ပညာအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း

ပညာအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း

Share

Aung Myay Education Service since 2004.

21/06/2026

Happy Father's Day (21st June 2026)💝
..............................................................
စားဝတ်နေရေး၊ ငွေရှာပေး
ကျေးဇူးကြီးပေ၊ တို့ဖေဖေ။

ကိစ္စများဖြင်၊ ပေါ်ပေါက်လျှင်
စီရင်တတ်ပေ၊ တို့ဖေဖေ။

အိမ်ထောင်အရေး၊ စီမံပေး
လေးစားလောက်ပေ၊ တို့ဖေဖေ။

စဉ်းစားမျှော်မြင်၊ ဉာဏ်နှင့်ယှဉ်
ပဲ့ပြင်တတ်ပေ၊ တို့ဖေဖေ။

နိုင်ငံအကျိုး၊ တို့အကျိုး
သယ်ပိုးနိုင်ပေ၊ တို့ဖေဖေ။

ယနေ့တွင်ကျရောက်သော ဖခင်များနေ့တွင် နိုင်ငံအဝှမ်းရှိ ဖခင်များအားလုံး စိတ်ရောကိုယ်ပါကျန်းမာချမ်းသာ၍ အေးချမ်းကြပါစေကြောင်း ပညာအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း မိသားစုများမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။ 💕🙏

အသေးစိတ်စုံစမ်းလိုပါက

🏫ပညာအောင်မြေ ( တာမွေ ရုံးချုပ်)
အမှတ် ၄၇၆ - A ၊ ဒဂုံလွင် လမ်း နှင့်
မြလေးရုံလမ်း ထောင့်၊ မေတ္တာညွန့် ရပ်ကွက် ၊ တာမွေ မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး။

🏫ပညာအောင်မြေ ( ဗဟန်း ကျောင်းခွဲ ) အမှတ် ၁၁၄ ၊ ရေတာရှည်လမ်း ဟောင်း၊ ရေတာရှည် ရပ်ကွက်၊ ဗဟန်း မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး။

📲 09252229990, 09252229991,09252229992,09252229993

#ပညာအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း
#ရေတာရှည်လမ်းဟောင်း

14/06/2026

📣 ပညာရေးပြပွဲ ဖိတ်ကြားလွှာ (Free Entry) 📣
ပညာအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade 12 ဖြေဆိုအောင်မြင်ပြီးသူများအနေဖြင့် ပြည်တွင်းရှိ အစိုးရတက္ကသိုလ်များ၊ ပြည်တွင်း Private International College များနှင့် ပြည်ပနိုင်ငံများရှိ နိုင်ငံတကာတက္ကသိုလ်များသို့ တိုက်ရိုက်သွားရောက် ပညာသင်ယူနိုင်ပြီဖြစ်ပါတယ်။

ကျောင်းသား/သူများအနေဖြင့် နိုင်ငံတကာတက္ကသိုလ်များ၏ ကျောင်းဝင်ခွင့်ဆိုင်ရာ အချက်အလက်များ၊ ကျောင်းဝင်ခွင့်လမ်းညွှန်များနှင့် Scholarship အခွင့်အလမ်းများကို အသေးစိတ် သိရှိနိုင်စေရန် ရည်ရွယ်၍ “Your Pathway to Global Education” ပညာရေးပြပွဲကို ပညာအောင်မြေ (ဗဟန်းကျောင်း) တွင် Information Hub of Myanmar နှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပညာအောင်မြေကျောင်း၌ တက်ရောက်ပညာသင်ကြားနေဆဲ/သင်ကြားခဲ့သော ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများအားလုံး တက်ရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
🎟️ ပွဲတက်ရောက်ခ
• အခမဲ့ (Free Entry) - မည်သည့်အခကြေးငွေမျှ ပေးရန်မလိုဘဲ လွတ်လပ်စွာ တက်ရောက်နိုင်ပါသည်။
📅 ပညာရေးပြပွဲ ပြုလုပ်မည့်နေ့ရက်
• ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် (ကြာသပတေးနေ့)
⏰ ပညာရေးပြပွဲ ပြုလုပ်မည့်အချိန်
• နံနက် ၀၉:၀၀ နာရီမှ နေ့လယ် ၁၁:၀၀ နာရီအထိ
📍 ကျင်းပမည့်နေရာ
• ပညာအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း (ဗဟန်းကျောင်းခွဲ)
• အမှတ် ၁၁၄၊ ရေတာရှည်လမ်းဟောင်း၊ ရေတာရှည်ရပ်ကွက်၊ ဗဟန်းမြို့နယ်။
🎓 မိဘနှင့် ကျောင်းသားများ တိုက်ရိုက်ဆွေးနွေးနိုင်မည့် နိုင်ငံတကာကျောင်းများ
• Nanyang Institute of Management (NIM)
• PSB Academy
• University of the Arts Singapore (UAS)
• Business and Hotel Management School (BHMS) - Switzerland
• UT Preparatory Academy

Photos from ပညာအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း's post 28/05/2026

