Richard Aung - Teacher of English & Trainer

Richard Aung - Teacher of English & Trainer

Share

A CELTA Certified teacher who has been teaching language and delivering teacher trainings since 2011 He holds B.A.

Ko Ko Aung is a CELTA certified teacher and is now working at SUCCESS Language Academy. (English) and completed QuiLT, FCTOT, TKT and many other professional courses. He has presented workshops at ELTeCS and British Council Annual Conferences and TDP at American Centre.

31/08/2025

ပျော်တာတော့
ပါးစပ်နဲ့ နားရွက်
တက်ချိတ်မတပ်ပါပဲ ဆရာ။

တွေးမိလိုက်တိုင်း
လှိုက်လှိုက်လှိုက်လှိုက်နဲ့
ကျေနပ်ပီတိ ဖြစ်ရတုန်း ဆရာ
လေထဲတောင် မြှောက်နေသလားပဲ 😁😁😁။

ဖြစ်ဖို့ဆိုတာလည်း
ဗြဟ္မာ့ပြည်က အပ်တစင်းနဲ့
လူ့ပြည်က အပ်တစင်း
ထိဖို့ကလွယ်ဦးမယ်
ဆိုရမလောက် ခက်ပေမယ့် ...

Writing အမှတ်ပြည့်ရင်
သေချာပေါက် အမှတ်ပြည့် ပါ ပြီလို့
ကျနော်ပြောခဲ့တာလည်း
တကယ်ဖြစ်ခဲ့ပါပြီ ဆရာ။ 💪💪💪

တကယ်တော့

"အားလုံးကောင်းလို့
ရလဒ်ကောင်းတာပါ" ဆရာ။

ဆရာတို့ရဲ့ လမ်းညွှန်မှုတွေ
နောက်ဆုံးပေါ်စာအုပ်တွေနဲ့
ဘာပဲလိုလို
စီစဉ်ဝယ်ယူပံ့ပိုးမှုတွေ ...

စာသင်ကြားရေးအတွက်ဆို
ဘယ် Training ပဲ ဖြစ်ဖြစ်
စီစဉ်ပေးဖို့ အမြဲအသင့်ရှိနေတာတွေ ...

စတဲ့ စတဲ့ အကြောင်းတရားမျိုးစုံနဲ့
တကျောင်းလုံးက ဆရာ၊ ဆရာတွေရဲ့
၀ိုင်းဝန်းပံ့ပိုးမှုတွေကြောင့်
အခုလို ရလဒ်ကောင်းတွေ
ပိုင်ဆိုင်ခွင့်ရလာတာပါ ဆရာ 🙏🙏🙏။

ပျော်တာတော့
ဘယ်လိုပျော်မှန်းမသိပါဘူး ဆရာရယ် 😁😁😁။

Send a message to learn more

31/08/2025

CONGRATULATIONS, HLAING GYI!

Reading 190
Use of English 190
Writing 190
Listening 190
Speaking 190

နဲ့ မြန်မာ့ ပထမဆုံး ဖြစ်မယ် ထင်တယ်။
(ကမ္ဘာ့ပထမဆုံးလည်း ဖြစ်နိုင် 😄)

ရှေ့မှာ 190 ရသူတစ်ဦး ရှိခဲ့ဖူးပေမယ့်
Writing အပါအဝင်
ကျန် Skills အားလုံးမှာ အမှတ်ပြည့်နဲ့တော့
ဒါ ပထမဆုံး ဖြစ်မယ် ထင်တယ်။

သူငယ်ချင်းတီချယ်တစ်ယောက်က မေးတယ်။
"ဆရာ ပျော်လား" တဲ့ ...

ဖြေလိုက်ပါတယ်
ရင်ထဲ အခုထိ
ကုလားဘုရားလှည့်နေတုန်း ... လို့ ... 😄😁😁။

တကယ်တော့လည်း
ကိုယ်တွေတော်လို့ထက်

ကလေးကိုယ်တိုင်က
ရချင်စိတ်၊ လိုချင်စိတ်နဲ့ ကြိုးစားတာရယ်
သင်ပေးသူ ဆရာ၊ ဆရာမတွေရဲ့ ညွှန်ကြားချက်အတိုင်း
သေသေချာချာ တိတိကျကျ လိုက်နာလေ့ကျင့်တာရယ်
(အလယ်ပိုင်းမှာ နည်းနည်းပေါ့ပြီး အမှတ်တွေ ထိုးကျသွားသေးတယ်။)

