Royal Star Academy

Royal Star Academy

Share

The convenient and quality ​education is valuable for everyone who wishes to learn.

08/11/2022

Royal Star Academy မှ အဂ်လိပ်စာသင်ကြား​ရေးသင်တန်းTeacher Training Course for Young Learners ကို ပညာဒါန အတန်း အ​နေဖြင့် ပထမဆုံး ဖွင့်လှစ် သင်ကြား​ပေးပါမည်...

✡တက်​ရောက်နိုင်သူများမှာ သင်ကြား​ရေးအ​တွေ့အကြုံရအနည်းငယ်ရှိရပါမယ်
✡မပျက်မကွက် တက်​ရောက်နိုင်သူဖြစ်ရပါမယ်
✡ သင်တန်းမှ Assignment များကို ပုံမှန်ပြုလုပ်နိုင်ရပါမယ်..
✡ ပြီးဆုံး​အောင် မပျက်မကွက် တက်​ရောက်နိုင်မှသာ
Certificate ရရှိမှာ ဖြစိပါတယ်
✡zoom app သုံးတက်ရပါမယ်
✡ လိုအပ်ပါက offline class များကို လည်း သင်တန်းတည်​နေရာသို့ လာတက်​နိုင်ရပါမယ်..

စိတ်၀င်စားသူများသည် page ၏messenger မှ သို့မဟုတ် ဖုန်းဖြင့် ဆက်သွယ် စုံစမ်းပြီး စာရင်း ​ပေးသွင်းနိုင်ပါတယ် ..

🔴🔴သင်တန်းနှင့်ပတ်သတ်သည့် အ​သေးစိတ်အချက်အလက် များကို မကြာခင် ​ပေ့ချ်မှာ ပြန်လည် တင်​ပေးပါမယ်🔴🔴.
Phone - 09797180923

သင်ကြား​ပေးမည့် Trainer မှာ စာသင်ကြား​ရေးအ​တွေ့အကြုံ ၁၀ နှစ်​ကျော်ရှိ​သော..
⚛Tr .Ya Min
B.A ( Geog:)
Dip in Teaching English to Speakers of Other Languages ( London Teacher Training College, U.K)
TKT (Cambridge )
Certificate in Teaching Young Learners and Adults
(The American Centre , Yangon). မှ သင်ကြား​ပေးမည်ဖြစ်ပါသည်ရှင့်..

23/09/2022

Tongue Twister နှင့် က​လေးတို့အတွက်ပီသမှန်ကန်တဲ့ အဂ်လိပ်စာအသံထွက် (pronounciation )

ယ​နေ့မှာ​တော့ ​ကျွန်မတို့ Royal Star Academy မှ ကျောင်းသား ​ကျောင်းသူ​လေးတို့အတွက် အဂ်လိပ်စာအသံထွက် ​တိုးတက်​စေရန် လွယ်ကူရိုးရှင်းတဲ့ နည်း​လေးနဲ့ မိတ်ဆက်​ပေးပါအုံးမယ်
စကားပြောခြင်းဟာ ကြွက်သား စွမ်းရည်​ကြောင့်ပဲ ဖြစ်ပါတယ်။ ​Tongue Twister​ များကိုလေ့ကျင့်ပေးခြင်းဖြင့် ဦး​နှောက်နှင့်ကြွက်သားချိတ်ဆက်မှုကို အား​ကောင်း​စေလို့ စကားပြောစွမ်းရည် (စကားလုံးများကိုရှင်းလင်းစွာအသံထွက်နိုင် ခြင်း) ကိုပိုမိုတိုးတက်အား​ကောင်း​စေပါတယ်။

ယ​နေ့မှာ​တော့ ​ကျောင်းသား ​ကျောင်းသူ​လေးများအတွက်​ပျော်စရာ​ကောင်း​စေမယ့် လွယ်လွယ်ကူကူ ​လေ့ကျင့်နိုင်မယ့် Tongue Twister တချို့ကိုထုတ်နုတ်​ ဖော်ပြ​ပေးလိုက်ပါတယ်. မိမိတို့ရဲ့ ​ကျောင်းသား​​ကျောင်းသူများ သို့မဟုတ် မိဘများကလည်း မိမိတို့ရဲ့ က​လေးများ level နှင့်ကိုက်ညီမယ့် Tongue Twister များကို ထုတ်နုတ်​လေ့ကျင့် ​ပေးနိုင်ပါတယ်.

✴Funny Tongue Twisters for Kids✴

• A big black bug bit a big black dog.

• Smelly shoes and socks shock sisters.

• Five frantic frogs fled from fifty fierce fish.

• Fred fed Ted bread, and Ted fed Fred bread.

• If colored caterpillars could change their colors constantly could they keep their colored coat colored properly?

• I saw a kitten eating chicken in the kitchen.

• Six sticky skeletons.

• Yellow butter, purple jelly, red jam, black bread, spread it thick, say it quick.

• There was a fisherman named Fisher who fished for some fish in a fissure.

• I was born on a short, shiny, ship at shore.

• One-one was one racehorse. Two-two was one too. One-one won one race. Two-two won one too.

▪︎A snake sneaks to seek a snack.

✴Easy Tongue Twisters for Kids✴

• He threw three balls.

• Eddie edited it.

• Mommy made me eat my M&Ms.

• Busy buzzing bumblebees.

• Big nose, big blows.

• Friendly fleas and fireflies.

• Popular peppers popping.

• Sing, ping, sling, pling.

• Splish, splash, splosh, went the dog in the wash.

• Bella laughed ‘til she barfed.

• What a terrible tongue twister.

• Annie and Andy’s April anniversary.

