10/09/2025
August Highlight (၂၀၂၅)
----------------
Australia မှ မြန်မာကျောင်းသူကျောင်းသားများအား လူဦးရေကန့်သတ်ချက်ဖြေလျှော့ပေးလိုက်ပါပြီ...🇦🇺🦘
Multi-Somme မှနေပြီးတော့ August လ အတွင်းမှာ ထူးခြားဖြစ်စဥ်တခုကို ဖော်ပြပေးလိုက်ပါတယ်
ယခင်က Australia ဟာ ကျောင်းသားကျောင်းသူများအရေအတွက်ကို အထူးကန့်သတ်လာတာကို လူကြီးမိဘများသတိထားမိမယ်ထင်ပါတယ်
ယခုမှာတော့ ဟာ ၂၀၂၆ ခုနှစ်တွင် နိုင်ငံခြားမှလာရောက်မည့် ကျောင်းသူကျောင်းသားပေါင်း ၂၉၅,၀၀၀ အထိ လက်ခံသွားမှာဖြစ်ပါတယ်၊ ရှေးနှောင်းပိုင်းများတွင် ၂၇၀,၀၀၀ အထိပဲ လက်ခံခဲ့တာဖြစ်လို့ အယောက် ၂၅,၀၀၀ စာ ပိုမိုအခွင့်အရေးရရှိိလာမှာပဲဖြစ်ပါတယ်
ဘယ်သူတွေကို ဦးစားပေးမှာလဲ ?
မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေက ကျောင်းသူကျောင်းသားတွေဖြစ်ပါတယ်။ Australia ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လာရောက်ကျောင်းတက်သူတွေ အများအပြားရှိကြပေမယ့် ထိုနိုင်ငံဟာ အရှေ့အာရှထဲမှာပါဝင်တာဖြစ်လို့ မြန်မာကျောင်းသူကျောင်းသားများအနေနှင့် ဝင်ခွင့်ရနိုင်မနိုင်ဆိုတာအတွက် အရမ်းကြီး ပူပန်ဖို့ မလိုကြောင်း သတင်းကောင်းပါးအပ်ပါတယ်....
#2025 #2026
01/09/2025
AI as your personal tutor
ကျွန်တော်တို့ အကုန်လုံး သိပြီးသလိုဘဲ AI tool တွေက သင်ယူမှုကို တကယ်ကိုဘဲ လွယ်လင့်တကူဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ အဲ့တာဆို AI tool တွေကို personal tutor အနေနဲ့သုံးရင် ဘယ်လိုတွေလုပ်ပေးနိုင်မလဲ၊ ဘယ်လိုတွေ မေးရင် ထိရောက်တဲ့ အဖြေတွေရနိုင်မလဲဆိုတာ အောက်မှာ ဖော်ပြပေးထားပါတယ်။
📌Complex topic များကို နားလည်ရန်
ကျွန်တော်တို့ နေ့စဉ်ကျောင်းစာ၊ assignment တွေ၊ စာမေးပွဲတွေအတွက်ပြင်ဆင်ရာမှာ နားလည်ရ ခက်တဲ့ အကြောင်းအရာတွေရှိတယ်။ Professor ကရှင်းပြသော်ငြား၊ ကိုယ်က နားမလည်လိုက်သည်ဖြစ်စေ၊ ကိုယ်က ရှင်းရှင်းလင်းလင်းပိုပြီးသိချင်တာ ဖြစ်စေ AI ကု် "explain this in simple Burmese or English “ ဆိုပြီး မေးနိုင်ပါတယ်။
Exam practical tips
ဥပမာ - ကျွန်တော်တို့ မနက်ဖြန် macroeconomic examination ရှိတယ်ဆိုကြပါဆို့။ Chapter တွေအကုန်လုံးတော့ ကြည့်ပြီးပြီ၊ ဒါပေမဲ့ အကုန်လုံးကို revision လုပ်ဖို့ အချိန်မလောက်ဘူး၊ specific chapter တစ်ခုကိုဘဲ ပိုပြီး မှတ်မိချင်တာဖြစ်စေ၊ ပိုပြီးရှင်းရှင်းလင်းလင်း သိချင်တာ ဖြစ်စေ၊ အဲ့လိုမျိုးဆို ကျွန်တော် တို့က ဥပမာ macroeconomis ရဲ့ chapter တစ်ခုဖြစ်တဲ့ " the market forces of supply and demand” အတွက် quick notes၊ flash cards တွေ၊ Q&As တွေ၊ MCQs တွေ AI ကိုထုတ်ခိုင်းလို့ရပါတယ်။ အဲ့ထည်းကမှ မရှင်းတာရှိရင်လည်း detail ပြန်မေးလို့ရပါသေးတယ်။