🙏ကျောင်းဆောင်သစ် တိုးချဲ့ခြင်း အထိမ်းအမှတ် ဒါနအလှူ🙏
..............................................................................
ပညာအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း ၏ ဗဟန်းကျောင်းဆောင်သစ်တက်ပွဲ မင်္ဂလာအထိမ်းအမှတ် အဖြစ်
"ပိုင်းလော့ဆရာတော်ဘုရားကြီး" အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း နှင့် စတုဒိသာ အလှူတော် အား ယနေ့ ၂၈၊ ၅၊ ၂၀၂၆ (ကြာသပတေးနေ့) တွင် ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းဟောင်း ပညာ အောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း ၌ ပြုလုပ်လှူဒါန်းခဲ့ပါသည်။ ဤသို့ပြုရ ကုသလကြောင့် ၇ ရက်သားသမီးအပေါင်း ဘေးဘယာ ဝေးကွာ အေးချမ်းကြပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။

ပညာအောင်မြေကိုယ်ပိုင်အထက်တန်းကျောင်းမိသားစု

အသေးစိတ်စုံစမ်းလိုပါက

🏫ပညာအောင်မြေ ( တာမွေ ရုံးချုပ်)
အမှတ် ၄၇၆ - A ၊ ဒဂုံလွင် လမ်း နှင့်
မြလေးရုံလမ်း ထောင့်၊ မေတ္တာညွန့် ရပ်ကွက် ၊ တာမွေ မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး။

🏫ပညာအောင်မြေ ( ဗဟန်း ကျောင်းခွဲ ) အမှတ် ၁၁၄ ၊ ရေတာရှည်လမ်း ဟောင်း၊ ရေတာရှည် ရပ်ကွက်၊ ဗဟန်း မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး။

📲 09252229990, 09252229991,09252229992,09252229993

#စတုဒိသာ #ကိုယ်ပိုင်ကျောင်းဗဟန်း #ပညာအောင်မြေ #ရေတာရှည်လမ်းဟောင်း

28/05/2026

🌙 ယနေ့ ကျရောက်တဲ့ ကုရ်ဘာနီ အီးဒ်နေ့ (Eid al-Adha) အခါသမယမှာ အနယ်နယ်အရပ်ရပ်မှ အစ္စလာမ်ဘာသာဝင် မိဘပြည်သူများအား နှင့် အများသူငှာ အားလုံး ချမ်းသာကိုယ်စိတ် မြဲကြပါစေကြောင်း ပညာအောင်မြေ မိသားစုများမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

#ပညာအောင်မြေMyanmar #ကိုယ်ပိုင်ကျောင်းဗဟန်း

22/05/2026

📚 ရင်သွေးငယ်များ၏ တောက်ပသော အနာဂတ်အတွက် "ပညာအောင်မြေ" 📚

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ဇွန်လ (၁) ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်ပါတော့မည်။ 🎉

KG မှ Grade 12 အတန်းများအတွက် အရည်အသွေးပြည့်ဝသော ပညာရေးစနစ်နှင့် သင်ကြားပေးနေသော "ပညာအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း" တွင် မိဘမိသားစုများ နေ့စဉ် လာရောက်စုံစမ်းမေးမြန်း အပ်နှံနိုင်ပါပြီ။

✨ ဘာကြောင့် ပညာအောင်မြေကို ရွေးချယ်သင့်သလဲ?

• စိတ်အေးချမ်းသာစွာ သင်ယူနိုင်မယ့် ခေတ်မီကျောင်းဆောင်သစ်ကြီး
• KG မှ Grade 12 အထိ စနစ်သစ်သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားမှုများနှင့် ထပ်ဆောင်းဖြည့်စွက်လေ့ကျင့် သင်ကြားမှုများ
• အတွေ့အကြုံရင့် ဆရာ/ဆရာမကြီးများ၏ အနီးကပ်ပြုစုပျိုးထောင်မှု
________________________________________
📍 ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ်များ
🏠 ဗဟန်း ကျောင်းခွဲ
• အမှတ် ၁၁၄၊ ရေတာရှည်လမ်းဟောင်း (ရတနာအောင် သင်္ကန်းဆိုင်နှင့် မန်းရွှေရည် နိဗ္ဗာန်ကုန်ဆိုင်မျက်နှာချင်းဆိုင်)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

🏠 တာမွေ ရုံးချုပ်
• အမှတ် ၄၇၆-A၊ ဒဂုံလွင်လမ်းမပေါ်၊ မြလေးရုံလမ်းထောင့်၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

• 09 25222 9990, 09 25222 9991
• 09 25222 9992, 09 25222 9993
________________________________________
✨ ရင်သွေးငယ်များ၏ ပညာရေးခရီးလမ်း အောင်မြင်ဖို့ ယနေ့ပဲ "ပညာအောင်မြေ" မှာ ကျောင်းလာအပ်လိုက်ပါ ✨

#ပညာအောင်မြေ #ကိုယ်ပိုင်အထက်တန်းကျောင်း #ကျောင်းအပ်နှံရေးသတင်းပတ် #ရန်ကုန်မြို့

22/05/2026

ကျောင်းပြင်ပရောက်ကလေးများ ကျောင်းပြန်လည်တက်ရောက်လိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် လျှောက်လွှာတင်နိုင်ပါပြီ....

