24/12/2025
ဪ…..
၂၅ရက် ခရစ်စမတ်တောင်
နောက်တစ်ကြိမ်
ရောက်လာခဲ့ပြီနော်…..
အနေဝေးပေမဲ့
နှလုံးသားချင်းနီးနေဆဲ ဖြစ်တဲ့
ဂုဏ်ကျေးဇူးရဲ့ မိခင် ဖခင် ပမာ
ကျေးဇူးရှင် ဆရာကြီး ဆရာမကြီးများ၊ လုပ်ဖော်ကိုင်ဖက်များ၊
ဆရာလေး ဆရာမလေးများ အားလုံးကို
စာအံသံ၊
တိုက်တွန်းအားပေးသံ၊
ချော့တစ်ခါ ခြောက်တစ်လှည့်
ဆူပူကြိမ်းမောင်းသံ တညံညံနဲ့
မေတ္တာ၊ စေတနာတွေ စည်ပင်ဝဖြိုးနေခဲ့တဲ့
"ဂုဏ်ကျေးဇူး" ဆိုတဲ့ စာသင်ခန်းငယ်လေးထဲကနေ ချစ်ဆဲ
သတိရဆဲ
ကျေးဇူးတင်ဆဲ
လွမ်းဆဲပါပဲ…..
ချစ်လှစွာသော
ရပ်ဝေးရပ်နီးမှ
တပည့်သား၊ သမီးများအားလုံး
သက်ရှည်ကျန်းမာ
ဘေးဘယာဝေးကွာလို့
လိုအင်ဆန္ဒဟူသမျှ ပြည့်ဝပါစေ…..
လျှောက်သောလမ်းမှာ
အခက်အခဲ၊
အဖုအထစ် စိုးစဉ်းမျှတောင်မရှိဘဲ
ဘဝနဲ့ဆန္ဒ
တစ်ထပ်တည်းကျပြီး
ပျော်ရွှင်ချမ်းမြေ့စွာ
လျှောက်လှမ်းနိုင်ပါစေ…..လ်ို့
မေတ္တာအပြည့်နဲ့ ဆုမွန်ခြွေရင်း
အလွမ်းများစွာနဲ့………
ချစ်သောဆရာမကြီး
ဒေါ်ကြည်စန်းDKS (G.K.Z)
15/11/2025
From 2019-2020
To 2024- 2025
ပညာရည်ချွန် ဆုချီးမြင့် ပွဲ
14/11/2025
ဂုဏ်ကျေးဇူးရဲ့
ကျေးဇူးတင်လွှာ
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
ယနေ့ ၁၄. ၁၁. ၂၀၂၅ ရက်မြတ်
အမျိုးသားနေ့ဟာ
ဂုဏ်ကျေးဇူး စာသင်ဝိုင်းရဲ့
ဆုပေးပွဲ ကျင်းပတဲ့
အခါသမယကောင်းဖြစ်ခဲ့ပါပြီ…..
၂၀၁၉-၂၀၂၀ ပညာသင်နှစ်
၂၀၂၁- ၂၀၂၂ ပညာသင်နှစ်
၂၀၂၂- ၂၀၂၃ ပညာသင်နှစ်
၂၀၂၃- ၂၀၂၄ ပညာသင်နှစ်
၂၀၂၄- ၂၀၂၅ ပညာသင်နှစ်များမှ
ဂုဏ်ထူးရကျောင်းသား ကျောင်းသူများကို
ဆုတံဆိပ်များ၊
ဂုဏ်ပြုလွှာများ၊
ဂုဏ်ပြုငွေများကို
ချီးမြှင့်ဂုဏ်ပြုနိုင်ခဲ့ပြီဖြစ်လို့
အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ဂုဏ်ထူးရှင် ကျောင်းသားကျောင်းသူများအတွက် မေတ္တာ၊ စေတနာ ရှေ့ထားလို့
ဂုဏ်ပြုအမှာစကား ပြောကြားပေးတဲ့
ပါရမီ မူလွန်ကျောင်း
ကျောင်းအုပ်ကြီး သဒ္ဓမဇောတိကဓဇ ဘွဲ့ရ ဆရာကြီး ဒေါ်ဂုဏစာရီ ကို
ဦးစွာပထမ
ကျေးဇူးတင်ရှိပါတယ်။
ဆုပေးပွဲကို
တက်ရောက်ဂုဏ်ပြု ချီးမြှင့်ပေးပါတဲ့
ဂုဏ်ကျေးဇူးရဲ့ ပဲ့ကိုင်ရှင်
ဆရာကြီး၊ ဆရာမကြီးများ…..
အခမ်းအနားတက်ရောက်ပေးတဲ့
ဂုဏ်ထူးရှင် ကျောင်းသား၊
ကျောင်းသူဟောင်းများ…..
