FEG EP Classes

FEG EP Classes

Share

Institute

16/02/2026

🎉 100% သင်တန်းကြေးအခမဲ့

🎓 Future Technical Experts Program

မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် အလုပ်အကိုင်အခွင့်အလမ်းများ မြင့်မားစေရန် ရည်ရွယ်၍ Technical Skills သင်တန်း ၃ ခုကို ဖွင့်လှစ်ပါမည်။

⚡ 𝗦𝗼𝗹𝗮𝗿 𝗜𝗻𝘀𝘁𝗮𝗹𝗹𝗮𝘁𝗶𝗼𝗻 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴
💡 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰𝗮𝗹 𝗪𝗶𝗿𝗶𝗻𝗴 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴
🔧 𝗘𝗹𝗲𝗰𝘁𝗿𝗼𝗻𝗶𝗰 𝗥𝗲𝗽𝗮𝗶𝗿 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴

📚 သင်တန်းအချက်အလက်များ
🕘 သင်တန်းချိန် – မနက် ၉:၀၀ မှ ညနေ ၄:၀၀
📅 သင်တန်းကာလ – ၁ လ (၁၂၀ နာရီ)
🗓 စတင်မည့်ရက် – 3.3.2026

📌 သင်ကြားမှုအကြောင်းအရာများ -

✅ 70% Hands-on Practical Training
✅ Job-Oriented Skills
✅ Certificate Provided
✅ Solar Panel, Inverter & Battery Wiring
✅ House Wiring & Distribution Board Installation
✅ Basic Electronics & Circuit Board Repair
✅ Electrical Safety & Testing

🎯 သင်တန်းဆင်းများအတွက် အလုပ်အကိုင်ချိတ်ဆက် ဆောင်ရွက်ပေးပါသည်။

⚡ လျှပ်စစ်သင်တန်းဆင်းကျောင်းသားများအတွက် -

✅ NSSA ဖြေဆိုနိုင်ရန် အထူးလေ့ကျင့်ပေးခြင်း
✅ EI လက်မှတ်အတွက် Form တင်ပေးခြင်းနှင့် လမ်းညွှန်ဆောင်ရွက်ပေးခြင်း

🎉 100% Scholarship Available (နေရာအကန့်အသတ်ဖြင့်သာ)

📝 Interview ကျင်းပမည့်ရက် – 1.3.2026

📩 သင်တန်းတက်ရောက်လိုပါက Page Message မှ

👉 နာမည်
👉 ဖုန်းနံပါတ်
👉 လိပ်စာ ပေးပို့၍ စာရင်းသွင်းနိုင်ပါသည်။

📞 09765155373

Skill တက်ပြီး Certificate + Employment Pathway ကို တစ်ပြိုင်နက် ရယူလိုသူများအတွက် အကောင်းဆုံးအခွင့်အရေးပါ။
နေရာအကန့်အသတ်ရှိသဖြင့် အမြန်စာရင်းသွင်းလိုက်ပါ။

သင့်စိတ်ကူး အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ FEG Mandalay မှ သင့်ကို နွေးထွေးစွာ ကြိုဆိုနေပါတယ်။

"𝑩𝑼𝑰𝑳𝑫 𝒀𝑶𝑼𝑹 𝑭𝑼𝑻𝑼𝑹𝑬 𝑾𝑰𝑻𝑯 𝑭𝑬𝑮 𝑴𝑨𝑵𝑫𝑨𝑳𝑨𝒀"

သင်တန်းအပ်နှံရန် -

📞 09 765155373

FEG Mandalay သင်တန်းကျောင်းတည်ရှိရာ - 58 Ath street, Between (22A x 22B)Aungmyaytharsan Township, Mandalay








12/02/2026
11/02/2026

"အခမဲ့ Electrical Wiring & Solar သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း"

🛑 ၂လသင်တန်း

အချိန် - မနက် ၉နာရီမှ ညနေ ၄ နာရီ
( သင်ကြားချိန် ၆ နာရီ)
နေ့ - တနင်္လာမှ စနေ
(တစ်ပတ် ၆ ရက်)
သင်တန်းကာလ - ၂ လ
အသက် - ၁၆ နှစ်မှ ၃၅ နှစ်
သင်တန်းစမည့်ရက် - ၂၆.၂.၂၀၂၆

(ကျွမ်းကျင်တတ်မြောက်မှုအတွက် စစ်ဆေးအကဲဖြတ်မည်)

* သင်တန်းတက်ရောက်ခွင့်အတွက် လျှောက်ထားရန် *

https://docs.google.com/forms/d/e/1FAIpQLSfFCe9ZAPF4uDZ47IbV3Q7oGKOwpR4ZBCVJNt0EwnzSmWTGag/viewform?usp=dialog

➡️အောက်ပါ Link မှ Google form ဖြည့်၍ လျှောက်ထားနိုင်ပါသည်

💥အရွေးချယ်ခံရသူများ သင်တန်းကြေး လုံးဝ အခမဲ့ဖြင့် တက်ရောက်နိုင်ပါမည် 💥

မှတ်ချက်

♦️ သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ရမည်
♦️ သင်တန်းပြီးဆုံးပါက သင်ယူတတ်မြောက်ခဲ့သော ပညာရပ်ဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်နိုင်မည့်သူများကို ဦးစားပေးရွေးချယ်ပါမည်။

🎗️ ဤသင်တန်းအား မည်သူမဆို၊ လိင်၊ မိသားစုအသိုင်းအဝိုင်း၊ ဘာသာ၊ လူမျိုး၊ အသားအရောင်၊ မသန်စွမ်းနှင့် မည်သည့်နယ်ပယ်မှ မည်သူမဆို အားလုံးပူးပေါင်းပါဝင်ခွင့်ရှိပါသည် 🎗️

✅ သင်တန်းဆင်းများအတွက် အခမဲ့ဝန်ဆောင်မှုများ -

OJT ဆင်းနိုင်ရန်နှင့် အလုပ်အကိုင်ရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ 𝐍𝐒𝐒𝐀 𝐋𝐞𝐯𝐞𝐥 𝟏, 𝐍𝐒𝐒𝐀 𝐋𝐞𝐯𝐞𝐥 𝟐 ဖြေဆိုနိုင်ရန်ဆောင်ရွက်ပေးခြင်းနှင့် သတ်မှတ်ချက်ကိုက်ညီသည့် လုပ်ငန်းအတွေ့အကြုံရှိပြီးသူများကို EI လက်မှတ်ရရှိအောင် ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

သင်တန်းအကြောင်း အသေးစိတ် သိလိုပါက....

𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

🌐 FEG website - www.fegedumm.com

☎️ Ph.no - 𝟎𝟗 𝟕𝟗𝟓 𝟗𝟐𝟔 𝟐𝟓𝟓

🏠 သင်တန်းကျောင်းလိပ်စာ - ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။



#အခမဲ့သင်တန်း
#စာတွေ့လက်တွေ့

10/02/2026

NSSA Level 1(Building Wiring) ဖြေဆိုလိုသော 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰𝗶𝗮𝗻 များအတွက် ဖြေဆိုခွင့်လျှောက်လွှာ လက်ခံနေပါပြီ ...

𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

🌐 FEG website - www.fegedumm.com

☎️ 09795926255

🏠 သင်တန်းကျောင်း လိပ်စာ - ဆိပ်ကမ်းသာလမ်း (ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား)၊ စျေးပလာဇာ ဈေးတည်ရာနေရာ၊ ၃၈ လမ်း၊ ဒုတိယထပ်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။





&E

29/01/2026

𝗢𝗻-𝗴𝗿𝗶𝗱 𝘀𝗼𝗹𝗮𝗿 𝗣𝗩 𝘀𝘆𝘀𝘁𝗲𝗺 𝗮𝗻𝗱 𝗵𝘆𝗯𝗿𝗶𝗱 𝗰𝗼𝗻𝘁𝗿𝗼𝗹𝗹𝗲𝗿 အကြောင်း

𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗦𝗵𝗮𝗿𝗶𝗻𝗴 𝗣𝗿𝗼𝗴𝗿𝗮𝗺

𝙏𝙞𝙩𝙡𝙚 – On-grid solar PV system and hybrid controller
𝙏𝙖𝙧𝙜𝙚𝙩 𝘼𝙪𝙙𝙞𝙚𝙣𝙘𝙚 – ဆိုလာပိုင်း စိတ်ဝင်စားတဲ့ ကျောင်းသူ/ကျောင်းသားများ၊ အင်ဂျင်နီယာများ၊ ဆိုလာလုပ်ငန်း လုပ်ကိုင်နေသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆိုလာစနစ် စိတ်ဝင်စားသူများ၊
𝘼𝙧𝙧𝙖𝙣𝙜𝙚𝙢𝙚𝙣𝙩 – FEG College
𝙎𝙥𝙚𝙖𝙠𝙚𝙧 – Dr. Min Zaw Lin (Renewable Energy)

ယခု Online Knowledge Sharing Session ကို တက်ရောက်ခြင်းဖြင့် -

☀️ C&I range on-grid solar PV system တပ်ဆင်ပုံနဲ့ အလုပ်လုပ်ပုံအကြောင်း စနစ်တကျ နားလည်နိုင်ခြင်း
☀️ ဘယ်လိုလုပ်ငန်းမျိုးတွေ on-grid solar တပ်ဆင်အသုံးပြုသင့်လဲ
☀️ စျေးကွက်မှာ တွေ့ရနိုင်သည့် on-grid inverter တွေ
☀️ On-grid system တပ်ဆင်လျှင် သိရှိထားရမည့် အချက်များနှင့် အဓိကလိုအပ်မည့် materialsများ နှင့် ၄င်းကောင်းတို့ရဲ့ အလုပ်လုပ်ပုံ
☀️ SLD and Networking architecture
☀️ Inverter မှာ ပါတဲ့ Safety system တွေရဲ့ အရေးကြီးပုံ၊ အလုပ်လုပ်ပုံနှင့် safety features များ
☀️ Hybrid controller ရဲ့ အခန်းကဏ္ဠ
☀️ ပြည်တွင်းစျေးကွက်မှာ တွေ့ရှိနိုင်သည့် Hybrid controller တွေနဲ့ ၄င်းကောင်းတို့ရဲ့ အလုပ်လုပ်ပုံ
☀️ On-grid solar PV system တစ်ခုရဲ့ ကုန်ကျစရိတ်နှင့် ROI အရင်းကြေကာလ တို့ကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

ယခု Knowledge Sharing Session သည် PV ESS စနစ်များကို Design, Install, Operate နှင့် Maintain လုပ်ရန် စိတ်ဝင်စားသူများ အတွက်
အခြေခံမှ စ၍ လက်တွေ့အသုံးချနိုင်အောင် အထောက်အကူဖြစ်စေမည့် Session ဖြစ်ပါသည်။

📅 Date : 1.2.2026 (Sunday)
🕒 Time : 8:00 PM - 9:30 PM
💻 Platform : Zoom Live Session

တက်ရောက်ရန် Register လုပ်လိုပါက အောက်ပါ Google Form ကို ပြည့်စုံဖြည့်စွက်ပေးပါ → Zoom Link ကို ပြန်ပို့ပေးပါမည်။
https://docs.google.com/forms/d/e/1FAIpQLSczwTb50jO23avs5r0ia1zDa_uRbkovuguaA6O28gEyr1QIXA/viewform?usp=sf_link

FEG Vocational College
🌐 Website – www.fegedumm.com
📩 Email – [email protected]
☎️ Ph.no – 09 795 926 255
🏠 ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

22/01/2026

𝗠&𝗘 𝗗𝗶𝗽𝗹𝗼𝗺𝗮

🏢 ခေတ်မီအဆောက်အဦများရှိ Mechanical နှင့် Electrical အပိုင်းများတွင်ပါဝင်သော ACMV စနစ်များ၊ High Voltage နှင့် Low Voltage စနစ်များ၊ Plumbing & Sanitation စနစ်များ၊ Firefighting and fire protection စနစ်များပါဝင်တဲ့ M&E ပိုင်းတွေမှာ ဝင်ရောက်လုပ်ကိုင်ချင်ပါသလား -

"သက်ဆိုင်ရာ Module များကို ဆရာထိပ်တင်ချစ်ညီညီထွဏ်းနှင့် ဆရာဦးတိုးလှိုင်တို့ကိုယ်တိုင် အချိန်တိုအတွင်း ထိထိရောက်ရောက်သင်ကြားပေးသွားမယ့်"

𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ရဲ့ Professional Executive Diploma in M&E တန်းခွဲ အသစ် -

◼ခေတ်မီအဆောက်အဦးကြီးများ၊ ဟိုတယ်များ၊ Shopping Mall များတွင် M&E လုပ်ငန်းများကို ကြီးကြပ်လုပ်ကိုင်လိုသူများ၊

