05/03/2024
ဆေးတက္ကသိုလ် (၁) ရန်ကုန်
ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ ထမနဲ ထိုးပြိုင်ပွဲကျင်းပခြင်း။
သံချပ်များဖြင့် သီဆို အားပေးကြပြီး ပြိုင်ပွဲဝင်ခဲ့ကြသော၊ ဆေးပညာ အခြေခံနှစ်(Foundation Year) ကျောင်းသား/ ကျောင်းသူများ အဖွဲ့ မှ ပထမဆု ဆွတ်ခူး ။
19/02/2024
၂၆.၁.၂၀၂၄ နေ့ တွင် Medical Skills, Simulation and Research Center ၌် ခွဲစိတ်ကုပညာရပ်ဆိုင်ရာအဖွဲ့မှကြီးမှူး၍ Different management of Hemorrhoids and Hands On Stappled Hemorrhoidectomy Workshop ကိုကျင်းပခဲ့ရာ ပါမောက္ခချုပ်၊ဆေးတက္ကသိုလ်-၁ မှဖွင့်လှစ်ပေးပြီး အဆိုပါသင်တန်းသို့ ဆေးတက္ကသိုလ်များမှ သက်ဆိုင်ရာဘာသာရပ်ဘွဲ့လွန်သင်တန်းသား/သူများတက်ရောက်ခဲ့ကြပါသည်။
05/02/2024
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် (၁၃) ကြိမ်မြောက် “ASEAN Medical Deans' Summit” နှင့် (၂၃) ကြိမ်မြောက် “Thai Medical Eucation Conference (Theme: Personalizing Medical Education for a Healthier World)” သို့တက်ရောက်ရန် ဆေးတက္ကသိုလ်-မန္တလေးပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမျိုး သက်တင်၊ တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခ ဗိုလ်မှူးချုပ်ခင်အောင်ထွန်း၊ ဆေးတက္ကသိုလ်-၁၊ရန်ကုန် ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာခင်မာမြင့် တို့ပါဝင်သည့်အဖွဲ့သည် (၄.၂.၂၀၂၄) နေ့လည်ပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့သွားရောက်ခဲ့ကြပါသည်။
အဖွဲ့နှင့်အတူ ဆေးတက္ကသိုလ်-၁၊ရန်ကုန်၊ ခွဲစိတ်ကုပညာဌာနမှ ပါမောက္ခ/ဌာနမှူး၊ပါမောက္ခဒေါက်တာမိုးမိုးတင်၊ တပ်မတော် ဆေးတက္ကသိုလ်မှဆေးပညာသင် ကြားရေးဌာနမှူး ပါမောက္ခ ဒုတိယဗိုလ်မှူးကြီးရဲဖြိုးအောင် နှင့် ဆေးတက္ကသိုလ် မန္တလေး မှ ပါမောက္ခမောင်မောင်လတ် တို့လည်း လိုက်ပါတက်ရောက် ကြပါသည်။
16/01/2024
ဆေးတက္ကသိုလ် ၁ ရန်ကုန်၊ ဆေးပညာအခြေခံနှစ် ( Foundation Year ) ၁၁/၂၀၂၃ ။ ကျောင်းသူ၊ကျောင်းသားများ ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ။
Freshers welcome ceremony for Foundation Year (11/2023 Batch)
12/01/2024
ဆေးတက္ကသိုလ် ၁၊ရန်ကုန် ၏၊ ၂၀၂၄ ခုနှစ် ဘွဲ့လွန်ဆေးပညာသင်တန်း များကို ၂.၁.၂၀၂၄ မှစတင်၍ဖွင့်လှစ်လျက်ရှိပါသည်။