• How many cookies could a good cook cook If a good cook could cook cookies?

• Loose lips long licks.

• Four furious friends fought for the phone.

• Great glass globes glow greenly.

• Stanley stands sadly on the steep steps.

• The queen in green screams.

• Bears breathe blackberries.

• Rubber rudders bounce.

• A happy hippo hopped and hiccupped.
Short Tongue Twisters for Kids

• She sees cheese.

• The black bat’s back.

• Daddy draws doors.

• Red lorry, yellow lorry.

• Fresh French fried fly fritters.

• Selfish shellfish.

• Double bubble gum, bubbles double.

• Greet with glee.

• She threw three balls.

• Specific Pacific.

• Flash place.

• Stop said Sid.

• Santa’s short suit shrunk.

• Big black bugs.

✴Famous Tongue Twisters ✴

• Peter Piper picked a peck of pickled peppers. A peck of pickled peppers Peter Piper picked. If Peter Piper picked a peck of pickled peppers, where’s the peck of pickled peppers Peter Piper picked?

• I saw Susie sitting in a shoeshine shop. Where she sits she shines, and where she shines she sits.

• If Stu chews shoes, should Stu choose the shoes he chews?

• I scream, you scream, we all scream for ice cream!

• Betty Botter bought some butter, But she said the butter’s bitter. If I put it in my batter, it will make my batter bitter, but a bit of better butter will make my batter better. So Betty Botter bought a bit of better butter.

• How much wood would a woodchuck chuck, if a woodchuck could chuck wood? A woodchuck would chuck as much wood as a woodchuck would if a woodchuck could chuck wood.

• Fuzzy Wuzzy was a bear, Fuzzy Wuzzy had no hair. Then Fuzzy Wuzzy wasn’t fuzzy, was he?

• Whether the weather be fine or whether the weather be not, whether the weather be cold or whether the weather be hot, we’ll weather the weather whatever the weather, whether we like it or not.

• I thought a thought, But the thought I thought wasn’t the thought I thought I thought. If the thought I thought I thought had been the thought I thought, I wouldn’t have thought so much.

• She sells sea shells by the seashore, and the shells she sells by the seashore are sea shells for sure.

Source - momlovesbest.comမှ ထုတ်နုတ်ရျ်
စီ​လျော်​အောင် ပြန်ဆို​ရေးသား​ဖော်ပြထားပါသည်.
Video crd- Youtube

ကူးယူ​ဖော်ပြပါက ပြည့်စုံစွာ credit ​ပေးပါရန်

Tr Ya Min
Founder of Royal Star Academy
B.A(Geog:), Dip in Tesol ( LTTC, U.K)
TKT( Cambridge University ,U.K)
Teacher Training Course for Young Learners and Adults ( The American Centre ,Yangon) .

လိပ်စာ- တိုက် (၃) အမှတ် (၅), သုမဂ်လာလမ်းမကြီး , ၁၄/ ၁၅ လမ်းဆုံမီးပွိုင့်အနီး , သဃ်န်းကျွန်းမြို့နယ်
☎️☎️09797180923 .

က​လေးများအတွက် YL classes များနှင့် Adult classes များကို မကြာခင်ပြန်လည်ဖွင့်လှစ်​ပေးပါ​တော့မည် ဖြစ်ပါသည်ရှင့်။

06/10/2021

အင်္ဂလိပ်စာဟာ သော့ချက်ပါ ...
ပြောဆိုရေးတတ်ဖတ်နိုင်ခြင်းဟာ တံခါးတွေအများကြီးကို ပွင့်စေပါတယ်

ဘယ်တံခါးကိုမဆို ဖွင့်နိုင်ဖို့..ငယ်စဉ်တည်းက သင့်ကလေးကို သော့ပိုင်ရှင်ဖြစ်စေလိုက်ပါ

Royal Star Academy မှာ..
အသက် ၆နှစ်မှစလို့ ၁၄နှစ်အရွယ်အထိ
လေ့လာသင်ယူနိုင်မယ့် ...
အင်္ဂလိပ်ဘာသာစကားသင်တန်းများကို စီစဉ်ထားရှိပေးထားပါတယ်..

ယခုလိုကာလ အလဟဿအဖြစ်မခံဘဲ
အိမ်မှာနေရင်း အကျိုးရှိစေဖို့
Royal Star Academy မှာ ယခုပဲအပ်နှံလိုက်ပါ

နိုင်ငံတကာအဆင့်မှီ လေ့လာမှုကိုရဖို့ ..
Oxford University မှ သင်ရိုးညွှန်းတမ်းစာအုပ်များအသုံးပြုကာ သင်ကြားရေးအတွေ့အကြုံ ၈နှစ်ရှိ TESOL လက်မှတ်ရရှိထားသော ဆရာမများမှ သင်ကြားပေးမှာပါ..

လတ်တလောကာလ..
Digital Learning Platform ( Zoom Application)
ကို အသုံးပြု သင်ယူရမှာဖြစ်သော်လည်း စာသင်ခန်းထဲတွင် သင်ယူရသလို ထိမိစွာ တတ်မြောက်စေရန်အတွက်...

တကယ့် Classroom size အတိုင်း တစ်တန်းလျှင် ၁၂ ယောက်သာ အများဆုံး ထားရှိပေးမှာပါ..

သင်တန်းသားတစ်ဦးစီ ထိရောက်မှုရှိစေရန်
Phonics
Story Telling
Reading
Group work
Fun Game & Activities
Quiz
Music စသည့် Tactics များသုံးပြီး Interactive ဖြစ်ဖြစ် ပျော်ရွှင်စွာ လေ့လာသင်ယူနိုင်မှာဖြစ်လို့ ...
တဖြည်းဖြည်းချင်းတိုးတက်လာမယ့်
သင့်ကလေးကို မျက်စိရှေ့တင်တွေ့မြင်လာနိုင်မှာပါ ...

