Future Bright

Future Bright

Share

Don't be afraid of moving forward! The future is bright . SO , Come & join Future Bright !

Photos from Future Bright's post 28/05/2026

June လမှာ ထပ်မံဖွင့်လှစ်မည့် (Movers, Flyers, KET & PET) တန်းခွဲသစ်များအတွက် စာရင်းသွင်းလက်ခံနေပါပြီ။ 📢
​💁‍♀️ အသက် (၆) နှစ်မှ (၁၅) နှစ်အရွယ် ကလေးငယ်များအတွက် Cambridge English သင်ရိုးညွှန်းတမ်းများနှင့်အညီ စနစ်တကျ သင်ကြားပေးမည့် Movers, Flyers နှင့် KET (A2 Key for Schools), PET (B1 Preliminary for Schools) အတန်းများကို Tr. Pyae ကိုယ်တိုင် June လထဲမှာ Online Class အဖြစ် ထပ်မံဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။
​📊 Level တစ်ခုချင်းစီအလိုက် ဘယ်သူတွေ တက်ရောက်သင့်လဲ?

​✅ 𝐌𝐨𝐯𝐞𝐫𝐬 𝐂𝐥𝐚𝐬𝐬
​🌟 အသက် ၉ နှစ်မှ ၁၁/၁၂ နှစ်အရွယ် Cambridge Exam (Movers) ကို ဝင်ရောက်ဖြေဆိုလိုသည့် ကလေးများ။
​🌟 အင်္ဂလိပ်စာ Listening, Speaking, Reading နှင့် Writing စွမ်းရည်များကို အခြေခံအဆင့်မှစ၍ လက်တွေ့စကားပြောဆိုနိုင်၊ စာကြောင်းတိုတိုလေးများ ရေးသားနိုင်သည်အထိ စနစ်တကျ လေ့လာရမည့် အတန်းဖြစ်ပါတယ်။
​🌟 Movers Class ပြီးဆုံးသွားတဲ့အခါမှာ ကလေးငယ်များဟာ English 4 Skills အခြေခံကောင်းများကို ပိုင်ပိုင်နိုင်နိုင် တတ်မြောက်သွားမှာဖြစ်ပြီး၊ Young Learners ရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ Flyers Class သို့ တက်လှမ်းရန် အကောင်းဆုံး အထောက်အကူပြုမှာ ဖြစ်ပါတယ်။

​✅ 𝐅𝐥𝐲𝐞𝐫𝐬 𝐂𝐥𝐚𝐬𝐬
​🌟 အသက် ၉ နှစ်မှ ၁၂/၁၃ နှစ်အရွယ် Cambridge Exam (Flyers) ဖြေဆိုလိုသည့် ကလေးများနှင့် Movers Level ပြီးမြောက်ထားသည့် ကလေးများ။
​🌟 Flyers Class ဟာ (Young Learners ရဲ့ အမြင့်ဆုံးအဆင့်) ဖြစ်ပြီး အင်္ဂလိပ်စာ 4 Skills ကို အဆင့်မြင့်မြင့်နှင့် စနစ်တကျ ဆက်လက်လေ့လာနိုင်မည့် အတန်းဖြစ်ပါတယ်။
​🌟 Flyers Class ပြီးဆုံးပါက ကလေးငယ်များဟာ English 4 Skills စလုံးကို သဘာဝကျကျ ရဲရဲဝံ့ဝံ့ အသုံးပြုလာနိုင်မှာဖြစ်ပြီး၊ နောက်ထပ် တက်ရောက်ရမည့် ဆယ်ကျော်သက် (Teenagers) အတန်းများဖြစ်သည့် KET နှင့် PET (B1) တန်းများအတွက် အခြေခံအုတ်မြစ်ကောင်း ဖြစ်လာမှာပါ။

​✅ 𝐊𝐄𝐓 (𝐀𝟐 𝐊𝐞𝐲 𝐟𝐨𝐫 𝐒𝐜𝐡𝐨𝐨𝐥𝐬)
​🌟 အသက် ၁၀ နှစ်မှ ၁၄ နှစ်အရွယ် KET (A2 Key for Schools) Exam ကို ဖြေဆိုလိုသည့် ကလေးများ။
​🌟 Young Learners Level (Movers, Flyers) ကို တက်ရောက်ပြီးစီးထားပြီး နောက်တစ်ဆင့် ဆက်လက်လေ့ကျင့် သင်ကြားလိုသည့် ကလေးများ။
​🌟 KET for Schools အတန်းဟာ အင်္ဂလိပ်စာ အခြေခံရှိပြီးသား ကလေးများအတွက် Listening, Speaking, Reading နှင့် Writing စွမ်းရည်များကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးမည့် အတန်းဖြစ်ပါတယ်။

