိယာတစ်ခုအဖြစ် ရှုမြင်သင့်ပါတယ်။ စျေးကွက်ရှာဖွေရေးလုပ်ငန်းစဉ်တစ်လျှောက် ကျင့်ဝတ်ဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများကို ဦးစားပေးလုပ်ဆောင်ကြောင်း သေချာစေရန် လူသား၏ကြီးကြပ်မှုနှင့် ကျွမ်းကျင်မှုကို ထိန်းသိမ်းသင့်ပါတယ်။ စျေးကွက်ရှာဖွေသူများ၊ ဆော့ဖ်ဝဲအင်ဂျင်နီယာများနှင့် စားသုံးသူများအပါအဝင် သက်ဆိုင်သူများကို Ai ၏ ကျင့်ဝတ်ဆိုင်ရာသက်ရောက်မှုများအကြောင်း ပညာပေးကာ နည်းပညာကို တာဝန်သိစွာအသုံးပြုရန် အားပေးပါ။ ဤအခြေခံမူများကို လိုက်နာခြင်းဖြင့်၊ စီးပွားရေးလုပ်ငန်းများသည် AI မောင်းနှင်သော စျေးကွက်ရှာဖွေရေး၏ ကျင့်ဝတ်ဆိုင်ရာ အခင်းအကျင်းကို ကောင်းမွန်စွာ အသုံးချနိုင်ပြီး လုပ်ငန်းအတွက် ပိုမိုတာဝန်ယူ/ တာဝန်ခံမှုရှိပြီး ယုံကြည်စိတ်ချရသော အနာဂတ်ကို တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။
20/02/2024
Kindly Invite to join
"Insurance Knowledge Sharing" Online Webinar
Organized by Myanmar Business Executives Association - MBE
မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က "Insurance Knowledge Sharing" Online Webinar ကို (2024) ခုနှစ်၊ ဖေဖော်ဝါရီလ 24 ရက် (စနေနေ့) နံနက် (10:00) နာရီ၌ Virtual Online Zoom Platform ကတဆင့် စီစဉ်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
Webinar ၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် အာမခံ အသိပညာ ပေးရန် ဖြစ်ပြီး အာမခံ စျေးကွက် ဆိုင်ရာ အချက်အလက် များ၊ အာမခံလုပ်ငန်း လည်ပတ်ပုံ၊ ဥပဒေကဲ့သို့ တိကျစွာ လိုက်နာရမည့် အခြေခံမူများကို နားလည် နိုင်စေရန် နှင့် အာမခံ ပညာရှင်များနှင့် ပြင်ပ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို သိရှိနိုင်စေရန် ရှင်းလင်း ပြောကြားမည် ဖြစ်ပြီး အာမခံလုပ်ငန်း၏ လက်ရှိအခြေအနေနှင့် စိန်ခေါ်မှုများကို တက်ရောက်လာသူများကလည်း ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။
ဒေါ်လှလှမွန် (F.M.I.I) သည် KBZMS General Insurance နှင့် KBZ Life Insurance ကမ္ဘောဇအသက်အာမခံတွင် နည်းပညာအကြံပေးဖြစ်ပြီး ဤ webinar ကို ပြောကြားပေးသူ ဖြစ်ပါသည်။ ထို့အပြင် Malaysian Insurance Institute ၏ Insurance professional certification exams အာမခံလုပ်ငန်းကျွမ်းကျင်အောင်လက်မှတ်စာမေးပွဲများအတွက် အထူးအားဖြင့် မြန်မာဘာသာစကားသို့ ဘာသာပြန်ဆိုသင်ပြပေးခြင်းဖြင့် ပညာဒါနပြုနေသူဖြစ်ပါသည်။
သို့ဖြစ်ရာ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က စီစဉ်ကျင်းပသည့် "Insurance Knowledge Sharing" Online Webinar ကို အာမခံနှင့် ပတ်သက်၍ စိတ်ပါဝင်စားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ MBE အသင်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် သင်တန်းအစီအစဉ်အသီးသီးက လုပ်ငန်းရှင်များ တက်ရောက်နိုင်ပါရန် သတင်းကောင်းပါး ဖိတ်ကြားအပ်ပါသည်။
(24 Feb 2024) 10:00 AM Online Zoom