COVID အခြေအနေပြန်လည်တည်ငြိမ်ပါက face to face အတန်းများပြန်ဖွင့်သွားမှာပါ ...

ကျောင်းသားဦးရေ ကန့်သတ်ထားတာမို...
အမြန်ဆုံးစာရင်းပေးသွင်းအပ်နှံနိုင်ပါပြီ

သက်ဆိုင်ရာ Level နှင့် သင်တန်းချိန် စုံစမ်းလိုပါက
Page Messager ( သို့မဟုတ် )
09 7971 80923
09 78181 7002
ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်..

19/09/2021

ကလေးငယ်များကို စာဖတ်ပြပါ

မိဘတွေအနေနဲ့ မိမိရဲ့ ကလေးကို ပြုစုပျိုးထောင် ပေးချင်တဲ့ အရေးကြီးဆုံးအချက်က ဘာဖြစ်မလဲ။
ပုံမှန်လိုဆိုရင် မိဘတွေကသားသမီးတွေကို ဉာဏ်ရည်ဉာဏ်သွေး ကောင်းစေချင်ကြတာ။
ထက်မြက် သွက်လက်တဲ့ ကလေးတွေဖြစ်ဖို့ ကျောင်းကောင်းတွေ ဆရာကောင်းတွေရှာတတ်ကြတာ။
မိဘတစ်ယောက်အနေနဲ့ စာအုပ်တွေကို ကလေးတွေရဲ့ဘဝမှာ တသားထဲကျအောင် လုပ်ပေးနိုင်ရင် ကလေးရဲ့သင်ယူနိုင်စွမ်းကိုမြှင့်တင်ပေးနိုင်ပါတယ်။
ကလေးတွေကို စာဖတ်ပြတာကောင်းမှန်း လူတိုင်း သိပြီးသားပါ။ ဒီနေရာမှာ ၂ နှစ်ကနေ ၅ နှစ်အထိ ကလေးတွေကို စာဖတ်ပြရင်း ရလာမယ့်အကျိုးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ။ ဆက်ဆံရေးခိုင်မြဲစေတယ်

ကလေးတွေဟာအရွယ်ရောက်လာတာနဲ့အမျှ ပိုပြီး ပြေးလွှားကစားလာမယ်၊ ပတ်ဝန်းကျင်ကို ပိုပြီးစူးစမ်းလာမယ်။
ကလေးကို ရင်ခွင်ထဲထားပြီး စာဖတ်ပြတာက အေးအေးလူလူနေရတဲ့ ကလေးရဲ့ငယ်ဘဝအမှတ်တရ အဖြစ်ကျန်ခဲ့မှာပါ။

၂။ ။ အကောင်းဆုံးသင်ယူနိုင်စေတယ်

လမ်းလျှောက်သင်စ၊ မူကြိုအရွယ်ကလေးများကို စာဖတ်ပြတဲ့ အဓိက အကျိုးကျေးဇူးကတော့ သင်ယူမှုစွမ်းရည်မြင့်မားစေခြင်းပဲ ဖြစ်ပါတယ်။
လေ့လာမှုများစွာအရ မူကြိုအရွယ်မတိုင်ခင် ကတည်းက စာဖတ်ပြခံရတဲ့ ကလေးတွေဟာ သမားရိုးကျပညာရေးနယ်ပယ်မှာ ရလာဒ်များပိုကောင်းနိုင်တယ်လို့ ဆိုကြပါတယ်။
အကယ်၍ ကလေးတစ်ယောက်ဟာ စကားလုံးနဲ့ ဝါကျအဆင့်မှာတင် သင်ယူရခက်တယ်
ဆိုရင် မူလတန်းမှာ စတင် သင်ယူရမယ့် သချ်ာ၊ သိပ္ပံနဲ့ လူမှုရေး သဘောတရားတွေကို ဘယ်လိုများ နားလည်နိုင်ပါ့မလဲ။

၃။ ။ စကားပြောစွမ်းရည် အခြေခံ ပြည့်စုံစေတယ်

လမ်းလျှောက်သင်ခါစမှ မူကြိုအထိ ကလေးဟာ ဘာသာစကားနဲ့အသံထွက် စွမ်းရည်ကို အဓိက သင်ယူနေတဲ့အရွယ်ဖြစ်ပါတယ်။ ဥပမာဆိုရင် 'ငါးလေးတစ်ကောင်ဖမ်းမိတယ်၊ ဘာဖြစ်လို့လွှတ်လိုက်တယ်...' စတဲ့ စာကို ဖတ်ပြနေစဥ်မှာ ကလေးဟာ ဘာသာစကား အဖြစ်ဖွံ့ဖြိုးလာစေမယ့် အခြေခံအသံတွေကို အထပ်ထပ် သင်ယူနေခြင်းပဲဖြစ်ပါတယ်။
ကလေးများ စာအုပ်တစ်အုပ်ကို လှန်လှောပြီး ကွိစိကွစိအသံထွက်ကာ 'စာဖတ်သယောင် ယောင်' ပြုမူခြင်းဟာ အရေးပါတဲ့ အကြို စာတတ် မြောက်ခြင်း အပြုအမူပါပဲ။
မူကြိုကလေးတစ်ယောက်ဟာ ကိုယ်ပိုင်ဖန်တီးထားတဲ့ စကားသံတွေ ပြောဆိုတာမျိုးဖြစ်နိုင်ပါတယ်။