​✅ 𝐏𝐄𝐓 (𝐁𝟏 𝐏𝐫𝐞𝐥𝐢𝐦𝐢𝐧𝐚𝐫𝐲 𝐟𝐨𝐫 𝐒𝐜𝐡𝐨𝐨𝐥𝐬)
​🌟 အသက် ၁၂ နှစ်မှ ၁၆ နှစ်အရွယ် ကလေးများ။
​🌟 KET (A2 Key) Level ပြီးဆုံးထားသူများ (သို့မဟုတ်) KET Exam အောင်မြင်ထားသူများ။
​🌟 အင်္ဂလိပ်စာ စွမ်းရည်များကို CEFR B1 Level အထိ အဆင့်မြှင့်တင်လိုပြီး PET Exam ကို ဝင်ရောက်ဖြေဆိုလိုသည့် ကလေးများ။
​📌 PET for Schools အတန်းဟာ အခြေခံအဆင့် (A2) ကို ပိုင်ပိုင်နိုင်နိုင် လေ့လာထားသည့် ကလေးများအတွက် အင်္ဂလိပ်စာစွမ်းရည် ပိုမိုမြင့်မားလာအောင် ဆက်လက်လေ့ကျင့်သင်ကြားပေးမည့် အတန်းဖြစ်ပါတယ်။

​🎯 တိကျသော Level ရွေးချယ်နိုင်မှုအတွက် Online Placement Test
​ကလေးငယ်များ အင်္ဂလိပ်စာလေ့လာရာတွင် မိမိနှင့် အမှန်တကယ် ကိုက်ညီသော Level တွင် သင်ကြားနိုင်စေရန် Online Placement Test ဖြေဆိုရမှာဖြစ်ပါတယ်။
​𝗢𝗻𝗹𝗶𝗻𝗲 𝗣𝗹𝗮𝗰𝗲𝗺𝗲𝗻𝘁 𝗧𝗲𝘀𝘁 ကို ဆရာမကိုယ်တိုင် (Face-to-face) တိုက်ရိုက်စစ်ဆေးပေးသွားမှာ ဖြစ်တဲ့အတွက် ကလေးတွေ တက်ရောက်ရမည့် Level ကို အမှန်ကန်ဆုံးနှင့် အတိကျဆုံး သိရှိနိုင်မှာ ဖြစ်ပါတယ်။

​🧑‍💼 𝐂𝐚𝐦𝐛𝐫𝐢d𝐠𝐞 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬 ရဲ့ သင်ကြားမှုပုံစံ
​📦 အတန်းမှာ အသုံးပြုဖို့လိုအပ်တဲ့ Textbook နှင့် Workbook များကို အိမ်အရောက် Delivery ဖြင့် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
​👥 သင်ကြားမှု ထိရောက်မှုရှိစေရန်အတွက် အတန်းတစ်တန်းလျှင် ကျောင်းသားဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံသင်ကြားပေးသွားမှာပါ။
​💻 ZOOM Application, Viber Group, Google Classroom များကို စနစ်တကျ အသုံးပြု၍ သင်ကြားပေးသွားပါမည်။
​🎮 Reading, Writing, Listening, Speaking စသည့် 4 Skills လုံးကို လက်တွေ့အသုံးချနိုင်စေရန် Activities များစွာ၊ Group work, Pair work, Quiz နှင့် ဆန်းသစ်သော Game များ အသုံးပြုကာ ရင်သွေးငယ်များ English စာတွင် Confidence (၁၀၀%) ရှိလာအောင် အနီးကပ် လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။
​📚 Cambridge English Exams အတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် သင်ရိုးစာအုပ်များကို အသုံးပြုသင်ကြားမှာ ဖြစ်တာကြောင့် (Movers, Flyers, KET & PET) ဖြေဆိုမည့် ကလေးများအတွက် Exam ကို ကောင်းမွန်စွာ ဖြေဆိုအောင်မြင်နိုင်မည့် အတန်းများ ဖြစ်ပါတယ်ရှင်။
​အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်သလို Page Messenger မှလည်း ဆက်သွယ်နိုင်ပါတယ်ရှင်။ ရင်သွေးငယ်များအတွက် အကောင်းဆုံး ပညာရေးလမ်းစကို အတူတူ ပုံဖော်ကြပါစို့။ ✨
​☎️ 09 79 544 7574
☎️ 09 978 026839

