IGCSE by CTCi

Call Directions Website Contact the school

IGCSE by CTCi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from IGCSE by CTCi, School, Sinmalite Business Tower 1st Floor, Kamayut, Yangon.

🎓 IGCSE ဖြေဆိုမည့် ကျောင်းသားကို ဘယ်လို အကောင်းဆုံး ပံ့ပိုးကူညီမလဲ?💡 IGCSE ဆိုတာ International Education Pathway ကို တက်...
24/09/2026

🎓 IGCSE ဖြေဆိုမည့် ကျောင်းသားကို ဘယ်လို အကောင်းဆုံး ပံ့ပိုးကူညီမလဲ?

💡 IGCSE ဆိုတာ International Education Pathway ကို တက်ရောက်နေတဲ့ ကျောင်းသားတွေအတွက် အနာဂတ်ပညာရေးမှာ အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်သလို၊ စာမေးပွဲနီးလာချိန်မှာ စိတ်ဖိစီးမှုနဲ့ စိန်ခေါ်မှုတွေ အများကြီးရှိလာတတ်တာကြောင့် မိဘ၊အုပ်ထိန်းသူ တွေရဲ့ ပံ့ပိုးမှုဟာ အရမ်းအရေးကြီးပါတယ်။

🌟 ၁။ စိတ်ဓာတ်ရေးရာ ပံ့ပိုးပေးပါ..
ဖိအားမပေးဘဲ ကလေးရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးပါ။ ကလေးရဲ့ စိတ်ခံစားချက်တွေကို သေချာနားထောင်ပေးပြီး ခွန်အားပေးပါ။

🏠 ၂။ စာကျက်ရန် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးပါ..
အာရုံစူးစိုက်နိုင်အောင် တိတ်ဆိတ်ငြိမ်သက်တဲ့ စာလေ့လာဖို့ နေရာပြင်ပေးပြီး အိမ်တွင်း ဆူညံသံတွေကို လျှော့ချပေးပါ။

🥗💤 ၃။ ကျန်းမာရေးနှင့် အိပ်ချိန် ဂရုစိုက်ပေးပါ..
ညဉ့်နက်သည်အထိ စာမကျက်ဘဲ ၇-၈ နာရီ ပုံမှန်အိပ်စက်စေပါ။ အာဟာရရှိတဲ့ အစားအသောက်နဲ့ ရေဓာတ် ပြည့်ဝအောင် ပြင်ဆင်ပေးပါ။

📝 ၄။ Past Papers နှင့် စာမေးပွဲပုံစံ လေ့ကျင့်ပေးပါ..
Past Papers နဲ့ Mark Scheme များကို သေချာလေ့ကျင့်ခိုင်းပြီး စာမေးပွဲပုံစံနဲ့ ယဉ်ပါးအောင် ကူညီပေးပါ။

⚖️ ၅။ မျှတသော အနားယူချိန် ပေးပါ..
စိတ်ပင်ပန်းမှုမဖြစ်စေဖို့ စာကျက်ချိန်ကြားထဲ ၁၀-၁၅ မိနစ် အနားယူချိန် သို့မဟုတ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခိုင်းပါ။

☑ မိဘ၊အုပ်ထိန်းသူတွေရဲ့ မေတ္တာ နဲ့ နားလည်ပေးမှုနဲ့ ပံ့ပိုးမှုတွေဟာ ကျောင်းသားလူငယ် တစ်ယောက် ကို စာမေးပွဲခန်းထဲကို ယုံကြည်မှုအပြည့်နဲ့ ဝင်ရောက်နိုင်ဖို့ အကြီးမားဆုံး ခွန်အားဖြစ်စေပါတယ်။

🏆 ဒါကြောင့် မိဘ၊အုပ်ထိန်းသူများရဲ့ မေတ္တာ အပြည့်ဖြင့် ပံ့ပိုးမှုများနဲ့အတူ အခု October and November series (2026) မှာ ဖြေဆိုကြမယ့် ကျောင်းသား၊ကျောင်းသူများအားလုံး စာမေးပွဲကို အမှတ်ကောင်းများနဲ့ ထူးချွန်စွာ အောင်မြင်ကြပါစေလို့ CTCi မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။