၅။ ။ အပြန်အလှန်ဆက်သွယ်နိုင်စွမ်း ပိုမို ကောင်း မွန်လာမယ်

ကိုယ်က လမ်းလျှောက်သင်စ ကလေးကို စာဖတ်ပြလေ့ရှိရင် သူတို့အနေနဲ့ မိမိကိုယ်မိမိ ပိုမို ဖော်ပြနိုင်စွမ်းရှိပြီး အခြားသူများနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိလာမှာပါ။
ကိုယ်ဖတ်ပြတဲ့ စာအုပ်ထဲက ဇာတ်ကောင်များ အပြန်အလှန်ပြောဆိုကြတာကို ကြုံဖူးထားတဲ့၊ ကိုယ် ပုံပြောပြနေကြ ကလေးဟာ ကောင်းမွန်တဲ့ အပြန်အလှန်ဆက်သွယ်နိုင်စွမ်းရှိနေမှာပါ။

၆။ ။ ဘာသာစကားကျွမ်းကျင်လာစေတယ်

လမ်းလျှောက်သင်စအရွယ်တွေကို စာဖတ်ပြခြင်းက သူတို့ ကျောင်းနေအရွယ်ရောက်လာတာနဲ့အမျှ ဘာသာစကားအခြေခံများကို ပိုမိုပိုင်နိုင်လာစေပါတယ်။

၇။ ။ ပိုပြီးယုတ္တိကျကျ စဥ်းစားတတ်စေတယ်

ကလေးများအား စာဖတ်ပြခြင်းရဲ့ အရေးပါပုံကို စိတ်သဘောတရားများ ကိုနားလည်နိုင်ခြင်း၊ အခြေအနေအရပ်ရပ်တွင် ယုတ္တိဆန်ဆန် အသုံးချနိုင်ခြင်း၊ ကြောင်းကျိုးဆက်စပ် နိုင်ခြင်း အပြင် ကောင်းစွာဆုံးဖြတ်နိုင်ခြင်း စတဲ့ စွမ်းဆောင်ရည်များမှာတွေ့နိုင်ပါတယ်။
ကိုယ့်ရဲ့ ကလေးငယ်ဟာ စာအုပ်ထဲကဖြစ်ရပ်များနဲ့ ပြင်ပလောက အဖြစ်အပျက်များကို ဆက်စပ်နိုင်လာတာနဲ့အမျှ ကိုယ်ဖတ်ပြတဲ့ ဇာတ်လမ်းတွေဟာ သူ့အတွက်တော့ စိတ်လှုပ်ရှားစရာ ပိုကောင်းလာမှာပါ။

၈။ ။ အတွေ့အကြုံသစ်များနှင့် ရင်းနှီးလာစေတယ်

ကိုယ့်ရဲ့ ကလေးဟာ ဖွံ့ဖြိုးမှုဆိုင်ရာအပြောင်းအလဲများ သို့မဟုတ် စိတ်ပင်ပန်းမှုများကြုံတွေ့ရတဲ့အခါ သူနဲ့သင့်လျော်တဲ့ ဇာတ်လမ်း တစ်ခုကို ပြောပြပေးခြင်းဖြင့် အထက်ပါ အပြောင်းအလဲများက်ု ပိုမိုရင်ဆိုင်နိုင်စေပါတယ်။ ဥပမာ ကလေးက မူကြိုစတက်ဖို့ ကြောက်နေတယ်ဆိုရင် ဒါကို ဇာတ်ကောင် တစ်ယောက်ကဘယ်လိုဖြေရှင်းလိုက်သလဲဆိုတဲ့ ဇာတ်လမ်းမျိုးဖတ်ပြပြီး စိတ်သက်သာရာရ စေနိုင်ပါတယ်။

၉။ ။ မိမိကိုယ်မိမိထိန်းသိမ်းနိုင်ပြီး အာရုံစိုက်မှု ပိုကောင်းလာစေတယ်

စာဖတ်ပြခါစမှာ ကလေးများဟာ စိတ်မပါ၊ ဂနာမငြိမ်ဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဖတ်ပြတဲ့ စာအုပ်ဆုံးတဲ့ အချိန်အထိ နေနိုင်လာမှာပါ။
နားလည်သဘောပေါက်အောင် စာဖတ်ပြရာကနေ မိမိကိုယ်မိမိ ထိန်းသိမ်းနိုင်ခြင်း၊ စိတ်ဝင် စားချိန် ရှည်ကြာလာခြင်းနှင့် မှတ်သားနိုင်စွမ်းပိုမိုမြင့်မားခြင်းစတာတွေ ရလာမှာပါ။ အဲ့ဒိ အရာတွေက ကလေးအနေနဲ့ ကျောင်းစ တက်ပြီဆိုတာနဲ့ အသုံးစဝင်လာမှာပါ။

၁၀။ ။ စာဖတ်ရတာပျော်စရာလို့ သိလာတယ်

ကလေးများကို စာဖတ်ပြတာဟာ ၎င်းတို့အနေနဲ့ စာအုပ်များကို အပြစ်မမြင်ဘဲ စိတ် ကျေနပ် လာစေတယ်။
စာဖတ်စရှိတဲ့ကလေးများဟာ အရွယ်ရလာတာနှင့်အမျှ ဗီဒီယိုဂိမ်းများနဲ့ အခြား ဖျော်ဖြေရေးပုံစံတွေထက် စာအုပ်တွေကိုသာ ရွေးချယ်လေ့ရှိပါတယ်။
စာအုပ်များဟာ လမ်းလျှောက်သင်စ၊ မူကြိုအရွယ်ကလေးများအတွက် အကျိုးကျေးဇူး အလွန်များပါတယ်။
မိဘတစ်ယောက်အနေနဲ့ မိမိရဲ့ကလေးကို စာဖတ်ပြခြင်းဟာ ယင်းတို့ရဲ့ ပညာရေးဖြစ်ထွန်းမှုအတွက် အရေးအပါဆုံးတွေထဲကတစ်ခု ဖြစ်ပါတယ်။

Reference
Why Reading to Children is So Important
July 12, 2016 by Julie Temple Stan

Crd. .

