Junior Scholars Preschool & Learning Academic Centre

Junior Scholars Preschool & Learning Academic Centre

Share

- Preschool with international curriculum
- English Enrichment Classes
- Encampus Closed.Online act

31/07/2023

ဒုတိယဝါဆိုလပြည့်နေ့ ( သြဂုတ်လ ၁ရက်နေ့) တွင် Juniorscholars online class များ ကျောင်းတစ်ရက်ပိတ်ပါကြောင်း အသိပေးအပ်ပါသည်ရှင်။

Photos from Junior Scholars Preschool & Learning Academic Centre's post 14/06/2023

အတန်းသစ် level 2 ထပ်တိုး ဖွင့်လှစ်ခြင်း

English , Maths , Science များကို international သင်ရိုးနှင့် မြန်မာစာ ကိုလည်း အစိုးရသင်ရိုးအပြင် အထွေထွေ ဗဟုသုတမျိုးစုံတို့ပါ တပါတည်း သိရှိနားလည်အောင် နားလည် တတ်ကျွမ်းသော ဆရာမများဖြင့် ထိရောက်စွာ online classes များနှင့် လူဦးရေ ကန့်သတ်ပြီး သင်ကြားပေးနေပါသည်။
English ကိုလည်း သင်ရိုးအပြင် Cambridge exam starter, mover တို့ပါ တပါတည်း လေ့ကျင့်သင်ကြားပေးပါသည်။
JuniorScholars Classes မှ​ ​July လတွင် ဖွင့်လှစ်မည့် academic time table မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အ​သေးစိတ်စုံစမ်းသိရှိလိုပါက ရုံးဖုန်းနံပါတ်များဖြစ်သည့် 09986816735 သို့ဖြစ်​စေ၊ Page messenger မှဖြစ်​စေ ရုံးချိန်အတွင်း​(တနင်္လာ‌နေ့ မှ သောကြာနေ့ )သတ်မှတ်ထားသောပိတ်ရက်များမှအပ စုံစမ်းမေးမြန်းနိုင်ပါသည်။
school
class

03/05/2023
30/04/2023

ကျောင်းပိတ်ရက်ကြေညာခြင်း
လေးစားရပါသောမိဘများရှင့်
မေလ ၁ ရက် တနင်္လာနေ့ တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ #အလုပ်သမားနေ့ ကို ကျောင်းပိတ်ရက်အဖြစ် အသိပေးအပ်ပါသည်။ကမ္ဘာအနှံ့မှ တာဝန်အသီးသီး
ထမ်းဆောင်နေကြသော ဝန်ထမ်းများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်ကြပါစေကြောင်း
Junior Scholars မှ ဆုတောင်းမေတ္တာ
ပို့သအပ်ပါသည်။

Photos from Junior Scholars Preschool & Learning Academic Centre's post 29/04/2023

အုပ်ထိန်းမှုနဲ့ပတ်သတ်ပြီး မိဘတိုင်းသိထားသင့်တဲ့ အချက်(၁၀) ချက်

(အချက်အလက်လေးတွေသဘောကျလွန်းလို့sharing ပြန်လုပ်ပေးလိုက်ပါတယ်။)

Copy Credit

Ref-BrightSide

01/03/2023

၂၀၂၃ ခုနှစ် မတ်လ ၂ ရက် တွင်
ကျရောက်သည့် " တောင်သူလယ်သမားနေ့ " တွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ ကျေးဇူးရှင်တောင်သူဦးကြီးများအား Junior Scholars မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
မနက်ဖြန် ၂.၃.၂၀၂၃ ( ကြာသပတေးနေ့) သည် တောင်သူလယ်သမားနေ့ ဖြစ်သောကြောင့် JuniorScholars online class များ ပိတ်ပါတယ်ရှင်။

Photos from Junior Scholars Preschool & Learning Academic Centre's post 14/02/2023

Happy Valentine's Day to all my dear students! Here are their valentine messages to their best friends. 🥰🤍

14/02/2023

Grade 1 Junior class မှ ချစ်စရာသမီးလေး သီရိလင်းရဲ့ ပြည်ထောင်စု ပန်းဥယျာဥ်ကဗျာ ရွတ်ဖတ်တဲ့ ပုံရိပ်လေးပဲဖြစ်ပါတယ်။

13/02/2023

၇၆ နှစ်မြောက်ပြည်ထောင်စုနေ့ ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းကို Grade 1 senior class မှ သားသားလေး ခေတ်စွမ်းရည်က ရှင်းလင်းပြောပြထားသော ချစ်စရာ video ပုံလေးပဲဖြစ်ပါတယ်ရှင်🥰

13/02/2023

လေးစားရပါသော မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (𝟭𝟬𝟴) နှစ်ပြည့်မွေးနေ့အား မြန်မာနိုင်ငံ တစ်မျိုးသားလုံးနှင့် အတူ အောက်မေ့သတိရခြင်းများစွာဖြင့် ဦးညွတ်ဂုဏ်ပြုအပ်ပါသည်......🙏🙏🙏

#ဗိုလ်ချုပ်မွေးနေ့

12/02/2023

အမျိုးသားစာပေဆုရ ကဗျာဆရာ မင်းရွှေမင်း( အင်းစိန်) က တိုင်းပြည်ရတနာ
ဖြစ်သောကလေးများကို ပန်းကလေးများနှင့်တင်စားထားသည့် ပြည်ထောင်စုပန်းဥယျာဉ် ကဗျာကို JuniorScholars prekg class မှ သမီးငယ်လေး လင်းသီရိမွန် ကပြန်လည်ရွတ်ဆိုသည့်ချစ်စရာ ပုံရိပ်လေးဖြင့် ၇၆နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုအပ်ပါသည်ရှင်။