Orientation day of Post graduate training Programs of University of Medicine 1, Yangon. အား ၁၂ ၁.၂၀၂၄ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပါမောက္ခချုပ်ဒေါက်တာကျော်ရွှေ မှ အဖွင့် အမှာစကားပြောကြားပြီးနောက်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ပါမောက္ခဒေါက်တာခင်မာမြင့် က၊ ဘွဲ့လွန်သင်တန်းများ၏ Expected Learning outcomes, Program's requirements, assessments များနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြား ပါသည်။ ထို့နောက် မော်ကွန်းထိမ်း ဒေါ်မျိုးသီတာကြိုင် မှ ဘွဲ့လွန်သင်တန်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ အား ရှင်းလင်းပြောကြားခဲ့ပါသည်။
12/01/2024
ရောဂါဗေဒဘာသာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၄)၊ (Myanmar Pathology Conference 2024) ကို ဆေးတက္ကသိုလ်(၁)၊ရန်ကုန်၊လမ်းမတော်၌ ၉.၁.၂၀၂၄ နှင့် ၁၀.၁.၂၀၂၄ နေ့တို့တွင်၄င်း၊ စွမ်းဆောင်ရေမြှင့်တင်ခြင်းနှင့်လက်ကမ်းလေ့ကျင့်ရေးဆိုင်ရာအကြိုအလုပ်ရုံဆွေးနွေးပွဲကို ဆေးတက္ကသိုလ်(၂)၊ရန်ကုန်၌ ၈.၁.၂၀၂၄ နေ့တွင်၄င်းကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးမှတက်ရောက်ဖွင့်လှစ်ခဲ့ပြီး နှီးနှောဖလှယ်ပွဲနှစ်ရက်တာကာလအတွင်း ပြည်တွင်း/ပမှဝါရင့်ရောဂါဗေဒပညာရှင်များမှရောဂါရှာဖွေစမ်းသပ်ခြင်းအတွေ့အကြုံများ၊ ပြောင်းလဲတိုးတက်မှုများ (Updates) ဆွေးနွေးပို့ချခြင်း၊ သုတေသနစာတမ်းများဖတ်ကြားတင်သွင်းခြင်းနှင့် ပိုစတာများတင်ပြခြင်းများပါဝင်ခဲ့ပါသည်။ နှီးနှောဖလှယ်ပွဲသို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ဆေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ ဆေးကောင်စီ၊ ဆေးပညာရှင်/အသင်းအဖွဲ့ဥက္ကဌများ၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ပါမောက္ခဒေါက်တာ ဖေသက်ခင်၊ ရောဂါဗေဒဘာသာရပ်အငြိမ်းစား ဆရာ/မကြီးများ၊ ရောဂါဗေဒဌာန၊ ပါမောက္ခ/ဌာနမှူး၊ပါမောက္ခများနှင့်မျိုးဆက်သစ်ရောဂါဗေဒဆရာဝန်များတက်ရောက်ခဲ့ကြပါသည်။
03/12/2023
ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်
နောက်ဆုံးနှစ် အပိုင်း (က) (၅/၂၀၂၃) ကျောင်းသားကျောင်းသူများ၏ Residential Field Training ကာလ ပြီးမြောက်၍ Community and Family Health ဆိုင်ရာ လေ့လာ မှု့များအပြင်၊ Community Survey on Morbidity Pattern and Family Supports for Elderly စာတမ်းခေါင်းစဥ်ဖြင့် ဆွေးနွေးတင်ပြကြသော Students' Grand Presentation ကို ဆေးတက္ကသိုလ်(၁) လမ်းမတော်တွင် ၂၉-၁၁-၂၀၂၃ရက်နေ့ ၌ ကျင်းပပြုလုပ်ခဲ့ပါသည် ။ ။
01/12/2023
ဆေးတက္ကသိုလ် (၁) ရန်ကုန်
ကထိန်သက်န်း ဆက်ကပ်လှူဒါန်းမှူအောင်ပွဲ အခမ်းအနား ။
၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ (၁) ရက်။
