30/01/2025
အခုလက်တလော ကျွန်မတွေ့ရသလောက်
လူတွေဟာ စကားလုံးတွေကိုထင်တိုင်းကြဲ
စည်းဘောင်မရှိ သုံးနေရင်းက အဲ့ Energyတွေ
ဟာအရမ်းပျံ့နှံ့လွယ်သလို ကြားသူ၊ဖတ်ရှုသူ
ကတဆင့် Negative state ဖြစ်ကာ လူတွေက
တဖြည်းဖြည်း Emotional controlမရ ဖြစ်လာရတတ်ပါတယ်။
တကယ်တမ်းတော့ စကားလုံးတွေဆိုတာ
အင်မတန်အားပြင်းလှပါတယ်။
ဒီလိုလေး မြင်သာအောင်ပြောပြရရင်
ကျွန်မတို့က သစ်ပင်တစ်ပင်ဖြစ်တယ်ဆို
စကားလုံးဆိုတာ ကျွန်မတို့၏အမြစ်များဖြစ်တယ်။
ကျွန်မတို့ကကျွန်မတို့ တွေးခေါ် ပြောဆိုရေးသားသော စကားလုံးတို့နှင့်အတူ ကြီးထွားတယ်။
စကားလုံးတွေကို အထင်မသေးလိုက်ပါနဲ့……
သင့်ရဲ့မနက်ဖြန်တိုင်းသည် သင့်ပြောသော
စကားလုံးများအတိုင်းဖြစ်ရန် ၇၇ % မျှရှိပါတယ်။
စကားလုံးတွေကတဆင့် အရာရာကိုပြောင်းလဲနိုင်
တာကြောင့် စကားလုံးတွေကတဆင့် သင်ရှာဖွေနေ
တာတွေ တွေ့နိုင်တယ််။
အဲ့တော့ စကားလုံးပြောင်း ရင် ဘာဖြစ်လဲ ?
စကားလုံးတွေပြောင်းရင် သင့် စိတ်ပြောင်းမယ် ။
စိတ်ပြောင်းတာနဲ့အမျှခံစားချက်တွေပြောင်းလာမယ်။
ခံစားချက်ပြောင်းရင် နေ့ရက်တိုင်းပိုလှပလာမယ်။
နေ့ရက်တိုင်းလှပလာသမျှ Relationshipကောင်းလာမယ်။
Relationship ကောင်းလာတာနှင့်အမျှ အေးချမ်းလာမယ်။
အေးချမ်းလာတာ နှင့်အမျှ Mindfulness ဖြစ်လာမယ်။
Magnetic Money တွေလည်း ရလာမယ်။
အဲ့တော့ လူတွေသိပ် အလေးမထားပေမယ့် အားပြင်းတဲ့အစွမ်းရှိတဲ့စကားလုံးတွေကိုအခြေခံကာ ဦးနှောက်နဲ့နှလုံးသား ကြားက စိတ်ရဲ့ ဆက်နွယ်ပုံ နဲ့ ပတ်သတ်ပြီး အသေးစိတ်ကိုတော့ ….
အခုလာမယ့် ဖေဖေါ်ဝါရီ ၃ ရက်နဲ့ ၄ရက် 'world of words'-
''wow'' Training မှာ သင်ကြား မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
*အခုကတော့ လူစာရင်းပြည့်သွားပါပြီ။*
တကယ်လို့ စိတ်ဝင်စားရင် နောက် အတန်းအတွက်
စာရင်းကြိုပေးလို့ရပါတယ် ။ ၂ ရက် သင်တန်းပါ။
အခုလိုခေတ်ကာလမှာ မသိသေးတာတွေရှာဖွေပါ။
မိမိကိုယ်ကို မိမိ ရင်းနှီးမြုပ်နှံ လေ့လာပါ။
“စကားလုံးတွေအကြောင်းသာ သင်တကယ်သိရင်
စကားအပိုတွေပြော ဖြစ်တော့မှာမဟုတ်ပါ။”
အခုတစ်သုတ် အပ်ထားကြတဲ့သူတွေ နဲ့
ဖေဖေါ်ဝါရီ ၃ ၊ ၄ မှာ အတူတူဆုံကြပါမယ် ။
May Xing मणि पद्मे हुं