Photos from Future Bright's post 20/05/2026

2025-2026 Academic year graduation

Photos from Future Bright's post 20/05/2026

2026 ရဲ့ Summer Program နှင့် 2015 -2026 Pre K Academic year graduation

20/05/2026
08/03/2026

2026 Summer Class မနက်ခင်း အတန်းပုံရိပ်လေး

21/01/2026



31/12/2025

26/12/2025


25/12/2025

မိဘတိုင်းလိုချင်တာက
👉 ကလေး English ကို မကြောက်ဘဲ ပြောနိုင်စေချင်တာ
👉 စာမကျက်ရင်မရတဲ့ သင်ကြားမှုမဟုတ်ဘဲ
👉 ပျော်ပျော်ရွှင်ရွှင် သင်ယူစေချင်တာပါ 💙
ဒါကြောင့်
✨ Starters • Movers • Flyers English Classes
ကို Cambridge YLE အခြေခံပြီး
ကလေးတွေ နားလည်လွယ်၊ ယုံကြည်မှုတက်အောင် သင်ကြားပေးပါတယ်
📚 ဖွင့်လှစ်မယ့် အတန်းများ
🔵 Starters (6–8 နှစ်)
🟢 Movers (8–10 နှစ်)
🟣 Flyers (9–12 နှစ်)
🕒 အချိန်ဇယားတွေကို ပုံထဲမှာ အသေးစိတ်ကြည့်ရှုနိုင်ပါတယ်
💺 Limited Seats – အချိန်မီ စာရင်းပေးသွင်းပါ
📅 Classes Start: January 7, 2026
👩‍🏫 ကလေးရဲ့ အနာဂတ်အတွက်
“အင်္ဂလိပ်ကို စာသာမက ယုံကြည်မှုနဲ့ပါ သင်ပေးချင်တယ်” ဆိုတဲ့ မိဘများအတွက်
ဒီအတန်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါတယ် 💙
📩 အသေးစိတ် သိလိုပါက
Message မှာ မေးမြန်းနိုင်ပါတယ်နော် 😊



Photos from Future Bright's post 17/12/2025

ဖေဖေ မေမေတို့ရဲ့ အဖိုးတန်ရတနာလေးတွေအတွက် New year New plan လေးကို ဖတ်ကြည့်ပေးပါဦး

Cambridge YLE Exam အတွက် ဘယ်လို ပြင်ဆင်ပေးရမလဲ?

မိဘများအနေနဲ့
“ကလေးကို အင်္ဂလိပ်ကောင်းစေချင်တယ်” လို့ စိတ်ကူးရှိကြပေမယ့်
ဘယ်လိုပြင်ဆင်ပေးရမလဲ? YLE Exam ဆိုတာဘာလဲ? ဆိုတာ မသေချာကြသေးတဲ့ မိဘများ အများကြီးရှိပါတယ်။

ဒီဆောင်းပါးမှာ မိဘများအတွက်
နားလည်လွယ်လွယ်၊ လက်တွေ့အသုံးဝင်တဲ့ အကြံပြုချက်များ ကို မျှဝေပေးချင်ပါတယ်။

---

Cambridge YLE Exam ဆိုတာ ဘာလဲ?

YLE ဆိုတာ Young Learners English ဖြစ်ပြီး
ကလေးများအတွက် အထူးဒီဇိုင်းလုပ်ထားတဲ့
Starters, Movers, Flyers ဆိုတဲ့ အဆင့် ၃ ဆင့် ပါဝင်ပါတယ်။

ဒီစာမေးပွဲတွေမှာ
❌ အောင် / ကျရှုံး မရှိပါ
✔️ ကလေးရဲ့ အင်္ဂလိပ်စွမ်းရည်ကို အားပေးသတ်မှတ်ပေးတာပါ

YLE Exam ကို ပြင်ဆင်ရခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ –

အင်္ဂလိပ်အခြေခံကို သေချာတည်ဆောက်နိုင်ခြင်း

ပြောရဲ၊ ဆိုရဲ ဖြစ်လာခြင်း

နောက်တဆင့် KET, PET Exam တွေအတွက် အဆင်သင့်ဖြစ်လာခြင်း

စာမေးပွဲကို မကြောက်တော့ခြင်း

---

မိဘများအနေနဲ့ အိမ်မှာ ဘယ်လိုကူညီနိုင်မလဲ?

