ဇူလီယန်မြန်မာ သတင်းအချက်အလက်

  • Home
  • Myanmar
  • Yangon
  • ဇူလီယန်မြန်မာ သတင်းအချက်အလက်

ဇူလီယန်မြန်မာ သတင်းအချက်အလက် အကယ်၍ လုပ်သင့်တယ်လို့ သိပြီဆိုလျှင်
တွေဝေမနေနဲ့ လုပ်စရာရှိတာမြန်မြန်လုပ် ။

☕ ☕မင်းကြောက်ရမှာက လောကဓံ မဟုတ်ဘူး ၊ကြောက်စိတ်ဝင်မယ့်မင်းစိတ်ကိုပဲကြောက် ။   ။
06/08/2025

☕ ☕

မင်းကြောက်ရမှာက

လောကဓံ မဟုတ်ဘူး ၊

ကြောက်စိတ်ဝင်မယ့်

မင်းစိတ်ကိုပဲကြောက် ။ ။

“သိပ်ကြိုက်လို့ အလွတ်ရနေမိတဲ့”ဂန္ဓီရဲ့အဖိုးတန် စိတ်ခွန်အားဖြည့်စာတွေပါ  #သင့်ကို နှိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ.. သူ့ကြော...
07/05/2023

“သိပ်ကြိုက်လို့ အလွတ်ရနေမိတဲ့”
ဂန္ဓီရဲ့အဖိုးတန် စိတ်ခွန်အားဖြည့်စာတွေပါ



#သင့်ကို နှိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ..

သူ့ကြောင့် သင်အောင်မြင်တဲ့သူ
တစ်ယောက်ဖြစ်ချင်လာတာပါ..

သင့်အလှည့်ကျရင် နိမ့်ကျတဲ့သူတွေကို လက်တွဲခေါ်ပါ..

#သင့်ကို ကဲ့ရဲ့ခဲ့တဲ့သူကို ကျေးဇူးတင်ပါ..

သူ့ကြောင့် ကဲ့ရဲ့ခံရရင် ဘယ်လိုခံစားရလဲဆိုတာ သင်သိခဲ့တာပါ..

သင့်အလှည့်ကျရင် ဘယ်သူ့ကိုမှ ပြန်မကဲ့ရဲ့ပါနဲ့..

#သင့်ကို အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် ပေါင်းပြီး လိမ်သွားခဲ့တဲ့သူကို ကျေးဇူးတင် ပါ..

သူက ဘဝရဲ့အရေးကြီးဆုံးသင်ခန်းစာကို သင်ပေးခဲ့တာပါ..

သူ့ကြောင့် သင်လူတစ်ယောက်ကို မျက်စိမှိတ်ယုံကြည်တတ်မှာ မဟုတ်တော့ဘူး..

ဒါပေမယ့် သင့်ကိုယုံကြည်တဲ့သူကို ဘယ်တော့မှ မလိမ်ပါနဲ့..

အဲဒီခံစားချက်က ဘယ်လောက်ဆိုးတယ် ဆိုတာ သင်သိပြီးသားပါ..

#သင် အကူအညီတောင်းခဲ့တိုင်း
လှည့်မကြည့် ခဲ့တဲ့ သူတွေကို ကျေးဇူးတင် ပါ..

သူတို့ကြောင့် သင့်ကိုသင် အားကိုးတတ်လာတာပါ..

သင့်အလှည့်ကျရင် သူများအခက်အခဲကို ကူညီပါ..

#သင့်ကို ခေါင်းပုံဖြတ်ခဲ့တဲ့ ခေါင်းဆောင် တွေကို ကျေးဇူးတင်ပါ..

ခေါင်းပုံဖြတ်တဲ့သူတို့က
ခေါင်းရှောင် တစ်ယောက်အောက်မှာလုပ်ရတဲ့ လက်အောက်ငယ်သား တစ်ယောက်ရဲ့ ခံစားမှုမျိုးကို သင်နဲ့ မိတ်ဆက်ပေးခဲ့လို့ပါ..