◼ကန်ထရိုက်တာလုပ်ငန်းလုပ်ကိုင်လိုသူများ၊ mechanical, electrical နဲ့ electronic အင်ဂျင်နီယာများနှင့် သက်ဆိုင်ရာလုပ်ငန်းတွင် လုပ်ကိုင်နေသူများအတွက် လိုအပ်ချက်များကို ဖြည့်စွက်ပေးနိုင်ရန် ရေးဆွဲထားသော Diploma Program ဖြစ်ပါတယ်

◼ လုပ်ငန်းအတွေ့အကြုံ ရယူလိုသူများအတွက် OJT ဆင်းလိုက ဆင်းနိုင်ရန် စီစဥ်ထားပါတယ်။

Professional Executive Diploma in M&E Engineering ဘာသာရပ်တွင်ပါဝင်သော module များ -

★ Electrical Estimation
★ ACMV system
★ Plumbing system
★ Firefighting and fire protection system
★ Project Design & M&E Drawing

&E_Engineering ဘာသာရပ်တွင် အသေးစိတ်သင်ကြားမည့် ခေါင်းစဉ်များ -

✌ Electrical Estimation

✔ Electrical System.
✔ Low Voltage Distribution In Building.
✔ Cable And Sizing of Conductor.
✔ Voltage Drop Calculation, Short Calculation.
✔ Circuit Breaker , Protective Devices & Sizing.
✔ Cable Selection and Short Circuit Calculation.
✔ Socket point များ lighting points များရွေးချယ် တွက်ချက်ခြင်းများ။

✌ ACMV System

✔ Air Conditioning & Mechanical Ventilation.
✔ Dust System & Design Calculation.
✔ Maintenance of Mechanical. Ventilation & Air Condition Systems.

✌ Plumbing system

✔ Plumbing and Sanitation System for Building.
✔ Water Supply Systems.
✔ Pump Head Calculation.
✔ Water Storage Tank Calculation.
✔ Sanitary Plumbing System.
✔ Single Stack System.
✔ Fully Ventilated Stack System.
✔ Sanitary Drainage System.
✔ Inspection Chambers (IC).
✔ Sanitary Appliance and Fittings.

✌ Fire Fighting & Protection System

✔ Fire Fighting System.
✔ Building Security and fire alarm system.
✔ Passive fire protection system.
✔ Active fire protection system.
✔ Electrical fire protection system.
✔ Automatic fire fighting system.

✌ Project Design of M&E

✔ Create your Own Design of a new project building

✌ 🏗️ Project Design & M&E Drawing

✔ Real-world M&E Layout Design
✔ AutoCAD-Based Project Drawing

#ရည်ရွယ်ချက်

🌠 သက်ဆိုင်ရာ အင်ဂျင်နီယာများ၊ Technician များ လုပ်ငန်းခွင်တွင် ပိုမိုတိုးတက်အောင်မြင်စေရန်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တည်ထောင်လိုသူ Entrepreneur များ တက်ထားသင့်သော အထောက်အကူပြု Diploma သင်တန်း 🌠

🎓 𝐌&𝐄 𝐃𝐢𝐩𝐥𝐨𝐦𝐚 with AutoCAD
(Sunday Only)

Date - 1.2.2026
Times - 9:00 AM to 5:00 PM
Duration - 4 Months
Fees - 500,000 Ks

♦ Regular Certificate အတွက် ထပ်ဆောင်း ကျသင့်ငွေမရှိပါ
♦ Professional Executive Diploma from Lincoln (ETVA) – USD 100

(Lincoln University College, Malaysia နှင့် ETVA မှပူးတွဲချီးမြှင့်)

🏆 Five Star 2017 Excellent Award ရရှိထားသော Lincoln University မှ အသိအမှတ်ပြုသော Diploma ဖြစ်ပါသည်။


🆗 သင်တန်းများကို စိတ်ဝင်စားလို့ အသေးစိတ်သိရှိလိုတယ်၊ သင်တန်းအပ်နှံလိုတယ်ဆိုရင်တော့...🆗

𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

🌐 FEG website - www.fegedumm.com

☎️ Ph.no - 𝟎𝟗 𝟕𝟗𝟓 𝟗𝟐𝟔 𝟐𝟓𝟓

🏠 သင်တန်းကျောင်းလိပ်စာ - ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

18/01/2026

𝗦𝗼𝗹𝗮𝗿 𝗧𝗲𝗰𝗵𝗻𝗶𝗰𝗶𝗮𝗻 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴

𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐒𝐮𝐧𝐝𝐚𝐲
၇ရက်အမြန်

Solar Technician သင်တန်းတွင် တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ စနစ်တကျ လည်ပတ်စေခြင်းတွေကို သိရှိတတ်မြောက်စေပြီး တတ်မြောက်ကျွမ်းကျင်မှုအတွက် -

✅ လက်တွေ့လုပ်ငန်းခွင်တွင်ကြုံတွေ့နိုင်သည့် ပြဿနာတွေကို ဖြေရှင်းနိုင်အောင် လေ့ကျင့်ပေးခြင်း၊
✅ နည်းပညာနှင့် လက်တွေ့ကျွမ်းကျင်မှု ပိုမိုတိုးတက်စေရန်အတွက် Site excursion စီစဥ်ထားခြင်း၊
✅ OJT ဆင်းနိုင်းရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊

1️⃣ Safety (ဘေးကင်းရေး)

✅ Solar PV Safety

♦လျှပ်စစ်အန္တရာယ်များ ဖြစ်သည့် Electric Shock, arc flash နှင့် မီးဘေးအန္တရာယ်များအကြောင်း၊
♦ Solar system တပ်ဆင်ခြင်းများတွင် ဖြစ်ပေါ်နိုင်သည့် - DC arcing, အမိုးပေါ်မှ ပြုတ်ကျခြင်းနှင့် panel များကို အန္တရာယ်ကင်းစွာ ကိုင်တွယ်ခြင်း၊
♦ ဆိုလာတပ်ဆင်မှုအတွက် လိုအပ်သော PPE : လျှပ်ကာလက်အိတ်များ၊ helmets, safety glasses နှင့် arc flash ဒဏ်ခံနိုင်သော အဝတ်အစားများအကြောင်း၊

✅ လုပ်ငန်းတာဝန်များအပေါ်အခြေခံ၍ မှန်ကန်သော PPE ကိုရွေးချယ်နည်းများ (ဥပမာ၊ Solar PV panel တပ်ဆင်ခြင်းနှင့် ဝါယာကြိုးများတပ်ဆင်ခြင်း) PPE ကို ထိန်းသိမ်းနည်း၊ စစ်ဆေးနည်းနှင့် သိမ်းဆည်းနည်း၊

