13/03/2022
အင်းစိန်ထောင်တွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရသော ရတကသ ဗဟိုအလုပ်အမှုဆောင် ကိုလေပြေစိုးမိုး အပါအဝင် လေးဦးကို စစ်အာဏာရှင်လက်ပါးစေများက အင်းစိန်ထောင်ရှိ လူငယ်ဆောင်မှ ခေါ်ထုတ်သွားကြောင်း သတင်းရရှိသည်။ မည်သည့်နေရာသို့ ခေါ်ထုတ်သွားကြောင်း မသိရသေးပေ။
၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် မတရားဖမ်းဆီးခံခဲ့ရသော ကိုလေပြေစိုးမိုးသည် အင်းစိန်ထောင်၌ ချုပ်နှောင်ခံနေရသည်မှာ တနှစ်ကျော်ကြာပြီဖြစ်သည်။ ကိုလေပြေစိုးမိုးကို ဖေဖော်ဝါရီလ ၂၈ရက်နေ့၌ ကမာရွတ်မြို့နယ်တရားရုံးက ပုဒ်မ ၅၀၅-က ဖြင့် ထောင် ၃ နှစ်ချမှတ်ခဲ့ပြီး ယခုအခါ ပျောက်ဆုံးနေခြင်းဖြစ်သည်။
ကိုလေပြေစိုးမိုးနှင့်အတူ ကိုဆစ်နိုင်၊ ကိုသုတစိုးတို့အပါအဝင် လေးဦးကို အင်းစိန်ထောင်ရှိ လူငယ်ဆောင်မှ ခေါ်ထုတ်သွားကြပြီး မည်သည့်နေရာသို့ပို့ဆောင်လိုက်ကြောင်း မသိရသဖြင့် ၎င်းတို့၏အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်သည်။
သောကြာနေ့ကလည်း အင်းစိန်ထောင်၌ ဖမ်းဆီးခံထားရသူ (၈) ဦးကို စစ်ကြောရေးသို့ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
23/02/2022
လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရတကသ ဗဟိုအလုပ်အမှုဆောင် ကိုလေပြေစိုးမိုးကို ကမာရွတ် တရားရုံးမှ အမိန့်ချမည်ဟု သိရသည်။
ကိုလေပြေစိုးမိုးသည် မတ်လ ၃ ရက်နေ့က တာမွေမြို့နယ်၌ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယခုတိုင် အင်းစိန်ထောင်တွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရဆဲဖြစ်သည်။
05/08/2021
ဝမ်းနည်းကြေကွဲရခြင်း။
ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာန ပါမောက္ခဌာနမှူး ဒေါက်တာထွန်းကိုသည် ယနေ့ ဩဂုတ်လ (၅)ရက်နေ့ ညနေ (၅) နာရီ ဝန်းကျင်ခန့်တွင် ကွယ်လွန်သွားပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်အတူ မိမိတို့ ရန်ကုန်တက္ကသိုလ် ပထဝီဝင်မိသားစုမှ ထပ်တူကြေကွဲဝမ်းနည်းရပါသည်။
ဆရာကြီးသည် ပထဝီဝင်ဘာသာရပ်ကို အထူးကျွမ်းကျင်တတ်မြောက်သူ ဖြစ်ပြီး တပည့်ပေါင်းမြောက်မြားစွာ မွေးထုတ်ပေးခဲ့သူ တစ်ဦးဖြစ်သည်။ ဆရာကြီးသည် ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ပြီး သိပ်မကြာခင်မှာပင် ပထဝီဝင်ဌာနသို့ရောက်ရှိခဲ့ပြီး ဌာနအတွက် အစွမ်းကုန် ကြိုးစားပေးဆပ်ခဲ့သူတစ်ဦးဖြစ်သည်။
ဆရာကြီး ကောင်းရာသုဂတိလားပါစေ။
19/06/2021
ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန၊ မဟာတန်း (ဒုတိယနှစ်)
