06/08/2026
D2ကို ECU ပဲလျှောက်ချင်တယ် ဆိုသူတွေအတွက် ...
မနှစ်ကမှ ECUပူပူနွေးနွေးဖြစ်ထားတဲ့ Chungnam National University (CNU)ရဲ့ D-2 Undergraduate Programလေးလာပါပြီနော်...
Chungnam National University ဟာ တောင်ကိုရီးယားရဲ့ အကြီးဆုံးမြို့၅ခုထဲမှာ ပါဝင်တဲ့ နည်းပညာနဲ့သုတေသနလုပ်ငန်းတွေ အခြေချရာ Daejeonမြို့မှာတည်ရှိပါတယ်။ နေထိုင်စရိတ်သက်သာတဲ့အပြင် အချိန်ပိုင်းအလုပ်တွေပေါပါသေးတယ်။
မနှစ်က 2025ကနေစပြီး ECU (Excellent Certified University)ဖြစ်လာခဲ့တဲ့ Chungnam National University ဟာဆိုရင် National University ဖြစ်တာမို့ အခြားသော ကျောင်းတွေထက်စာရင် ကျောင်းစရိတ်ဈေးသက်သာပါတယ်။
ဒါ့အပြင် D2 Undergraduateမှာဆိုရင် မြန်မာကျောင်းသားတွေ အများစု လိုချင်ကြတဲ့ VCL လည်းပေးတာမို့ Visaပိုင်းဆိုင်ရာမှာလည်း ဝန်ထုပ်ဝန်ပိုးနည်းပါတယ်။
✔️လျှောက်ထားလိုသူများအနေနဲ့
Topik Level 3အနည်းဆုံးရှိရမှာဖြစ်ပြီး Korean Language and Literature, Business Administration နဲ့ Economics majorတွေကို လျှောက်ထားလိုသူတွေကတော့ Topik Level 4နဲ့ အထက်ရှိရပါမယ်။
✅ကျောင်းလခအနေနဲ့
မေဂျာအလိုက် semester တစ်ခုစာ ဝမ် 18သိန်းကနေ 25သိန်းအထိရှိပါတယ်။
Scholarships ပိုင်းမှာတော့ Topik level 4ရှိသူတွေကို တစ်စိတ်တပိုင်း scholar ပေးမှာဖြစ်ပြီး level5 or 6ရှိသူတွေကိုတော့ 100% full scholarပေးတဲ့ ကျောင်းဖြစ်ပါတယ်။
Interview ပိုင်းနဲ့ documents ပိုင်းနှစ်ခုမျှပြီး ကြည့်တဲ့ကျောင်းမို့ ကျောင်းသားဘက်ကနေ လိုအပ်တဲ့စာရွက်စာတမ်းတွေ သေချာပြင်ဆင်ပြီး interview ပိုင်းအားစိုက်လိုက်ရင်ရပါပြီ။
ဒီ့အတွက်လည်း K STUDYကနေ တဆင့်လျှောက်မယ်ဆိုရင် Documents Preparationပိုင်းကနေ စပြီး ကျောင်းလျှောက်တဲ့အခါ လိုအပ်တဲ့ processတွေအားလုံးအပြင် interview training ကိုပါ ကိုရီးယားလူမျိုး founderနဲ့လုပ်ပေးမှာဖြစ်ပါတယ်။
ကိုရီးယားမှာ Undergraduate နဲ့ တက်ဖို့စီစဉ်ထားတယ်။ ဘယ်ကျောင်းရွေးရမလဲ ယောင်ဝါးဝါးဖြစ်နေသူများအတွက် ထည့်သွင်းစဉ်းစားသင့်တဲ့ ကျောင်းတစ်ကျောင်းဖြစ်တာမို့ အသေးစိတ်တိုင်ပင်ဆွေးနွေးလိုတယ်ဆို K STUDYရဲ့ cbမှဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်သလို၊ ရုံးခန်းသို့ လူကိုယ်တိုင်လာရောက်ပြီးတော့လည်း ဆွေးနွေးနိုင်ပါတယ်နော်။
📞09791285364
📍 No.11, Upper Stairs of UAB Bank, Wai Pon La Housing 2, North Okkalapa Township