Photos from Royal Star Academy's post 17/09/2021

♦ ဖုန်းရှိယုံဖြင့် သင့်ကလေးအဂ်လိပ်စာစွမ်းရည် လျင်မြန်စွာတိုးတက်လာစေဖို့ Royal Star Academy ၏ Online Young Learners class များကို ယခုပဲ အပ်နှံလိုက်ပါ..
နိုင်ငံတကာအဆင့်မှီ☸ Oxford University ☸မှ ထုတ်ဝေတဲ့ Course book များကို အသုံးပြုရျ်
🔯အဂ်လိပ်စာ Four skills လုံးပါဝင်အောင်သင်ကြားပေးခြင်း...
✡ Reading Skill သိသာစွာ တိုးတက်စေမည့် အပတ်စဥ်စာဖတ်ခြင်း အစီအစဉ်များ...
✡ အဂ်လိပ်စာအရေးအသား ကို ထိရောက်ကောင်းမွန်စေမည့် Phonics Teaching ..
✡ စာအရေး အသား မှန်ကန်ဖို့ အဓိက ကျတဲ့ Grammar skill တိုးတက်လာအောင် လေ့ကျင့်သင်ကြားပေးခြင်း....
🔯 ကျောင်းသားဗဟိုပြု သင်ကြားမည့် learner-centred education ဖြစ်ခြင်း...
အစရှိတဲ့ သင်ကြားမှုများဖြင့် Royal Star Academy မှ အဂ်လိပ်စာသင်ကြားရေး အတွေ့အကြုံရှိ ဆရာမ များကသင်ကြားပေးသွားမှာ ဖြစ်ပါတယ်....
♦ အသက် ၆ နှစ်မှ ၁၄ နှစ်အရွယ်♦♦♦♦ ကျောင်းသား,ကျောင်းသူများ အတွက် သင်တန်းတစ်ခုထဲမှာ စုံလင်စွာ သင်ယူနိုင်စေရန်အတွက် ယခုပဲအပ်နှံနိုင်ပါပြီ...
✔✔ သင်တန်းစုံစမ်းအပ်နှံရန် အောက်ပါဖုန်းနံပါတ်များသို့မဟုတ် page ၏ chat box သို့ဆက်သွယ်နိုင်ပါသည်..
☎ Phone: 09797180923,09781817002,
09250209191...

Photos from Royal Star Academy's post 15/09/2021

✡ သင့်ကလေးရဲ့ အဂ်လိပ်စာ အရေး အဖတ် အကြား အပြောစွမ်းရည်တွေ သိသိသာသာတိုးတက်လာစေမည့် နိုင်ငံတကာ အဆင့်မှီ သင်ရိုးနှင့် course book များကိုအသုံးပြုရျ် အဂ်လိပ်စာသင်ကြားရေး အတွေ့ကြုံ ၈နှစ်ကျော်ရှိသော ဆရာဆရာမများမှ သင်ကြားပေးနေသည့် Royal Star Academy ၏ online class များတက်ရောက်နိုင်ရန် အမြန်ဆုံး လာရောက်အပ်နှံ နိုင်ပါပြီ....
☸... ..အသက်၆နှစ်မှ ၁၄ နှစ်အရွယ်ကျောင်းသား ကျောင်းသူများ ဖုန်းရှိယုံဖြင့် ပညာရေးမနှောင့်နှေးစေဖို့ ယခုပဲ သင်တန်းအကြောင်းစုံစမ်းနိုင်ပါပြီ....အတန်း(၁) တန်းလျင် ကျောင်းသားဦးရေ ၁၂ ယောက်သာ လက်ခံပေးသွားမှာ ဖြစ်ပါတယ်..☸
စုံစမ်းရန်ဖုန်း-09797180923,09781817002,09250209191.
(Page ၏ chat box မှ လည်း အသေးစိတ်စုံစမ်းနိုင်ပါသည်).

14/09/2021

ကလေးတွေအတွက် အရေးပါတဲ့ Positive Reinforcement ဆိုတာဘာလဲ...
ကလေးတွေရဲ့ ပြုသင့်ပြုထိုက်တဲ့အပြုအမူကောင်းလေးတွေကို ခဏခဏ ထပ်မံ ဖြစ်ပေါ်လာစေဖို့ နဲ့ အနာဂတ်မှာ သူတို့ရဲ့အပြုအမူကောင်းလေးတွေကို ဆက်လက် ထိန်းသိမ်းသွားဖို့ ကလေးတွေ အပြုအမူကောင်းလေးတွေ ပြုမူတိုင်းမှာ မိဘများ ဆရာဆရာမများ ဟာ ကလေးများကို အားပေးထောက်ခံချီးမွမ်းပေးခြင်းကို Positive Reinforcement လို့ သင့်လျော်အောင် အဓိပ္ပာယ် ဖွင့်ဆိုပါတယ် ..ကလေးတွေရဲ့ အပြုအမူကောင်းလေးတွေအတွက် အပြုသဘောဆောင်တဲ့ အာပေးထောက်ခံမှုတွေကို ပြုလုပ်ပေးတဲ့အခါမှာ...