✅ အိမ်ခေါင်မိုးပေါ်တွင် အလုပ်လုပ်နေစဉ် ဖြစ်ပေါ်နိုင်သော အန္တရာယ်များကို ခွဲခြားသိရှိပြီး ဖြစ်ပွားမှုကို လျော့နည်းအောင် ပြုလုပ်ခြင်း၊

♦ လှေကားကို နည်းစနစ်မှန်အောင် အသုံးပြုခြင်းနှင့် ပြုတ်ကျခြင်းကာကွယ်ရေးစနစ်များ (safety harness, anchor points နှင့် life line )

✅ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အလေ့အကျင့်များ ဖြစ်သည့် လျှပ်စစ်ကို စနစ်တကျ ပိတ်နိုင်ရန် lockout/ tagout (LOTO) လုပ်ထုံးလုပ်နည်းများ၊

♦ PV modules များ၊ DC disconnect switch နှင့် အင်ဗာတာများကို လုံခြုံစွာကိုင်တွယ်ခြင်းနှင့် တပ်ဆင်ခြင်း၊

2️⃣ Design Calculation

✅ နေအိမ်ရှိ လျှပ်စစ်ဝန် (Electrical load) အား ခွဲခြားသတ်မှတ်ခြင်း၊

♦ နေ့စဉ်/ အပတ်စဉ်နှင့် လစဉ် စွမ်းအင်သုံးစွဲမှုကို ဆုံးဖြတ်ရန် ဝန်တွက်ချက်မှုများကို လုပ်ဆောင်ခြင်း၊
♦ နေရောင်ခြည်ဖြာထွက်မှုအကြောင်း နှင့် PV system စွမ်းဆောင် ရည်(performance)၊ နေ့စဥ်/ နှစ်စဉ် solar PV စွမ်းအင်ထုတ်လုပ်မှုကို peak sun hour ပေါ်အခြေခံ၍ တွက်ချက်ခြင်း၊

✅ PV Array Sizing

♦ စွမ်းအင်လိုအပ်ချက်(Energy demand) များ ပြည့်မီရန် လိုအပ်သော panel အရေအတွက်ကို တွက်ချက်ခြင်း၊
♦ panel efficiency, tilt angle, azimuth နှင့် shading effect များအကြောင်း၊

✅ Inverter Sizing and Selection

♦ စနစ်အမျိုးမျိုးအတွက် အရွယ်အစားထည့်သွင်းစဉ်းစားခြင်း- off-grid, grid-tied and hybrid အင်ဗာတာအရွယ်အစားကို ရွှေးချယ်ခြင်း၊
♦ Array အရွယ်အစား၊ ဗို့အားနှင့် ပါဝါအဆင့်သတ်မှတ်ချက်များပေါ်မူတည်၍ သင့်လျော်သော အင်ဗာတာကို ရွေးချယ်ခြင်း၊

✅ Off-grid စနစ်အတွက် ဘက်ထရီအရွယ်အစား ရွေးချယ်ခြင်း

♦ စွမ်းအင်သိုလှောင်မှုလိုအပ်ချက် အပေါ်အခြေခံ၍ battery bank အရွယ်အစားကို တွက်ချက်ခြင်း၊
♦ ဘက်ထရီအမျိုးအစားများ (ခဲအက်ဆစ်၊ လစ်သီယမ်အိုင်းယွန်း) နှင့် PV စနစ်များတွင် ၎င်းတို့၏ အခန်းကဏ္ဍများကို နားလည်ခြင်း၊

✅ ကေဘယ်အရွယ်အစား ရွေးချယ်ခြင်း နှင့် voltage drop တွက်ချက်မှုများအကြောင်း

♦ ဗို့အားကျဆင်းမှုကို လျှော့ချရန်အတွက် မှန်ကန်သော ကေဘယ်အရွယ်အစားကို ဆုံးဖြတ်ရန် တွက်ချက်မှုများ လုပ်ဆောင်ခြင်း၊
♦ ပတ်ဝန်းကျင်အခြေအနေများအပေါ် မူတည်ပြီး cable insulation နှင့် protective ponduit များကို ရွေးချယ်ခြင်း၊

3️⃣ ဆိုလာ PV တပ်ဆင်ခြင်း (Solar PV Installation)

A. Introduction to Solar PV System Components

✅ PV Modules

♦ PV module အမျိုးအစားများ ဖြစ်သည့် monocrystalline, polycrystalline, thin film, bifacial modules များအကြောင်း၊
♦ Module rating များဖြစ်သည့် peak watt, voltage, ampere နှင့် efficiency များ အကြောင်း၊

✅ Inverters

♦ အင်ဗာတာအမျိုးအစားများ ဖြစ်သည့် string အင်ဗာတာများ၊ မိုက်ခရိုအင်ဗာတာများ၊ ဟိုက်ဘရစ်အင်ဗာတာများ၊ central အင်ဗာတာများ အကြောင်း၊
♦ အမြင့်ဆုံး ပါဝါပွိုင့်ခြေရာခံခြင်း (MPPT) နည်းပညာအကြောင်း၊ Inverter များအတွက် PV string size ရွေးချယ်ခြင်းနှင့် Voltage limit များ အကြောင်း၊

✅ Mounting Structures

♦ PV module များကို ခေါင်မိုးနှင့် အညီတပ်ဆင်ခြင်း၊ စောင်း၍တပ်ဆင်ခြင်း၊ မြေပြင်ပေါ်တွင် တပ်ဆင်ခြင်း နည်းစနစ်များ အကြောင်း၊

✅ Balance of System (BOS) အစိတ်အပိုင်းများ

♦ Combiner boxes, disconnects, and charge controllers (hybrid and off-grid systems အတွက်)၊ ကေဘယ်များ၊ MC4 connector များ (MC4), fuse များ၊ surge protective device များ (SPD)၊
♦ ဘက်ထရီသိုလှောင်မှုစနစ်များ : ဘက်ထရီအမျိုးအစားများ (Lead Acid, Lithium ions)၊ ဘက်ထရီစီမံခန့်ခွဲမှုစနစ်များ (BMS) များအကြောင်း၊

B. Site Assessment and Preparation

✅ Site Surveying Techniques

♦ နေရောင်ခြည်စွမ်းအင်အတွက် Site survey ပြုလုပ်ခြင်း : assessing shading, orientation, and tilt angle များကို အကဲဖြတ်ခြင်း၊
♦ Roof survey ပြုလုပ်ခြင်း - ခေါင်မိုး ခိုင်မာမှု၊ ဝန်ခံနိုင်မှုစွမ်းရည်နှင့် panel တပ်ဆင်မှုအတွက် အကဲဖြတ်ခြင်း၊
♦ မတူညီသောခေါင်မိုးအမျိုးအစားများ (gable, flat, pitched) သို့မဟုတ် မြေပြင်တပ်ဆင်ခြင်းများ အတွက် အကောင်းဆုံးသော Panel layout ခွဲခြားသတ်မှတ်ခြင်း၊