အိမ်မှာတင် ထိရောက်စွာ လေ့လာနိုင်မည့် Pre-IGCSE & IGCSE O-Level Online တန်းခွဲသစ်များ (၂၀၂၆ ခုနှစ်အတွက် နောက်ဆုံး Intake)...
22/09/2026

အိမ်မှာတင် ထိရောက်စွာ လေ့လာနိုင်မည့် Pre-IGCSE & IGCSE O-Level Online တန်းခွဲသစ်များ (၂၀၂၆ ခုနှစ်အတွက် နောက်ဆုံး Intake) ❗️

IGCSE ကို အိမ်မှာတင် စနစ်တကျနဲ့ ထိရောက်စွာ လေ့လာပြင်ဆင်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် အခု စက်တင်ဘာလမှာ Pre-IGCSE Online Class နဲ့ IGCSE O-Level Online Class များကို ၂၀၂၆ ခုနှစ်ရဲ့ နောက်ဆုံးတန်းခွဲအဖြစ် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

IGCSE လမ်းကြောင်းကို ရွေးချယ်ထားတဲ့ ကျောင်းသားကျောင်းသူများအနေနဲ့ မိမိနဲ့ ကိုက်ညီမယ့် အတန်းကို ရွေးချယ်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

🎓 Pre-IGCSE Online Class
IGCSE မစခင် အခြေခံ ပိုင်ပိုင်နိုင်နိုင် ရှိထားချင်သူတွေအတွက် သီးသန့်ရည်ရွယ်ထားတာဖြစ်ပြီး အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သိပ္ပံ ဘာသာရပ်တွေကို လွယ်ကူရှင်းလင်းစွာ အခြေခံပျိုးထောင်ပေးသွားမှာပါ။

👉 Pre-IGCSE (Online) အတန်းအတွက် အသေးစိတ်လေ့လာရန်
https://www.facebook.com/share/p/183j2idiof/?mibextid=wwXIfr

🎓 IGCSE O-Level Online Class
IGCSE မှာ A* ရလဒ်ကောင်းတွေ ဆွတ်ခူးနိုင်ဖို့ Exam Techniques တွေ၊ Past Papers လေ့ကျင့်မှုတွေကို အတွေ့အကြုံရှိ ဆရာ၊ ဆရာမများနဲ့ တိုက်ရိုက်ထိတွေ့ သင်ယူရမှာ ဖြစ်ပါတယ်။

👉 IGCSE O-Level (Online) အတန်းအတွက် အသေးစိတ်လေ့လာရန်
https://www.facebook.com/share/p/1JPdtF88V4/?mibextid=wwXIfr

📌 ဘာကြောင့် ဒီတန်းခွဲကို လက်မလွှတ်သင့်တာလဲ?
🗓️ ၂၀၂၆ ရဲ့ နောက်ဆုံး Intake ဖြစ်တဲ့ ဒီတန်းခွဲ လွတ်သွားပါက နောက်နှစ်အထိ စောင့်ဆိုင်းရမှာ ဖြစ်တာကြောင့် အချိန်မဆိုင်းဘဲ အမြန်ဆုံး တက်ရောက်သင့်ပါတယ်။

🚨 Limited Seats
၂၀၂၆ နောက်ဆုံး intake ရဲ့ တန်းခွဲတစ်ခုချင်းစီအတွက် ကျောင်းသား (၃)ဦးစီသာ လက်ခံတော့မှာဖြစ်ပါတယ်။ ကျောင်းသားတစ်ဦးချင်းစီအပေါ် သင်ကြားရေးအရည်အသွေးကို အပြည့်အဝ ထိန်းသိမ်းပေးနိုင်ရန်အတွက် ကျောင်းသားဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံသွားမှာပါ။

📞 သတ်မှတ်လူဦးရေမပြည့်ခင် အမြန်ဆုံး စာရင်းပေးသွင်းနိုင်ရန် Page Messenger မှဖြစ်စေ၊ 09 954 005 959 မှဖြစ်စေ အချိန်မရွေး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ။






🎯 "IGCSE ပြီးရင် ဘာဆက်လုပ်မလဲ?"📌ဒါဟာ မိဘနဲ့ ကျောင်းသားများ အမေးများတဲ့ မေးခွန်းတစ်ခုပါ။ IGCSE ဖြေဆိုပြီးနောက် မိမိရဲ့ စိ...
19/09/2026

🎯 "IGCSE ပြီးရင် ဘာဆက်လုပ်မလဲ?"

📌ဒါဟာ မိဘနဲ့ ကျောင်းသားများ အမေးများတဲ့ မေးခွန်းတစ်ခုပါ။ IGCSE ဖြေဆိုပြီးနောက် မိမိရဲ့ စိတ်ပါဝင်စားမှု၊ ရမှတ်နှင့် ရည်မှန်းချက်များပေါ် မူတည်ပြီး ရွေးချယ်နိုင်မယ့် လမ်းကြောင်းများကို CTCi မှ မျှဝေပေးလိုက်ပါတယ်။

1️⃣ A Level (တက္ကသိုလ်တိုက်ရိုက်ဝင်ခွင့် လမ်းကြောင်း)
❗️IGCSE O Level အပြီး မိမိစိတ်ဝင်စားသည့် ဘာသာရပ် (၃) ခုမှ (၄) ခုအထိ အထူးပြု သင်ယူရပြီး ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးတွေကို တိုက်ရိုက်ဝင်ရောက်ဖို့ အသေချာဆုံးနဲ့ အခိုင်မာဆုံး လမ်းကြောင်းဖြစ်ပါတယ်။
✅ အားသာချက်အနေနဲ့ UK, Singapore, Australia ရှိ ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာနှင့် အခြား ထိပ်တန်းတက္ကသိုလ်ကြီးများက A-Level ရမှတ်ကို အဓိကထား အသိအမှတ်ပြုကြပါတယ်။

2️⃣ Foundation Programme (တက္ကသိုလ်အကြိုသင်တန်း လမ်းကြောင်း)
🏫A-Level မတက်ဘဲ တက္ကသိုလ်လမ်းကြောင်းသို့ မြန်မြန် ကူးပြောင်းချင်သူများအတွက် သင့်တော်ပါတယ်။
✅ အားသာချက်အနေနဲ့ A-Level ထက် အချိန်ကုန်သက်သာပြီး တက္ကသိုလ်ဝင်ခွင့်ရရှိရန် ပိုမို လွယ်ကူပါတယ်။ UK, Australia, Thailand, Malaysia, Singapore စသည့် နိုင်ငံများရှိ တက္ကသိုလ်အများအပြားအတွက် Foundation Programme များစွာ ရှိပါတယ်။

3️⃣ Local Pathways (ဒီပလိုမာနှင့် ပြည်တွင်း၌ပင် ဘွဲ့ရရှိနိုင်သည့် လမ်းကြောင်း)
📊Business, IT, Engineering စသည့် ဘာသာရပ်များကို HND သို့မဟုတ် Advanced Diploma များမှတစ်ဆင့် ပြည်တွင်းမှာပင် ဘွဲ့ရရှိသည်အထိတက်ရောက်နိုင်ပါတယ်။
✅ အားသာချက် - ပြည်တွင်းမှာပဲ အိုးမကွာ၊ အိမ်မကွာ ကုန်ကျစရိတ် သက်သာစွာဖြင့် နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့ကို ရရှိနိုင်မည့်အပြင် ဒီပလိုမာပြီးပါက လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ခြင်း သို့မဟုတ် တက္ကသိုလ်များသို့ ချိတ်ဆက်၍ ဘွဲ့ရယူနိုင်ပါတယ်။

🌟ကျောင်းသားကျောင်းသူတို့အနေနဲ့ မိမိနှင့် ကိုက်ညီသည့် လမ်းကြောင်းမှန်ကို ရွေးချယ်တတ်ခြင်းက အနာဂတ် အောင်မြင်မှုအတွက် အဓိက သော့ချက်ဖြစ်ပါတယ်။

👉ဒါကြောင့် မှန်ကန်တဲ့ ပညာရေးလမ်းကြောင်းများအကြောင်း အသေးစိတ် ဆွေးနွေးလိုပါက စက်တင်ဘာလ (၂၁) ရက်မှ (၂၃) ရက်နေ့အထိ ပြုလုပ်မည့် အထူးဆွေးနွေးပွဲသို့ လူကိုယ်တိုင် လာရောက်ဆွေးနွေးနိုင်ပါတယ်။

ဆွေးနွေးပွဲ အသေးစိတ် လေ့လာရန်:
https://www.facebook.com/share/p/1EZPjNYCfa/?mibextid=wwXIfr

📞 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက
09-954005959 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။