ငယ်ဆရာ၊ ဆရာမ အဆက်ဆက်ရဲ့
သင်ကြားလေ့ကျင့်ပေးခဲ့မှုတွေကြောင့်
အခြေခံကောင်းမွန်ခဲ့တာရယ်
မိဘတွေရဲ့ ပံ့ပိုးမှုတွေရယ်ကြောင့်
ဒီလို အောင်မြင်မှုမျိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။

အားလုံး အားလုံးကို လိ့က်လှိုက်လှဲလှဲ
ရင်ထဲအသည်းထဲကနေ
နှစ်နှစ်ကာကာ
ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ... 🙏🙏🙏။

02/06/2025

TKT ကို

Self-study လုပ်ချင်သော ဆရာ၊ ဆရာမများနဲ့

သင်တန်းတက်ရင်း

ပိုမိုလေ့လာ လေ့ကျင့်လိုသော ဆရာ၊ ဆရာမများအတွက်

လင့်ခ်လေးတွေပြင်ပြီး

ပြန်ရှဲလိုက်ပါတယ်။

အားလုံး အစစ အရာရာ အဆင်ပြေကြပါစေ။

စေ တ နာ ကို ကံ ဟု ယုံ ကြည် သော ...

ကိုကိုအောင် Richard Aung

https://www.facebook.com/sayarichardaung/posts/pfbid02BDvjTzEt5cVu7FnK48usNH5NGu8YfTETYqowiX53FuBBpeDbGhzUG9fSc5XdNtHPl

S E V E N S T E P S T O T K T E X A M S U C C E S S
************************************************************
Cambridge TKT Exam ကို Band 3/4 နဲ့ အောင်မြင်ဖို့ မဖြစ်မနေ ဖြတ်ကျော်ရမယ့် အဆင့် (၇)ဆင့်

1) Cambridge TKT Course (Second Edition, 2016)
~~~~~~~~~~~~~~~~~~~~~~~~~~~~~
TKT အတွက် မဖြစ်မနေ လေ့လာရမယ့်စာအုပ် (Core Book) ကတော့ Cambridge Official Exam Preparation Material ဖြစ်တဲ့ The TKT Course (Modules 1, 2 and 3) စာအုပ်ပဲ ဖြစ်ပါတယ်။ Modules (၃) ခု၊ အခန်းပေါင်း (၃၃) ခန်း လေ့လာရပါမယ်။

🎯 https://bit.ly/3Psyk6T

2) Cambridge TKT Handbook
~~~~~~~~~~~~~~~~~
TKT ဖြေဆိုကြသူ တော်တော်များများ မေ့ထားကြတဲ့ စာအုပ်လေးက TKT Handbook လေး ဖြစ်ပါတယ်။ TKT Syllabus တခုလုံးကို ခွဲခြမ်းစိတ်ဖြာပြထားပြီး အခန်း(၁)ခန်းချင်းစီမှ Exam Testing Focus နဲ့ ဘယ်အပိုင်းက Tasks ဘယ်နှစ်မျိုး၊ အမှတ်ဘယ်လောက်ဖိုး မေးလေ့ရှိတယ်ဆိုတာမျိုး သေသေချာချာ အသေးစိတ်လေ့လာနိုင်ပြီး မော်ဂျုးတခုချင်းစီအတွက် လေ့ကျင့်စရာ Sample Test (၁)ခုစီလည်း ပေးထားလို့ မဖြစ်မနေ လေ့လာသင့်တဲ့ စာအုပ်ဖြစ်ပါတယ်။