✅ Shading Analysis

♦ အရိပ်ကျခြင်းကြောင့် PV output ကျဆင်းခြင်း (partial shading, hotspot effects) များအကြောင်း၊
♦ အရိပ်ကျခြင်းများကို လျော့ပါးသက်သာစေရန် array များကို ဒီဇိုင်းဆွဲခြင်း (bypass diodes, optimizers သို့မဟုတ် microinverter များကို အသုံးပြုခြင်း)

C. Mechanical Installation

✅ အိမ်ခေါင်မိုးပေါ်တွင် PV Array တပ်ဆင်ခြင်း

♦ နေအိမ် ခေါင်မိုးများပေါ်တွင် flush-mount နှင့် tilt-mount စနစ်များကို တပ်ဆင်ခြင်း၊
♦ အိမ်ခေါင်မိုး ရေလုံမှုတို့ကို သေချာစစ်ဆေးခြင်း၊
♦ Solar rail နှင့် rail-less တပ်ဆင်ခြင်း အကျိုး၊ အပြစ်များနှင့် တပ်ဆင်မှုနည်းလမ်းများ၊

✅ Mechanical Fixings and Structural Stability

♦ clamps, bolts, and fastener များကို manufacture installation manual များဖတ်ပြီး စနစ်တကျ တပ်ဆင်နည်းများ၊
♦ manufacturer သတ်မှတ်ထားသော Torque specification များအတိုင်း mounting structure များကို တပ်ဆင်နည်းများ၊

D. Electrical Installation

✅ PV Module ဝါယာကြိုးများနှင့် ချိတ်ဆက်မှုများ

♦ PV ကြိုးများ series နှင့် parallel ဝါယာကြိုးချိတ်ဆက်နည်းများအကြောင်း၊
♦ String voltage နှင့် current များကို inverter specification နှင့် ညီစေရန် တွက်ချက်တပ်ဆင်ခြင်း၊
♦ PV module combiner box တပ်ဆင်ခြင်းနှင့် MC4 connector ဖြင့် ဝါယာကြိုးများ တပ်ဆင်ခြင်း၊

✅ Combiner Boxes နှင့် Disconnects

Combiner box ၏ လုပ်ဆောင်ချက်နှင့် နေရာချထားခြင်း

♦ ပြုပြင်ထိန်းသိမ်းမှုနှင့် Emergency Shutdown လုပ်ချိန် အတွင်း ဘေးကင်းစေရန်အတွက် DC disconnect switch တပ်ဆင်ခြင်း၊
♦ fuses များ၊ circuit breakers sizing ရွေးချယ်နည်း၊

✅ အင်ဗာတာ တပ်ဆင်ခြင်းနှင့် ဖွဲ့စည်းမှု

♦ အပူလွန်ကဲခြင်းကို ရှောင်ရှားရန် အရိပ်ရ၊ လေ၀င်လေထွက်ကောင်းသော နေရာများတွင် အင်ဗာတာများ တပ်ဆင်နည်း၊
♦ အပူချိန်မြင့်သော ပတ်ဝန်းကျင်များတွင် အင်ဗာတာများအတွက် သင့်လျော်သော လေဝင်လေထွက်နှင့် အအေးပေးခြင်း၊

✅ Cable Management နှင့် Conduit တပ်ဆင်ခြင်း

♦ စွမ်းအင်ဆုံးရှုံးမှုကို လျှော့ချရန်နှင့် Solar PV system ကြာရှည်မှုကို မြှင့်တင်ရန် DC နှင့် AC ကေဘယ်ကြိုးများကို စနစ်တကျ တပ်ဆင်နည်း၊
♦ Cable ကြိုးများနှင့် conduit များကို labelling စနစ်တကျလုပ်နည်း၊

E. Earthing, Bonding, and Lightning Protection

✅ Earthing Systems

♦ PV စနစ်များတွင် Earthing လုပ်ခြင်း၏ အရေးပါမှု- လျှပ်စစ်ချို့ယွင်းမှုနှင့် မိုးကြိုးပစ်ခြင်းမှ ကာကွယ်ပေးခြင်း၊
♦ Earthing နည်းလမ်းများ : equipment earthing နှင့် System earthing
♦ Earthing rods, Earthing electrodes, and bonding connection များ တပ်ဆင် အသုံးပြုနည်း၊

✅ Lightning Protection

♦ ဗို့အားစောင့်တက်ခြင်းမှ အင်ဗာတာများနှင့် အခြားပစ္စည်းများကို ကာကွယ်ရန်အတွက် Surge Protective Device (SPD) တပ်ဆင်ခြင်း၊
♦ Lightning Protection System (LPS) တွင်ရှိသော air terminals, down conductors နှင့် earthing များကို စနစ်တကျ တပ်ဆင်နည်း၊

4️⃣ Commissioning, Testing & Inspection

✅ Pre-Commissioning Checklist

♦ Performance နှင့် Safety အတွက် စက်ပိုင်းဆိုင်ရာနှင့် လျှပ်စစ်တပ်ဆင်မှုများကို စစ်ဆေးခြင်း၊
♦ Module ချိတ်ဆက်မှုများ၊ Earthing စနစ်များနှင့် အင်ဗာတာ တပ်ဆင်ခြင်းများကို စစ်ဆေးခြင်း၊
♦ တပ်ဆင်ထားသော PV module များ ခိုင်ခံမှုရှိမရှိ၊ bolt နှင့် nut များ သတ်မှတ်ထားသော torque specification အတိုင်း တပ်ဆင်ထားခြင်းရှိမရှိ စစ်ဆေးခြင်း၊

✅ Electrical Installation Testing and System testing

♦ Insulation Resistance Testing (IRT test), Continuity test နှင့် polarity test များကို PV module များ၊ inverter, battery များတွင် manufacture standard, International standard နှင့် အညီ စစ်ဆေးတိုင်းတာခြင်း၊
♦ PV string တစ်ခုစီ အတွက် open circuit voltage (Voc) နှင့် short circuit current (Isc) testing များလုပ်ဆောင် စမ်းသပ် စစ်ဆေးခြင်း၊