အခမ်းအနား စည်ကားအောင်
ပါဝင်အားဖြည့်ပေးကြတဲ့
ကျောင်းသား၊ ကျောင်းသူများ……
ရပ်ဝေးကနေ မမေ့မလျော့ဘဲ ဆုပေးပွဲ ဖြစ်မြောက်အောင် အလှူငွေထည့်ဝင်ပေးကြတဲ့ ဂျပန်နိုင်ငံရောက် ကျောင်းသား၊ ကျောင်းသူဟောင်းများဖြစ်တဲ့
သန်းထက်အောင်
ဟန်လင်းအောင်
သင်ဇာဝင်း
အောင်ဟိန်းစိုး+ခြူးပပမျိုးနိုင်
ရန်နိုင်ထွန်း+ကေဇင်အောင် တို့နဲ့
ကမ္ဘောဒီးယားနိုင်ငံရောက်
ဆရာမဒေါ်လပြည့်ဝန်း ………
အစစ အရာရာ လိုလေသေးမရှိအောင်
အဘက်ဘက်က ပါဝင်ဆောင်ရွက်ပေးကြတဲ့
တစ်ဦးတစ်ယောက်ချင်းစီကို
ကျေးဇူးအထူးပင် တင်ရှိပါကြောင်း
မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတယ်။
(ဆရာမကြီး ဒေါ်ကြည်စန်း)
13/11/2025
Tomorrow's Celebration is ready!
09/11/2025
ဒီလ
လာမဲ့
အမျိုးသားနေ့ (14.11.2025)သောကြာနေ့တွင်
2019-2020 ပညာသင်နှစ်မှ
2024-2025 ပညာသင်နှစ်အထိ
တက္ကသိုလ်ဝင်စာမေးပွဲတွင်
ဂုဏ်ထူးရရှိအောင် ကြိုးစားပေးခဲ့ကြပါသော
ချစ်တပည့်အပေါင်းတို့အား
ဆုပေးပွဲ ကျင်းပပေးမည် ဖြစ်ပါသည်။
ဂုဏ်ကျေးဇူး သင်တန်းမှ
ထူးချွန်အောင်မြင် ဂုဏ်ထူးရရှိခဲ့ကြသော
ကျောင်းသား/ကျောင်းသူများအား
ဆုပေးပွဲတက်ရောက်ရန်
ဖိတ်ကြားလွှာများ ပေးပို့ပေးပြီး ဖြစ်ပါသည်။
19/05/2025
ချစ်လှစွာသောသားကြီး ဆရာမြတ်
ယနေ့ မေလ (၁၉)ရက် မွေးနေ့မှသည် ဘုရား၊ တရား၊ သံဃာ၊ မိဘ ဆရာသမားများရဲ့ ကျေးဇူးကို အထူးသိတတ် ပေးဆပ်တတ်သော သားကြီး ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ။🤍 ရောဂါမျိုး (၉၆)ပါးကင်းဝေးပါစေ။ ချစ်ဇနီး၊ ချစ်သမီးများနှင့် အတူပျော်ရွှင်ချမ်းမြေ့စွာ အောင်မြင်သောဘဝခရီးကို ထာဝရလျောက်လှမ်းနိုင်ပါစေ...🤍🎉🎉
ချစ်သောမေကြီး
DKS
25/12/2024
ဒီဇင်ဘာလ
ဒီအချိန်ခါရောက်တိုင်း
လွမ်းဆွတ်တမ်းတ
သတိရစိတ်က ရင်ဝယ်ဆို့နင့်.....
25/12/2024
သတိရခြင်း ရာထောင်ချီ
လွမ်းဆွတ်ခြင်းတွေကြာခဲ့ပြီ
တမ်းတခြင်းနဲ့ရင်ဝယ်ဆို့
ဒီနေ့ရောက်လာပြန်ပြီမို့
ဒီဇင်ဘာ ၂၅ အမှတ်တရ
မမေ့သော ချစ်ခြင်းနဲ့ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများ
တပည့် သား၊ သမီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အရာရာခပ်သိမ်း ပြည့်စုံကြွယ်ဝကြပါစေ
ဆုမွန်ချွေရင်း
ဒေါ်ကြည်စမ်း
25.12.2024
24/12/2024
MERRY
Christmas!
25.12.2024(Wednesday)
19/05/2024
ချစ်စွာသော သားကြီး မြတ်ကျော်…
ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာကျေးဇူး သိတတ်၍ အလှူရေစက်လက်နဲ့မကွာ လှူဒါန်းပေးကမ်းနေသော သားကြီးဆရာမြတ်၏ ယနေ့မွေးနေ့မှသည် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဘုန်းကြီးပါစေ။ အသက်ရှည်ပါစေ။ အနာမျိုး (၉၆)ပါး ကင်းဝေးပါစေ။ ချစ်ဇနီး၊ ချစ်သမီးနှင့် ဘဝတစ်သက်လုံး ငြိမ်းချမ်းသာယာပြည့်စုံစွာနဲ့ သီလပါရမီ၊ ဒါနပါရမီ၊ ပညာပါရမီကို အစဉ်မပြတ် ဖြည့်ဆည်းပေးနိုင်သော သူတော်ကောင်း ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်ပါစေ……
မေကြီး-D.K.S
01/05/2024
ချစ်လှစွာသော သားကြီး အာကာ...
မေလ(၁)ရက် မွေးနေ့မှသည် ချစ်ဇနီး၊ ချစ်သမီးများနှင့် ဘဝတစ်လျှောက်လုံး အေးချမ်းသာယာပြီး ပြည့်စုံငြိမ်းချမ်းကြပါစေ။ မိဘဆရာကျေးဇူး သိတတ်သော သားကြီးတို့မိသားစု ဘေးရန်အပေါင်း ကင်းစေကြောင်း နှင့် သက်ရှည်ကျန်းမာ ပြည့်စုံစွာနှင့် ပညာတန်ခိုး ဆပွားတိုးပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ပါစေ....
ချစ်သော မေကြီး
(DKS)