🎯 https://bit.ly/4jtZ0Qk

3) TKT Glossary
~~~~~~~~
နောက်ထပ် မဖြစ်မနေ (အားတိုင်းယားတိုင်း 😁) လေ့လာသင့်တဲ့ စာအုပ်ကတော့ TKT Glossary စာအုပ်ပဲ ဖြစ်ပါတယ်။ Version (၂)မျိုးနဲ့ ထွက်ထားပါတယ်။ Unit by unit (2009 Version) စာအုပ်နဲ့ Dictionary လိုမျိုး Alphabetically စဉ်ထားတဲ့ စာအုပ် (2020 Version) ပဲ ဖြစ်ပါတယ်။ Unit တခုချင်းစီ လေ့လာတဲ့အခါ 2009 Version က ပိုအဆင်ပြေပေမယ့် 2020 Version က ပို Update ဖြစ်တာမို့ သူ့ကိုလည်း လက်လွှတ်ထားလို့ မရတာကို သတိပြုရပါမယ်။

🎯 https://bit.ly/44Ehoi5
🎯 https://bit.ly/44JyhrR

4) Pass TKT by Dave Davies
~~~~~~~~~~~~~~~~
နောက်ထပ် လက်ကိုင်ထားစရာစာအုပ်ကတော့ Pass TKT ဖြစ်ပါတယ်။ သူကတော့ Unit အလိုက်မဟုတ်ဘဲ တူရာတူရာလိုက် စုထားပြီး အနှစ်ချုပ်မှတ်စုများ၊ Glossary နဲ့ လေ့ကျင့်စရာ Tests လေးတွေ ပေးထားပါတယ်။ ဒီစာအုပ်ရဲ့ အဓိကအားနည်းချက်အဖြစ် စာလုံးပေါင်း အကျအပေါက်များတာရယ်၊ ပေးထားတဲ့ Tests တွေရဲ့ အဖြေတွေ လွဲနေတတ်တာလေးရယ်ကလွဲလို့ တော်တော်ကောင်းတဲ့စာအုပ် ဖြစ်ပါတယ်။

🎯 https://bit.ly/4601Iqr

5) ELT Concourse ( https://teflconcourse.com/training/tkt/tkt_index )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်ထပ် မဖြစ်မနေ ပူးတွဲလေ့လာရမယ့် နေရာတခုကတော့ ELT Concourse Website ပဲ ဖြစ်ပါတယ်။ ဒီ Website မှာ Unit တခုချင်းစီရဲ့ အနှစ်ချုပ်တွေ၊ လေ့ကျင့်ခန်းတွေနဲ့ လေ့ကျင့်စရာ Tests လေးတွေ ပေးထားပါတယ်။ တခါတရံ ရှင်းပြချက်တွေက Beyond TKT ဖြစ်နေတတ်တာရယ်၊ ပေးထားတဲ့ Tests တွေက ELT Knowledge ကိုပဲ အဓိက စစ်မေးတာဖြစ်လို့ TKT Exam Format နဲ့ မကိုက်ညီတတ်တာလေးရယ် တွေ့ရပါတယ်။ စာမေးပွဲဖြေမယ့်သူတွေကတော့ TKT Coursebook နဲ့ ELT Concourse နှစ်ခုကွဲလွဲချက်တွေ ရှိနေတဲ့အခါ TKT Coursebook ကိုပဲ အတည်ယူရပါမယ်။

6) TKT Cambridge website ( https://www.cambridgeenglish.org/teaching-english/teaching-qualifications/tkt/ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Cambridge TKT Official Website လေးလည်း မေ့မထားသင့်ပါဘူး။ TKT Test အကြောင်း၊ ဘယ်လိုပြင်ဆင်သင့်တယ်ဆိုတဲ့အကြောင်းစတဲ့ သိသင့်သိထိုက်တာလေးတွေကို အသေးစိတ်ရှင်းပြထားပြီးတော့ လေ့လာလေ့ကျင့်စရာ Sample Tests (၃)စုံ၊ TKT Handbook၊ TKT Glossary စတဲ့ Essential Materials တွေကို Free Download ပေးထားပါတယ်။


