Mechatronics Family - TU Hmawbi

Mechatronics Family - TU Hmawbi

Share

TU (Hmawbi) Mechatronics Major Student Association ဖြစ်ပါသည်။ Official Page ဖ?

07/02/2022

မင်္ဂလာညချမ်းလေးပါဗျ့.......

မနက်တုန်းက ကြိုတင်ကြေညာထားခဲ့သလိုပဲ ဒီ Post လေးမှာတော့ New Member Registration အကြောင်းကို ဆက်လက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

E-Library တစ်ခုအနေနဲ့ စာအုပ်အမျိုးအစားပေါင်း စုံလင်စွာ စုစည်းထားနိုင်ဖို့ လုံလောက်တဲ့ Storage နဲ့ External Feature တွေကိုအသုံးပြုနိုင်ဖို့အတွက် ကျွန်တော်တို့ ကော်မတီအနေနဲ့ Google Drive ကို Year Plan နဲ့ဝယ်ယူသုံးစွဲရခြင်းဖြစ်ပါတယ်။ ယခုဝယ်ယူထားတဲ့ Plan သက်တမ်း ကုန်ဆုံးချိန်မှာတော့ နောက်ထပ်
သက်တမ်းတိုးဝယ်ယူရန် လိုအပ်တာကြောင့် ကျွန်တော်တို့ E-Library လေး ဆက်လက် တည်ရှိနိုင်ရေးအတွက် Library Member ကြေးကောက်ခံဖို့ကို စိတ်မကောင်းစွာပဲ သတ်မှတ်လိုက် ရပါတယ်။ 😢😢

ဒါပေမယ့် Member ကြေးက ကျောင်းသား၊ ကျောင်းသူများအားလုံးဝ အဆင်ပြေနိုင်စေဖို့အတွက် တစ်နှစ်စာအတွက်ကိုမှ မြန်မာငွေကျပ် ၂၀၀၀ သာ ကောက်ခံဖို့ ရည်ရွယ်ထားပါတယ်ဗျာ့။

ဒါကြောင့် အုပ်ရေ ထောင်ကျော်ရှိတဲ့ စာအုပ်တွေကို ၁နှစ်တာလုံး အလွယ်တကူ ဖတ်ရှုနိုင်ဖို့အတွက် တစ်ဦးလျှင် ၂၀၀၀ ကျပ် နဲ့ Registration ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါတယ်။ ပညာရေးကော်မတီ မှတဆင့် သက်ဆိုင်ရာကျောင်းသားကိုယ်စားလှယ်များထံ ဖြန့်ဝေပေးထားသော Registration Form မှ တဆင့် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်ခင်ဗျာ။

Registration ပြုခြင်းကို ၁၂.၂.၂၀၂၂ စနေနေ့ ည (၁၂) နာရီအထိ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ စာကြည့်တိုက်သို့ ဝင်ခွင့်ရရှိသူများအား Mail ဖြင့် ပြန်လည်ဆက်သွယ်ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ E-mail အား ၁၅.၂.၂၀၂၂ အင်္ဂါနေ့ ည (၁၂) နာရီအတွင်း Reply ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ (Email စစ်ရာ၌ Inbox တွင်မတွေ့ပါက Spam Catagory တွင် ရှာပေးဖို့လိုအပ်ကြောင်း အသိပေးပါရစေခင်ဗျာ)

ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာတော့ Library Member အဖြစ်နဲ့စာအုပ်များကို စတင်ဖတ်ရှုနိုင်အောင် စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ ထပ်မံ ပြောကြားလိုတာကတော့ လက်ရှိမှာ Library Assess ရရှိထားသူ Old Member တွေအနေနဲ့ နောက်ထပ် ထပ်မံပြီး Registration ပြုလုပ်စရာမလိုပဲ Drive ရဲ့ Premium Plan သက်တမ်းကုန်ဆုံးမယ့် ဩဂုတ်လ ၃၁ ရက်နေ့အထိ အခမဲ့ ဆက်လက်ဖတ်ရှုခွင့်ရရှိနေဦးမှာဖြစ်ပါတယ်။

ကျွန်တော်တို့ ရှင်းပြခဲ့တဲ့ အချက်တွေနဲ့ပတ်သတ်ပြီး တခုခုသိချင်တာ မရှင်းလင်းတာမျိုးရှိခဲ့ရင် Page chatbox (သို့) [email protected] ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ။

