21/08/2026
၁၃၈၈- ခုနှစ်၊ ဝါခေါင်လဆန်း (၈) ရက်၊
ကိုးမိုင်၊ မစိုးရိမ်လမ်း၊
ပင်မဗုဒ္ဓဝါဒီဝိပဿနာကမ္မဋ္ဌာန်းကျောင်းတွင်
ကျေးဇူးတော်ရှင် သာယာကုန်းပရိယတ္တိစာသင်တိုက်
ဆရာတော် အရှင်သူမြတ်ကြီးမှ
ယောဂီများကို နေ့လည်ပိုင်း
ပဋိစ္စသမုပ္ပာဒ်တရား၊ သစ္စာတရား၊ ဒိဋ္ဌိပြုတ်တရားများဟောကြားတော်မူပါသည်။
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့လင်းပါစေ....
၂၁-၈-၂၀၂၆ (သောကြာနေ့)
20/08/2026
၁၃၈၈- ခုနှစ်၊ ဝါခေါင်လဆန်း (၇) ရက်၊
စင်္ကာပူနိုင်ငံတွင်နေထိုင်သော
ဒါယကာကြီး ဦးလှမင်းဇော်
မယ်တော်လေး ဒေါ်အေးအေးဝင်း
မေတ္တာရိပ်စတိုး မိသားစုတို့မှ
ကျေးဇူးတော်ရှင် သာယာကုန်းပရိယတ္တိစာသင်တိုက်
ဆရာတော်အရှင်သူမြတ်ကြီးကို
ဝါဆိုရည်မှန်းမြတ်သင်္ကန်းအတွက်
နဝကမ္မအလှူတော်ငွေ (၅) သိန်းကျပ်
ဆက်ကပ်လှူဒါန်းပါသည်။
အလှူရှင်မိသားစုများအားလုံး
ဘေးရန်ကြောင်းကြဆင်းရဲကင်း၍
ကိုယ်စိတ်နှစ်ပါး အမြဲကျန်းမာချမ်းသာပြီး
ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ.....
စီးပွားဥစ္စာများ ဒီရေအလားကဲ့သို့
တိုးတက်အောင်မြင်ပါစေ...
အသိပညာ အတတ်ပညာ ကြီးမားခြင်း၏
အားကြီးသောအကြောင်း အထောက်အပံ့ကောင်းများ
ဖြစ်နိုင်ကြပါစေ...
အလိုရှိအပ် တောင်းတအပ်သော မြတ်နိဗ္ဗာန်သို့
လွယ်ကူသောအကျင့် လျင်မြန်သော အသိဉာဏ်တို့ဖြင့် ဆိုက်ရောက် မျက်မှောက်ပြုနိုင်ကြပါစေ…
၂၀-၈-၂၀၂၆ (ကြာသပတေးနေ့)
20/08/2026
🌷ရည်စူးအလှူ နေ့ဆွမ်းဒါန🌷
၁၃၈၈-ခုနှစ်၊ ဝါခေါင်လဆန်း (၇) ရက်၊
သာယာကုန်းပရိယတ္တိစာသင်တိုက်၊
ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ကို
နေ့ဆွမ်းလှူဒါန်းကြသော အလှူရှင်များမှာ
လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊
၁/၁၃ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊
ကွယ်လွန်သူ သမီးကြီး မမာလာမြင့်
(၄) နှစ်ပြည့်အားရည်စူး၍
မိခင်ကြီး ဒေါ်လှပိုင်
သား- ဒေါက်တာမျိုးမင်းအောင်
ကိုမျိုးဝင်း + မမြသက်ခိုင်
ကိုတင့်ဝေအောင် + မစုဧရာဇော်
မြေး- အိမ့်ချမ်းမြေ့ပိုင်
ထိုက်ဦးစတိုး မိသားစုတို့မှ
ဝါဆိုရည်မှန်းမြတ်သင်္ကန်းနှင့်
နေ့ဆွမ်းဒါန ဆက်ကပ်လှူဒါန်းပါသည်။
အလှူရှင် မိသားစုများအားလုံး
ဘေးရန်ကြောင်းကြ ဆင်းရဲကင်း၍
ကိုယ်စိတ်နှစ်ပါးအမြဲကျန်းမာချမ်းသာပြီး
ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ...
အလိုရှိအပ် တောင်းတအပ်သော မြတ်နိဗ္ဗာန်သို့
လွယ်ကူသောအကျင့်
လျင်မြန်သော အသိဉာဏ်တို့ဖြင့်
ဆိုက်ရောက် မျက်မှောက်ပြုနိုင်ကြပါစေ…
၂၀-၈-၂၀၂၆ (ကြာသပတေးနေ့)
17/08/2026
၁၃၈၈- ခုနှစ်၊ ဝါခေါင်လဆန်း (၄) ရက်၊
နတ်မောက်မြို့နယ်၊ သာယာအေးကျေးရွာမှ
ဂျပန်နိုင်ငံသို့သွားရောက်မည့်
ဒေါ်ဝင်းဌေး
သမီးဖြစ်သူ - မမီမီသိမ့် မိသားစုများက
ကျေးဇူးတော်ရှင်ဆရာတော်အရှင်သူမြတ်ကြီးကို
ဝါဆိုရည်မှန်းမြတ်သင်္ကန်းနှင့်
နဝကမ္မအလှူတော်ငွေများ
ဆက်ကပ်လှူဒါန်းခြင်း
အလှူရှင်မိသားစုများအားလုံး
ဘေးရန်ကြောင်းကြဆင်းရဲကင်း၍
ကိုယ်စိတ်နှစ်ပါးအမြဲကျန်းမာချမ်းသာပြီး
ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝပါစေ....