7) Past question papers and sample papers
~~~~~~~~~~~~~~~~~~~~~~~~~~
သင်ရိုးတခုလုံး ကျေကျေညက်ညက် လေ့လာပြီးတဲ့နောက်မှာ မဖြစ်မနေ လေ့ကျင့်သင့်တာတွေကတော့ TKT Past Papers တွေ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိလေ့လာလေ့ကျင့်လို့ရနေတဲ့ TKT Past Papers တွေဟာ လက်ရှိဖြေရမယ့် TKT Exam Papers တွေနဲ့ ဆယ်စုနှစ် (၁)ခုစာမက အလှမ်းဝေးနေပြီ ဖြစ်တာကြောင့် စာမေးပွဲဖြေတဲ့အခါ အခုလေ့ကျင့်နေတဲ့ မေးခွန်းတွေထက် ပိုခက် ပိုက်နက်တာမျိုးတွေ လာနိုင်တာကို သတိပြုရပါမယ်။

🎯 https://www.mediafire.com/file/qncora7gd0owgez/Module-1-Past-Papers-with-Answer-Keys.pdf/file
🎯 https://www.mediafire.com/file/q4osmnqefyo5fp9/TKT-Module-2-Past-Papers-with-Keys.pdf/file
🎯 https://www.mediafire.com/file/4u0q7bkq9nlyz0r/TKT-Module-3-Past-Papers-with-the-Keys.pdf/file
🎯 https://www.mediafire.com/file/y4s5nh6czjoynxs/539274-tkt-module-1-sample-paper-and-answer-key.zip/file
🎯 https://www.mediafire.com/file/aduqiky2g6g4mm4/539275-tkt-module-2-sample-paper-and-answer-key.zip/file
🎯 https://www.mediafire.com/file/hin84ttgc4kger5/539276-tkt-module-3-sample-paper-and-answer-key.zip/file

အခုဖော်ပြထားတဲ့ အဆင့် (၇)ဆင့်ကို
သေသေချာချာ ကျေကျေညက်ညက်
လေ့လာမှတ်သားပြီး ကျော်ဖြတ်ခဲ့မယ်ဆိုရင်တော့
Band 3/4 နဲ့ သေချာပေါက်
အောင်မြင်မှာ ဖြစ်ပါကြောင်း
ထပ်လောင်း ပြောကြားလိုက်ပါတယ် ခင်ဗျာ။

ဆရာ၊ ဆရာမများအားလုံး
အစစ အရာရာ အ ဆင် ပြေ
ချောမွေ့ကြပါစေ ခင်ဗျာ။

စေ တ နာ ကို 'ကံ' ဟု ယုံ ကြည် သော ...

ဆရာကိုကိုအောင် @ Richard Aung (BrainBOX Academy)

29/08/2024

အားလုံးပဲ မင်္ဂလာပါခင်ဗျာ ...

ဒီနေ့ တပည့်ဆရာမတစ်ယောက်နဲ့
အလုပ်ကိစ္စတွေ တိုင်ပင်ဆွေးနွေးရင်း
ဆရာ့မှာ ကိုယ်ပိုင်ပေ့ချ်ရှိတယ်မို့လားလို့မေးတော့
အေး ရှိတယ်ပေါ့ ...
followers ဘယ်လောက်ရှိလဲတဲ့ ...။

သူမေးမှပဲ
ကျနော့်ပေ့ချ်ကို သေသေချာချာ ပြန်ကြည့်မိပါတယ်
7.1K ရှိတယ်ဆိုတော့
ဟာ အများကြီးပဲတဲ့ ... ။

သူပြောမှ
ကျနော်လန့်သွားတယ် ...
ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိတယ် ...
ဒီလောက်များတဲ့သူတွေ ရှိတယ်ဆိုရင်
သူတို့တွေအတွက် အကျိုးရှိစေမယ့်အရာတွေ
မင်းဘာလုပ်ပေးလဲ ...
ဘာလုပ်ပေးခဲ့လဲ ...

ကျနော် အလန့်တကြားနဲ့
ကိုယ့်ပေ့ချ်ကိုကိုယ် သေသေချာချာ
တခုချင်းကြည့်ပြီး
သုံးသပ်မိပါတယ်ခင်ဗျာ။

အကျိုးရှိတာတွေဆိုလို့
TKT နဲ့ ပတ်သက်တာလေးနည်းနည်း ...
အင်္ဂလိပ်စာလေ့လာရေးနဲ့ ပတ်သက်တာလေးတွေနည်းနည်း ...
ဘာမှများများစားစား
ထူးထူးခြားခြားတွေ
မလုပ်ပေးဖြစ်ခဲ့တာ ...
(တကယ်တော့ အပျင်းကြီးနေတာပါ)
ကိုယ့်ကိုယ်ကိုယ်ပြန်တွေ့ပြီး
ကိုယ့်ပေ့ချ်ထဲကသူတွေအားလုံးကို
ပြန်အားနာသွားမိပါတယ်။

တကယ်တော့
ဒီပေ့ချ်ထဲမှာ ဆရာ၊ ဆရာမအများစုရယ် ...
သူငယ်ချင်းတွေရယ် ...
တပည့်တွေရယ်ပါပဲ ... ။

ကဲ နောက်ဆုံးပြောချင်တာကတော့
ဒီမှာရောက်နေရှိနေကြတဲ့သူတွေအားလုံး
အကျိုးရှိအောင်
တခုခုလုပ်ပေးချင်စိတ်ပေါ်လာနေလို့ ... (ကောက်ရိုးမီးမဖြစ်ပါစေနဲ့ ... 😄)

၁) သင်ယူရေး (Learning) နဲ့ ပတ်သက်တာလေးတွေ သိချင်တာရှိရင် ..

၂) သင်ကြားရေး (Teaching) နဲ့ပတ်သက်တာလေးတွေ သိချင်တာရှိရင် ....

အောက်မှာ မန့်ခဲ့နိုင်ပါတယ်ခင်ဗျာ ...။

ကျနော် လုပ်ပေးနိုင်သလောက်
လုပ်ပေးတတ်သလောက်
လုပ်ပေးကြည့်ချင်လို့ပါ ခင်ဗျာ ...။