ကျောင်းသား၊ကျောင်းသူများ၏ သဘောထားထုတ်ပြန်ချက်
(ဇွန်လ ၁၉ရက်၊ ၂၀၂၁ ခုနှစ်)
၁။ ကျောင်းသားလူငယ်၊ ကလေးသူငယ်များနှင့် ပြည်သူများကို ရက်စက်စွာ ဖမ်းဆီးနှိပ်ဆက် သတ်ဖြတ်နေပြီး တရားမဝင် အာဏာသိမ်းယူထားသော အကြမ်းဖက်စစ်ကောင်စီမှ ရန်ကုန်တက္ကသိုလ်မဟာတန်း(ဒုတိယနှစ်)များကို စာတမ်း တင်သွင်းခြင်းများပြုလုပ်ရန် ဧပြီလ၂၇ရက်နေ့တွင် အကြောင်းကြားခဲ့သည်။
၂။ စစ်မှန်သော ဒီမိုကရေစီကို လိုလား၍ စစ်ကျွန်ပညာရေးစနစ်ကို ရွံမုန်းသော ကျောင်းသားကျောင်းသူများသည် ဖေဖော်ဝါရီလတွင်းကတည်းကပင် စစ်ကျွန်ပညာရေးကို ကျောင်းမတတ်ခြင်း၊ စာတမ်းမတင်သွင်းခြင်းဖြင့် သပိတ်မှောက် ဆန့်ကျင်ကြောင်း သဘောထားထုတ်ပြန်ချက်များကို ထုတ်ပြန်၍ အတိအလင်းကြေညာခဲ့ပြီးဖြစ်သည်။
၃။ သို့သော်လည်း မိမိတို့ မဟာတန်း(ဒုတိယနှစ်) မှ ကျောင်းသူ ၆ဦး (လက်ရှိစာရင်း) ဖြစ်သည့်
မမျိုးသဇင်ဖွေး ၂ မဟာ - ပ - ၄
မခင်မျိုးဌေး ၂ မဟာ - ပ - ၅
မဝင့်ရွှေရည်မြင့် ၂ မဟာ - ပ - ၇
မစုမြတ်သွယ်အောင် ၂ မဟာ - ပ - ၁၀
မဆုသီရိထက် ၂ မဟာ - ပ - ၁၁
မဇင်မာဝင်း ၂ မဟာ - ပ - ၁၂
တို့သည် တော်လှန်ရေးတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပြီး မကြာသေးမှီကမှ ထုတ်ပယ်ခံထားရသော ဌာနမှူးပါမောက္ခနှင့် ဆရာဆရာမများ၊ ဌာနတူအတန်းသူ ကျောင်းသားကျောင်းသူမောင်နှမများ၊ အသက်ပေးဆပ်ခဲ့ရသော (ထာဝရကျောင်း မတက်ရောက်နိုင် တော့သော) ကျောင်းသားကျောင်းသူ လူငယ်မောင်နှမများကို လေးစား၊ ထောက်ထား၊ ငဲ့ညာမှုမရှိဘဲ စစ်ကျွန်ခေတ်ဘွဲ့လက်မှတ်ရရှိရေးကို မျှော်မှန်း၍ စာတမ်းတင်သွင်းခြင်း ပြုလုပ်သဖြင့် ၎င်းတို့အား လူသတ်အားပေးစစ်ကျွန်လောက်ကောင်များ အဖြစ် သတ်မှတ် လိုက်ပါသည်။
၄။ ထိုအပြင် မိမိတို့ မဟာတန်း(ဒုတိယနှစ်) ကျောင်းသားကျောင်းသူများက စစ်ကျွန်ပညာရေး လက်အောက်မှ ရရှိလာမည့် စက္ကူစုတ်သာသာ တန်ဖိုးရှိသော ဘွဲ့လက်မှတ်ကို လိုချင်တပ်မက်နေသော အဆိုပါကျောင်းသူ ၆ဦးအား သူငယ်ချင်းများအဖြစ်ကသာမက လူ့အသိုင်းအဝိုင်းကပါ ဖယ်ကြဉ်၍ ပတ်သတ်ပေါင်းသင်းဆက်ဆံတော့မည် မဟုတ်ကြောင်း အတိအလင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။
(ယခုထုတ်ပြန်သောစာရင်းသည် ယခုလက်ရှိစာတမ်းတင်သော၊ စာတမ်းတင်ရန် ကြိုးစားနေသောသူစာရင်းများကိုသာ ထုတ်ပြန်ထားခြင်းဖြစ်ပြီး နောက်ထပ် စာတမ်းတင်ရန် ကြိုးစားမည့်သူများ ထပ်မံသိရှိပါက ထပ်မံထုတ်ပြန်သွားဦးမည် ဖြစ်သည်။)
06/06/2021
ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန၊ စတုတ္ထနှစ် (နောက်ဆုံးနှစ်)
ကျောင်းသား၊ကျောင်းသူများ၏ သဘောထားထုတ်ပြန်ချက်
(ဇွန်လ ၆ရက်၊ ၂၀၂၁ ခုနှစ်)
၁။ ကျောင်းသားလူငယ်၊ ကလေးသူငယ်များနှင့် ပြည်သူများကို ရက်စက်စွာ ဖမ်းဆီးနှိပ်ဆက် သတ်ဖြတ်နေပြီး လက်နက်အားကိုးဖြင့် နိုင်ငံတော်အာဏာကို သိမ်းယူထားသော စစ်ကောင်စီသည် ရန်ကုန်တက္ကသိုလ်တွင် မေလ၅ရက်နေ့မှ စတင်၍ စစ်ကျွန်ပညာရေးစနစ်ကို စတင်အသက်သွင်းခဲ့သည်။
၂။ စစ်မှန်သော ဒီမိုကရေစီကို လိုလား၍ စစ်ကျွန်ပညာရေးစနစ်ကို ရွံမုန်းသော ကျောင်းသားကျောင်းသူများသည် ဖေဖော်ဝါရီလတွင်းကတည်းက စတင်၍ စစ်ကျွန်ပညာရေးကို ကျောင်းမတတ်ခြင်းဖြင့် သပိတ်မှောက် ဆန့်ကျင်ကြောင်း သဘောထားထုတ်ပြန်ချက်များကို ထုတ်ပြန်၍ အတိအလင်းကြေညာခဲ့ပြီးဖြစ်သည်။
၃။ သို့သော်လည်း မိမိတို့ စတုတ္ထနှစ် (နောက်ဆုံးနှစ်) မှ ကျောင်းသူ ၄ဦး ဖြစ်သည့်
မအေးမြကြည် ၄ - ပ - ၄
မလင်းလင်းရတနာအေး ၄ - ပ - ၁၂
မမေဇာနည်ထွန်း ၄ - ပ - ၁၃
မခြူးမြတ်နိုင် ၄ - ပ - ၁၄
တို့သည် တော်လှန်ရေးတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပြီး မကြာသေးမှီကမှ ထုတ်ပယ်ခံထားရသော ဌာနမှူးပါမောက္ခနှင့် ဆရာဆရာမများ၊ ဌာနတူအတန်းသူ ကျောင်းသားကျောင်းသူမောင်နှမများ၊ အသက်ပေးဆပ်ခဲ့ရသော (ထာဝရကျောင်း မတက်ရောက်နိုင် တော့သော) ကျောင်းသားကျောင်းသူ လူငယ်မောင်နှမများကို လေးစား၊ ထောက်ထား၊ ငဲ့ညာမှုမရှိဘဲ စစ်ကျွန်ခေတ်ဘွဲ့လက်မှတ်ရရှိရေးကို မျှော်မှန်း၍ ကျောင်းတက်နေကြပါသဖြင့် ၎င်းတို့အား လူသတ်အားပေး စစ်ကျွန်လောက်ကောင်များအဖြစ် သတ်မှတ်လိုက်ပါသည်။
၄။ ထိုအပြင် မိမိတို့ စတုတ္ထနှစ်(နောက်ဆုံးနှစ်) ကျောင်းသားကျောင်းသူများက စစ်ကျွန်ပညာရေး လက်အောက်မှ ရရှိလာမည့် စက္ကူစုတ်သာသာ တန်ဖိုးရှိသော ဘွဲ့လက်မှတ်ကို လိုချင်တပ်မက်နေသော အဆိုပါကျောင်းသူ ၄ဦးအား သူငယ်ချင်းများအဖြစ်ကသာမက လူ့အသိုင်းအဝိုင်းကပါ ဖယ်ကြဉ်၍ ပတ်သတ်ပေါင်းသင်းဆက်ဆံတော့မည် မဟုတ်ကြောင်း အတိအလင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။
(မလင်းလင်းရတနာအေး သည် ဆိုရှယ်မီဒီယာအသုံးပြုမှုမရှိသည့် အပြင် ဓာတ်ပုံများလည်း မရှိ၍ ထည့်သွင်းခြင်း မပြုလိုက်ရပါ)
31/05/2021
ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန၊ တတိယနှစ် ဂုဏ်ထူးတန်း
ကျောင်းသား၊ကျောင်းသူများ၏ သဘောထားထုတ်ပြန်ချက်
(မေလ ၃၁ရက်၊ ၂၀၂၁ ခုနှစ်)
၁။ ကျောင်းသားလူငယ်၊ ကလေးသူငယ်များနှင့် ပြည်သူများကို ရက်စက်စွာ ဖမ်းဆီးနှိပ်ဆက် သတ်ဖြတ်နေပြီး လက်နက်အားကိုးဖြင့် နိုင်ငံတော်အာဏာကို သိမ်းယူထားသော စစ်ကောင်စီသည် ရန်ကုန်တက္ကသိုလ်တွင် မေလ၅ရက်နေ့မှ စတင်၍ စစ်ကျွန်ပညာရေးစနစ်ကို စတင်အသက်သွင်းခဲ့သည်။
၂။ စစ်မှန်သော ဒီမိုကရေစီကို လိုလား၍ စစ်ကျွန်ပညာရေးစနစ်ကို ရွံမုန်းသော ကျောင်းသားကျောင်းသူများသည် ဖေဖော်ဝါရီလတွင်းကတည်းက စတင်၍ စစ်ကျွန်ပညာရေးကို ကျောင်းမတတ်ခြင်းဖြင့် သပိတ်မှောက် ဆန့်ကျင်ကြောင်း သဘောထားထုတ်ပြန်ချက်များကို ထုတ်ပြန်၍ အတိအလင်းကြေညာခဲ့ပြီးဖြစ်သည်။
၃။ သို့သော်လည်း မိမိတို့ ပထဝီဝင် တတိယနှစ် ဂုဏ်ထူးတန်းမှ ကျောင်းသူ ၃ဦး ဖြစ်သည့်
(၁) မကြည်ဖြူမေ ( ၃-ဂုဏ်-ပ-၁၄)
(၂) မဖူးမြတ်ငြိမ်း ( ၃-ဂုဏ်-ပ-၁၂)
(၃) မစုနန္ဒာအောင် (၃-ဂုဏ်-ပ-၁၀)
တို့သည် တော်လှန်ရေးတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပြီး မကြာသေးမှီကမှ ထုတ်ပယ်ခံထားရသော ဌာနမှူးပါမောက္ခနှင့် ဆရာဆရာမများ၊ ဌာနတူအတန်းသူ ကျောင်းသားကျောင်းသူမောင်နှမများ၊ အသက်ပေးဆပ်ခဲ့ရသော (ထာဝရကျောင်း မတက်ရောက်နိုင် တော့သော) ကျောင်းသားကျောင်းသူ လူငယ်မောင်နှမများကို လေးစား၊ ထောက်ထား၊ ငဲ့ညာမှုမရှိဘဲ စစ်ကျွန်ဘွဲ့ရရေး ဒို့အရေးလုပ်ကာ စစ်ကျွန်ခေတ်ဘွဲ့လက်မှတ်ရရှိရေးကို မျှော်မှန်း၍ ကျောင်းတက်နေကြပါသဖြင့် ၎င်းတို့အား လူသတ်အားပေး စစ်ကျွန်လောက်ကောင်များအဖြစ် သတ်မှတ်လိုက်ပါသည်။
၄။ ထိုအပြင် မိမိတို့ တတိယနှစ်ဂုဏ်ထူးတန်း ကျောင်းသားကျောင်းသူများက စစ်ကျွန်ပညာရေး လက်အောက်မှ ရရှိလာမည့် စက္ကူစုတ်သာသာ တန်ဖိုးရှိသော ဘွဲ့လက်မှတ်ကို လိုချင်တပ်မက်နေသော အဆိုပါကျောင်းသူ ၃ဦးအား သူငယ်ချင်းများအဖြစ်ကသာမက လူ့အသိုင်းအဝိုင်းကပါ ဖယ်ကြဉ်၍ ပတ်သတ်ပေါင်းသင်းဆက်ဆံတော့မည် မဟုတ်ကြောင်း အတိအလင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။
25/05/2021
ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန၊ ကျောင်းသား၊ကျောင်းသူများမှ
“ဇော်မင်းမောင်” နှင့် ပတ်သတ်၍ သဘောထားထုတ်ပြန်ချက်
(မေလ ၂၅ရက်၊ ၂၀၂၁ ခုနှစ်)
၁။ ယခင် ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာနတွင် ကထိက တာဝန်ထမ်းဆောင်ဖူးသော ယခုလက်ရှိ ထားဝယ်တက္ကသိုလ် ပထဝီဝင်ဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဇော်မင်းမောင်သည် ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာနမှူး ဒေါက်တာထွန်းကိုအပါအဝင် အခြားသောဆရာ၊ဆရာမများကို ရိုင်းပြစွာဆဲဆို၍ ခြိမ်းခြောက်သောစာကို ၎င်း၏ ဖေ့ဘုတ်လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