မိဘများ အင်္ဂလိပ်မကျွမ်းကျင်ဘူးဆိုရင်တောင် ကူညီနိုင်ပါတယ်။

ဥပမာ –

နေ့တိုင်း အချိန်တို (၁၅–၂၀ မိနစ်) လေ့ကျင့်ပေးခြင်း

English song, story လေးတွေ အတူနားထောင်ပေးခြင်း

မှားရင် ဆူမပြောဘဲ အားပေးပေးခြင်း

ဒါပေမယ့်
👉 အိမ်မှာပဲ လေ့ကျင့်တာနဲ့တော့ မလုံလောက်ပါဘူး
👉 စနစ်ကျတဲ့ YLE သင်ကြားမှု လိုအပ်ပါတယ်

---

YLE Exam ကို စနစ်တကျ ပြင်ဆင်ဖို့ ဘာကြောင့် အရေးကြီးလဲ?

YLE Exam မှာ စကားလုံးသိရုံနဲ့ မလုံလောက်ပါဘူး။

ကလေးတွေ သိထားရမယ့်အချက်တွေက –

Listening ကို ဘယ်လို နားထောင်ရမလဲ

Picture ကိုကြည့်ပြီး Speaking ဘယ်လိုပြောရမလဲ

Exam Question ပုံစံကို နားလည်ခြင်း

အချိန်ကို ဘယ်လို စီမံရမလဲ

ဒီအချက်တွေကို
အတွေ့အကြုံရှိတဲ့ ဆရာမ / ဆရာနဲ့ မလေ့လာရင်
ကလေးတွေ စိတ်ရှုပ်နိုင်ပါတယ်။

---

ကျွန်မရဲ့ YLE Class မှာ ဘယ်လို သင်ပေးလဲ?

ကျွန်မမှာ
အင်္ဂလိပ်သင်ကြားမှု အတွေ့အကြုံ ၁၃ နှစ်ကျော် ရှိပြီး
ကလေးများအတွက် YLE Exam ကို စနစ်တကျ ပြင်ဆင်ပေးနေပါတယ်။

Class ထဲမှာ –

Cambridge Exam Format အတိုင်း သင်ပေးပါတယ်

ပုံများ၊ activities တွေကို အသုံးပြုပါတယ်

Speaking confidence ကို အဓိကထားပါတယ်

ကလေးတွေ မကြောက်အောင် စမ်းသပ်လေ့ကျင့်ပေးပါတယ်

---

ကလေးတွေ စိတ်အေးအေးနဲ့ သင်ယူနိုင်တဲ့ ပတ်ဝန်းကျင်

ကျွန်မရဲ့ Class မှာ –

မှားလို့ ဆူမခံရပါ

စိတ်လွတ်လပ်စွာ ပြောနိုင်ပါတယ်

တဖြည်းဖြည်း ယုံကြည်မှု တက်လာပါတယ်

မိဘများအနေနဲ့လည်း
ကလေးရဲ့ တိုးတက်မှုကို ပုံမှန် သိရှိနိုင်ပါတယ်

---

သင့်ကလေးရဲ့ အနာဂတ်အတွက် ယနေ့က စတင်ပါ

သင့်ကလေးကို –
✔️ အင်္ဂလိပ်အခြေခံကောင်းစေချင်တယ်
✔️ YLE Exam ကို ယုံကြည်စိတ်ချစွာ ဖြေဆိုစေချင်တယ်
✔️ စိတ်ချရတဲ့ ဆရာမနဲ့ သင်စေချင်တယ် ဆိုရင်

ကျွန်မရဲ့ YLE Preparation Class ကို လာရောက် Join လုပ်ဖို့ ဖိတ်ခေါ်ပါတယ် 🌱

2026 January Online Class Schedule လေး ရပါပြီ

Photos from Future Bright's post 14/12/2025

Cambridge YLE ဆိုသည်မှာ

🏴󠁧󠁢󠁥󠁮󠁧󠁿English ဘာသာစကားကို လေ့လာသင်ကြားသူများအကြား အပြောများတဲ့ YLE အကြောင်းပြောကြရအောင်

👩‍YLE ဆိုတာက Young Learner English ကို ဆိုလိုတာပါ။ Cambridge က စစ်ဆေးတဲ့ Eng စာ အရည်အသွေးသတ်မှတ်ချက်ပေါ့။ အထူးသဖြင့် ကလေးများရဲ့ အင်္ဂလိပ်စာ အရည်အသွေးကို စစ်မေးတဲ့ စာမေးပွဲပါ။ YLE အကြောင်းပြောကြတဲ့အခါ Cambridge English ရဲ့ အဆင့်သတ်မှတ်ချက်ဖြစ်တဲ့ CEFR ကိုလည်း ချန်ထားလို့ မရပါဘူး။ CEFR ရဲ့ အရှည်ကတော့ Common European Framework of Reference ပါ။ CEFR မှာတော့ အဆင့်သတ်မှတ်ပုံအားဖြင့် A1, A2, B1, B2, C1, C2 ဆိုပြီး အဆင့် (၆)ဆင့် ရှိပါတယ်(ပုံကို ကြည့်ပါ)။ အနိမ့်ဆုံးအဆင့်သတ်မှတ်ချက်တွေကတော့ A1 နဲ့ A2 ဖြစ်ပြီး Basic User လို့ သတ်မှတ်ထားပါတယ်။ အဲ့နောက်မှာ B1နဲ့ B2 ရှိပြီး သူတို့ကိုတော့ Independent User လို့ သတ်မှတ်ပါတယ်။ CEFR ရဲ့ အမြင့်ဆုံးအဆင့်ကတော့ C1နဲ့ C2 ဖြစ်ပြီး Proficient User လို့ သတ်မှတ်ထားပါတယ်🌿