ကျနော့် ပေ့ချ်ထဲမှာ
ရှိနေကြသူအားလုံး
နေကောင်းကျန်းမာ
စိတ်ချမ်းသာကြပါစေခင်ဗျာ ... 🙏🙏🙏။

17/08/2024

ခန္ဓာကိုယ်က အနားတောင်းနေပေမယ့်...

29/07/2024

Grammar for Teachers
ဖွင့်မယ်ဆို တက်ကြမှာလား ...
အာဟ ... အာဟား ... 😁💪💪💪

23/07/2024

[English below]
အခမဲ့ စာရင်းပေးသွင်းရန် - https://tinyurl.com/3c8dbwvw
📣 Myanmar Teacher Platform (MTP) ၏ ပညာရေး အွန်လိုင်း‌ဟောပြောပွဲ - ၅
“စုံလင်ကွဲပြားသော သင်ယူသူများအတွက် လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်သင်ကြားခြင်း” 🔔

📆 နေ့ရက် - ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက် (စနေနေ့)
🕙 အချိန် - မနက် ၁၀း၀၀ နာရီ မှ ၁၁း၃၀ နာရီအထိ (မြန်မာစံတော်ချိန်)

ဆရာ၊ဆရာမများ (အထူးသဖြင့် လုပ်ငန်းခွင်ဝင်စ ဆရာ၊ဆရာမများ၊ သင်ကြားရေးနှင့် ပတ်သက်ပြီး သင့်လျော်လုံလောက်သည့် လေ့ကျင့်သင်ကြားရေး (training) မရရှိခဲ့ဘူးသည့် ဆရာ၊ဆရာမများ) အတွက် “စုံလင်ကွဲပြားသော သင်ယူသူများအတွက် လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်သင်ကြားခြင်း” အွန်လိုင်းဟောပြောပွဲကို အထက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါ၍ ပါဝင်တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။ ဤဟောပြောပွဲတွင် လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်သင်ကြားခြင်း၏ အရေးပါပုံ၊ ထိုသင်ကြားခြင်းနည်းလမ်းကို စုံလင်ကွဲပြားသော သင်ယူသူများအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် နည်းဗျူဟာများကို တင်ဆက်သွားမည်ဖြစ်ပါသည်။ ဤဟောပြောပွဲကို မြန်မာဘာသာဖြင့် တင်ဆက်ဆွေးနွေးသွားမည်ဖြစ်သည်။ တက်ရောက်ကြသူများမှ မေးမြန်းလိုသော မေးခွန်းများကို ဟောပြောပွဲအတွင်း အမေးအဖြေကဏ္ဍတွင်ဖြစ်စေ၊ ဟောပြောပွဲအပြီး Myanmar Teacher Platform (MTP) ၏ Private Thematic Group တစ်ခုဖြစ်သည့် “Professional Learning Development Group” ဟူသည့် အဖွဲ့ထဲတွင်ဖြစ်စေ မေးမြန်းနိုင်မည် ဖြစ်ပါသည်။ အဆိုပါ Private Group ကို ဤ https://tinyurl.com/mr397dsm မှတစ်ဆင့် ဝင်ရောက်နိုင်ပါသည်။

ဟောပြောပွဲကို တက်ရောက်နိုင်ရန် ဤလင့်ခ်မှတစ်ဆင့် အခမဲ့ စာရင်းပေးသွင်းလိုက်ပါ။ https://tinyurl.com/3c8dbwvw

မှတ်ချက်။ ဤဟောပြောပွဲကို လုပ်ငန်းခွင်ဝင်စ ဆရာ၊ဆရာမများ (အထူးသဖြင့် သင်ကြားရေးနှင့် ပတ်သက်ပြီး သင့်လျော်လုံလောက်သည့် လေ့ကျင့်သင်ကြားရေး (training) မရရှိခဲ့ဘူးသည့် ဆရာ၊ဆရာမများ) အတွက် စီစဉ်ကျင်းပပေးခြင်း ဖြစ်ပါသည်။


Education Webinar Series of Myanmar Teacher Platform (MTP): Webinar 5
📣 “Differentiated Instruction for Diverse Learners” 🔔

📆 Date: July 27, 2024 (Saturday)
🕙 Time: 10:00 a.m. – 11:30 a.m. (Myanmar Time)

Teachers across Myanmar are cordially invited to join the education webinar hosted on Myanmar Teacher Platform (MTP). The webinar will explore the importance of differentiated instruction and how this instruction can be implemented for diverse learners. This webinar will be available in Myanmar. Participants are able to pose questions in the Q & A session and in one of the private Thematic Groups named “Professional Learning Development Group” on Myanmar Teacher Platform (MTP) after the webinar. You can join this private group via this link: https://tinyurl.com/mr397dsm