Photos from ပညာအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း's post 21/05/2026

"Placement Test" အထူးအစီအစဉ်
.......................................................
၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော
အခြေခံပညာမူလတန်းဆင့် (Grade 2 မှ Grade 5) နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9) ကျောင်းသားများအတွက် Placement Test (အထူးအစီအစဉ်)ဖြေဆိုရန် လျှောက်လွှာခေါ်ယူခြင်း

crd Original Post
crd ကြေးမုံ

ကျောင်းရုံးခန်းသို့ဆက်သွယ်လိုပါက 📲

🏫 ပညာအောင်မြေ ( တာမွေ ရုံးချုပ်) အမှတ် ၄၇၆ - A ၊ ဒဂုံလွင် လမ်း နှင့်
မြလေးရုံလမ်း ထောင့်၊ မေတ္တာညွန့် ရပ်ကွက် ၊ တာမွေ မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး။

🏫 ပညာအောင်မြေ ( ဗဟန်း ကျောင်းခွဲ ) အမှတ် ၁၁၄ ၊ ရေတာရှည်လမ်း ဟောင်း၊ ရေတာရှည် ရပ်ကွက်၊ ဗဟန်း မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး။

📞 09252229990, 09252229991,09252229992,09252229993

#ကျောင်းပြင်ပပညာရေး
#မူလတန်း
#အလယ်တန်း

Photos from ပညာအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်း's post 21/05/2026

"သားသား မီးမီး ပညာရေး မနှောင့်နှေးရအောင်"
........................................................................

"နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့"

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ်
- "၂၅-၅-၂၀၂၆ မှ ၃၁-၅-၂၀၂၆ ထိ"

🌷၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်မှစတင်၍ ပညာအောင်မြေ ကျောင်းတော်ကြီးတွင် မူလတန်း (KG to G5) တန်းခွဲများကို ဖွင့်လှစ်ပေးသွားတော့မည့်အကြောင်း ထပ်မံ သတင်းကောင်းပါးလိုက်ရပါတယ်ရှင့်။ 🌷

အသေးစိတ်သိရှိလိုပါက

📍 ဆက်သွယ်ရန်လိပ်စာများ -

🏠 ပညာအောင်မြေ (တာမွေ ရုံးချုပ်)
အမှတ် ၄၇၆-A၊ ဒဂုံလွင်လမ်းမပေါ်၊ မြလေးရုံလမ်းထောင့်၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
🏠 ပညာအောင်မြေ (ဗဟန်း ကျောင်းခွဲ)
အမှတ် ၁၁၄၊ ရေတာရှည်လမ်းဟောင်း (ရတနာအောင် သင်္ကန်းဆိုင်နှင့် မန်းရွှေရည် နိဗ္ဗာန်ကုန်ဆိုင်မျက်နှာချင်းဆိုင်)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

📞 ဖုန်းနံပါတ်များ -
09252229990, 09252229991
09252229992, 09252229993

#ကျောင်းအပ်နှံရေးရက်သတ္တပတ်

#မူလတန်း

15/05/2026

📣 ကျောင်းရုံးခန်း ဖွင့်လှစ်ထားရှိကြောင်း အသိပေးကြေညာခြင်း 📣

ပညာအောင်မြေ၏ မူလတန်းဆရာ/ဆရာမများ စွမ်းရည်မြှင့်သင်တန်း ကျင်းပနေပါသဖြင့် ၁၅၊ ၅၊ ၂၀၂၆ (သောကြာနေ့) တွင် ကျောင်းရုံးခန်းများ ပုံမှန်အတိုင်း ဖွင့်လှစ်ထားရှိပါသည်။
KG – G12 အတန်းများအတွက် အသေးစိတ် လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။ 🏫✨

📍 ဆက်သွယ်ရန်လိပ်စာများ -
🏠 ပညာအောင်မြေ (တာမွေ ရုံးချုပ်)
အမှတ် ၄၇၆-A၊ ဒဂုံလွင်လမ်းမပေါ်၊ မြလေးရုံလမ်းထောင့်၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
🏠 ပညာအောင်မြေ (ဗဟန်း ကျောင်းခွဲ)
အမှတ် ၁၁၄၊ ရေတာရှည်လမ်းဟောင်း (ရတနာအောင် သင်္ကန်းဆိုင်နှင့် မန်းရွှေရည် နိဗ္ဗာန်ကုန်ဆိုင်မျက်နှာချင်းဆိုင်)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

📞 ဖုန်းနံပါတ်များ -
09252229990, 09252229991
09252229992, 09252229993

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 476(A), Dagon Lwin Street & Corner Of Mya Lay Yone Street, Myitta Nyunt Ward, Tarmwe Tsp
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00