💫YLE မှာတော့ အဆင့် ၃ ဆင့် ရှိပါတယ်။ အဲ့ဒါတွေကတော့ Starters, Movers နဲ့ Flyers တွေပါ။ အဆင့် ၃ ဆင့်လုံးမှာ Eng ဘာသာစကားရဲ့ Skills (၄)ခုဖြစ်တဲ့ Reading, Listening, Writing နဲ့ Speaking Skills တွေကို စစ်ဆေးပါတယ်။ YLE ရဲ့ Staters ကတော့ CEFR သတ်မှတ်ချက်အရ Pre-A1 ဖြစ်ပါမယ်။ YLE ရဲ့ Movers Level က CEFR အဆင့်သတ်မှတ်ချက်မှာ A1 နဲ့ ညီမှာဖြစ်ပြီး၊ Flyers အဆင့်ပြီးရင် CEFR ရဲ့အဆင့်သတ်မှတ်ချက် A2 နဲ့ ညီမှာဖြစ်ပါတယ်။ သို့သော်လည်း YLE သင်ရိုးတွေမှာ ထည့်သွင်းရေးသားထာတဲ့ Language ကတော့ ကလေးတွေနဲ့ ကိုက်ညီဆီလျော်တဲ့ Context and Words တွေကိုပဲ သုံးထားတာဖြစ်ပါတယ်။ YLE အဆင့်ပြီးသွားတဲ့ ကလေးတွေအနေနဲ့ကတော့ Key (KET)for Schools, Preliminary (PET) for Schools, First (FCE) for Schools စတဲ့ အဆင့်တွေကို ဆက်ပြီး တက်လှမ်းလို့ ရပါတယ်🌿

⭐⭐⭐⭐Four Skills ကို စစ်ဆေးတာဖြစ်တဲ့အတွက် Four Skills လုံးကို ပြည့်စုံလုံလောက်အောင် ပြင်ဆင်သင်ကြားကြရပါတယ်။ သင်ကြားမှု၊ လေ့ကျင်မှု ပြည့်စုံအောင် ဆောင်ရွက်ထားမယ်ဆိုရင် ကလေးများရဲ့ English ဘာသာစကား အရည်အသွေးတိုးတက်မှုကို အများကြီးအထောက်အကူပြုနိုင်ပြီး ဘာသာစကားအရည်အသွေးကို ငယ်စဥ်ကတည်းက စနစ်တကျ တိုးတက်စေနိုင်ပါတယ်။ YLE စာမေးပွဲတွေကို ဖြေဆိုသည်ဖြစ်စေ၊ မဖြေဘဲနေသည်ဖြစ်စေ ကလေးတွေရဲ့ ဘာသာစကားကိုတိုးတက်စေနိုင်သလို၊ စဥ်းစားတွေးခေါ်နိုင်စွမ်းကိုလည်း တိုးတက်စေနိုင်မှာ ဖြစ်ပါတယ်🌿

🎉Language Skills တွေကို ခွဲခြားသင်ကြားတာမျိုးမဟုတ်ဘဲ Skills Integration (ကျွမ်းကျင်မှု ပေါင်းစပ်သင်ကြားမှု)ပုံစံကို သွားတာဖြစ်တဲ့အတွက်လည်း အဖြစ်အများဆုံးဖြစ်တဲ့ “Reading နဲ့ Writing တော့ ရပါတယ်၊ Speaking နဲ့ Listening တော့ သိပ်မရဘူး😭”ဆိုတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။
နှစ်သစ်မှာ သားသား မီးမီး တို့ရဲ့ English learning journey ကို စတင်ချင်ရင်တော့ Future Bright ကို ဆက်သွယ်လိုက်ပါတော့ ........

👏Eng ဘာသာစကား အရည်အသွေး တိုးတက်ကောင်းမွန်ကြပါစေ။




Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon