FEP Free Education Program

FEP Free Education Program

Share

Quality Learning. Zero Cost. Pure Heart.

20/01/2026

Change a Life, Be a Volunteer! 🌟🚀

Free Education Program (FEP) ရဲ့ ပညာရေးအိပ်မက်တွေကို အတူတူ အကောင်အထည်ဖော်ဖို့အတွက် မြေပြင်မှာ တက်ကြွစွာ ပါဝင်ပေးမယ့် Volunteer Teacher မောင်နှမသစ်တွေကို နွေးထွေးစွာ ကြိုဆိုချင်ပါတယ်။

ကိုယ့်ရဲ့ အားလပ်ချိန်လေးတွေကို အသုံးပြုပြီး ကလေးတွေရဲ့ မျက်ဝန်းထဲက အိမ်မက်တွေကို အားဖြည့်ပေးချင်တယ်ဆိုရင် FEP နဲ့ လက်တွဲဖို့ ဖိတ်ခေါ်ပါရစေ။🌟

FEP မှာ ပါဝင်ခြင်းဖြင့် ရရှိမယ့် နွေးထွေးတဲ့ အခွင့်အရေးများ -

• ✨ Heartwarming Connections: စိတ်တူကိုယ်တူ သူငယ်ချင်းအသစ်တွေနဲ့အတူ မိသားစုစိတ်ဓာတ်မျိုးနဲ့ လက်တွဲလုပ်ကိုင်ရခြင်း။
• ✨ Growth Together: ကလေးတွေကို သင်ကြားပေးရင်း မိမိကိုယ်တိုင်လည်း စိတ်ရှည်မှုနဲ့ လူမှုဆက်ဆံရေး အရည်အချင်းတွေ ပိုမိုတိုးတက်လာခြင်း။
• ✨ True Happiness: ပေးဆပ်ခြင်းကရတဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုကို လက်တွေ့ခံစားရပြီး ကလေးတွေရဲ့ ဘဝအတွက် အမှတ်တရကောင်းတွေ ဖန်တီးပေးနိုင်ခြင်း။

ကိုယ့်ရဲ့ တတ်ကျွမ်းမှုဟာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ "မျှဝေပေးလိုတဲ့ စိတ်စေတနာ" တစ်ခုတည်းနဲ့တင် FEP အတွက် အဖိုးမဖြတ်နိုင်တဲ့ အင်အားတစ်ခုပါ။

FEP မှာ ပါဝင်ခြင်းအားဖြင့် ကိုယ့်ရဲ့ လူမှုဆက်ဆံရေး အရည်အချင်းတွေ တိုးတက်လာမယ့်အပြင်၊ စိတ်ချမ်းမြေ့စရာ အတွေ့အကြုံသစ်တွေကိုပါ ရရှိမှာဖြစ်ပါတယ်။ 🌟

အစီအစဉ်ပြီးဆုံးတဲ့အခါမှာလည်း ဂုဏ်ပြုမှတ်တမ်းလွှာလေးတွေ ပေးအပ်သွားဦးမှာပါ။🌟

အသေးစိတ် သိချင်ရင် Messenger (DM) မှာ တစ်ချက်လောက် လာမေးပေးပါဦးနော်။

📍 လျှောက်ထားရန် Link: https://docs.google.com/forms/d/1fzgrSTZ6oyLXKxmg_zVdjqZk4ZWzizRhZZR1eYG8vb0/edit

⏰ ပိတ်ရက်: ၃၁.၁.၂၀၂၆ (မကြာခင် ပိတ်တော့မှာမို့ မြန်မြန်လေးနော်)

ဒီခရီးစဉ်မှာ အတူတူ လျှောက်လှမ်းချင်တယ်ဆိုရင်တော့ အောက်က Link လေးမှာ Form ဖြည့်ပေးခဲ့ပါဦးနော်။

28/12/2025

သင်္ဃန်းကျွန်း သဘာဝရိပ်သာ ယဉ်ကျေးလိမ္မာ တွင်
ယဉ်ကျေးလိမ္မာမှာ ဦးဆောင်တဲ့ ဆရာလေးက ဆရာလေးမရှိတဲ့ရက်များမှာ
FEP Founder မထက် ကို တာဝန်ယူစောင့်ရှောက် သင်ကြားပေးရန် ယုံကြည်စွာအပ်နှံထားပါတယ်။
ကလေးများအတွက် ပညာရေးမပြတ်တောက်စေရန်
ယခုအခါ နွေရာသီသင်ကြားရေးအစီအစဉ် ကို စတင်စီစဉ်နေပြီဖြစ်ပြီး
FEP မှ Volunteer ဆရာ၊ ဆရာမများ ကိုလည်း လွှတ်ပေးကာ
သင်ကြားမှုကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါတယ်။
လက်ရှိတွင်လည်း
ကလေးများ၏ ဖန်တီးမှုစိတ်ကူးစိတ်သန်းများ ဖွံ့ဖြိုးလာစေရန်
ပန်းချီဒါနသင်တန်းကို FEP မှ တာဝန်ယူ သင်ကြားပေးနေပါသည် 🎨
ကလေးတိုင်းအတွက် ပညာရေးအခွင့်အလမ်း တိုးတက်စေရန်
ယဉ်ကျေးလိမ္မာနှင့် FEP တို့ ပူးပေါင်းကာ
အနာဂတ်အတွက် အားအင်ပြည့်ဝသော မျိုးဆက်ကို ဖန်တီးနေကြပါသည် 🤍