၁၇-၈-၂၀၂၆ (တနင်္လာနေ့)
13/08/2026
၁၃၈၈-ခုနှစ်၊ ဒုတိယဝါဆိုလကွယ်နေ့
မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်တောရစာသင်တိုက်တွက်
ကျေးဇူးတော်ရှင် သာယာကုန်းပရိယတ္တိစာသင်တိုက်
ဆရာတော်အရှင်သူမြတ်ကြီး
နေ့လည်ပိုင်း တရားဓမ္မများဟောကြားတော်မူခြင်း
၁၃-၈-၂၀၂၆ (ကြာသပတေးနေ့)
13/08/2026
၁၃၈၈-ခုနှစ်၊ ဒုတိယဝါဆိုလကွယ်နေ့
ကျေးဇူးတော်ရှင် သာယာကုန်းပရိယတ္တိစာသင်တိုက်
ဆရာတော်အရှင်သူမြတ်ကြီး
နံနက်ပိုင်း သီလတရားများဟောကြားတော်မူခြင်း
၁၃-၈-၂၀၂၆ (ကြာသပတေးနေ့)
12/08/2026
၁၃၈၈- ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၁၄) ရက်၊
နတ်မောက်မြို့နယ်၊ ကပေါင်းကုန်းကျေးရွာမှ
မခင်ပြည့်ပြည့်အောင် ၏ မိဘများ
ကျေးဇူးတော်ရှင်
ဆရာတော်အရှင်သူမြတ်ကြီးကို
ကန်တော့ပန်းဆင်
၁၂-၈-၂၀၂၆ (ဗုဒ္ဓဟူးနေ့)
12/08/2026
၁၃၈၈-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၁၄) ရက်၊
သာယာကုန်းပရိယတ္တိစာသင်တိုက်
လေ့ကျင့်ခန်းစာမေးပွဲ အပါတ်စဉ် (၁)
အတန်းအသီးသီးမှ
ဖြေဆိုနေကြသောပုံရိပ်များ
စာပေလည်းသင် အကျင့်ပြင် မြှင့်တင်သာသနာ🙏🙏🙏
၁၂-၈-၂၀၂၆ (ဗုဒ္ဓဟူးနေ့)
11/08/2026
၁၃၈၈-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၁၃) ရက်၊
ပဒေသာပင်မြို့တော်၊
အိမ်ပိုင်ရှင်များအသင်း (HOA) မိသားစုများမှ
သာယာကုန်းပရိယတ္တိစာသင်တိုက်၊
စာချစာသင် ဆရာတော် သံဃာတော်အရှင်သူများများကို
ဝါဆိုရည်မှန်းမြတ်သင်္ကန်းနှင့်
နဝကမ္မအလှူတော်ငွေများ
ဆက်ကပ်လှူဒါန်းပူဇော်ပါသည်။
အလှူရှင်မိသားစုများအားလုံး ဘေးရန်ကြောင်းကြ
ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ပါး
အမြဲကျန်းမာချမ်းသာပြီး
ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ....
လောကဓမ္မ နှစ်ဖြာသော ကောင်းကျိူးများကိုလည်း
ဒီထက်မက တိုးတတ်အောင်မြင်စွာ
ပြုလုပ်ဆောင်ရွက်နိုင်ပါစေ...
အသိပညာ အတတ်ပညာ ကြီးမားခြင်း၏
အားကြီးသောအကြောင်း အထောက်အပံ့ကောင်းများ
ဖြစ်နိုင်ကြပါစေ...
အလိုရှိအပ် တောင်းတအပ်သော မြတ်နိဗ္ဗာန်သို့
လွယ်ကူသောအကျင့် လျင်မြန်သော အသိဉာဏ်တို့ဖြင့်
ဆိုက်ရောက် မျက်မှောက်ပြုနိုင်ကြပါစေ…
၁၁-၈-၂၀၂၆ (အင်္ဂါနေ့)
10/08/2026
ထန်းတပင်မြို့နယ်၊ ချမ်းမြေ့အေးဓမ္မရိပ်သာကျောင်း
ဦးတေဇနိယ အရှင်သူမြတ်မှ
မွေးနေ့ကုသိုလ်အထိမ်းအမှတ်အဖြစ်
သာယာကုန်းပရိယတ္တိစာသင်တိုက်ဆရာတော်
အရှင်သူမြတ်ကြီးအား
လာရောက်ကန်တော့ပန်းဆင်🙏🙏🙏