✅ System Documentation နှင့် Reporting

♦ Solar PV system ၏ စွမ်းဆောင်ရည်၊ စမ်းသပ်မှုရလဒ်များနှင့် တပ်ဆင်ထားသော အစိတ်အပိုင်းများဆိုင်ရာ အသေးစိတ်အချက်အလက်များကို commissioning report ဖန်တီးခြင်း၊
♦ Opreation manual, maintenance guide, site drawing, wiring diagram များကို အသုံးပြုသူထံသို့ စနစ်တကျ ပေးအပ်ခြင်း၊

✅ Post-Commissioning Inspection နှင့် Handover

♦ စနစ်လည်ပတ်မှု၊ ဘေးကင်းရေးအင်္ဂါရပ်များနှင့် ပြုပြင်ထိန်းသိမ်းမှု လိုအပ်ချက်များကို Client နှင့် တူ နောက်ဆုံးအကြိမ် စစ်ဆေးကြည့်ရှုခြင်း၊
♦ Solar PV system လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ အာမခံစာရွက်စာတမ်းများနှင့် Performance အာမခံချက်များအား လွှဲပြောင်းပေးအပ်ခြင်း၊

5️⃣ ပြုပြင်ထိန်းသိမ်းမှု

✅ ပုံမှန်ထိန်းသိမ်းမှုလုပ်ထုံးလုပ်နည်းများ

♦ Solar PV system ၏ လျှပ်စစ်ထုတ်နိုင်စွမ်း ထိ‌ရောက်မှုရှိစေရန် PV module များကို ဆေးကြော သန့်ရှင်းခြင်း နည်းစနစ်များ၊
♦ အင်ဗာတာများ၊ ဘက်ထရီများ၊ ကေဘယ်ကြိုးများ နှင့် တပ်ဆင်ထားသော စနစ်အစိတ်အပိုင်းများကို ဟောင်းနွမ်းပျက်စီးခြင်းရှိမရှိ စစ်ဆေးခြင်း၊
♦ လျှပ်စစ်ချိတ်ဆက်မှုများ၊ အင်ဗာတာဆက်တင်များနှင့် Earthing စနစ် ကြံ့ခိုင်မှုကို စစ်ဆေးခြင်း၊

✅ ကြိုတင်ကာကွယ်ထိန်းသိမ်းမှု အစီအစဉ်များ

♦ စနစ်အရွယ်အစားနှင့် အသုံးပြုမှုအပေါ်အခြေခံ၍ ပြုပြင်ထိန်းသိမ်းမှုအချိန်ဇယားများကို ရေးဆွဲခြင်း
♦ နှစ်စဉ်စမ်းသပ်ခြင်း : Insulation Resistance၊ Voc/Isc စမ်းသပ်မှုများနှင့် thermographic inspections များပြုလုပ်ခြင်း၊

✅ ပြဿနာအဖြေရှာခြင်း နည်းစနစ်များ (Troubleshooting Techniques)

♦ စွမ်းဆောင်ရည်ကျဆင်းမှုကို အဖြေရှာခြင်း : Shading၊ ဖုန်တင်ခြင်း သို့မဟုတ် အင်ဗာတာ ချွတ်ယွင်းချက်များကို ခွဲခြားသတ်မှတ်ခြင်း၊
♦ အဖြစ်များသော အင်ဗာတာ ချို့ယွင်းချက်များနှင့် Error codeများ ကို ပြုပြင် ရှင်းလင်းခြင်း၊
♦ ပျက်စီးနေသောအစိတ်အပိုင်းများကို အစားထိုးခြင်း : PV မော်ဂျူးများ၊ အင်ဗာတာများ၊ ဖျူးများ၊ သို့မဟုတ် ဝါယာကြိုးများ၊

6️⃣ ကုန်ကျစရိတ်တွက်ချက်ခြင်း (Cost Budgeting)

✅ Introduction to Cost Components

♦ Equipment Cost များကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာခြင်း : PV panels၊ အင်ဗာတာများ၊ ဘက်ထရီများ၊ ဝါယာကြိုးများ၊ တပ်ဆင်တည်ဆောက်ပုံများ၊
♦ System Size နှင့် ရှုပ်ထွေးမှု ပေါ်မူတည်၍ အလုပ်သမားစရိတ် တွက်ချက်ခြင်း၊
♦ Permit တင်ခြင်း၊ Inspection လုပ်ခြင်း နှင့် Survey Cost များ စသည့် hidden cost များကို နားလည်ခြင်း၊

✅ System ကုန်ကျစရိတ်များကို ခန့်မှန်းခြင်း

♦ အသေးစား၊ အလတ်စားနှင့် အကြီးစား တပ်ဆင်မှုများအတွက် တိကျသော ကုန်ကျစရိတ် ခန့်မှန်းချက်များကို ပြင်ဆင်ခြင်း၊
♦ ဆိုဒ်ပြင်ဆင်ခြင်း၊ တည်ဆောက်ပုံပြုပြင်မွမ်းမံခြင်း (Structural modification) နှင့် ထပ်ဆောင်းလျှပ်စစ်အဆင့်မြှင့်တင်ခြင်းများအကြောင်း တွက်ချက်ခြင်း၊
♦ စနစ်ပုံစံအမျိုးမျိုးအတွက် စုစုပေါင်းတပ်ဆင်မှုကုန်ကျစရိတ် (CAPEX) Capital Expenditure ကို တွက်ချက်ခြင်း၊

✅ Financial Incentives နှင့် ROI တွက်ချက်မှုများ

♦ Governmentincentives, အခွန်ပြန်အမ်းငွေများနှင့် နေရောင်ခြည်စွမ်းအင်သုံး ပရောဂျက်များအတွက် ထောက်ပံ့မှုများကို နားလည်ခြင်း၊
♦ စနစ်အရွယ်အစားနှင့် ဒေသလျှပ်စစ်ဓာတ်အားခစျေးနှုန်းများပေါ်မူတည်၍ ရင်းနှီးမြှုပ်နှံမှုပြန်အမ်းငွေ (ROI) နှင့် ပြန်ပေးကာလကို တွက်ချက်ခြင်း၊
♦ Power Purchase Agreement (PPAs) ကိုရှင်းပြခြင်းနှင့် ဖောက်သည်များအား ငှားရမ်းခြင်းအတွက် ငွေကြေးဆိုင်ရာ ရွေးချယ်စရာများ၊ ဘတ်ဂျက်စီမံခန့်ခွဲမှုနှင့် ကုန်ကျစရိတ်ထိန်းချုပ်ရေး၊

✅ ကုန်ကျစရိတ်အလွန်အကျွံမဖြစ်အောင် project ဘတ်ဂျက်များကို စီမံခန့်ခွဲခြင်း

♦ ပစ္စည်းနှင့် အလုပ်သမားကုန်ကျစရိတ်များကို တွက်ချက်ခြင်း၊
♦ အပြိုင်အဆိုင်စျေးနှုန်းရရှိရန် ပေးသွင်းသူများနှင့် ရောင်းချသူများနှင့် ညှိနှိုင်းခြင်း၊
♦ Client များအတွက် အသေးစိတ်ကုန်ကျစရိတ်အစီရင်ခံစာများနှင့် Update များကို ပြင်ဆင်ခြင်း။

🔌 Time - 9:00 AM to 4:00 PM
🔌 Duration - 7 Days
🔌 Fees - 250,000 Ks

(တီရှပ်၊ ဗလာစာအုပ်၊ ဘောပင် ပေးပါသည်)
🔌 Lecturer - ဆရာခန့်ဟိန်း၊
ဆရာဟန်ဆွေ၊ ဆရာမင်းဇော်လင်း

သင်တန်းအကြောင်း အသေးစိတ် သိလိုပါက....

𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

🌐 FEG website - www.fegedumm.com

📩 Email [email protected]

☎️ Ph.no - 𝟎𝟗 𝟕𝟗𝟓 𝟗𝟐𝟔 𝟐𝟓𝟓

🏠 𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

& Guilds




18/01/2026

⚡𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰𝗮𝗹 𝗜𝗻𝘀𝘁𝗮𝗹𝗹𝗮𝘁𝗶𝗼𝗻 𝗗𝗶𝗽𝗹𝗼𝗺𝗮⚡

"ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရန်အတွက် လျှပ်စစ်လုပ်ငန်းလုပ်ကိုင်နေသူများနှင့် လျှပ်စစ်ဝါသနာရှင်များအထူးတက်ရောက်သင့်သော 𝗘𝗜 𝗗𝗶𝗽𝗹𝗼𝗺𝗮 သင်တန်း"

🛑 လျှပ်စစ်ဝါယာရင်းပညာရပ်ကို အခြေခံမှ ကျွမ်းကျင်သည်အထိတတ်မြောက်ပြီး အလုပ်အကိုင်အတွက် Diploma လက်မှတ်ရယူ၍ ပြည်တွင်း/ ပြည်ပတွင် ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းဖန်တီးလိုသူများ ရွေးချယ်တက်ရောက်ရမည့် ပရိုဂရမ်တစ်ခုဖြစ်ပါတယ် ...

🛑 အသိအမှတ်ပြု လက်မှတ်များဖြစ်တဲ့ NSSA စာမေးပွဲဖြေဆိုခွင့်ရရှိရန် ထောက်ခံပြီး လျှောက်ထားပေးခြင်း၊ ဖြေဆိုနိုင်အောင် ဆက်လက် လေ့ကျင့်ပေးခြင်းနှင့် EI လက်မှတ်အတွက် လျှောက်ထားနိုင်ရန် လမ်းကြောင်းချပေးခြင်းတွေကို ဆောင်ရွက်ပေးလျှက် ရှိပါတယ်...

Electrical Installation Diploma အတန်းမှာသင်ကြားမယ့် ဘာသာရပ် အသးစိတ်ကိုတော့ အောက်က လင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ် 👇👇

https://www.facebook.com/story.php?story_fbid=734415525456826&id=100066651558862&mibextid=Nif5oz



Weekday Day

Date - Monday to Friday
Times - 8:00 PM to 9:00 PM
Duration - 4 Month

💰 ပုံမှန်ကုန်ကျစရိတ် – 400,000 kyats (သင်တန်းကြေး) ကျသင့်ပါမည်။

(လျှပ်စစ်သင်တန်းဆင်းများအတွက် ၅၀% Discount)

♦ETVA ( Lincoln) Diploma အတွက် USD 100

🆗 သင်တန်းများကို စိတ်ဝင်စားလို့ အသေးစိတ်သိရှိလိုတယ်၊ သင်တန်းအပ်နှံလိုတယ်ဆိုရင်တော့...🆗

𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

🌐 FEG website - www.fegedumm.com

📩 Email [email protected]

☎️ Ph.no - 𝟎𝟗 𝟕𝟗𝟓 𝟗𝟐𝟔 𝟐𝟓𝟓

🏠 𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။



& Guilds


13/01/2026

❄️ 𝗩𝗥𝗩 / 𝗩𝗥𝗙 အဆင့်မြင့် 𝗔𝗶𝗿 𝗖𝗼𝗻𝗱𝗶𝘁𝗶𝗼𝗻𝗶𝗻𝗴 𝗦𝘆𝘀𝘁𝗲𝗺𝘀 Training

သင်တန်း Program တစ်ခုမှာ
သင်ကြားရေးအတွက် Facilities ကောင်းလောက်ရုံနဲ့ မလုံလောက်ပါဘူး သင်ကြားပေးတဲ့ ဆရာရဲ့ အတွေ့အကြုံကလည်း အဓိကအရေးပါပါတယ်

FEG College မှာ အတွေ့အကြုံသမ္ဘာရင့် VRV/VRF Specialist ဆရာကြီး ဦးထိပ်တင်ထွဋ် ကိုယ်တိုင် ဦးစီးသင်ကြားပေးမည့် VRV/VRF Advanced Air Conditioning Training Program ကို ဂုဏ်ယူစွာ စီစဉ်ဖွင့်လှစ်လိုက်ပါပြီ။

👉 အချိန်တိုအတွင်း
👉 အလုပ်ခွင်မှာ တကယ်သုံးလို့ရတဲ့
👉 နည်းပညာအနှစ်သာရတွေကို
ထိထိမိမိ နားလည်တတ်မြောက်ချင်သူများအတွက် မလွတ်သင့်တဲ့ သင်တန်းတစ်ခုပါ။

⚡ အထူးအင်္ဂါရပ်

ဤ VRV/VRF သင်တန်းတွင်
အဆင့်မြင့် Aircon နည်းပညာအပြင်
Solar & Inverter Technology ကိုပါ
ပေါင်းစပ်ဖြည့်စွက် သင်ကြားပေးသွားပါမည်။

👨‍🔧 ဘယ်သူတွေ တက်သင့်လဲ?

