16/07/2020
အကြောင်းသိကောင်းစရာ အပိုင်း ၁
Myanmar ။ ။ လူအများစုပြောနေတဲ့ Thesis ကိစ္စ။ Thesis ကို တချို့ Scholarship ပေးတဲ့ ကျောင်းဆိုရင် မှာ Thesis မလိုဘူးပေါ့။ တချို့ကျတော့လဲ Thesis ရှိတော့ လက်တွေ့ Result ပြလို့ရတာပေါ့။ အထူးသဖြင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်က Thesis ကို ဘာကြောင့် လုပ်ခိုင်းတာလဲ။
ပါမောက္ခဌာနမှူး Dr. ဒေါ်နုနုလွင်။ ။ အဲဒါက အစောပိုင်းတုန်းက MBA မှာ Thesis မရှိဘူး။ Research Project အနေနဲ့လုပ်တယ်။ အချိန်ကာလတစ်ခုအထိ။ ၂၀၀၆-၀၇ လောက် အထိလို့ မှတ်မိတယ်။ အဲဒီအထိ Research Project အနေနဲ့ လုပ်တယ်။ အဲဒီနောက်ပိုင်း စနစ်အရ Master ဖြစ်တဲ့အတွက် လူကြီးတွေရဲ့ အမြင်ပေါ့။ Master ဆို Thesis ရေးရမယ်ဆိုတဲ့အမြင်အရ။ တီချယ်ကိုယ်တိုင် အတွေ့အကြုံအရ ဂျပန်မှာ MBA တက်ရင် Thesis မရေးချင် မရေးလို့ရတယ်။ Research Projectနဲ့ ဘာကွာလဲဆိုရင် Credit Unit ကွာတယ်။ Research Project လုပ်ထားတဲ့ Credit Unit နဲ့ Thesis လုပ်သူရတဲ့ Credit Unit ကွာတယ်။ နောက်တစ်ချက်က Research Project လုပ်ထားတဲ့သူက Doctorate ဝင်ခွင့်မရပါဘူး။ Thesis လုပ်ထားမှ ဆက်သွားလို့ရပါတယ်။ ဒါက International အတွေ့အကြုံအရပြောတာပါ။
Thesis လိုသလားဆိုရင် မဖြစ်မနေလိုတယ်လို့တော့ တီချယ်တို့က မပြောပါဘူး။ ဒါပေမဲ့ စနစ်အရလိုပါတယ်။ MBA ရဲ့သဘောအရ မဖြစ်မနေ မဟုတ်ပါဘူး။ စနစ်ရဲ့သဘောအရပေါ့။
တီချယ်ရဲ့ ခံယူချက်က တကယ်လို့ Research Project ဆိုရင် Research Project အဆင့် ရသင့်ရထိုက်တာ ရသွားမယ်။ Thesis လို့ပြောရင် Thesis တစ်ခု ရဲ့အဆင့်ကိုတော့ မီဖို့လိုတယ်။ အဲဒါကြောင့် MBA မှာ Thesis က တစ်ခါတလေကျရင် သိပ်ပြီး ခက်ခက်ခဲခဲ ကျော်လွှားရတဲ့ ကိစ္စတစ်ခုလိုမျိုး ဖြစ်နေတယ်။ ဒါပေမဲ့ Thesis တစ်ခုကို စနစ်တကျ Approach လုပ်သွားမယ်ဆိုရင် ဒါက ခက်ခက်ခဲခဲ ကျော်လွှားရတဲ့ကိစ္စ မဟုတ်ပါဘူး။ ဥပမာ တချို့တွေ Thesis ရေးဖို့ အနည်းဆုံး ၆ လ ရပါတယ်။ ဒါပေမဲ့ တချို့ဆို ၁၈ လ လောက်အထိ ယူတယ်။ EMBA တွေ ကတော့ ယူတာနည်းပါတယ်။ တကယ်တော့ ၂နှစ်အတွင်းပြီးရမယ်ဆိုတာ ကန့်သတ်ချက်မှာ ပါပြီးသား။ ဒါပေမဲ့ MBA ရဲ့ အများဆုံးသက်တမ်း ခွင့်ပြုချက်က ၃ နှစ်။ ၃နှစ်အတွင်းပြီးနိုင်တယ် ဆိုတဲ့အခါမှာ လူတိုင်းက ၃ နှစ် မပြည့်ပြည့်အောင် အချိန်ဆွဲတာမျိုးကိုလဲ တွေ့ရပါတယ်။ တီချယ် တကယ်ပြန်စဉ်းစားကြည့်တယ်။ ဘယ်လောက်ပဲ ခက်တယ်ပြောပြော သူတို့တွေ ဘယ်လောက်အချိန်ပေးလုပ်သလဲပေါ့။ တီချယ်ထင်ပါတယ်။ အများစုက ၆ လမလုပ်ပါဘူး။ အလွန်ဆုံး ၃လပဲ။ ဘာကြောင့်လဲဆိုတော့ မလုပ်လို့ မပြီးတာ။ ဘွဲယူဖို့ Convocation ရက်သတ်မှတ်လိုက်ပြီ ဆိုတာ နဲ့ သေချာတယ်။ အဲဒီမှာ မပါတာစိုးတာနဲ့ ၂လ သို့မဟုတ် ၃လ၊ တချို့ဆိုရင် ၁လခွဲလောက်နဲ့ ပြီးအောင်ရေးတာမျိုးဆိုတော့ Thesis သည် ခက်လားဆိုတော့ မခက်ပါဘူး။ လုပ်ဖို့ပဲလိုပါတယ်။