To participate in this event, please register using the following link: https://tinyurl.com/3c8dbwvw

Note: This learning event is especially intended for beginning teachers across Myanmar who have limited knowledge about teaching and received little proper training for professional development.

23/04/2024

FYI

🎉🎉Oxfam Young Leaders Fellowship Programme 2024

oxfaminasia and Asia Centre are looking for young people from Asia who have a blueprint in mind to create an equal future for all and become civic leaders of tomorrow!

🏆🏆Benefits

1. International learning opportunities and exposure
2. Stipend: Each fellow will receive a total amount of USD 3600 (USD 400 per month x 9 months) as a monthly stipend paid in 3 monthly intervals.
3. Opportunity to be mentored by experienced international professionals in various fields.
4. Opportunity to work with Oxfam in Asia and Asia Centre leadership teams from different regions.
5. Support to independently organise a smaller network for influencing and campaigning.
6. An opportunity to understand and learn about the international development sector.

Criteria for Nomination
Prospective young fellows must meet the following criteria:

1. Aged 27 or below.
2. Be a citizen of one of the following countries within Oxfam in Asia offices: Bangladesh, Cambodia, India, Indonesia, Laos, Myanmar, Nepal, Pakistan, Philippines, Sri Lanka, Thailand, Timor-Leste, or Vietnam.
3. Demonstrate creativity and motivation to make social change happen and sustain.
4. Showcase skills and aptitude to use digital/other tools for advocacy.
5. Have a good command of English (written and spoken).
6. We encourage women and those from minority communities to apply.
7. Not currently employed and will not take full time employment during the fellowship.
8. Interest to contribute to the following thematic areas: https://asiacentre.org/event/oxfam-young-leaders-fellowship-programme-2024/?fbclid=IwZXh0bgNhZW0CMTAAAR3usLANl0k7Ia-jJhoycMncGya0ORVvc6sNbdOcPMNm_JxRWZ3vbhKpWlw_aem_AfW9IlMA33F0i28q-nP3mr5nqnfTkvbBB42DbImL7KX7PuY5cPxdwiv3BKKQcB_Z3vrsOCevVK3_dHuBhDB713Gy

Requirement Details: https://asiacentre.org/event/oxfam-young-leaders-fellowship-programme-2024/?fbclid=IwZXh0bgNhZW0CMTAAAR3SMBpcOJotSl-hQBNziSy1qVO8KVhjMmJXU8nW_CesxLpmM8wtmcHW1DM_aem_AfNKNTX9nwbTw7w2NoK92CJ74lO-z0HP4F_IB56XszN3N4q139wdu0GOn11EWIUlgY3IPh0cpCGNnv2ebQ5gUp6a

Google Form: https://docs.google.com/forms/d/e/1FAIpQLSfY0Nfd00xljGpuweBIqtxsXPT_olwc72Iy0nqG-N-WLYznKA/viewform

Application Deadline: May 19, 2024

26/03/2024

Broken Squares

Send a message to learn more

26/03/2024

Listen & Grab

Send a message to learn more

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Tamwe Township
Yangon
11211