Photos from Hmawbi TU E-Library's post 06/02/2022

MC နဲ့ ပက်သက်တဲ့ စာအုပ်တွေ လေ့လာလို့ရပါတယ်ခင်ဗျာ

Library အတွက်လျှောက်ထားတဲ့သူတွေ
Email တချက်ကြည့်ပေးပါခင်ဗျ

06/02/2022

Hmawbi TU ရဲ့ ကျောင်းသားကျောင်းသူများအားလုံး မင်္ဂလာပါဗျ။
ဒီနေ့မှာတော့ Hmawbi TU စာကြည့်တိုက်ကော်မတီရဲ့ E-Library Page အသစ်လေးဖွင့်ထားတယ်ဆိုတဲ့ အကြောင်း အသိပေးကြေညာ‌ချင်ပါတယ်။
စာကြည့်တိုက်ကော်မတီဟာ မှော်ဘီနည်းပညာတက္ကသိုလ် ကြားကာလပညာရေးကော်မတီရဲ့ ကော်မတီခွဲအနေနဲ့ ၂၀၂၁ခုနစ် ဇွန်လလောက်ကနေစတင်ခဲ့ပြီးတည်ရှိနေတာပါ။ ဒီကော်မတီမှာတော့ မေဂျာအစုံမှကျောင်းသားကိုယ်စားလှယ်တွေ ပါဝင်ကြပြီး သက်ဆိုင်ရာမေဂျာအလိုက် စာအုပ်များစုဆောင်းခြင်း၊ E-Libraryအဖွဲ့ဝင်ခေါ်ယူခြင်းများ လုပ်ဆောင်လျက်ရှိပါတယ်။ E-Library Member Registration ကောက်ခံခြင်းကို နှစ်ကြိမ်တိုင်တိုင်စာရင်းကောက်ခံခဲ့ပြီးဖြစ်ပါတယ်။မကြာမီမှာ E-Library ရဲ့ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်ပြီး ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ပိုမိုသိရှိ စေရန် ဒီ Page လေးကနေဆက်လက် အသိပေးသွားမှာဖြစ်ပါတယ်ဗျာ့။

23/11/2021

“Stage of robotics Application Webinar”

မနက်ဖြန် 24.11.2021 ည ၇နာရီ စ ပါပြီဗျာ

Form ဖြည့်ထားတဲ့သူတွေကို Zoom invite link ပို့ပေးထားပါတယ်

အကယ်၍ Form ဖြည့်ထားရဲ့သားနဲ့ confirm mail (Zoom invite link) မရသေးသူများ page cb မှာ လာရောက်ဆက်သွယ် မေးမြန်းလို့ရပါတယ်။

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

ခုမှ form ဖြည့်ချင်သေးရင်လည်း မီပါတယ် ခင်ဗျ
Page cb မှာ လာတောင်းလို့ရပါတယ်

Webinar အကြောင်း link ⬇️

https://www.facebook.com/800835609927021/posts/4892158410794700/?d=n

20/11/2021

Stage of Robotics Application Webinar ကို

ကျွန်တော်တို့ ပထမက 11 လပိုင်း 2 ရက်နေ့မှာ လုပ်ဖို့ ရည်ရွယ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တရပ်ဆိုင်းလိုက်ရပါတယ်။

ခုအဆင်ပြေသွားပြီ ဖြစ်တဲ့အတွက် Webinar ကို လာမဲ့ ဗုဒ္ဓဟူးနေ့ 23 ရက်နေ့ ည 7 နာရီမှာ ပြန်လုပ်ဖို့ စီစဉ်ထားပါတယ်ခင်ဗျာ 🙏🏻

Confirm mail နဲ့ Zoom invite link ကို email ကနေ ဘဲ 22 ရက်နေ့နောက်ဆုံးထားပြီး ပို့ပေးပါ့မယ်ခင်ဗျာ

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
Form ကို ခုမှ ဖြည့်ချင်တဲ့သူတွေ ဖြည့်လို့ရပါသေးတယ်ခင်ဗျာ

လုပ်ငန်းခွင်အတွက်ရော မေဂျာအတွက်ရော ဗဟုသုတရစေမဲ့ webinar မို့ လက်မလွှတ်သင့်တဲ့ အစီအစဉ်လေးဖြစ်ပါတယ် ခင်ဗျာ 🙏🏻