၂။ ထိုအတွက်ကြောင့် ကျောင်းသား၊ကျောင်းသူများမှ ထပ်မံစုံစမ်းရာမှ ရန်ကုန်တက္ကသိုလ်တွင် ခဏတာတာဝန်ထမ်းဆောင်စဉ် ဇော်မင်းမောင်သည်
၁။ လုပ်ဖော်ကိုင်ဖက်နှင့် အထက်လူကြီး ဆရာ၊ဆရာမများကို ရိုင်းပြစွာဆက်ဆံခြင်း။
၂။ ကျောင်းသူများကို ကာယိအိနြေပျက်ပြားအောင် ပြုမှုပြောဆိုခြင်း။
၃။ ကျောင်းသူများအပေါ်တွင် ရိုးသားမှုမရှိသည်ကို သိရှိသောကြောင့် လုပ်ဖော်ကိုင်ဖက် ဆရာဆရာမများကပင် ကျောင်းသူများကို ၎င်းနှင့် ရင်းရင်းနှီးနှီးမနေဘဲ သတိထားနေရန် ပြောဆိုရခြင်း။
၄။ အကြမ်းဖက်စစ်ကောင်စီအား ထောက်ခံအားပေးသူတစ်ဦးဖြစ်ပြီး CDM တွင်ပါဝင်နေသော ဆရာဆရာမများအား ခြိမ်းခြောက်ခြင်း။
၅။ စာသင်ကြားရာတွင် ညံ့ဖျင်းသည့်အပြင် ဘာသာရပ်အပေါ်သင်ကြားနိုင်ခြင်း မရှိသောကြောင့် အချိန်ပိုင်းဆရာ၊ဆရာမများက ကိုယ်စားသင်ပေးရခြင်း။
စသည့် အကြောင်းအရာများပါ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။
၃။ ထိုအတွက်ကြောင့် မိမိတို့ ကျောင်းသား၊ ကျောင်းသူများမှာ ဇော်မင်းမောင်အပေါ် ဆရာတစ်ယောက်အနေဖြင့်သာမက လူသားတစ်ယောက်အနေဖြင့်ပါ အသိအမှတ်ပြုမည် မဟုတ်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။ မြန်မာနိုင်ငံနိုင်ငံ အနှံ့ တက္ကသိုလ်များတွင် ရှိသော ပထဝီဝင်ဌာန ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများအားလည်း ဇော်မင်းမောင်ကို ပထဝီဝင်အသိုင်းအဝိုင်းမှ အမြန်ဆုံးမောင်းထုတ်ရန်နှင့် မိမိတို့ တက္ကသိုလ် သိက္ခာအတွက် ဆရာတစ်ယောက်အဖြစ်လုံးဝအသိအမှတ်မပြုပါရန် တိုက်တွန်းအပ်ပါသည်။
07/05/2021
ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာန ကျောင်းသား ကျောင်းသူများမှ CDM ဆောင်ရွက်လျက်ရှိသော ဆရာ၊ဆရာမများအား ဂုဏ်ပြုကြောင်း ကြေညာချက်
၁။ တရားမဝင် အကြမ်းဖက်စစ်ကောင်စီ၏ ဩဇာခံ ပညာရေးဝန်ကြီးဌာနမှနေ၍ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာနမှ Civil Disobedience Movementတွင် ပါဝင်နေသော ဆရာ၊ဆရာမ (၁၁)ဦးအား ရာထူးမှရပ်ဆိုင်းကြောင်း မေလ ၆ ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။
၂။ ဓမ္မနှင့်အဓမ္မကိုအမှန်တကယ်ခွဲခြားသိမြငိပြီး ဓမ္မဘက်တွင်ရဲရင့်စွာရပ်တည်ပေးသော ဆရာ ဆရာမတို့အားလုံး ကိုတပည့်များမှ အထူးဂုဏ်ယူကြည်ညိုလေးစားလျက် ဘေးရန်အသွယ်သွယ်မှကင်းဝေးစေရန် ဆုတောင်းပေးလျက်ရှိပါသည်။
၃။ အကြမ်းဖက်စစ်ကောင်စီ၏ ကျွန်ပညာရေးစနစ်မှ ရပ်ဆိုင်းခြင်းခံရသော်လည်း ဆရာ၊ဆရာမများကို မိမိတို့ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အာစရိယ ဆရာ၊ဆရာမများအဖြစ် ထာဝရအသိအမှတ်ပြုသွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားအပ်ပါသည်။
၄။ ဆရာ၊ဆရာမတို့၏ ကြုံတွေ့နေရသော အခက်အခဲများအားလည်း တတ်စွမ်းသမျှအကူအညီပေးသွားရန် ကြိုးစားသွားမည်ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာန ကျောင်းသားကျောင်းသူများ
06/05/2021
❙ ဖက်ဒရယ်တက္ကသိုလ် - Federal University
[English below]
အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၁ ခု၊ မေလ ၅ ရက်နေ့တွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ စာသင်ကျောင်းများနှင့် တက္ကသိုလ်များကိုပြန်လည်ဖွင့်လှစ်တော့မည်ဟု ကြေညာထားပြီး ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများကို ၎င်းတို့၏ စစ်ကျွန်ပညာရေးဗြူရိုကရေစီယန္တယားကြီးအတွင်း၌ ပြန်လည်ခေါင်းလျှိုဝင်ရန် ဖိအားပေးအကြပ်ကိုင်လျက်ရှိသည်။ ဤသည်ကို စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်သော၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုလိုလားသော ကျွန်ုပ်တို့ကျောင်းသားထုကြီးနှင့်တကွ ဆရာဆရာမအပေါင်းတို့အနေဖြင့် လုံးဝလက်သင့်ခံသွားမည်မဟုတ်ကြောင်းကို တခဲနက်ပြသသွားပြီးဖြစ်ပေသည်။
ထိုသို့ လက်မခံကြောင်းကို တစ်စိတ်တစ်ဝမ်းတည်း ပြသသွားမည့်အပြင် အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းမှုနှင့် Coronavirus ကပ်ရောဂါကြောင့်ပါ နှောင့်နှေးနေခဲ့ရသော ကျောင်းသားထုကြီး၏ တော်လှန်ရေးကာလပညာရေးအတွက် ယခုအခါ ဖက်ဒရယ်တက္ကသိုလ် (Federal University) ကို အွန်လိုင်းမှနေတစ်ဆင့် စတင်ဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ အွန်လိုင်းအပြင် ရေဒီယို၊ တီဗီရုပ်သံများမှ သင်ခန်းစာများ မျှဝေနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ဖက်ဒရယ်ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားရာတွင် ရှေ့တန်းမှပါဝင်နေသည့် ကျောင်းသူကျောင်းသားများ၏ လိုလားချက်စိတ်ကူးစိတ်သန်းများမှတစ်ဆင့် သန္ဓေတည်ပေါ်ပေါက်လာခဲ့သော ဤဖက်ဒရယ်တက္ကသိုလ်ကြီးကို တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) တွင် ပါဝင်သော ဆရာဆရာမများ၊ ပြည်တွင်းပြည်ပတတ်သိပညာရှင်များ၏ ဝိုင်းဝန်းလုံ့လစိုက်ထုတ်မှုများဖြင့် တည်ထောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ဖက်ဒရယ်တက္ကသိုလ် (Federal University) သည် လွတ်လပ်သော၊ ဝေဖန်ပိုင်းခြားသော၊ စူးစမ်းဆင်ခြင်စိတ်ကို လှုံ့ဆော်ပေးသော၊ သုတေသနကိုဗဟိုပြုသော ပညာသင်ကြားသင်ယူမှုတစ်ခုကို တည်ဆောက်သွားနိုင်ရန်၊ လူတိုင်းအကျုံးဝင်ပညာရေးဖြစ်စေရန်တို့ကို ရည်မှန်းကာ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း စသည့်ဒေသများ၏ လွတ်မြောက်နယ်မြေများရှိ တက္ကသိုလ်၊ ကျောင်းများနှင့် ပြည်မရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်၊ ကျောင်းများနှင့် ကွန်ရက်ပြုချိတ်ဆက်သွားမည်ဖြစ်သည်။ သင်ရိုးညွန်းတမ်းများကို စာ (text)၊ အသံ (audio)၊ စာနှင့်အသံ (audiovisual) စသဖြင့် ဒေါင်းလုတ်ဆွဲသိမ်းဆည်းနိုင်သော multimedia format ဖြင့် ကြားခံမီဒီယာအမျိုးမျိုးမှတစ်ဆင့် ပြင်ဆင်ပို့ချသွားမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ၏တန်ဖိုးစံနှုန်းများကို အပီပြင်ဆုံးထင်ဟပ်နိုင်သော အကြောင်းအရာများဖြင့် ပြုစုရေးဆွဲထားခြင်းဖြစ်သည်။
စစ်ကျွန်ပညာရေး၏လောင်းရိပ်မှ အပြီးတိုင်လွတ်မြောက်လိုသော၊ အနှစ်အသားပြည့်ဝသောပညာရေးတစ်ရပ်ကို လိုလားတောင့်တသော ကျောင်းသားထု၊ ဆရာထုကြီး၏ စိတ်ဆန္ဒကို ပြည့်မြောက်စေရန်နှင့် စစ်အာဏာရှင်၏ ယန္တယားမှန်သမျှကို ဆန့်ကျင်တော်လှန်သည့် အင်အားစုတစ်စုအနေဖြင့် ရပ်တည်သွားရန် ဖက်ဒရယ်တက္ကသိုလ်က (Federal University) အားသွန်ခွန်စိုက် ရည်သန်ကြိုးပမ်းသွားပါမည်။ ရာနှင့်ချီသော၊ ကွဲပြားသော ဝိသေသလက္ခဏာများရှိနေလျက်ကပင် ဘုံတူညီသောအလှတရားတစ်ပါးဖြင့် လှပညီညွတ်သော တိုင်းရင်းသားလူမျိုးစုများအားလုံး၏ ပညာရှာဖွေရေးခရီးလမ်းတွင် ဖက်ဒရယ်တက္ကသိုလ်အနေဖြင့် ခြေလှမ်းတစ်ခုကို လှမ်းလိုက်ပြီဖြစ်သည်။ ဤခြေလှမ်းတစ်လှမ်းမှအစတိုင်လျက် ပညာတည်းဟူသည့် ဘယ်သောအခါမှမဆုံးသည့် ခရီးလမ်းတွင် ကျွန်ုပ်တို့နှင့်အတူ ဆက်လက်လျှောက်လှမ်းသွားကြပါစို့ဟု ဖိတ်ခေါ်လိုက်ရပါသည်။
The terrorist military junta of Myanmar has declared its plans to reopen schools and universities on 2021, May 5, and is pressuring the teaching faculty and students alike to once again participate in their oppressive burraucracy of a so-called education. Us students and teachers—an anti-military dictatorship and pro-federal democracy coalition—have made ourselves clear we vehemently reject this contrivance without any reservation.