"IGCSE အကြောင်း သိထားသင့်တဲ့ အဓိက အချက် (၃) ချက်"💡 IGCSE သင်ရိုးကို လေ့လာနေသူတွေနဲ့ တက်ရောက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသား...
17/09/2026

"IGCSE အကြောင်း သိထားသင့်တဲ့ အဓိက အချက် (၃) ချက်"

💡 IGCSE သင်ရိုးကို လေ့လာနေသူတွေနဲ့ တက်ရောက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသား၊ ကျောင်းသူများနဲ့ မိဘများအတွက် သိထားသင့်တဲ့ Exam Board၊ Exam Series နဲ့ Grading System များအကြောင်းကို CTCi မှ မျှဝေဖော်ပြပေးလိုက်ပါတယ်။

🏫 ၁။ Exam Board
IGCSE မှာ Cambridge (CIE) နဲ့ Pearson Edexcel ဟူ၍ Exam Board (၂) ခုရှိပြီး နှစ်ခုလုံးရဲ့ လက်မှတ်ဟာ ကမ္ဘာတစ်ဝန်းမှာ အတူတူ အသိအမှတ်ပြုခံရပါတယ်။
🔷 Cambridge (CIE) - Global မှာ အသုံးပြုမှု အများဆုံး စနစ်ဖြစ်ပြီး သီအိုရီနဲ့ အယူအဆ (Concept & Theory) ပိုင်းကို ပိုမို အဓိကထားပါတယ်။
🔴 Pearson Edexcel -UK စနစ်နဲ့ ပိုမို ချိတ်ဆက်ထားပြီး 9-1 Grading System ကို ရာခိုင်နှုန်းပြည့် အသုံးပြုပါတယ်။ လက်တွေ့ အသုံးချမှု (Practical Application & Scenarios) မေးခွန်းတွေကို ပိုမို အလေးပေးပါတယ်။

🗓️ ၂။ Exam Series
IGCSE မှာ ကျောင်းသားတွေအတွက် အခွင့်အရေး ပိုရစေဖို့ တစ်နှစ်ကို Exam Series (၂) ကြိမ် ကျင်းပပေးပါတယ်။
☀️ May / June Series: စာမေးပွဲကို မေလမှ ဇွန်လအတွင်း ဖြေဆိုရပြီး ရလဒ်ကို ဩဂုတ်လလယ်မှာ ထုတ်ပြန်ပါတယ်။ ကျောင်းသားအများစု ဖြေဆိုကြတဲ့ Main Exam Series လည်း ဖြစ်ပါတယ်။
📝 October / November Series: စာမေးပွဲကို အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း ဖြေဆိုရပြီး ရလဒ်ကို ဇန်နဝါရီလလယ်မှာ ထုတ်ပြန်ပါတယ်။ Retake ပြန်ဖြေချင်သူတွေနဲ့ Intake မတူတဲ့ ကျောင်းသားတွေအတွက် အဆင်ပြေဆုံး Series ဖြစ်ပါတယ်။ (Pearson Edexcel မှာတော့ အချို့ ဘာသာရပ်များအတွက် January Series လည်း သီးသန့်ရှိပါတယ်။)

📊 ၃။ Grading System
IGCSE မှာ Grading System (၂) မျိုး ရှိပါတယ်။
🅰️ Cambridge (CIE)
A* မှ G အထိ (၈) ဆင့် ခွဲထားပါတယ်။ A* က အမြင့်ဆုံးဖြစ်ပြီး Grade C ကို Standard Pass (အခြေခံအောင်မှတ်) အဖြစ် သတ်မှတ်ပါတယ်။ U (Ungraded) ကျရောက်လျှင်တော့ Fail သတ်မှတ်ခြင်း ခံရပါတယ်။
🔢 Pearson Edexcel
9 to 1 Grading Scale ကို အသုံးပြုပါတယ်။ (CIE ရဲ့ အချို့ ဘာသာရပ်တွေမှာလည်း ဒီ စနစ်ကို သုံးပါတယ်)
9 မှ 1 အထိ အမှတ်ပေးပြီး Grade 9 က A* ထက်ပိုတဲ့ Exceptional Performance (ထူးချွန်မှတ်) ဖြစ်ပါတယ်။ Grade 7 = A ဖြစ်ပြီး Grade 4 = C (Standard Pass) နဲ့ ညီမျှပါတယ်။

🔔 ဒီလို IGCSE နဲ့ ပတ်သက်ပြီး ဗဟုသုတရစရာတွေကို အမြဲ မျှဝေပေးသွားမှာဖြစ်လို့ IGCSE နဲ့ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးတိုင်ပင်ချင်တာပဲဖြစ်ဖြစ်၊ သင်တန်းအကြောင်း စုံစမ်းချင်တာပဲဖြစ်ဖြစ် Page Messenger သို့မဟုတ် 09954005959 သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။





15/09/2026

💙ကျောင်းတစ်ခု၊ စာသင်ခန်းတစ်ခုထက် ပိုတဲ့ CTCi 💙

🚀 CTCi က IGCSE နဲ့ ပတ်သက်တဲ့တန်းခွဲတွေကို သင်ကြားပေးနေတဲ့ ကျောင်းတစ်ခုသက်သက်မဟုတ်ပါဘူး။ စာသင်ခန်းတစ်ခုကနေ ရတဲ့အတွေ့အကြုံတွေထက် ပိုတဲ့ ဘယ်လို skill မျိုးတွေ CTCi မှာ ဖြည့်ဆည်းပေးနေလဲဆိုတာကို အတူတူကြည့်လိုက်ကြရအောင်။

📞 IGCSE တန်းခွဲတွေနဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းသိရှိလိုတာတွေအတွက် 09-954005959 သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🏫 လူကိုယ်တိုင်စုံစမ်းချင်တယ်ဆိုရင် Simalite Business Tower, 1st Floor, Kamayut Township ကို လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။





🎯IGCSE မှာ ဘာသာရပ် မှားရွေးမိလို့ အချိန်နဲ့ ငွေကြေး မနစ်နာရအောင် ကြိုတင်လေ့လာနိုင်ဖို့…💬 ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာ...
15/09/2026

🎯IGCSE မှာ ဘာသာရပ် မှားရွေးမိလို့ အချိန်နဲ့ ငွေကြေး မနစ်နာရအောင် ကြိုတင်လေ့လာနိုင်ဖို့…

💬 ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ်ပညာရေးမှာ အရေးကြီးဆုံးအချက်ထဲက တစ်ခုကတော့ "ဘာသာရပ်ရွေးချယ်မှု" ပဲဖြစ်ပါတယ်။ ဘာသာရပ် အရွေးမှားပြီး ကိုယ်တက်ရောက်ချင်တဲ့ မေဂျာနဲ့ မကိုက်ညီတဲ့အခါ ကျောင်းသားလည်း ပင်ပန်းအချိန်ကုန်၊ မိဘလည်း ငွေကုန် ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိဘနဲ့ ကျောင်းသားတွေအတွက် အချိန်ပေးဖတ်ရကျိုးနပ်မယ့် ဘာသာရပ်ရွေးချယ်မှု အကြံပြုချက်လေးတွေကို CTCi မှ ဝေမျှပေးလိုက်ပါတယ်။

📊 1. Business Pathway
စီးပွားရေး၊ စီမံခန့်ခွဲမှုနဲ့ ဘဏ္ဍာရေးပိုင်း စိတ်ပါဝင်စားသူတွေအတွက်
🔹 ESL / EFL
🔹 E Maths
🔹 Business
🔹 Accounting
🔹 Physics (or) Chemistry
🔹 ICT

⚙️ 2. Engineering Pathway
အင်ဂျင်နီယာဘာသာရပ်တွေကို အထူးပြုလေ့လာချင်သူတွေအတွက်
🔹 ESL / EFL
🔹 E Maths
🔹 Physics
🔹 Chemistry
🔹 A Maths
🔹 ICT

💻 3. IT Pathway
Software, Programming နဲ့ Tech နယ်ပယ်ထဲ ဝင်ရောက်ချင်သူတွေအတွက်
🔹 ESL / EFL
🔹 E Maths
🔹 ICT
🔹 Computer Science
🔹 Physics (or) Chemistry
🔹 A Maths

🩺 4. Medical Pathway
ဆေးပညာနှင့် ကျန်းမာရေးဆိုင်ရာ ဘာသာရပ်များအတွက်
🔹 ESL / EFL
🔹 E Maths
🔹 Biology
🔹 A Maths
🔹 Physics (or) Chemistry
🔹 ICT

📌 IGCSE လမ်းကြောင်းကို ရွေးချယ်ထားသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတက်ရောက်ချင်သည့် တက္ကသိုလ်နှင့် မေဂျာအလိုက် လိုအပ်ချက်များ ကွဲပြားနိုင်တာကြောင့် ဘာသာရပ်များကို သေချာတိုင်ပင်ဆွေးနွေးပြီးမှ ရွေးချယ်ရန် အကြံပြုချင်ပါတယ်။

👩‍💻 အသေးစိတ် ကြိုတင်ဆွေးနွေးလိုပါက စက်တင်ဘာလ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ ပြုလုပ်ပေးသွားမည့် (၃) ရက်တာ အထူးဆွေးနွေးပွဲသို့လည်း လူကိုယ်တိုင် လာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

ဆွေးနွေးပွဲအကြောင်းကို အောက်ပါ link မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.facebook.com/share/p/1EZPjNYCfa/?mibextid=wwXIfr

📞အသေးစိတ်သိရှိလိုပါကလည်း ဖုန်းနံပါတ် 09-954005959 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။





✨ 2026 အတွက် နောက်ဆုံးတန်းခွဲဖြစ်တဲ့ IGCSE (O-Level) September Intake!🎯 ကျောင်းသား၊ ကျောင်းသူတွေရဲ့ နိုင်ငံတကာ ပညာရေးအခွ...
12/09/2026

✨ 2026 အတွက် နောက်ဆုံးတန်းခွဲဖြစ်တဲ့ IGCSE (O-Level) September Intake!

🎯 ကျောင်းသား၊ ကျောင်းသူတွေရဲ့ နိုင်ငံတကာ ပညာရေးအခွင့်အလမ်းကို အခိုင်မာဆုံး အခြေခံအုတ်မြစ် တည်ဆောက်ဖို့ဆိုရင် IGCSE က အမှန်ကန်ဆုံး လမ်းကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။

CTCi က “No Extra Cost and No Extra Burden for Guardian” ဆိုတဲ့အတိုင်း မိဘများအတွက် အပိုကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုး မရှိစေရန် စနစ်တကျ ပြင်ဆင်ပေးနေပါပြီ။

💡 CTCi ရဲ့ ထူးခြားတဲ့ အားသာချက်များ
❌ ကျူရှင်ခ အပို လုံးဝ မကုန်ကျဘဲ Extra Classes၊ Guide Hours နဲ့ Past Papers (၅ နှစ်စာ) လေ့ကျင့်ပေးခြင်း။
🎯 Campus ပဲတက်တက်၊ Online ပဲတက်တက် စာမေးပွဲ မဖြေမီ မေးခွန်းဟောင်းတွေ နဲ့ ကြိုတင်စစ်ဆေးခြင်းများကို လုံလောက်သေချာစွာ လေ့ကျင့်သင်ကြားပေးခြင်း။
📑 Parent-Teacher Meeting များ ပုံမှန်ပြုလုပ်ပေးပြီး ကလေးရဲ့ တိုးတက်မှု အခြေအနေကို အမြဲ သိနေရခြင်း။
🎓 IGCSE ပြီးရင် ပြည်တွင်း/ပြည်ပ တက္ကသိုလ် လျှောက်တာတွေကို Service Fee အခမဲ့နဲ့ ကူညီပေးခြင်း။

🌟 ဘာကြောင့် IGCSE ကို ရွေးချယ်သင့်တာလဲ?
🌍 ယူကေ၊ စင်ကာပူ၊ ဩစတြေးလျ နိုင်ငံတွေရဲ့ ထိပ်တန်းတက္ကသိုလ်တွေကို တိုက်ရိုက် သို့မဟုတ် Foundation/A Level ကနေတစ်ဆင့် တက်ရောက်နိုင်ခြင်း
🧠 Critical Thinking မြှင့်တင်ပေးခြင်း: အလွတ်ကျက်စနစ် မဟုတ်ဘဲ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ စနစ်တကျ စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြင့်တင်ပေးခြင်း
🏆 Scholarship အခွင့်အလမ်း ပိုများခြင်း နှင့် နိုင်ငံတကာ တက္ကသိုလ်တွေမှာ ပညာသင်ဆု လျှောက်တဲ့အခါ ခိုင်မာသော ပညာရေး အထောက်အထားရရှိခြင်း စတဲ့ အချက်များကို ရရှိစေပါတယ်။