☸ လက်ခုပ် လေးတီးပေးပြီး ပျော်ရွှင်မြူးတူးပြလိုက်ပါ..
☸Hight Five ဆိုပြီး လက်ဝါးချင်းရိုက်ပြပေးလိုက်ပါ...
☸ နွေးထွေးစွာ ဖက်ထားပေးပြီး ကျောကုန်းလေးကိုပုတ်ပေးလိုက်ပါ..
☸ လက်မလေးထောင်ပြပေးလိုက်ပါ...
☸ ကလေးတွေရဲ့ အပြုအမူလေးတွေဟာ ချစ်ဖို့ကောင်းလို့ တော်လို့ ကြိုးစားလို့ ဇွဲရှိလို့ အစသဖြင့် ချီးမွမ်းရင်း သူတို့ပျော်စေမယ့် ကြိုက်မယ့် အစီအစဉ် လေးတွေဖန်တီးပေးပါ...
(ဥပမာ ကစားနည်းတစ်ခု တူတူကစားပေးခြင်း, . စာအုပ်အတူတူဖတ် ပေးခြင်း..)
☸ ချီးမွမ်းပေးလိုက်ပါ...
☸ ကလေးရဲ့အပြုအမူဟာ ဘယ်လောက်တော်ကြောင်း ဘယ်လိုကောင်းကြောင်းကို သင့်ကလေးရှေ့မှာပဲ တခြားသူတစ်ယောက်ကို ရှင်းပြပေးပါ......

မိဘတိုင်း ထက်မြက်တဲ့ သားသားမီးမီးများဖြစ်အောင် ပြုစုပျိုးထောင်နိုင်ကြပါစေ..
verywellfamiy.comမှ ထုတ်နုတ်ရျ် ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်.
လွတ်လပ်စွာမျှဝေနိုင်ပါသည်.❤❤

Teacher Ya Min
B.A Geog:
Dip in Tesol (L.T.T.C,UK)
Certificate in Early Childhood Education(Jolly kids Early Learning Centre)
Teacher Training Courses For Young Learners and Adults (The American Centre, Yangon).
Founder of Royal Star Academy
(အသက် ၆ နှစ်မှ ၁၄ နှစ်အရွယ် ကျောင်းသား ကျောင်းသူများအတွက် Young Learners Online English Class များကို Royal Star Academy မှာ အပ်နှံနိုင်ပါပြီ).

Photos from Royal Star Academy's post 11/09/2021

ကျွန်မတို့ RSA ရဲ့ YL class တွေမှာ ထည့်သွင်းသင်ကြားပေးတဲ့ phonics ဟာ ကျောင်းသား ကျောင်းသူတွေအတွက် ဘယ်လို အကျိုးအကျေးဇူးတွေရှိလဲ...

ကျွန်မတို့ ဒီ Phonics Teaching ကို Young Learner class. မှာ ထည့်သွင်းခြင်းရဲ့ အကြောင်းအရင်းကတော့

(၁) Phonics teaching မှာ ကလေးများဟာ English Alphabet တစ်လုံးချင်းစီရဲ့ အသံတွေနဲ့ စာလုံးအစုလေးတွေရဲ့ အသံတွေကိုလေ့လာရတာဖြစ်တဲ့အတွက် စာလုံးရဲ့အသံကိုနားထောင်ရုံဖြင့် စာလုံးပေါင်းနိုင်ခြင်း အဓိပါယ်ကို လွယ်ကူစွာ မှတ်မိခြင်း စတဲ့ အကျိူးကျေးဇူးတွေရရှိမှာပဲဖြစ်ပါတယ်.

(၂)ဒုတိယအချက်အနေနဲ့ phonics ကိုလေ့လာတဲအခါမှာ flash card(ရုပ်ပုံပါကဒ်ပြား)လေးများ နဲ့တွဲပြီးလေ့ရတာဖြစ်တဲ့ အတွက် vocabulary (ဝေါဟာရ )ကြွယ်ဝမှုကို လျှင်မြန်စွာ တိုးတက်စေရုံသာမက ဝေါဟာရကြွယ်ဝမှုမှာလည်း အခြားသော ကလေးများထက် ပိုမိုကောင်းမွန်နေတာကို တွေ့ရမှာပါ..

(၃)စာလုံးရေ အများအပြားသိလာပြီးရင်လဲ အသံလေ့ကျင့်မှုအတွက် Phonics Reader စာအုပ်လေးတွေဖတ်ပေးပြီးကလေးများနှင့်အတူတူလေ့ကျင့်ပေးခြင်းအားဖြင့် ကလေးများ (Reading skill)စာဖတ်အားကောင်းမွန်လာပြီး အဂ်လိပ်စာ အရေးအသား(Writing skill) ကို အလွန်အထောက်အပံ့ ဖြစ်စေပါတယ် စာလုံးပေါင်းကို လုံးဝကျွမ်းကျင်စေရုံသာမက ကဗျာ များ သီချင်းများနားထောင် ခြင်းမှ လေ့လာရသော ကြောင့်လဲ အင်္ဂလိပ်စာ အကြားစွမ်းရည်(Listening skill) တွေ ကို သိသိသာသာဖွံ့ဖြိုးတိုးတက်လာစေခြင်းစတဲ့ အကျိုးကျေးဇူးများရရှိမှာပဲဖြစ်ပါတယ်.

Royal Star Academy ရဲ့ YL class မှာလည်း Phonics ကို ထည့်သွင်းသင်ကြား​ပေးမှာ့​ဖြစ်ပြီး အသက် ၆နှစ်မှ ၁၄ နှစ်အရွယ်ကျောင်းသား ကျောင်းသူများပါတက်ရောက်နိုင်ပါတယ်.