📌AI နှင့် စာအုပ်၊ article များကို summarize ပြုလုပ်ခြင်း
ကျွန်တော်တို့ Thesis တွေ၊ class assignment တွေအတွက် စာအုပ်တွေ၊ articles တွေဖတ်ရတဋတွေရှိမယ်။ ကိုယ်ကိုတိုင် ကလည်း တစ်အုပ်လုံး သို့မဟုတ် article တစ်ခုလုံးကို ဖတ်ဖို့ အချိန်မပေးနိုင်ရင် ကျွန်တော်တို့ summarize လုပ်ခိုင်းပြီးတော့ key topicsတွေကို quick notes ထုတ်ခိုင်းတာတွေ လုပ်နိုင်ပါတယ်။
📌AI ကို language partner/ conversation practice အနေနဲ့ အသုံးချခြင်း
ကျွန်တော်တို့ AI နဲ့ one to one real-life scenrio များကို simulate လုပ်ပြီး စကားပြော လေကျင့်နိုင်ပြီးတော့ pronounciation မှားရင်ဖြစ်စေ၊ grammar မှားရင်ဖြစ်စေ conversation ဆုံးရင် အမှားတွေကို list လုပ်ဖို့ prompt ပေးခြင်းဖြင့် အမှားတွေကို ပြန်သိပြီး improve လုပ်နိုင်ပါတယ်။
Caution - တစ်ခါတစ်လေမှာ AI တွေက perfect ဖြစ်နေတာ မဟုတ်တဲ့ အတွက်ကြောင့်မို့ fact check တာဖြစ်စေ၊ ၂ ခေါက်လောက် မေးတာ ဖြစ်စေ လုပ်သင့်ပါတယ်။
30/05/2025
🔵 ကျောင်းသူကျောင်းသားများအတွက် ပြည်ပတက္ကသိုလ်ဝင်ခွင့်ပြင်ဆင်ရတာတွေအပြင် မိသားစုအနေနဲ့ပါရွှေ့ပြောင်းခွင့်ကိုအကြံပေးဆွေးနွေးမှု ပြင်ဆင်မှုများပါဝင်မယ့် အစီအစဥ်ကောင်းတခု 🔴
Looking to prepare your children for universities abroad ? 🎓 + migrate your family ? 🧳✈︎ Of course, we care for your whole family...
-------------------------
ပြည်ပတက္ကသိုလ်တက်ဖို့ ကျောင်းလျှောက်တာမတိုင်ခင်မှာ ပြင်ဆင်မှုများစွာ လိုအပ်တယ်ဆိုတာ လူကြီးမိဘတို့အားလုံးသိထားပြီးဖြစ်မယ်ထင်ပါတယ်။ Multi-Somme မှာတော့ အဲ့လိုပြင်ဆင်မှုတွေရော၊ high school ပြီးရင် ကျောင်းသူကျောင်းသားတွေနဲ့ ကိုက်ညီမယ့် career roadmapping မျိုးရော၊ မိသားစုအတွက် migrate ရွှေ့ပြောင်းနိုင်မယ့် planning အစီအစဥ်များ ရှိနေပြီဖြစ်ပါတယ်
📍 Our pack includes 6 premium products (အဆိုပါ pack မှာတော့ product ၆ မျိုးပါဝင်ပါတယ်)
1. Career Mapping
2. CV/Résumè Crafting
3. SOP Letter Crafting
4. Proofreading
5. Research Work (*with Recommendation Letter)
6. Family Migration Advisory
📍 For who and how does it work ? (ဘယ်သူတွေအတွက် ဘယ်လိုမျိုးလဲ?)