MBA ကိုဝင်လာမယ့်သူတွေရော လက်ရှိ Thesis ရေးမယ့်သူတွေရော အဓိက သတိပေးချင်တဲ့အချက်က တခြားတက္ကသိုလ်တွေနဲ့ တီချယ်တို့ YUE မတူတဲ့အချက်က Thesis ရဲ့ Plagerism check ပါ။ Thesis ဆိုတာ သူများတွေဆီကနေ ကူးတဲ့ဟာမဟုတ်ဘူး။ စု၊ တု၊ ပြုလို့ပြောတဲ့အခါ တုတယ်ဆိုတဲ့အဆင့်မှာရပ်ပြီး ပြုတဲ့အဆင့်ကို မရောက်ကြဘူးဖြစ်နေတဲ့အတွက် ပါမောက္ခချုပ်ကြီးက တဖြည်းဖြည်းနဲ့ Plagerism Allow လုပ်တဲ့ Percentage ကို လျှော့လာတယ်။ အခုဆို ၁၅ ရာခိုင်နှုန်းပဲ ခွင့်ပြုတော့တယ်။ လာမဲ့ December က စပြီး One digit (Less than 10%) ပဲ ခွင့်ပြုတော့မယ်လို့ ပြောထားတယ်။ စု၊ တု၊ ပြုဆိုတဲ့အဓိပ္ပာယ်က ဘာလဲဆိုတော့ Theory တွေ၊ အခြား Researcher တွေရဲ့ တွေ့ရှိချက်တွေကို အခြေခံပြီး ကိုယ်က ပြန်သုံးသပ်ပြီး ရေးဖို့။ အဲလိုမဟုတ်ဘဲ အကုန်လုံးကူးချလိုက်ပြီးတော့မှ စစ်တဲ့အခါ Percentage တွေက မြင့်နေတယ်ဆိုတာလဲ ကြားရတဲ့အခက်အခဲပေါ့။ ကိုယ်က မှန်မှန်ကန်ကန်နဲ့ Theory တွေကို Refer လုပ်ရမယ်။ ရေးကတည်းက Concept တွေ၊ သူများတွေရဲ့ တွေ့ရှိချက်တွေကို ကိုယ့်ရဲ့ ကိုယ်ပိုင်စကားလုံးနဲ့ ပြန်ရေးဖို့လိုပါလိမ့်မယ်။ ရှေ့မှာလေ့လာစရာ Thesis တွေ အများကြီးပါ။ Thesis သည် အရေးကြီးပါတယ်။ ဘွဲ့ရဖို့အတွက် အရေးကြီးပါတယ်။ စနစ်ရဲ့ လိုအပ်ချက်အရ အရေးကြီးပါတယ်။ စနစ်တကျလုပ်သွားရင် Thesis က အခက်အခဲ အကြီးကြီးမဟုတ်ဘူးလို့ ပြောချင်ပါတယ်။
နှင့် အခြားသိကောင်းစရာများကို Myanmar ၏ Facebook, YouTube, Website နှင့် Application တို့တွင် လေ့လာနိုင်ပါသည်။
အကြောင်းသိကောင်းစရာ အပိုင်း ၁
Myanmar ။ ။ လူအများစုပြောနေတဲ့ Thesis ကိစ္စ။ Thesis ကို တချို့ Scholarship ပေးတဲ့ ကျောင်းဆိုရင် မှာ Thesis မလိုဘူးပေါ့။ တချို့ကျတော့လဲ Thesis ရှိတော့ လက်တွေ့ Result ပြလို့ရတာပေါ့။ အထူးသဖြင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်က Thesis ကို ဘာကြောင့် လုပ်ခိုင်းတာလဲ။
ပါမောက္ခဌာနမှူး Dr. ဒေါ်နုနုလွင်။ ။ အဲဒါက အစောပိုင်းတုန်းက MBA မှာ Thesis မရှိဘူး။ Research Project အနေနဲ့လုပ်တယ်။ ...
ဆက်လက်ဖတ်ရှုရန် https://myanmarlearner.com/2020/10/05/why-thesis-need1/?nocache