သင်တန်းအပ်နှံလိုသူများ page ၏ chat box မှ သို့မဟုတ် ဖုန်းနံပါတ်များကို ဆက်သွယ်ပြီး စုံစမ်းအပ်နှံနိုင်ပါပြီရှင့်...
Phone - 09797180923, 09781817002.

10/09/2021

ဖုန်းရှိယုံဖြင့် သင့်ကလေးပညာရေးမနှောင့်နှေး စေပဲ နိုင်ငံတကာ အဆင့်မှီ Cambridge Young Learners Courseကို အဂ်လိပ်စာသင်ကြားရေး အတွေ့အကြုံရှိတဲ့ ဆရာဆရာမ များဖြင့် အိမ်မှာ နေရင်းသင်ကြားနိုင်ပါပြီ...

အောက်ပါ video လေး ထဲမှာတော့ ကျွန်မတို့ Royal Star Academy ကဖွင့်လှစ်ထားတဲ့ သင်တန်းလေးအကြောင်းကို အသေးစိတ်ရှင်းလင်းထားပါတယ်..သင်တန်းအပ်နှံခြင်းနှင့် ပတ်သတ်ပြီးအသေးစိတ်သိရှိလိုပါက video အောက်က ကောမန့်ထဲက link လေးထဲကို ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်..
Phone - 09797180923,09781817002.

08/09/2021

For more information
call 09797180923,09781817002

Photos from Royal Star Academy's post 07/09/2021

သင်တန်းများကို ၁၅.၉.၂၀၂၁ မှာ စတင်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်..
အသေးစိတ်သိရှိလိုပါက
Phone - 09797180923,09781817002 ကို ဆက်သွယ်စုံစမ်း နိုင်ပါတယ်ရှင့်..

Learn today, build a brighter tomorrow. 05/09/2021

ကလေးငယ်များအတွက် programming လေ့လာသင်ယူဖို့ website တွေအများကြီးရှိတဲ့ထဲက
လူသုံးလည်းများ, free လည်းရ, ကျနော်တို့ မြန်မာပြည်အတွက်လည်း သင့်တော်မည်လို့ထင်ရတဲ့
website သုံးခုကို မိတ်ဆက်ပေးထားပါတယ်။
ပုံတင်ထားတာက မက်ဇူကာဘက်က ၅ နှစ်ကျော်အရွယ်သူ့သမီးလေးကို Kano ဆိုတဲ့ website မှာ
coding လေ့လာခိုင်းထားပုံကို တင်ထားတာပါ၊ first comment မှာ ဇူကာဘက်ရဲ့ ပို့လင့်လေးပါပေးထားပါတယ်။
တစ်ကမ္ဘာလုံးက kid coding အတွက် ဝင်ရောက်ဆွေးနွေးကြတာကို ဗဟုသုတအနေနဲ့ ဝင်ဖက်ကြည့်ကြပါ။

1 Code.org
Ages: 4-14
Pricing: Free
code.org ဆိုတာ နှစ်စဥ် "Hour of Code" ဆိုတဲ့အစီစဥ်လုပ်ပေးတဲ့ အကျိုးအမြတ်မယူတဲ့
အဖွဲ့စည်းတစ်ခုပါ။ နောက်ပြီး ကျောင်းတွေအတွက်လည်း သင်ရိုးညွှန်းတမ်းတွေဆွဲပေးပါတယ်။
သူတို့အဖွဲ့ကနေ ကလေးတွေကို ကွန်ပြူတာသိပ္ပံအခြေခံတွေသင်ပေးဖို့အတွက် Unit 4 ခုပါတဲ့ coding
website တစ်ခုကိုလည်း လွှင့်တင်ထားပါတယ်။
ဘာသာစကားပေါင်းများစွာနဲ့လည်းလေ့လာနိုင်ပါတယ်။ မြန်မာဘာသာစကားကိုပါပါတယ်။
သင်ခန်းစာတစ်ခုချင်းစီရဲ့ အဆုံးပိုင်းမှာဆိုရင် ကလေးတွေဟာ အချင်းချင်းမျှဝေလို့ရတဲ့ Games တွေ
story တွေ ဖန်းတီးနိုင်ပါတယ်။ အခြားကလေးလေ့ကျင့်ထားတဲ့ projects ပေါင်း ၇၄ မီလီယံကျော်
ကိုလည်းတွေ့ရမှာပါ။
သင်ခန်းစာတစ်ခုချင်းစီကို computer science ရဲ့ နောက်ကွယ်က သဘောတရားတွေကို သင်ကြားပေးထားတဲ့
puzzles, videos, activities တွေနဲ့ဖွဲ့စည်းထားပါတယ်။
သင်ခန်းစာ ၁ ကတော့ စလေ့လာမည့် အသက် ၄ နှစ် ၆ ကလေးတွေအတွက်ပါ။
နောက်သင်ခန်းစာတွေကတော့ programming အကြောင်းတွေသင်ဖို့အတွက် block-based
ပုံစံနည်းကို အသုံးပြုထားပါတယ်။ text-based code တွေကို ကြည့်ချင်ရင်လဲကြည့်လို့ရပါသေးတယ်။
ခြုံပြောရရင် သင်ခန်းစာအတန်းလေးတန်းလုံဟာ စာသင်ခန်းတွေမှာသုံးဖို့လုပ်ထားတဲ့ သင်ရိုးညွှန်းတန်းတွေဖြစ်ပြီး
ISTE စံတွေနဲ့အညီ ပြုလုပ်ထားတာတွေပါ။ အဲ့လိုသင်ခန်းစာသင်ရိုးတွေကို အလားကားသင်ခွင့်ရတော့ ပိုကောင်းတာပေါ့ဗျာ။