🔵 High school ပြီးထားတဲ့သူတွေဖြစ်စေ/ Bachelor's ပြီးထားတဲ့သူတွေဖြစ်စေ မိမိတို့နဲ့ fit ဖြစ်စေမယ့်ဘာသာရပ်၊ စိတ်ဝင်စားတဲ့ဘာသာရပ်၊ အခြေချချင်တဲ့နိုင်ငံပေါ်မူတည်ပြီး job demand အခြေအနေ၊ residency နေထိုင်ခွင့်ပိုအားသာစေမယ့်နယ်ပယ်....အစရှိတာတွေပေါ်မူတည်ပြီး (1) Roadmap Planning လုပ်ပေးမှာဖြစ်ပါတယ်
🔵 ထို့နောက်မှာတော့ ကျောင်းလျှောက်ရာမှာလိုအပ်မယ့် (2) CV/Résumé ပြောင်းလဲပြင်ဆင်ခြင်း၊ (3) Statement of Purpose (SOP) / Motivational Letter ရေးသားနည်းများ၊ (3) Essay များအစရှိတာကို Proofreading ဆောင်ရွက်ပေးခြင်းများကို အထူးပြင်ဆင်ပေးမှာဖြစ်ပါတယ်။
🔵 Gap year လို့ခေါ်တဲ့ကျောင်းမလျှောက်ခင်ကြားကာလလွတ်နေတာမျိုးကိုပါ ဖြည့်ဆည်းပေးပြီး interview မှာလည်း experience အနေနဲ့ ဖြန့်ကျက်ဖြေဆိုလို့ရအောင်ပါ (5) Research Work အနေနဲ့ global issue/challenge/theme ကိုရွေးချယ်ပေးကာထည့်သွင်းနေရာချပေးမှာဖြစ်ပါတယ်။ CV ထဲမှာ work experience အပိုင်းအောက်မှာပါ ထည့်သွင်းလို့ရမှာဖြစ်ပါတယ်။ Multi-Somme ဖက်မှလည်း ကျောင်းလျှောက်ရာမှာ အထောက်အကူဖြစ်စေမယ့် Recommendation Letter ကိုထုတ်ပေးမှာဖြစ်ပါတယ်။
🧳✈️ ထို့နောက် မိသားစုဝင်များအတွက်လည်း မိမိတို့ရွှေ့ပြောင်းနေထိုင်ချင်တဲ့နိုင်ငံအလိုက် ရွှေ့ပြောင်းရေးအစီအစဥ် planning များဆွဲပေးမှာဖြစ်ပါတယ်။
📍 မိသားစုအတွက် အစအဆုံးပြင်ဆင်မှုများကိုရယူရန် စိတ်ဝင်စားပါက အောက်ပါအတိုင်းဆက်သွယ်နိုင်ပါတယ်။
Multi-Somme Policy and Civic Lab
Facebook: https://www.facebook.com/multi.somme/
Viber: +95 9 43202890
Email: [email protected]
17/05/2025
၂၀၁၈ မှစတင်ခဲ့တဲ့ Multi-Somme ဟာ ယခု ၂၀၂၅ ခုနှစ်အထိတိုင်အောင် ပြောင်းလဲမှုများစွာဖြစ်လာခဲ့ပါတယ်။ 🔴🔵⚪️
________________________________________________
ဘယ်လိုတွေဆင့်ကဲပြောင်းလဲလာသလဲဆိုတာကိုတော့ အဓိကအနေနဲ့ 1.0 ၊ 2.0 ၊ 3.0 ဆိုပြီး ကာလအပိုင်းအခြား ၃ မျိုးခွဲကာ ထူးခြားဖြစ်စဥ်တွေ၊ လုပ်ဆောင်ချက်တွေကို လက်ရှိကနေ ရပ်တည်စ ကာလအထိ အစဥ်လိုက်ညွှန်ပြပေးထားပါတယ်။
🟢 3.0 >
- ယခုလက်ရှိကာလနှင့် ဆက်လက်ပြီး ဖော်ဆောင်မယ့်အစီအစဥ်များဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တော့ ပြည်ပကျောင်းတက်မယ့်လူငယ်တွေအတွက် skill gap ဖြည့်ဆည်းပေးမှာမျိုးတွေ ဦးတည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
-အသေးစိတ်ကိုတော့ ထပ်ဆောင်းသီးသန့်ဖော်ပြပေးမှာဖြစ်ပါတယ်
🔵 2.0 >
-၂၀၂၅ ခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တက္ကသိုလ်အချို့တွင် တက်ရောက်နေသော ကျောင်းသူကျောင်းသားများအတွက် ပေါင်းကူးပညာရပ်များ၊ exchange အခွင့်အရေးများအတွက် ကိုယ်ရည်ကိုယ်သွေးတိုးမြှင့်မှုများ၊ သုတေသနနှင့်ဆန်းသစ်မှုနည်းနာများ ထည့်သွင်းဝေမျှပေးခြင်း၊ အလုပ်အကိုင်ပြင်ဆင်မှုစွမ်းရည်များတိုးတက်လာစေရေးနှင့်တကွ ပြင်ပဗဟုသုတအတတ်ပညာများ ထည့်သွင်းပို့ချသော နိုင်ငံတကာတက္ကသိုလ်များနည်းတူဖြစ်လာစေရန်အလို့ငှာ တက္ကသိုလ်ကော်မတီတို့အား အကြံပေးဆွေးနွေးမှုများ ကိုလည်း ပေးအပ်ဆောင်ရွက်ခဲ့ပါတယ်။
- ထို့ပြင် ဘာသာစကားစာမေးပွဲဖြေဆိုရာတွင် သုံးရမည့်နည်းလမ်းနည်းနာများ၊ ဆောင်ရန်/ရှောင်ရန်များနှင့် သင်ထောက်ကူများမျှဝေပေးခြင်းများလည်း ပြုလုပ်ခဲ့ပါတယ်။
- နိုင်ငံတကာသုတေသနအဖွဲ့အစည်းများမှ ထိပ်တန်းဝါရင့်ပညာရှင်များနှင့်လည်း မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ဆိုင်ရာ (မြေငလျင်နှင့်စပ်လျဥ်း၍) ဆွေးနွေးသုံးသပ်ခြင်းများ၊ Multi-Somme မှပညာရှင်များ၏တွက်ချက်ဆန်းစစ်မှုများကိုလည်း အလျင်မြန်ဆုံးမျှဝေပေးအပ်ခဲ့ပါတယ်။
🔴 1.0 >
-၂၀၁၈ ကာလမှစ၍ ကျောင်းသူကျောင်းသားများအား တဦးချင်း သင်ကြားပေးခြင်း၊ mentorship ပြုလုပ်ပေးခြင်း၊ consulting ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကာ နှစ်ဦးကာလအတွင်းမှာပင် ကောလိပ် ၂၅ ခုနှင့်အထက်မှ ကျောင်းသူကျောင်းသားပေါင်းများစွာ၏ တခဲနက်အားပေးထောက်ခံမှုကိုရရှိခဲ့ပါသည်။
-၂၀၂၃-၂၀၂၄ ကာလအတွင်းတွင်လည်း နိုင်ငံပေါင်းများစွာ၊ကောလိပ်/ကျောင်းပေါင်းများစွာနှင့်ချိတ်ဆက်ထားသော ပြည်တွင်းပြည်ပအခြေစိုက်မဟာမိတ်ဖက်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကာ ကျောင်းသူကျောင်းသားများအား ပိုမိုချိတ်ဆက်ကူညီပေးရန်လုပ်ဆောင်ခဲ့ပါတယ်။
----------------
ဆက်လက်ပြီးတော့လည်း ဆန်းသစ်မှုများ၊ ပိုမိုကောင်းမွန်မှုများ ယူဆောင်ပေးလာမှာလည်းဖြစ်ပါကြောင်း အသိပေးလိုပါတယ်။ ကာလတလျှောက်တွင်လည်း အကူအညီပေးရန်အစဥ်အမြဲကမ်းလှမ်းပေးလျက်ရှိကြ/ရှိဆဲဖြစ်သော မိတ်ဆွေအဖွဲ့အစည်းများ၊ မိတ်ဆွေပုဂ္ဂိုလ်များအားလည်း အထူးပင်ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။ ⭐️
06/04/2025
One-month earthquake forecast (၁-လ အကြာကာလ ငလျင်ခန့်မှန်းချက်)