📌 တက်ရောက်နိုင်သူများ
အသက် (၁၄) နှစ်အထက် Grade 8 အောင်ထားသူများ သို့မဟုတ် Secondary 1/2 တက်ရောက်နေသူများ၊
(ကျောင်းဝင်ခွင့်အတွက် Placement Test လေး အရင်ဆုံး ဖြေဆိုပေးရပါမယ်နော်)

📣September Intake- Online, On Campus အတန်းများ အတွက် “ Placement test fees free week ” လေးကိုလည်း September 14 ရက်နေ့မှ 18 ရက်နေ့ အထိ ပြုလုပ်ပေးမှာဖြစ်တာကြောင့် အောက်ပါ link မှာ ဝင်ရောက် စာရင်းပေးသွင်းနိုင်ပါတယ်။

https://www.facebook.com/share/p/18WcTba1J2/?mibextid=wwXIfr

📞 ကျောင်းဝင်ခွင့်နှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါကလည်း Page Messenger မှတစ်ဆင့်ဖြစ်စေ၊ ဖုန်းနံပါတ် 09-954005959 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။





🎉 CTCi’s Sports Day 2026 Memories🎉🏸 စာမေးပွဲဖိအားတွေ ပြေပျောက်ဖို့အတွက် Time City က Wow Sport မှာ ကျင်းပခဲ့တဲ့ ကျောင်းပြ...
11/09/2026

🎉 CTCi’s Sports Day 2026 Memories🎉

🏸 စာမေးပွဲဖိအားတွေ ပြေပျောက်ဖို့အတွက် Time City က Wow Sport မှာ ကျင်းပခဲ့တဲ့ ကျောင်းပြင်ပလှုပ်ရှားမှု (Sports Day) လေးမှာ ကျောင်းသား၊ ကျောင်းသူလေးတွေအတူတူ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေပါ။ 🏀

✨ Game Master တွေနဲ့အတူ Game တွေဆော့ရင်း၊ Badminton နဲ့ Basketball တွေကစားရင်း ရယ်မောပျော်ရွှင်ခဲ့ကြတဲ့ ကလေးတွေရဲ့ တောက်ပတဲ့ အပြုံးလေးတွေနဲ့ အားမာန်အပြည့်ရှိတဲ့ ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်နော်။

💙 ကျောင်းသား၊ ကျောင်းသူတွေအတွက် ကောင်းမွန်တဲ့ ပညာရေးအပြင် ဒီလိုပျော်စရာကောင်းတဲ့ အချိန်လေးတွေကို CTCi မှ ဆက်လက်ဖန်တီးပေးသွားပါဦးမယ်ခင်ဗျာ။




စာမေးပွဲရက်တွေ နီးကပ်လာတာနဲ့အမျှ Exam Stress ကြောင့် စိုးရိမ်စိတ်ဖိစီးနေပြီလား? 📑 အခု လာမယ့် IGCSE O Level Oct/Nov Exam ...
09/09/2026

စာမေးပွဲရက်တွေ နီးကပ်လာတာနဲ့အမျှ Exam Stress ကြောင့် စိုးရိမ်စိတ်ဖိစီးနေပြီလား?

📑 အခု လာမယ့် IGCSE O Level Oct/Nov Exam Series မှာ CTCi ရဲ့ Batch 5 (Online & On-Campus) အပါအဝင် ဝင်ရောက်ဖြေဆိုကြမယ့် ကျောင်းသူ၊ ကျောင်းသားများအားလုံး စာမေးပွဲရက် နီးလာတာနဲ့အမျှ စိုးရိမ်စိတ်နဲ့ ဖိအားတွေ ကြုံနေရမယ်ဆိုတာ အပြည့်အဝ နားလည်ပါတယ်။

📌ဒါပေမဲ့ ကိုယ်တိုင် ကြိုးစားခဲ့တာတွေကို ယုံကြည်မှုရှိရှိနဲ့ ရင်ဆိုင်ကျော်ဖြတ်သွားကြရအောင်ပါ။ စိတ်အေးချမ်း သက်သာစွာနဲ့ စာမေးပွဲဖြေဆိုနိုင်ဖို့အတွက် “Stress Relief & Health Care Tips” လေးတွေကို CTCi ကနေ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

❗️၁။ Exam Stress (စိတ်ဖိစီးမှု) ကို ဘယ်လို တိုက်ထုတ်မလဲ?
📖 Study Plan သေချာဆွဲပြီး စာလေ့လာပါ။
တစ်ပတ်စာ Study Plan စနစ်တကျ ဆွဲထားပြီး မဖြစ်မနေ လေ့လာရမယ့် အရေးကြီးအပိုင်းတွေနဲ့ ပေါ့ပေါ့ပါးပါး ပြန်နွေးရမယ့် အပိုင်းတွေကို ခွဲခြား၍ Deadline သတ်မှတ်ပါ။ ဒါမှ စာတွေ ပုံမနေတော့ဘဲ စာမေးပွဲနီးတဲ့အခါ အဆင်သင့် ဖြစ်နေမှာပါ။
🛑 အခြားသူများနှင့် မနှိုင်းယှဉ်ပါနဲ့
သူငယ်ချင်းတွေ စာဘယ်လောက်ပြီးသွားပြီဆိုတာထက် မိမိ၏ Study Plan အတိုင်းပဲ ပုံမှန်အရှိန်နဲ့ အာရုံစိုက်သွားပါ။
🧠 ဦးနှောက်ကို အမှန်တကယ် အနားပေးပါ
မိနစ် ၅၀ အာရုံစူးစိုက် စာကျက်ပြီး ၁၀ မိနစ် အနားယူပါ။ နားသည့် ၁၀ မိနစ်အတွင်းမှာ ဖုန်းကြည့်တာ၊ ဂိမ်းဆော့တာမျိုး မလုပ်ဘဲ ရေနွေးနွေးလေး သောက်တာ၊ မျက်စိ မှေးထားတာမျိုးနဲ့ ဦးနှောက်ကို အနားပေးပါ။

🥗 ၂။ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ပါ။
😴 အချိန်မှန် အိပ်ပါ၊ အချိန်မှန် စားပါ။
ညလုံးပေါက် စာကျက်တာထက် ၇-၈ နာရီ ပုံမှန် အိပ်စက်ခြင်းက မှတ်ဉာဏ်တွေကို ဦးနှောက်ထဲ ရေရှည်စွဲထင်စေပါတယ်။ စိတ်ဖိစီးမှုကြောင့် အစားမစားချင်ရင်တောင် လုံးဝ မစားဘဲ မနေပါနဲ့။
🥑 Brain Food နှင့် ရေဓာတ် ပြည့်ဝပါစေ။
အခွံမာသီးများ၊ ဥအမျိုးမျိုးနှင့် သစ်သီးဝလံများ စားပေးပါ။ သကြားဓာတ် အလွန်အကျွံပါသော မုန့်များကို ရှောင်ပါ။ တစ်နေ့ ရေ ၂ လီတာ အနည်းဆုံး သောက်ပြီး Coffee နှင့် Energy Drink များကို လျှော့သောက်ပါ။
🏃‍♂️ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပေးပါ
တစ်နေကုန် စာထိုင်ကျက်နေတာမျိုး မဟုတ်ဘဲ ၁၅ မိနစ် - မိနစ် ၂၀ ခန့် လမ်းလျှောက်တာ၊ ခန္ဓာကိုယ် ပေါ့ပေါ့ပါးပါး လှုပ်ရှားပေးတာမျိုး လုပ်ပါ။ စိတ်တည်ငြိမ်ပြီး အာရုံစူးစိုက်မှု အားကောင်းစေဖို့ တရားထိုင်ခြင်း သို့မဟုတ် အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပေးပါ။

💪 စိုးရိမ်စိတ်တွေကို လျှော့ချ၊ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ပြင်ဆင်ထားမယ်ဆိုရင် စာမေးပွဲဆိုတာ ကြောက်စရာ မဟုတ်တော့ဘဲ ကြိုးစားခဲ့သမျှကို ဖော်ထုတ်ပြသရမယ့် အခွင့်အရေးတစ်ခု ဖြစ်လာပါလိမ့်မယ်။ CTCi ကလည်း ကျောင်းသားကျောင်းသူတို့နဲ့ အတူရှိနေပြီး result ကောင်းများရရှိဖို့အတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။





Address

Sinmalite Business Tower 1st Floor, Kamayut
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959954002922

Alerts

Be the first to know and let us send you an email when IGCSE by CTCi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to IGCSE by CTCi:

Shortcuts

Share

Category