2 Scratch
Ages: 8-16
Pricing: Free
Scratch ကတော့ မူလတန်းကျောင်းတွေမှာ coding program အတွက် အသုံးများတဲ့ platform တစ်ခုပါ။
MIT Media Lab ကနေ develop လုပ်ထားတဲ့ ကလေးတွေအတွက် အလကားသင်ပေးတဲ့
block coding website တစ်ခုပါပဲ။ Scratch မှာထူးခြားတာကတော့ scratch ကိုယ်တိုင်ကိုက programming language
တစ်မျိုးဖြစ်ပြီးတော့ ပေါင်းစပ်နိုင်တဲ့ Graphical block တွေပါတာပါ။
နောက်တစ်ခုက Scratch မှာ တစ်ကမ္ဘာလုံးက ကလေးတွေ program ရေးဆွဲနိုင်ပြီးတော့
stories, games, animation တွေကို အချင်းချင်းမျှဝေလို့ရတဲ့ online အဖွဲ့အစည်းကြီးလည်းရှိပါသေးတယ်။
Scratch platform ကို ၈ နှစ်ကနေ ၁၆ အရွယ်ကလေးတွေအတွက် ဒီဇိုင်းလုပ်ထားတာပါ။
အဲ့ထက်ငယ်တဲ့ကလေးတွေအတွက်ဆိုရင်တော့ 5 နှစ်ကနေ ၇ နှစ် အရွယ်တွေအတွက် ဒီဇိုင်းထုတ်ထားတဲ့
Scratch Jr လိုကောင်မျိုးတွေကို လေ့လာလို့ရပါတယ်။
coding သင်ရိုးညွှန်းတမ်းတွေမှာ scratch ကို အသုံးများရတဲ့အကြောင်းရင်းကတော့ ၎င်းရဲ့ ကလေးငယ်များရဲ့ problem-solving စကေးတှေ,
communication စကေးတွေ, အကြောင်းအကျိုးစဥ်းစားတွေးခေါ်တတ်မှုတွေကို တိုးတတ်ဖို့အတွက် ပြီးပြည့်စုံတဲ့ နည်းလမ်းတွေကြောင့်ပါ။
Scratch က တကယ်ကျတော့ coding language စစ်စစ်ကိုသင်ပေးတာမဟုတ်ပါဘူး
computer programming နဲ့ coding language တွေရဲ့ ပထမဆုံးခြေလှမ်းကို သင်ပေးတာပါ။

3 Khan Academy Computer Programming
Ages: 13+
Pricing: Free
နောက်တစ်ခုကတော့ နက်နဲပြီး စိန်ခေါ်မှုတွေများတဲ့ math games တွေနဲ့ လူသိများတဲ့ Khan Academy website ပါ။
Khan Academy မှာလည်း ကလေးတွေကို graphic, animations စတာတွေဖန်းတီးနည်းတွေသင်ပေးတဲ့ အခြေခံ programming
သင်ခန်းစာတွေရှိပါတယ်။ Khan Academy ကို ဘောလီးဝုစ်မင်းသားကြီး ရှရွက်ခန်း တည်ထောင်ထားတယ်လို့လဲပြောကြတယ်။ တကယ်ကျ အမှတ်မှားနေတာပါ founder က Salman Amin Khan ဖြစ်တဲ့ အမေရိကန် ကျောင်းဆရာ Sal khan ပါ။
google official သင်ကြားရေး website တွေမှာလည်း ညွှန်းထားပါတယ်။

အခြားသင့်တော်တဲ့ website တွေအများကြီးရှိပါသေးတယ်။ ရွေးချယ်စဥ်းစားတက်ဖို့အတွက် အဆင်ပြေတာလေးတွေ တင်ဆက်ပေးလိုက်ပါတယ်၊
နာမည်တွေ ရိုက်ပြီး google မှာရှာကြည့်လို့ရပါတယ်။
Elementary School level
Blockly, Code Combat, Stencyl, Code Monkey, Code.Org Studio, Kodable, Scratch, Tynker
Middle School level
App Inventor, Code Avengers, Code Monster, GameBlox, Codemoji
Lightbot
High School level
Glitch, Codecademy, Code HS, Pluralsight, Code Wars, Khan Academy Computer Programming, Vidcode
Best Coding Website For All Ages
CodeWizardsHQ





သင်လည်း programming ကို စိတ်ဝင်စားတယ်ဆိုရင် Sirius Computer Club ကနေ
ကိုယ်တိုင်မြန်မာလို သင်ကြားအသံသွင်းဖြန့်ချီတဲ့ သင်ခန်းစာတွေက ကူညီပေးပါလိမ့်မယ်။
သင်ခန်းစာတိုင်းကို
Goog Drive Download Link (lifetime access) နဲ့
ဝယ်ယူလေ့လာနိုင်ပါပြီ

programming ကို အစကနေ ဘာမှမသိတာကနေ လေ့လာဖို့အတွက်
https://www.facebook.com/siriuscomputerclub/posts/189260299303107

Python Programming လေ့လာဖို့အတွက်
https://www.facebook.com/siriuscomputerclub/posts/258401222389014

JavaFX ကိုလေ့လာဖို့
https://www.facebook.com/siriuscomputerclub/posts/103491011213370

JavaFx နဲ့ လက်တွေ့ Project ရေးတာကိုလေ့လာဖို့အတွက်
https://www.facebook.com/siriuscomputerclub/posts/183275633234907

Crd.

Learn today, build a brighter tomorrow. CS is more important than ever. Let's build the future we want.

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Thumingala Road
Yangon
11071