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

Webinar အကြောင်းအရာ link


15/11/2021

CDM ကျောင်းသားကျောင်းသူများအားလုံး မင်္ဂလာပါ ခင်ဗျာ🙏🏻

🔷စာတွေနဲ့လည်း ဝေးနေကြပြီးမို့လို့ WYTU ရဲ့ AMCS မှ C++ foundation ပညာဒါန သင်တန်း တစ်ခု လုပ်ဖို့ရှိပါတယ် ။ ။

🕐သင်တန်းကာလ ကြာချိန် က တော့ "၁လ" ဖြစ်ပါတယ်။ ။
👉🏻သင်ကြားမယ့် ပုံစံ ကတော့ မိမိအားလပ်တဲ့အချိန်မှာလေ့လာလို့ရအောင်အတွက် Video Lecture format တွေ နဲ့ စီစဉ်ပေးထားပ်တယ်ခင်ဗျ။
🔷တစ်ပတ် ကို video ၃ခု (သို့) ၄ခု ကို FB group မှာ တင်ပေးထားမှာ ဖြစ်ပြီး အပတ်စဉ် Sunday ည ၇ နာရီ မှာ Q&A zoom section လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဘယ်လိုသူတွေအတွက်သင့်တော်မလဲ?
========================================
🔷Problem solving skills တွေ programming language တွေ ရဲ့ အခြေခံ သဘောတရားတွေ ကို ပါ စုံစုံလင်လင် သင်ကြားပေးမှာ ဖြစ်လို့ programming ကိုစိတ်၀င်စားသော်လည်း ဘယ် programming language ကိုအရင်သင်ရမလဲ စဉ်းစားနေရတဲ့သူတွေ ၊ ရပြီးသားပေ့မယ့် ပြန်လေ့လာ ချင်တဲ့ သူတွေ အတွက် အထူးသင့်လျော်တဲ့ ပညာဒါန သင်တန်း လေးပဲဖြစ်ပါတယ်။ ။

✅သင်တန်းမှာ သင်ကြားမယ့် အကြောင်းအရာတွေ ကတော့

Day1. Basic program construction (part 1)
Day2. Basic program construction (part 2)
Day3. Variables and Arithmetic operator
Day4. Basic Computer Science
Day5. Operators
Day6. Q&A
Day7. If else if else (Flow control)
Day8. While (Flow control)
Day9. For (Flow control)
Day10. Switch case (Flow control)
Day11. Q&A
Day12. Random number generator
Day13. Array
Day14. String
Day15. Reference, pointer, function
Day16. Q&A
တို့ဖြစ်ပါတယ်။

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

ဒီသင်တန်းလေးဟာ WYTU ကနေ ဖွင့်လှစ်ပေးတဲ့သင်တန်းလေးဖြစ်ပါတယ်။

နည်းပညာတက္ကသိုလ်မှော်ဘီက ကျောင်းသားတွေကို ပါ သင်ကြားလို့ရအောင် ဖိတ်ခေါ်ပေးတဲ့အတွက် WYTU ကို အထူးကျေးဇူးတင်ပါတယ် 🙏🏻

သင်တန်း form တွေကို email ကနေ တဆင့်ပို့ပေးသွားပါ့မယ်ခင်ဗျာ။

အကြောင်းတစုံတရာကြောင့် email မရောက်လာခဲ့လျှင် page cb မှာ လာရောက်ပြောကြားလို့ရပါတယ်။

‼️Form ပိတ်မည့်ရက် -20.11.2021 (စနေနေ့)

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

သင်တန်းအကြောင်း မသိရှိလိုက်ရသူ မရှိရအောင် ဒီ post ကို like and share လေး လုပ်ပေးခဲ့ပါအုံးခင်ဗျာ

01/11/2021

Stages of robot application Webinar အား
ရက် ရွှေ့ဆိုင်းထားရပါကြောင်း အသိပေးခြင်း

စက်မှုအီလက်ထရောနစ် မေဂျာမှ ကျောင်းသား
ကျောင်းသူတို့ခင်ဗျာ...