As a dual measure, en plus this solidary stance against the regime's attempt to thwart our movement, we hereby announce the founding of the Federal University on an online-basis to make up for the deceleration in the education of the youth of Myanmar, orchestrated partly by the military coup d'État and partly by the Coronavirus pandemic, in the Revolution Era. We are also trying to provide the lectures over radio and television channels. Conceived by the ideas and visions of the students who are at the forefront of the Federal Democracy Movement, the establishment of the University has been made possible by the unrelenting effort of Students' Unions, teachers and professors who are part of the Civil Disobedience Movement (CDM), and academics both domestic and foreign.
The raison d'être of the Federal University is to create a learning and teaching environment that is free, critical, encouraging of experiments, and research-oriented. The University has constructed an interconnecting network among the schools and universities in the liberated and federated areas of Kachin, Karen, Karenni, Mon, and Shan, as well as those autonomous institutions from mainland Myanmar. The curricula, meticulously tailored to most fully reflect the essence and values of federal democracy, shall be delivered in downloadable textual, audio, and audiovisual formats via varied media.
It is the profound mission of the Federal University to try and fulfill the wishes of learners and educators who long to break free from a fascist-propagandized education and seeks a rewarding experience in their search for knowledge. We have taken the very first step on the path of studentship shared by the hundreds of dissimilar yet unific ethnicities. The Federal University extends our welcome hand to you to join us from this step onward along the rest of the interminable journey.
https://www.facebook.com/FederalUniv/
06/05/2021
ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန၊ မဟာတန်း(ရေးဖြေ) ကျောင်းသူများ၏ မဟာဘွဲ့(ရေးဖြေ) သင်တန်းများ ဖွင့်လှစ်ခြင်းနှင့် ပတ်သတ်၍ သဘောထားထုတ်ပြန်ချက်
02/05/2021
ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာန ကျောင်းသား/ကျောင်းသူများမှ စစ်အာဏာရှင်အား သပိတ်မှောက်ကြောင်း ကြေညာချက်