သင်ခေါင်းဆောင်ဖြစ်တဲ့နေ့
သင့် လက်အောက်ငယ်သားတွေ ဘယ်တော့မှ အဲ့ဒီလို မခံစားရပါစေနဲ့..

#သင်အလုပ်ကို အဆပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် လစာနည်းနည်းက တိုးမပေးခဲ့တဲ့ အလုပ်ရှင်ကို ကျေးဇူးတင်ပါ..

သင်ကြိုးစားခဲ့လို့ သင့်မှာအရည်အချင်းတွေရှိနေရင် သင့်အတွက် အလုပ်မရှားတော့ပါဘူး..

အခွင့်အရေးပေါင်းများစွာက သင့်ရှေ့လက် တကမ်းမှာ ရောက်နေပါပြီ..

သင့်တန်ဖိုးကို အသိအမှတ်ပြုတဲ့နေရာသို့ ပြောင်းလိုက်ပါ..

သင် အလုပ်ရှင်ဖြစ်တဲ့နေ့ သင့်ရဲ့
လက်အောက်မှာ လုပ်နေတဲ့ ဝန်ထမ်းတွေကို တန်ဖိုးထားပါ..

#သင့်ကို ပစ်ခွာသွားသူကို ကျေးဇူးတင်ပါ..

သင့်ကို တန်ဖိုးမထားသူ တစ်ယောက်ကို သင် စောစောစီးစီး သိလိုက်ရတာပါ..

နောက်ကျမှသိရင် အရာရာနောက်ကျနေပါလိမ့်မယ်..

သူ့ကြောင့် သင်နဲ့ထိုက်တန်တဲ့သူကိုတွေ့ဖို့ လမ်းပွင့်သွားတာပါ..

သင့်ကို တန်ဖိုးထားတဲ့လူတစ်ယောက်တွေ့တဲ့နေ့ကျရင် သင့်ကို သူလုပ်ခဲ့တဲ့အမှားမျိုး ထပ်မလုပ်ပါနဲ့..

အထက်မှာဖော်ပြခဲ့တဲ့ လူမျိုးတွေကို ဘယ်တော့မှ မမုန်းပါနဲ့..

သူတို့က သင်မုန်းရလောက်အောင် မထိုက်တန်တဲ့သူတွေပါ..

သင့်ရဲ့စိတ်ထဲက နှမ်းတစေ့စာ နေရာလောက်နဲ့တောင် မထိုက်တန်တဲ့သူတွေပါ..

သူတို့ကြောင့် သင့်ရဲ့ရိုးသားမှု အကျင့်စာရိတ္တတွေ ဘယ်တော့မှ ပျက်မသွားပါစေနဲ့..

သူတို့ သင့်ကိုပြုမူခဲ့တဲ့ အတိုင်း သင်လည်းပြုမူမယ်ဆိုရင် သင်လည်း သူတို့လို ရွံစရာလူမျိုးဖြစ်လာပါလိမ့်မယ်..

သူတို့ သင့်ကိုပြောင်းလဲနေတာကို ဘယ်တော့မှ လက်မခံပါနဲ့..

သူတို့ကြောင့် သင်ကြိုးစားတာ ဘယ်တော့မှ ရပ်မသွားစေနဲ့..

သင့်ရဲ့ဖြူနေတဲ့စိတ်ထားကို သူတို့ကြောင့် အစွန်းမခံနဲ့..

ဘယ်တော့မှလည်း ကလဲ့စားချေဖို့ မကြိုးစားပါနဲ့..