12/02/2023

ယနေ့ ဖေဖော်ဝါရီလ ၂၀၂၃ ရက်နေ့တွင်ကျရောက်သော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အား ကျမတို့ JuniorScholars မှ သားသားမီးမီးတို့က ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် မှစ၍
ဖေဖော်ဝါရီလရောက်ရှိတိုင်း နှစ်ပတ်လည်ကျင်းပသည့် ‘ပြည်ထောင်စုနေ့’ အထိမ်းအမှတ်သည် အလွန်ဂုဏ်ပြုထိုက်သော‌ နေ့ထူးနေ့မြတ်ပင်ဖြစ်ပါသည်။

💡ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံမှာ
အင်္ဂလိပ်တို့သည် မြန်မာပြည်ကို လွတ်လပ်ရေး ပေးရတော့မည်ဟု လက်ခံလာသော်လည်း တောင်တန်းဒေသတစ်နေရာ တစ်ထောင့်ထောင့်နှင့်တော့ သဘောမညီ ကွဲနေဦးမည်ဟု ထင်မြင်နေခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ရောကိုယ်ပါ အလွန်ပြင်းပြထက်သန်သည့် အပင်ပန်းခံကာ ပြတ်သားစွာ ကြိုးပမ်းအားထုတ်မှုက နယ်ချဲ့အဖို့ အထင်နဲ့အမြင်ပါ စင်အောင် လွဲသွားစေတော့သည်။

သို့သော် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာပြည်ကို လုံးဝလွတ်လပ်ရေးပေးခဲ့ရပြီးနောက် ဗိုလ်ချုပ်ဆိုခဲ့သည့် ‘တစ်နှစ်အတွင်း လွတ်လပ်ရေးရမည်’ ဆိုသည်မှာ ဗျာဒိတ်အလားပမာ ဆိုချင်တော့သည်။ ထိုသို့သော အတိတ်သမိုင်းကြောင့် ‘ပြည်ထောင်စုနေ့’ ဆိုသည် အလွန်ဂုဏ်ပြုထိုက်သောနေ့ ဖြစ်ပေသည်။

ပြည်ထောင်စုသားတို့၏ ကျေးဇူးရှင် လွတ်လပ်ရေးဗိသုကာကြီးသည် တိုင်းပြည် လွတ်လပ်ရေးကို နယ်ချဲ့က မဖြစ်မနေပေးကိုပေးရမည်ဟု ဆိုခဲ့သည့်စကားအတိုင်း တိုင်းပြည်လွတ်လပ်ရေး ရခဲ့သော်လည်း သူ့အဖို့မှာကား လွတ်လပ်ရေးနိုင်ငံတော် အလံတင် အခမ်းအနားကြီးကိုပင် မကြုံလိုက်ရ။ ပြည်ထောင်စုနေ့ဟူ၍ ဖြစ်ပေါ်မော်ကွန်းတင်ခဲ့ရသော ‘‘ပင်လုံစာချုပ်’ အတွက် ကြိုးပမ်းပြီးမြောက်ပြီးသည့်နောက် ငါးလနှင့်ရက်ကလေးသီသီ အစွန်းမှာပင် လုပ်ကြံခံခဲ့ရ၍ အသက်ဆုံးပါးခဲ့ရသည်။ ထိုသို့ ဖြစ်ရလေသော ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်းကို လေးစားချစ်မြတ်နိုးကြလေအောင် သူ၏ မွေးနေ့ ကို ‘ကလေးများနေ့’ အဖြစ် သတ်မှတ်လာခဲ့ကြသည်။

ယခု ၂၀၂၃ ခုနှစ်သည် (၇၆) နှစ်မြောက် ‘ပြည်ထောင်စုနေ့’ ဖြစ်သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၈ နှစ်မြောက်မွေးနေ့ဖြစ်သည်။

ထိုနေ့တွင် ပြည်ထောင်စုနိုင်ငံကြီးဖြစ်သော မိမိတို့၏ နိုင်ငံတစ်ဝန်းမှ ပြည်ထောင်စု သား၊ ကလေးငယ်များ ပျော်ရွှင်ကြပါစေ။

‘လွတ်လပ်ရေးကြီးရဖို့ရာ ညီညွတ်မှုလိုတာ၊
ခေါင်းဆောင်တွေကြိုးပမ်းကြ
ပြည်နယ်နှင့်ပြည်မ...။

ညီညွတ်ကြဖို့ မြို့ပင်လုံစုဝေးရောက်ရှိကုန်၊တိုင်းရင်းသားစုံ သွေးစည်းနှော
သမိုင်းတွင်စေသော . . .။

ရဲရဲနီသော သွေးချင်းညီ ဘယ်တော့မခွဲပြီ၊
ဖေဖော်ဝါရီ ဆယ့်နှစ်ရက်
မမေ့တို့ပြည်တွက်... ။

လက်ချင်းဆက်လို့ ကာကွယ်မည်
ကမ္ဘာဆုံးတိုင်ရည်၊
ညီအစ်ကိုတို့ ပျော်ရွှင်မွေ့
တို့ပြည်ထောင်စုနေ့ ။ ။
(မထွေးလေးနှင့် ပန်းစံပယ်ကဗျာများမှ ) ဖြစ်ပါသည်။

ကျမတို့ JuniorScholarsကလေးများ၏ ကဗျာတေးဆိုသံများဖြင့် ပြည်ထောင်စုဖွားတိုင်းရင်းသားညီ‌အစ်ကို‌ မောင်နှစ်မ အားလုံး ယနေ့ကျရောက်သောပြည်ထောင်စုနေ့မှစ၍ ငြိမ်းချမ်းရေးခရီးကို အမြန်ဆုံးလျှောက်လှမ်းနိုင်ပါစေဟု Juniorscholars မှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00