#သင်္ဃန်းကျွန်းသဘာဝရိပ်သာ
#စာသင်ဝိုင်း
#ပန်းချီဒါနသင်တန်း

Photos from FEP Free Education Program's post 28/12/2025

FEP ရဲ့ လုပ်ရိုးလုပ်စဉ်အရ
စာသင်ဝိုင်းမစတင်ခင် ဘုရားရှိခိုး တရားထိုင်ခြင်း ကို နေ့တိုင်း ပြုလုပ်လျက်ရှိပါတယ်။
ဒီလို ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်းကနေ စိတ်ကိုငြိမ်သက်စေပြီး
ဆရာ၊ ဆရာမများနဲ့ ကလေးများအားလုံးအတွက်
တစ်နေ့တာလုံး စာသင်ကြားရေးကို စိတ်ထားကောင်းကောင်းနဲ့ ဆောင်ရွက်နိုင်အောင် အထောက်အကူဖြစ်စေပါတယ်။
စိတ်ကောင်း၊ စိတ်သန့်နဲ့ ပညာပေးနိုင်ဖို့
အခြေခံအနေဖြင့် ဘာသာရေးအလေ့အကျင့်ကို တန်ဖိုးထားလိုက်နာနေခြင်းဟာ
FEP ရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုတစ်ရပ်လည်း ဖြစ်ပါတယ် 🙏

ဘုရားရှိခိုးပြီးနောက် စိတ်ကောင်းလေးတွေနဲ့
စာသင်ခန်းထဲ ဝင်ရောက်လာတဲ့ ကလေးတစ်ယောက်ချင်းစီဟာ
ပညာသာမက စိတ်ဓာတ်ကောင်းမွန်တဲ့ လူငယ်များအဖြစ် ကြီးထွားလာစေရန်
FEP က အမြဲလိုလို အလေးထား ဆောင်ရွက်လျက်ရှိပါတယ် 🙏💙

#သာကေတဒဂုံဆပ်ကမ်း
#စာသင်ဝိုင်း

Photos from FEP Free Education Program's post 15/12/2025

လှိုင်သာယာပွဲလေးမှာ FEP ရဲ့ အမှတ်တရအချိန်လေးများ ✨

လှိုင်သာယာမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ပွဲလေးတွင်
Free Education Program (FEP) မှ ဆရာ၊ ဆရာမများ တက်ရောက်ကာ ပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ပွဲအတွင်းမှာ
👧👦 ကလေးများအတွက် အသုံးဝင်ပြီး ဗဟုသုတ ရစေမည့်
🍎 အစားအစာနှင့် သန့်ရှင်းရေးအရေးကြီးမှု
🌏 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများကို
Workshop ပုံစံဖြင့် ပျော်ပျော်ရွှင်ရွှင် သင်ကြားပေးနိုင်ခဲ့ပါသည်။

ထိုပွဲသို့
👨‍🏫 FEP မှ ဆရာ ၂ ယောက်
👩‍🏫 ဆရာမ ၁ ယောက်
သွားရောက်ကာ အင်အားဖြည့် ကူညီပေးခဲ့ပြီး ကလေးများ၏ အပြုံးများ၊ စိတ်ဝင်စားစွာ သင်ယူနေသော မျက်နှာလေးများကို မြင်တွေ့ရခြင်းက FEP အတွက် အားအင်တစ်ခုဖြစ်ခဲ့ပါသည် 🤍

FEP သည် ကလေးတိုင်း ပညာနှင့် ဗဟုသုတများရရှိစေရန် နေရာဒေသ မခွဲခြားဘဲ ဆက်လက်ကြိုးစားသွားမည် ဖြစ်ပါသည် 🌱

****Toward the qualified education without spending money****

Photos from FEP Free Education Program's post 15/12/2025

October လအစမှစ၍ FEP အဖွဲ့၏ လှုပ်ရှားမှုအသစ်များ ✨

October လအစပိုင်းတွင် FEP မှ Volunteer များကို ထပ်မံခေါ်ယူကာ Online Meeting ပြုလုပ်ခဲ့ပြီး ဆရာ၊ ဆရာမ အသစ်များကိုလည်း အင်အားဖြည့်တင်းခဲ့ပါသည်။

Volunteer အင်အားများလာသည်နှင့်အမျှ FEP စတင်အခြေစိုက် ဖွင့်လှစ်ခဲ့သော သာကေတမြို့နယ်ရှိ စာသင်ဝိုင်းတွင်သာမက အခြားသော ပရဟိတ စာသင်ဝိုင်းများနှင့်ပါ ဆက်သွယ်ပူးပေါင်း၍
📍 သင်္ဃန်းကျွန်းမြို့နယ်ရှိ စာသင်ဝိုင်း
📍 လှိုင်သာယာမြို့နယ်ရှိ စာသင်ဝိုင်း
တို့တွင်ပါ FEP မှ Volunteer ဆရာ၊ ဆရာမများကို လွှတ်ကာ ကလေးများအား စာသင်ကြားပေးလျက်ရှိနေပါသည်။

Free Education Program (FEP) သည် နေရာဒေသ မခွဲခြားဘဲ ကလေးတိုင်း ပညာသင်ယူခွင့်ရရှိစေရန် လူအား၊ ငွေအား၊ အချိန်အားတို့ဖြင့် ဆက်လက်ကြိုးစားသွားမည် ဖြစ်ပါသည်။

ပညာဖြင့် အနာဂတ်ကို ပြောင်းလဲနိုင်ရန် အတူတကွ လက်တွဲကြပါစို့ 🌱📚

****Toward the qualified education without spending money****

Photos from FEP Free Education Program's post 02/12/2025

FEP သာကေတ စာသင်ဝိုင်းတွင်
GELC Charity Team ကလည်း ရောက်ရှိပူးပေါင်းပြီး ကလေးများကို သင်ကြားပေးသွားခြင်းအတွက်
အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။

စာသင်ဝိုင်းလေးမှာ စတင်ဖွင့်လှစ်ခဲ့ချိန်ကနေ ယနေ့ထိ Free Education Program မှ volunteer များက ကလေးများ၏ ပညာရေးအခွင့်အလမ်းတိုးတက်ရေးအတွက်
မနေမနား အားစိုက်၍ ကြိုးစားလျက်ရှိပါတယ်။

ဒီတစ်ခါတွင်လည်း GELC Charity Teamမှ member ဝင်များကလည်း
ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်များကို Free Education Program မှ
ကလေးများအတွက် ပညာနဲ့ ဗဟုသုတတွေကို
စိတ်နှစ်၍ သင်ကြားပေးခဲ့ကြတာ
ကျွန်ုပ်တို့အတွက်အလွန်တန်ဖိုးကြီးလှပါသည်။

အဖွဲ့ဝင်တစ်ဦးချင်းစီဟာ
“ကလေးများ တိုးတက်စေရန် အားတက်သ‌ေရာ ကူညီချင်သည်”
ဆိုသော စိတ်ဓာတ်ကောင်းမွန်မှုကြောင့်
စာသင်ဝိုင်းလေးကို တိုးတက်အောင်မြင်စေဖို့ ပိုမိုအသက်သွင်းနိုင်ခဲ့ပါသည်။

GELC Charity Team ၏ ပံ့ပိုးကူညီမှုများသည်
ကလေးငယ်များ၏ ပညာရေးခရီးမှာ
ရေရှည်အသိဉာဏ်တိုးတက်မှုတစ်ရပ်အဖြစ်
ထင်ရှားစွာ သက်ရောက်မှုရှိစေပါသည်။
FEP မှ founder များ အပါအဝင် လက်ရှိ သင်ကြားပေးနေသော volunteer များမှ GELC Charity team အဖွဲ့ဝင်အားလုံးကို
ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။
အမြဲလေးမြတ်ပါသည် GELC Charity ❤

ပူပေါင်းပါဝင်သင်ကြားပေးနေတာ ကြာပီဖြစ်သော်လည်း ယခုမှ တင်ပေးဖြစ်တာအတွက် များစွာ အားနာမိပါတယ်ရှင့်

Photos from FEP Free Education Program's post 10/10/2025

📍 FEP Program ပထမဦးဆုံး Seminar (Heart of Volunteer)

Save Date : 15.2.2025 Program စတင်ခဲ့တဲ့ရက်စွဲလေး🍀

📅 အတန်ကြာအောင် စောင့်မျှော်ခဲ့တဲ့ FEP (Free Education Program) ရဲ့ ပထမဦးဆုံးတွေ့ဆုံပွဲလေးကို MESI Business College မှာအောင်မြင်စွာကျင်းပခဲ့ပါတယ်။

🎤 ပွဲအစမှာ ဆရာ ဦးဇင်ဖြိုးပိုင် က အဖွင့်စကားပြောကြားပေးပြီး၊ ဆရာ ညီညီ (စိတ်ပညာ) မှလည်း “Heart of Volunteer” ခေါင်းစဉ်ဖြင့် တက်ရောက်လာသော volunteer များအား ဂုဏ်ပြုစကားများနှင့် လှုံ့ဆော်စကားများ ပြောကြားပေးခဲ့ပါသည်။

🌿 ပရဟိတ ကိုထွန်းမင်း၊ သစ်တော Moment အဖွဲ့သားများလည်း အားအင်ဖြည့်ကူညီတက်ရောက်ခဲ့ကြပြီး ပွဲ atmoshpere လေးကလည်း မျှော်လင့်ချက်နှင့် စိတ်ဓာတ်အပြည့်နဲ့ ပြည့်နှက်နေခဲ့ပါတယ်။

🤝 တက်ရောက်လာသော volunteer တစ်ဦးချင်းစီမှ မိတ်ဆက်ဖျော်ဖြေမှုများပြုလုပ်ပြီး၊ ဆရာညီညီ၏ စိတ်ပညာဆွေးနွေးပွဲနှင့် Activity များကို တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။

✨ ဒီနေ့အတွက် အားလုံးအတွက် သင်ယူဖို့၊ တန်ဖိုးရှိတဲ့ အမှတ်တရတစ်ခုပဲဖြစ်ပါတယ်။

Photos from FEP Free Education Program's post 30/09/2025

📚✨ Free Education Program ✨📚

ကျွန်တော်တို့/ကျွန်မတို့ အဖွဲ့က 👩‍🏫👨‍🏫
ကလေးတွေကို အခမဲ့ သင်ကြားပေးနေတဲ့ ပရောဂျက်လေးဖြစ်ပါတယ်ရှင့်📝📝📝
ပညာရေးကို အခက်အခဲမရှိ လေ့လာနိုင်စေဖို့နဲ့
နောက်အနာဂတ်မှာ ကိုယ်ပိုင်အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ရာအတွက်
လိုအပ်တဲ့ အကြောင်းအရာ‌ေလးတွေကို အဓိကထားပီး အစိုးရသင်ရိုးညွှန်းတိုင်းအတိုင်း စနစ်တကျ သင်ကြားပေးနေတဲ့ အဖွဲ့အစည်းလေးဖြစ်ပါတယ်ရှင့်🧑‍🏫🧑‍🏫🧑‍🏫🧑‍🏫🧑‍🏫

📖 ကလေးတိုင်းက အနာဂတ်အလင်းရောင်လေးတွေ 💡ဖြစ်တဲ့အတွက်
ပညာရပ်အသစ်အသစ်တွေကို တက်တက်ကြွကြွ
လေ့လာနိုင်ဖို့ အစဉ်အလေးထား သင်ကြားပေးနေပါတယ်ရှင့်🧑‍🏫🧑‍🏫🧑‍🏫🧑‍🏫

အချိန်ပေးကူညီပေးကြတဲ့ ဆရာ /မများ၊
အဘက်ဘက်မှထောက်ပံ့ပေးကြတဲ့ မေတ္တာရှိသူတိုင်းကိုအစဉ်အမြဲ
လေးစားအပ်ပါတယ်ရှင့် 🙏💖

Photos from FEP Free Education Program's post 28/09/2025

ယနေ့ 28.9.2025တွင် မိဘများနှင့် အတူ စာသင်ဝိုင်းဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး၊ မိဘများဘက်မှ တန်ဖိုးရှိသော feedback များကို ရရှိခဲ့ပါတယ်ရှင်🎉🎉🎉

စာသင်ဝိုင်း‌ေလးကြောင့် ကလေးများ၏ ပညာရေးတိုးတက်လာသည်ကို မိဘများထံမှ ပြန်လည်ကြားသိရသဖြင့် အဖွဲ့အနေနဲ့ အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်ရှင်🙆🙆🙆

အခက်အခဲများကြားထဲက စာသင်ဝိုင်း‌ေလးဆက်လက်ဆောင်ရွက်နိုင်ရန် မိဘများမှ ပံ့ပိုးကူညီပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင်🙇🙇🙇

အသစ်ထပ်မံ လာရောက်ပူးပေါင်းသင်ကြားပေးသည့် volunteer ဆရာ၊ ဆရာမများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်🙇🙇🙇

📌 မိဘများနှင့် ဆရာ/ဆရာမများ၏ အားပေးမှုကြောင့် ကလေးများ၏ ပညာရေးအတွက် စာသင်ဝိုင်းအစီအစဉ်ကို ဆက်လက် အောင်မြင်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်ရှင့် 🌱📚

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


ထူပါရုံလမ္းမျကီး
Yangon