👇👇👇
မျက်လုံးတလုံး အတွက်
မျက်လုံးတလုံး ဆိုတဲ့ အယူအဆက
ကမ္ဘာကြီးကိုအမှောင်ကျစေလိမ့်မယ်..။

(မဟတ္တမဂန္ဓီ)

#စေတနာမေတ္တာအရင်းခံဖြင့်မျှဝေပါသည်

🙏မြန်မာတို့ရဲ့ သီတင်းကျွတ်လပြည့်နေ့ အခါသမယမှစပြီး မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ဆင်းရဲကြောင့်ကြပူပန်မှုများကင်းဝေးပြီ...
20/10/2021

🙏မြန်မာတို့ရဲ့ သီတင်းကျွတ်လပြည့်နေ့ အခါသမယမှစပြီး မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ဆင်းရဲကြောင့်ကြပူပန်မှုများကင်းဝေးပြီး ဓမ္မက အမြန်ဆုံးအနိုင်ရရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည် 🙏

စားသုံးသူမိတ်ဆွေများထံသို့ လေးစားစွာဖြင့် အသိပေးအကြောင်းကြားခြင်း
01/09/2021

စားသုံးသူမိတ်ဆွေများထံသို့ လေးစားစွာဖြင့် အသိပေးအကြောင်းကြားခြင်း

❤️collagen ❤️  အရမ်းချစ်စရာကောင်းတဲ့ စကားလုံးလေးကို 19 ရာစု အလယ်ပိုင်းလောက်က French မှာ စတင်အသုံးပြုလာတယ် 🥰❤️collagen ❤️...
22/08/2021

❤️collagen ❤️ အရမ်းချစ်စရာကောင်းတဲ့ စကားလုံးလေးကို 19 ရာစု အလယ်ပိုင်းလောက်က French မှာ စတင်အသုံးပြုလာတယ် 🥰

❤️collagen ❤️ ဆိုတာ ဘာလဲ ??🤔
=> ကိုယ်ခန္ဓာမှာ အလွန်ကြွယ်ဝစွာရှိနေတဲ့ ပရိုတင်းပါနော် သူ့ကို အရိုး ကြွက်သား နဲ့အရေပြား တွေထဲမှာ ရှာတွေ့နိုင်ပါတယ် ။

❤️collagen ❤️ ဓာတ်ပါတဲ့ ဖြည့်စွက်စာတွေ စားမယ်ဆိုရင်တော့ အဆစ်မြစ်တွေ နာကျင်ခြင်းကို လျော့ပါးစေမယ် အရိုးဆစ်တွေ သန်မာစေမယ် ကျန်းမာရေးကောင်းပြီး သွက်လက်နေစေမယ် အရွယ်တင်နုပျိုစေမယ် ဒါ့အပြင် ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေဖို့ပါကူညီပေးနိုင်တယ်ဆိုတော့ ကဲ ဘာလိုသေးလဲ 😁

😂ဒါဆို စျေးစရောင်းပါပြီနော် 😂

ခု မိတ်ဆက်ပေးမယ့် ကော်ဖီလေးက collagen ကော်ဖီလေးပါ သူ့ချည်းပဲလား😁 မဟုတ်ဘူးနော် ခန္ဓာကိုယ်သွေးကြောထဲမှာ ရှိနေတဲ့ အဆီတွေ အဆိပ်တောက်တွေကို ချေဖျက်ပေးနိုင်မယ့် ဂျင်စင်းလေးနဲ့ပါ ❤️ collagen + ginseng ❤️

အဲ့လိုမျိုး (၂)မျိုးပေါင်းထားတဲ့ ကော်ဖီထုပ်ကလေး 18 ထုပ်ပါတဲ့ တစ်ပါကင်ကိုမှ 14000 ကျပ်ပါနော်

🤵🥰 ကဲ… လက်ရှိထက်ပိုမို နုပျိုကြစေဖို့ ကော်လ်ဂျင် ကော်ဖီသောက်ကြစို့ 🥰 👰

🚴‍♂️ရန်ကုန်မြို့အတွင်း (3) ထုပ် နဲ့အထက်မှာယူသူများအတွက် ပို့ခ 💸Free ပါ🚴‍♀️

☎️ဆက်သွယ်မှာယူရန် 09421159099

“ဝါခေါင်လပြည့်-မေတ္တာအခါတော်နေ့”°°°°°°°°°°🏵💦🌷💦🏵°°°°°°°°°°ဗုဒ္ဓဒေသနာသွားအရ ဝါခေါင်လပြည့်နေ့ကို “မေတ္တာအခါတော်နေ့”ဟု ရှေးဆ...
22/08/2021

“ဝါခေါင်လပြည့်-မေတ္တာအခါတော်နေ့”
°°°°°°°°°°🏵💦🌷💦🏵°°°°°°°°°°

ဗုဒ္ဓဒေသနာသွားအရ ဝါခေါင်လပြည့်နေ့ကို
“မေတ္တာအခါတော်နေ့”ဟု ရှေးဆရာများ
သတ်မှတ်ခဲ့ကြသည်။

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က
ရဟန်းငါးရာသည် သာဝတ္ထိမြို့တော်နှင့် ယုဇနာတစ်ရာဝေးကွာသော
တောအုပ်တစ်ခု၌ ဝါကပ်ကာ ရဟန်းတရား
အားထုတ်ကြ၏။
ထိုတောအုပ်၌နေသော ရုက္ခစိုးနတ်
တို့သည် ရဟန်းတော်တို့၏ သီလတန်ခိုး
ကြောင့် သစ်ပင်ထက်၌ မနေနိုင်ဘဲ ကလေးတွေလက်ဆွဲကာ
မြေအောက်သို့ ဆင်းကြရ၏။

ရုက္ခစိုးနတ်တွေလည်း ကြာလာတော့
သည်းမခံနိုင်တော့သဖြင့် ရဟန်းတော်များ ထွက်သွားအောင် ခြောက်လှန့်
တတ်ကြသောကြောင့် ရဟန်းတော်များ
ဆယ့်ငါးရက်ခန့်နေပြီး ဘုရားရှင်ထံ ပြန်ကြကာ
အကျိုးအကြောင်း လျှောက်ထားကြသည်။

ထိုအခါ ဘုရားရှင်က
“ချစ်သားတို့က လက်နက်မှ ယူမသွားကြပဲကိုး။
ငါလက်နက်ပေးလိုက်မယ်။
ဒီလက်နက်ဟာ ချစ်သားတို့အတွက်
ပရိတ်(အရံအတား) လည်း
ဖြစ်လိမ့်မယ်။ကမ္မဋ္ဌာန်းလည်း ဖြစ်လိမ့်မယ်။”
ဟု မိန့်ကာ မေတ္တာပွားနည်းမေတ္တသုတ်ကို
သင်ပြဟောကြားပေးလိုက်၏။

ထိုမေတ္တသုတ် ဟောကြားပေးသောနေ့သည်
ဝါခေါင်လပြည့်နေ့ဖြစ်၍ ဝါခေါင်လပြည့်နေ့ကို
“မေတ္တာအခါတော်နေ့”ဟု သတ်မှတ်ထားကြ၏။
ရဟန်းတော်ငါးရာလည်း ထိုတောအုပ်သို့
ပြန်သွားကာ မေတ္တသုတ်ကို ရွတ်ဖတ်ပွားများ၍
အားလုံးအဆင်ပြေသွားကြသည်။
နောက်ဆုံးတော့ ရဟန္တာ ဖြစ်သွားကြ၏။

မေတ္တာဟူသည် သူတစ်ပါးတို့၏ ကောင်းကျိုး
စီးပွားကို လိုလားသော သဘောရှိ၏၊
သူတစ်ပါးတို့၏ ကောင်းကျိုးစီးပွားကို
လိုလိုလားလား ဆောင်ရွက်ပေး၏။

အငြှိုးအာဃာတကို ပယ်ဖျောက်တတ်၏။
သူတစ်ပါးတို့ ပြည့်စုံချမ်းသာမှုကို ဦးတည်၏။
မေတ္တာသဘောကို အဘိဓမ္မာက ဤသို့ဆို၏။
သူတစ်ပါးကောင်းကျိုးကို လိုလားတာ မေတ္တာ။
သူတစ်ပါးကောင်းကျိုးရှိအောင် ဆောင်ရွက်ပေးတာ မေတ္တာဖြစ်သည်။

မေတ္တာဟူသည် အစိုဓာတ်၊ အစေးဓာတ်၊
အအေးဓာတ်ရှိ၏။
ထိုအစိုဓာတ်၊ အအေးဓာတ်ဖြင့်
တစ်ပါးသူအပေါ် မြှေးယှက်လွှမ်းခြုံထားမှုကို “မေတ္တာ”ဟုခေါ်၏။

ဘယ်သူနှင့် ဘယ်သူတော့
အစေးမကပ်ကြဘူးဟု ပြောသံကြားဖူးလိမ့်မည်။
အစေးမကပ်ခြင်းဟူသည်
“မေတ္တာပျက်ပြယ်နေခြင်း” ကြောင့်ဖြစ်၏။
တစ်ဦးနှင့်တစ်ဦး မေတ္တာမထားနိုင်တာကို
အစေးမကူးခြင်း၊ အစေးမကပ်ခြင်းဟု ခေါ်၏။

ရှေးအခါက ပိုက်ကွန်မိသော ခိုငှက်တို့သည်
အားလုံးပြိုင်တူ တပြိုင်နက်ထပျံကြ၍ ပိုက်ကွန်မှလွတ်ကာ
လိုရာခရီးသို့ ရောက်ရှိသွားကြသည်။
မေတ္တာကြောင့်ဖြစ်သောစည်းလုံးမှုအင်အား၏ ပြယုဂ်သက်သေဖြစ်သည်။

ဘုရားရှင်က မေတ္တသုတ်နိဒါန်းမှာ မေတ္တာဘာဝနာ ပွားများသူသည် လိုက်နာပြုကျင့်ထိုက်သောတရား (၁၄)ပါးရှိသည်ဟု မိန့်သည်။

♥မေတ္တာစွမ်းအား ရှိရမည်။

✦ကာယကံစိတ် ဖြောင့်မတ်ရမည်။
မှန်တာလုပ်၊ ဟုတ်တာပြောရမည်။

✦စိတ်သဘောထား အထူးဖြောင့်မတ်ရမည်။

✦ပညာရှိသူတော်ကောင်းစကား နားထောင်ရမည်။လိုက်နာရမည်။

✦နူးညံ့ရမည်။

✦မာန်မာန ကင်းရမည်။

✦ရောင့်ရဲနိုင်ရမည်။

✦လွယ်ကူစွာ အသက်မွေးရမည်။

✦အပိုကိစ္စ နည်းပါးရမည်။

✦ပေါ့ပါးစွာ အသက်မွေးရမည်။

✦ငြိမ်သက်သော ဣနြေ္ဒ ရှိရမည်။

✦ရင့်ကျက်မှု ရှိရမည်။

✦ကိုယ်နှုတ်နှလုံး ကြမ်းတမ်းမှု ကင်းရမည်။

✦ငါ့ဆွေမျိုး ငါ့မိသားစုဟူသော အစွဲကင်းရမည်။

✦ ပညာရှိများ ကဲ့ရဲ့နိုင်ပါက
မကောင်းမှု သေးသေးဖွဲဖွဲကိုပင် ရှောင်ကြဉ်ရမည်။

ဘုရားရှင်က ထိုသို့ မေတ္တာသမားထားရှိရမည့်
သဘောထားများကို မိန့်ကြားပြီးနောက် မေတ္တာပွားနည်းများကို
ဆက်လက်မိန့်ကြားတော်မူသည်။

ကြောက်တတ်၊ မကြောက်တတ် နှစ်ရပ်များစွာ
သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