✅ VRV/VRF System Installation, Maintenance & Troubleshooting ကို လေ့လာလိုသော Technician များ
✅ System Design, Load Calculation, Energy Efficiency Analysis ကို နားလည်လိုသော Engineer များ
✅ စက်ရုံ၊ ရုံး၊ Condo များတွင် VRV/VRF System ကို ထိရောက်စွာ ထိန်းသိမ်းလိုသော Facility Manager များ
✅ HVAC ပါဝင်သော Project များကို အဆင့်မြှင့်လုပ်ကိုင်လိုသော M&E Engineer များ
✅ VRV/VRF System အထူးပြုလုပ်ငန်းများ ဆောင်ရွက်လိုသော Contractor များ
✅ HVAC System များ၏ အားသာချက်၊ ကန့်သတ်ချက်များကို နားလည်ပြီး အကောင်းဆုံး စီမံလိုသော Building Owner များ

📚 VRV / VRF Training Modules

1️⃣ Safety Precaution for VRV & VRF Installation
2️⃣ Fundamentals of Inverter Technology (Air Conditioning ဆိုင်ရာ)
3️⃣ What is VRV & VRF System?
4️⃣ Properties of Refrigerant
5️⃣ Heat Load Calculation & Equipment Selection
6️⃣ VRV/VRF Piping Design (Practical Design ပါဝင်)
7️⃣ Installation Methods
8️⃣ Testing & Commissioning Methods
9️⃣ Control System & Intelligent Touch Manager (ITM)
🔟 Solar Technology & Inverter Air Conditioning Design and Testing
(Commercial AC + Solar + Elevator Integration ပါဝင်)

🗓️ သင်တန်းအချက်အလက်

📍 Online Zoom Class
📅 စတင်မည့်ရက် – 26.1.2026 (စနေသီးသန့်)
⏰ အချိန် – 7:00 PM မှ 9:00 PM
⏳ သင်တန်းကာလ – ၂ လ
💰 သင်တန်းကြေး – ၃၀၀,၀၀၀ ကျပ်

🔥 အတွေ့အကြုံရှိတဲ့ ဆရာ
တကယ်သုံးလို့ရတဲ့ နည်းပညာများကို အချိန်တိုအတွင်း နာလည်ချင်တယ်ဆိုရင်

👉 VRV/VRF ကို အတတ်ပညာအဖြစ် တကယ်လုပ်ချင်တယ်ဆိုရင်

ဒီသင်တန်းကို လက်မလွှတ်ပါနဲ့။

📞 စာရင်းပေးသွင်းရန် / အသေးစိတ်မေးမြန်းရန်

FEG Vocational College
🌐 Website – www.fegedumm.com
📩 Email – [email protected]
☎️ Phone – ၀၉ ၇၉၅ ၉၂၆ ၂၅၅
🏫 ၃၈ လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊
ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။








Photos from FEG EP Classes's post 12/01/2026

#အပတ်စဥ်စာတွေ့လက်တွေ့

🛑 အတတ်ပညာ ရှာဖွေဆည်းပူးလိုသူသော လူငယ်များအတွက်အခြေခံမှ စတင်၍ လေ့လာသင်ယူနိုင်မည့်
🛑 သက်မွေးသင်တန်းများကို ကုန်ကျစရိတ် အသက်သာဆုံးဖြင့် တက်ရောက်သင်ယူနိုင်မည့်
🛑 လက်တွေ့ ပစ္စည်းပြည့်စုံစွာဖြင့် သင်ကြာလျှက်ရှိသည့်
🛑 လစဥ်အရစ်ကျ ပေးသွင်းပြီး တက်ရောက်နိုင်သည့်
🛑 International EDUCATION PATHWAY များကိုလည်း တက်ရောက်နိုင်သည့်
🛑 ခိုင်မာသော အင်ဂျင်နီယာဆိုင်ရာ အသက်မွေး ပညာရေး Programme အမျိုးမျိုးကို သင်ကြားလျှက်ရှိသည့်

"အလယ်တန်းပညာရေးအဆင့်များမှစ၍"

🛑 IGCSE, GED, အထက်တန်းအဆင့်များ
🛑 ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များ
🛑 နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများ

"လူငယ်အားလုံးအတွက်"

မြန်မာနိုင်ငံမှာ အကောင်းဆုံးနှင့် ကုန်ကျစရိတ်အနည်းဆုံး ပညာရေးလမ်းကြောင်းများကို လျှောက်လှမ်းလိုပါက FEG ကို သတိရပါ အားလုံးအတွက် FEG မှ အကောင်းဆုံး ပြင်ဆင်ပေးလျှက် ရှိပါတယ်

🆗 သင်တန်းများကို အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ 🆗

𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

🌐 FEG website - www.fegedumm.com

☎️ Ph.no - 𝟎𝟗 𝟕𝟗𝟓 𝟗𝟐𝟔 𝟐𝟓𝟓

🏠 သင်တန်းကျောင်းလိပ်စာ - ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

Photos from FEG EP Classes's post 12/01/2026

𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗦𝗵𝗮𝗿𝗶𝗻𝗴 𝗦𝗲𝘀𝘀𝗶𝗼𝗻 𝗦𝘂𝗰𝗰𝗲𝘀𝘀𝗳𝘂𝗹𝗹𝘆 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱!

FEG Vocational College မှာ ကျင်းပခဲ့တဲ့ 𝗗𝗖-𝗰𝗼𝘂𝗽𝗹𝗲𝗱 𝗣𝗵𝗼𝘁𝗼𝘃𝗼𝗹𝘁𝗮𝗶𝗰 𝗘𝗻𝗲𝗿𝗴𝘆 𝗦𝘁𝗼𝗿𝗮𝗴𝗲 𝗦𝘆𝘀𝘁𝗲𝗺 (𝗣𝗩 𝗘𝗦𝗦) အကြောင် ခေါင်းစဉ်ဖြင့် 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 ကို
အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ 🌞⚡

တက်ရောက်သူများအတွက် နည်းပညာအသစ်တွေ၊ လက်တွေ့သုံးနိုင်မယ့် အတွေ့အကြုံတွေကို မျှဝေပေးနိုင်ခဲ့တဲ့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါတယ်။

👏 မျှဝေပေးနေသော ဆရာ Min Zaw Lin ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။

🙏 ကျွန်တော်တို့ FEG Vocational College မှလည်း Knowledge Sharing ကို တက်ရောက် အားပေးပေးသည့် အားလုံးအား အထူးကျေးဇူးတင်ရှိပါတယ်။

𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞

🌐 FEG website - www.fegedumm.com

📩 Email [email protected]

☎️ Ph.no - 𝟎𝟗 𝟕𝟗𝟓 𝟗𝟐𝟔 𝟐𝟓𝟓

🏠 𝐅𝐄𝐆 𝐕𝐨𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။





Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


ဒုတိယထပ်၊ ၃၈ လမ်းစျေးပလာဇာ၊ ဆိပ်ကမ်းသာလမ်း (အထက်)၊ ကျောက်တံတားမြို့နယ်
Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Saturday 08:00 - 17:30
Sunday 08:00 - 17:30