2.11.2021 (မနက်ဖြန်) ည ၇:၀၀ အချိန်တွင်
ကျင်းပရန် စီစဉ်ထားသည့် Stages of robot
Application Webinar အား အခြေအနေတခုကြောင့်
သတ်မှတ်ထားသည့် အချိန်တွင် ကျင်းပ‌တော့မည်
မဟုတ်ဘဲ ရက် ရွှေ့ဆိုင်းလိုက်ရပါကြောင်း အသိပေး
ကြေညာအပ်ပါသည် ခင်ဗျာ။

ရွှေ့ဆိုင်းကျင်းပမည့် ရက် နှင့် အချိန် ကို ဤ Page တွင်
ထပ်မံ ကြေညာပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

27/10/2021

🤖 Stages Of Robot Application Webinar 🤖ဖိတ်ကြားလွှာ

စက်မှုအီလက်ထရောနစ် ‌မေဂျာမှ
ကျောင်းသား၊ကျောင်းသူများ ခင်ဗျာ...

📌2.11.2021 (Tuesday) 7:00 PM တွင်

Stages Of Robot Application ခေါင်းစဉ်ဖြင့်
Online ဟောပြောပွဲလေးတခု ကျင်းပမည်
ဖြစ်ပါသဖြင့် တက်ရောက်နိုင်ပါကြောင်း
အသိပေး ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။

အဓိက ဟောပြောသွားမည့် အကြောင်းအရာများမှာ-

1. Designing
2. Simulation
3. Testing
4. Installation
5. Operation တို့ ဖြစ်ပြီး

ကျနော်တို့ မေဂျာ၏ Robotics ‌နှင့် ဆက်စပ်နေသော အသုံးချပညာရပ်များ၊ လက်တွေ့လုပ်ငန်းခွင်တွင် ရင်ဆိုင်ရမည့် အတွေ့အကြုံများကို အလေးထား ဆွေးနွေးသွားမှာ ဖြစ်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတများစွာ ရရှိစေမှာ အသေအချာပဲ ဖြစ်ပါတယ်ခင်ဗျာ။

Webinar Invitation Form များကို ကျွန်တော်တို့မေဂျာက နှစ်အလိုက် ပညာရေးကိုယ်စားလှယ်များမှ တဆင့် ကျောင်းသား၊
ကျောင်းသူ တဦးချင်းထံသို့ E-mail ကနေ ပို့ပေးသွားမှာ ဖြစ်ပါတယ်။

📌Form က September 1 ရက်နေ့ ပိတ်မှာ ဖြစ်လို့ အမြန်ဆုံးစာရင်းသွင်းထားပေးဖို့တော့ လိုပါတယ်ခင်ဗျ

📌အကယ်၍ ဒီရက်ပိုင်းအတွင်းမှာ Form လက်ခံရရှိခြင်း မရှိပါက Page Chat Box သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ရဲ့ webinar အကြောင်း မသိလိုက်တဲ့သူတွေမရှိရအောင် ဒီ post ကို like and share လေးနဲ့ ကူညီပေးကြပါအုံး ခင်ဗျာ 🙏🏻

12/10/2021

CDM Student ID code အတွက် ပထမအသုတ်ကောက်တုန်းက မဖြည့်လိုက်ရတဲ့သူတွေ ၊ အကြောင်းအမျိုးမျိုးကြောင့် မသိလိုက်တဲ့သူတွေ

ခု ဒုတိယအကြိမ် ကောက်နေပါပြီဗျ။
Form ကို page cb မှာ ခု လာတောင်းလို့ရပါတယ်ဗျာ။

📌CDM code ရ ..ထားတဲ့သူဟာ ကျောင်းက စီစဉ်တဲ့ သင်တန်းတွေကို တက်ခွင့်ရမှာ ဖြစ်ပြီး ကျောင်းအဖွဲ့အစည်းတွေက အလျှင်းသင့်သလို စီစဉ်နေတဲ့ အခွင့်အလမ်းတွေမှာလည်း ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

📌တစ်နိုင်ငံလုံးမှာရှိတဲ့ နည်းပညာတက္ကသိုလ် mechatronic major အဖွဲ့တွေ အကုန်ပေါင်းပြီး ပညာရေးနဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေ လုပ်တော့မှာ ဖြစ်လို့ code ရှိထားရင် ပိုအဆင်ပြေပါတယ်ခင်ဗျာ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon