Online Educational Service မှ ကြိုဆိုပါတယ်
ကျွန်တော်တို့ ၏ Online Educational Service မှ ကျောင်းသူကျောင်းသားများ၊ လုပ်ငန်းခွင်ဝင်နေပြီးသူများ၊လုပ်ငန်းခွင်
ဝင်ရန် ပြင်ဆင်နေသူများ၊ မိမိ၏သားသမီးများအတွက် သင့်တော်မည့်ကျောင်းကို ရွေးချယ်ရန်ရှာဖွေနေသူများ အတွက်
သင်တန်းကျောင်းများ၏ ဖွင့်လှစ်ချိန်များ၊ သင်တန်းအချိန်ဇယားများ၊ သင်တန်းနေရာများနှင့် သင်တန်းအချက်အလက်
များကို အချိန်နှင့်တပြေးညီသိရှိစေရန် Websi
te, Monthly Journal, Facebook, Mobile Application နှင့် Call Center
Service စသည့် Media အခန်းကဏ္ဍပေါင်းစုံဖြင့် ၀န်ဆောင်မှုပေးလျှက်ရှိပါသည်။
Website ကဏ္ဍတွင် အချိန်နှင့်တပြေးညီ ဖွင့်လှစ်တော့မည့် သင်တန်းများ၊ ကျောင်းများ၊ ကျူရှင်များ၏ သတင်းအချက်
အလက်များကို စဉ်ဆက်မပြတ် ရှာဖွေကြည့်ရှနိုင်ရန် စီစဉ်ထားပါသည်။ ထို့ အပြင် သင်တန်းပေါင်းစုံ၏ ဆက်သွယ်ရန်
လိပ်စာများ၊ ပညာရေးပွဲများ၊ ပညာရေးဆောင်းပါးများနှင့် အင်တာဗျူးကဏ္ဍများကိုလည်း ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
Journal ကဏ္ဍတွင် ဖွင့်လှစ်မည့်သင်တန်းကျောင်းများ၏ Information အပြည့်အစုံများကို သိရှိစေရန်သာမက ဘ၀တိုး
တက်ရေး လမ်းညွှန်ဆောင်းပါးများ၊ အနုပညာသမားနှင့် အခြားအောင်မြင်ကျော်ကြားသူတို့ ၏ Interview များ၊
Educational Talk များကို စုံလင်စွာဖတ်ရှု့ ရမည့်အပြင် ကျောင်းတစ်ကျောင်းချင်းစီ၏ Scholarship Program များနှင့်
ရရှိနိုင်မည့် အကျိုးကျေးဇူးများကိုလည်း သိရှိနားလည်နိုင်မည်ဖြစ်ပါသည်။
Mobile Application နှင့် Facebook ကဏ္ဍတွင်လည်း Journal နှင့် Website များ၏ကဏ္ဍနှင့်အလားတူ အချိန်နှင့်တစ်
ပြေးညီဖော်ပြပေးနေပါသည်။
Call Center Service တွင် Online Educational Service ၏ ကဏ္ဍအသီးသီးတွင် ပါဝင်သော သတင်းအချက်အလက်
များကို ရုံးချိန်အတွင်း ကူညီဆောင်ရွက်ဖြေကြားပေးနေပါသည်။