ဆေးတက္ကသိုလ်(၁)၊ရန်ကုန်၏၂၀၂၃ ခုနှစ်"ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းမှုအောင်ပွဲအခမ်းအနား"ကို ၁.၁၂.၂၀၂၃ နေ့ (တန်ဆောင်မုန်းလဆုတ်-၄ ရက်) နံနက်(၁၀း၀၀)နာရီတွင် တက္ကသိုလ်အပန်းဖြေခန်းမ၌ကျင်းပခဲ့ကြပါသည်။ အခမ်းအနားတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊သိမ်ဖြူကျောင်းတိုက်၊ သာသနရံသီအောင်လံကျောင်းဆရာတော် ဘဒ္ဒန္တမာဃိန္ဒ(ရွှေအောင်လံ)အမှူးပြုသောသံဃာတော် (၁၀)ပါးတို့အား ကျပ် (၁၅၈)သိန်းခန့်ရှိ နဝကမ္မအလှူငွေနှင့် သင်္ကန်းအစရှိသောလှူဘွယ်ပစ္စည်းများကို ပါမောက္ခချုပ်နှင့်ဆရာ/မများ၊ဝန်ထမ်းများမှကပ်လှူခဲ့ကြပြီး သာဓုအနုမောဒနာရေစက်ချတရားနာကြားခဲ့ကြပါသည်။
07/11/2023
ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်တွင်
"Faculty Development Training: Workshop on Team Based Learning”
အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
ရန်ကုန်၊ နိုဝင်ဘာလ (၇)ရက်
ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ်ဦးစီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO)တို့ ပူးပေါင်းဆောင်ရွက်ချက်အရ ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် “Faculty Development Training: Workshop on Team Based Learning” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဆေးတက္ကသိုလ်(၁)ရန်ကုန် (လမ်းမတော်)၌ နိုဝင်ဘာလ (၇)ရက် နေ့ နံနက်ပိုင်း တွင်ကျင်းပပြုလုပ်ရာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ပါမောက္ခ/ ဌာနမှူးများ ၊ ဆရာ၊ဆရာမများ၊ သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ကြပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် သင်ကြားရေးဌာနများမှ ဆရာ၊ဆရာမများအား ဆေးတက္ကသိုလ်များတွင် လက်ရှိအသုံးပြုသင်ကြားနေသော သင်ရိုးညွှန်းတမ်း အသစ်တွင် ပါဝင်သည့် Team Based Learning (TBL) နှင့် ပတ်သက်၍ အခြေခံသဘောတရားများကို ပိုမိုနားလည်စေရန်၊ ကျွမ်းကျင်စွာ သင်ကြားတတ်စေရန်နှင့် TBL case scenario များကို ရေးသား တတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ သင်ကြားရေးဌာနများမှ ဆရာ၊ ဆရာမ (၄၀)ဦးတို့ တက်ရောက်ကြပြီး နိုဝင်ဘာ (၆)ရက်နေ့မှ (၈)ရက်နေ့အထိ ၃ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
17/10/2023
ဘွဲ့လွန်သင်တန်းများ(2024)ဝင်ခွင့် စာမေးပွဲကိစ္စ
ဝင်ခွင့်ရေးဖြေ အောင်မြင် သူများ သည်၊ လူတွေ့ နှုတ်မေး ဖြေဆိုရန် အောက်ပါနေ့ရက်များတွင် ဖြေဆိုရမည်ဖြစ်ပါသည်။
၂၃.၁၀.၂၀၂၃ ( PhD/Doctorate သင်တန်း )
၂၄.၁၀.၂၀၂၃ ( Diploma and M.Med.Sc သင်တန်းများ)
အသေးစိတ် အချက်အလက် ကို ဘွဲ့လွန် / စာမေးပွဲဌာနတွင် မေးမြန်းနိုင်ပါသည်
14/10/2023
ဆရာ၀န်သစ်လွင် များ လျှောက်လွှာ ခေါ်ယူခြင်း
04/10/2023
The extracurricular activity of UM 1 on 3rd Oct 2023