မြင်အပ်မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။

ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။

ဘဝဇာတ်ဆုံး၊ မဆုံးများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။

ကြီးငယ်အလတ် သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။

ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။

ထိုသို့ နှစ်စုသုံးစု ခွဲ၍ မေတ္တာပို့ရမည်။

တစ်ဖက်သားကို ချမ်းသာစေချင်တာ မေတ္တာဖြစ်သကဲ့သို့ တစ်ဖက်သားကို ဒုက္ခ မရောက်စေချင်တာလည်း မေတ္တာပင်ဖြစ်၏။

ထို့ကြောင့် ဘုရားရှင်က

“လူအချင်းချင်း လှည့်စားခြင်း၊ ကင်းရှင်းကြပါစေ။

လူအချင်းချင်း အထင်သေးခြင်း ကင်းရှင်းကြပါစေ။

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ”

ဟု မေတ္တာပို့ရန် ဆက်လက် မိန့်ကြားတော်မူသည်။

လိမ်ညာခြင်း၊ လှည့်စားခြင်း၊ ကောက်ကျစ်
စဉ်းလဲခြင်းသည် သစ္စာတရားကို ဆန့်ကျင်ခြင်းဖြစ်၏။
သစ္စာတရားကို ဆန့်ကျင်ခြင်းသည်ဆင်းရဲကြောင်းဖြစ်၏။
လူသားထုကို ချမ်းသာစေချင်လျှင် ထိုအပြုအမူတွေ ကင်းရှင်းမှဖြစ်မည်။

ထို့ကြောင့် ဘုရားရှင်က လူသားအချင်းချင်း
လိမ်ညာခြင်း လှည့်စားခြင်းကင်းဖို့၊ မထီမဲ့မြင်ပြုမှု အထင်သေးမှုတွေ ကင်းဖို့၊ သီးသန့် မေတ္တာပို့ရန်
အထူးမိန့်ကြားခဲ့လေသည်။

ဘုရားရှင်ကိုယ်တော်မြတ်သည် သူ့ကိုဆန့်ကျင်သော
မာရ်နတ်၊ အာဠဝကဘီလူး၊ နာဠာဂီရိဆင်၊
အဂုင်္လိမာလ၊ စိဉ္ဇမာဏ၊ သစ္စကပရဗိုဇ်၊ နန္ဒောပနန္ဒနဂါး၊ ဗကဗြဟ္မာတို့ကို အနိုင်ယူအောင်မြင်တော်မူခဲ့၏။
ထိုအောင်ခြင်းရှစ်ပါးကို အောင်မြင်ရာတွင်
အကြမ်းမဖက် မေတ္တာသက်သက်ဖြင့် အောင်မြင်တော်မူခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် မိမိတို့ ရည်မှန်းချက်တစ်ခုခု
အောင်မြင်ချင်လျှင် မေတ္တာသာထားပါ။
မေတ္တာသာ ပွားပါ။ မေတ္တာနှင့်သာ ဆောင်ရွက်ပါ။
တကယ်စစ်မှန်သော အောင်မြင်မှုကို ရရှိမည်
ဖြစ်ပေသည်။

အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်
Young Buddhist Association Page. မှ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

❣️Ginseng Health Benefits ❣️ * Build immunity. Some studies have found that ginseng may boost your immune system. ...* R...
13/08/2021

❣️Ginseng Health Benefits ❣️

* Build immunity. Some studies have found that ginseng may boost your immune system. ...

* Regulate blood sugar. Several studies in people have also shown that ginseng may lower blood sugar levels.

* Improve focus.

ဂျင်စင်းစားသုံးခြင်းဖြင့်ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ

💪ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ခြင်း

🍚သွေးတွင်းရှိသကြားဓာတ်ကို လျော့ချပေးနိုင်ခြင်း

🧠အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်ခြင်း

❤️ယခုလိုအချိန်မှာ ကိုယ်ခံစွမ်းအားကောင်းမှသာလျှင် ရောဂါဝင်ရောက်ခြင်းကို ခုခံနိုင်ပါမည်။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမို ထိရောက်ပါသောကြောင့် ကျန်းမာရေးအထောက်ကူပြု ဂျင်စင်းကော်ဖီ သောက်သုံးခြင်းဖြင့် ကိုယ်ခံအားကို မြှင့်တင်ကြပါစို့ ❤️

😊မှတ်ချက် ။ ။ ကိုယ်စားလှယ်ယူလိုသူတိုင်းအတွက် ကိုယ်စားလှယ်ဈေး သီးသန့်ရှိပါသည်။ 😊

☎️ 09421159099

🙏 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း****************************************သိကောင်းစရာများ🙏🙏🙏🙏🙏🙏🙏🙏🙏****************...
23/07/2021

🙏 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း
****************************************
သိကောင်းစရာများ🙏🙏🙏🙏🙏🙏🙏🙏🙏
*****************

#ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော် နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ...ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်းဖြစ်ပါသည်။

#ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ဝန်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

#ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါ ပါဠိတော်၌ ``ပဉ္စဝဂ္ဂိယကထာ´´အမည်ဖြင့် လာရှိပါသည်။ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ``ဓမ္မစက္က ပဝတ္တနဝါရ´´အမည်ဖြင့် လာရှိပါသည်။ မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ ``ဓမ္မစက္က ပဝတ္တနသုတ္တ´´အမည်ဖြင့် လာရှိပါသည်။

#ဓမ္မစက္က ပဝတ္တန၏အဓိပ္ပါယ်မှာ- တရားတည်းဟူသော အသိစက်ကိုဖြစ်စေ၊ လည်စေတော်မူခြင်းဟု အဓိပ္ပါယ်ရပါသည်။ [ ဓမ္မစက္က = တရားတော် + ပဝတ္တန = ဖြစ်စေ၊ လည်စေခြင်း]

#ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။

#ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှား ``အစွန်း ၂ခု´´ကို ရှောင်ကြဉ်ရေး၊ မဇ္စျိမ ပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

#ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင် အာရုံစိုက်၍ ရွတ်ဖတ်သရဇ္စျာယ်တော်မူကြပါသည်။ အမြို့မြို့အရွာရွာ၌ ဓမ္မစကြာအသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။

ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ
***************************

မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက် ဝါဆိုလပြည့်နေ့သည် -

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း၊
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၃။ ဂေါတမဘုရားလောင်း ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၈။ ``ဧဟိ ဘိက္ခု´´ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း၊

အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္စျာယ်ခြင်းအားဖြင့် ``ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့´´ကို ဆင်နွှဲပြုလုပ်ကြပါသည်။ ။

မာဂဓီ (သာစည်)
မူရင်း post မှ ထပ်မံကူးယူသည်

😊မင်္ဂလာပါ မိတ်ဆွေတို့ရေ😊🏠ခုလို ကာလလေးမှာ🙅‍♀️လူစုလူဝေးရှောင်ပါ။🙌 လက်ခဏခဏဆေးပါ။ 😷 အပြင်သွားရင်Mask တပ်ပါ။🏃‍♂️သင့်တော်တဲ့ ...
16/01/2021

😊မင်္ဂလာပါ မိတ်ဆွေတို့ရေ😊

🏠ခုလို ကာလလေးမှာ

🙅‍♀️လူစုလူဝေးရှောင်ပါ။
🙌 လက်ခဏခဏဆေးပါ။
😷 အပြင်သွားရင်Mask တပ်ပါ။
🏃‍♂️သင့်တော်တဲ့ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ။
😴အိပ်ရေးဝအောင်အိပ်ပါ။
🥘အာဟာရပြည့်ဝအောင်စားပါ။

🍲အာဟာရပြည့်ဝဖို့အတွက်ဆိုရင်လဲ မိမိဝယ်လာတဲ့ အသားငါး၊ ဟင်းသီးဟင်းရွက်တွေကလဲ သန့်ရှင်းလတ်ဆတ်ဖို့တော့ လိုမယ်နော် 🥬🥦🥒🌽🍆🥔

🍅ကဲ ဒါဆိုရင် အာဟာရပြည့်ဝပြီး သဘာဝအတိုင်းသန့်ရှင်းလတ်ဆတ်ဖို့ Beyond Food Junction Detoxifying Unit စက်ကလေး ရှိနေပြီနော် 🥰

😊 🔌Plugလေးထိုးရုံ တပ်ဆင်ရလွယ်ကူပြီး ကျန်းမာရေးကိုအဓိက ပံ့ပိုးပေးတဲ့ မီးဖိုချောင်တိုင်းရှိသင့်တဲ့ ပစ္စည်းလေးတခုပါနော် 😍

💸 ဈေးနှုန်းလေးကတော့ 765800 ကျပ်
☎️ 09421159099

🙏တန်ဆောင်မုန်း လပြည့်နေ့မှစပြီး ကမ္ဘာသူ ကမ္ဘာသားအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပြီး ရောဂါဘယများ ကင်းဝေးကြပါစေကြ...
29/11/2020

🙏တန်ဆောင်မုန်း လပြည့်နေ့မှစပြီး ကမ္ဘာသူ ကမ္ဘာသားအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပြီး ရောဂါဘယများ ကင်းဝေးကြပါစေကြောင်း ကောင်းမြတ်သော စိတ်ထားဖြင့် ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏

#ဇူလီယန်မြန်မာသတင်းအချက်အလက်

💦ရေ = အသက် 💙 #ဇူလီယန်မြန်မာသတင်းအချက်အလက် page မှ မျှဝေပါသည်။
23/11/2020

💦ရေ = အသက် 💙

#ဇူလီယန်မြန်မာသတင်းအချက်အလက် page မှ မျှဝေပါသည်။

အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး တွင် ကျင်းပပြုလုပ်ခဲ့သော  ၂၀၁၈-၂၀၁၉ စည်းကြပ်နှစ် အခွန်အများဆုံးထမ်းဆောင်ခဲ့သည့် အ...
11/08/2020

အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး တွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၁၈-၂၀၁၉ စည်းကြပ်နှစ် အခွန်အများဆုံးထမ်းဆောင်ခဲ့သည့် အခွန်ထမ်းလုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားတွင် Myanmar Zhulian ကုမ္ပဏီမှ

- မြန်မာတစ်နိုင်ငံလုံး ကုန်သွယ်ခွန် အများဆုံးထမ်းဆောင်သူ အဆင့် ၁၁၈
- မြန်မာတစ်နိုင်ငံလုံး ဝင်ငွေခွန် အများဆုံးထမ်းဆောင်သူ အဆင့် ၉၈

ချီးမြှင့်ခြင်းခံရပြီး နိင်ငံ၏ ဖွံ့ဖြိုးရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်နိုင်ခဲ့သည့်အတွက် အထူးပင် ဝမ်းမြောက်မိပါသည်။

ကျနော်တို့အား ယုံယုံကြည်ကြည်လက်တွဲခဲ့သော လုပ်ငန်းမိတ်ဖက်ကုမ္ပဏီ၊အေဂျင့်စီများနှင့် clients များ၊အားလုံးအား အထူးပင်ကျေးဇူးတင်ရှိပါသည်။

Myanmar Zhulian is honored to be ranked 118 by Internal Revenue Department (Medium Tax Payer Office) of Myanmar on the list of highest commercial tax payers, and 98 on the list of highest income tax payers, for the fiscal year 2018-2019.

This could not have been possible without the support of our valued clients and partners. We want to express our gratitude on your continued support on this regard.

(Myanmar)

Address

No. 494, Takaung 5-Street, 5/Quarter, South Okkalapa Township
Yangon
MM

Telephone

+959421159099

Website

Alerts

Be the first to know and let us send you an email when ဇူလီယန်မြန်မာ သတင်းအချက်အလက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ဇူလီယန်မြန်မာ သတင်းအချက်အလက်:

Shortcuts

Share