_____________________
Mw7.7 ငလျင်လှုပ်ခတ်ခဲ့တုန်းက ခန့်မှန်းထားချက်ထက် ဘယ်လောက်ပိုပြီး ပြင်းအားများ/အကွာအဝေးပြန့်ခဲ့သလဲ
stress ပြင်းအားက ဘယ်ဒေသတွေမှာ အဖျားရှူးပြီး လျော့နည်းသွားသလဲ
Geographical ပိုင်းအရ နိုင်ငံတဝန်း ဘယ်လိုရွေ့လျားမှုတွေရှိနေသလဲ
....အစရှိတာတွေကို ဖော်ပြပေးထားပါတယ်
*ဖော်ပြချက်တွေကတော့ temblor နဲ့ usgs ရင်းမြစ်တွေက ကောက်နှုတ်ချက်တွေကို Earthquake Research Institute (University of Tokyo) ၊ Institute of Earthquake Forecasting (China Earthquake Administration) ၊ Multi-Somme (Burma) တို့မှ သုတေသနပညာရှင်များ၊ အင်ဂျင်နီယာများက သုံးသပ်ထားတာဖြစ်ပါတယ်
03/04/2025
ယမန်နေ့နှင့်ယနေ့များတွင် ကျွန်ုပ်တို့ Multi-Somme မှတာဝန်ရှိသူက Singapore ၊ USA ၊ China ၊ Japan နိုင်ငံ ၄ နိုင်ငံရှိ ထိပ်သီးသုတေသနအဖွဲ့အစည်းများ၊ တက္ကသိုလ်များမှ ဝါရင့်သိပ္ပံပညာရှင်များနဲ့အဆက်အသွယ်ပြုလုပ်ရရှိခဲ့ပါတယ်...
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းကို ဗဟိုပြုကာလှုပ်ခတ်သွားတဲ့ ပြင်းအား ၇.၇ အဆင့်ရှိမြေငလျင်၊ ၁၉၃၀ ပဲခူးငလျင် နဲ့ စပ်လျဉ်းပြီး ဆွေးနွေးပြောဆိုခဲ့ကြရာမှ အချို့သိမှတ်ဖွယ်ရာများကို အားလုံးအတွက် အင်္ဂလိပ်ဘာသာစကားနှင့်မြန်မာဘာသာစကား ၂ မျိုးလုံးနှင့်ပါ ပြန်လည်မျှဝေပေးလိုက်ပါတယ်
ထိုမျှဝေချက်ထဲမှ —
Dr. Darren Chen ဟာ NTU Singapore မှာ B.Eng ကို 1st class နဲ့ပြီးစီးကာ Cambridge မှ PhD ရရှိခဲ့ပါတယ်။ လက်ရှိ NUS ရှိ Centre for Hazard Research (CHR) တွင်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ကမ္ဘာ့နေရာအနှံ့အပြားတွင် ငလျင်ဘေးဆိုင်ရာတာဝန်များဆောင်ရွက်ခဲ့ဖူးသူဖြစ်ပါတယ်။
Dr. Hiroe Miyake ကတော့ Kyoto University တွင် PhD အထိပြီးစီးကာ လက်ရှိ University of Tokyo ရှိ Earthquake Research Institute မှာတာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ငလျင်ဗေဒဆိုင်ရာအခန်းကဏ္ဍနှင့်အဖွဲ့အစည်းများတွင်လည်း ဝါရင့်အရေးကြီးပုဂ္ဂိုလ်အဖြစ်စွမ်းစွမ်းတမံဆောင်ရွက်နေတာဖြစ်ပါတယ်။
ယခုလိုမျှဝေပေးရတဲ့ ရည်ရွယ်ချက်ကတော့ အများပြည်သူတို့ ထိတ်လန့်ခြောက်ခြားခြင်းမဖြစ်စေရပဲ သတင်းမှန်ရရှိစေရေးအတွက် ဖြစ်ပါတယ်။ ဝါရင့်ပညာရှင်များ ကိုယ်တိုင်ပြောကြားထားတာဖြစ်လို့ ယုံကြည်ရတဲ့ source လည်းဖြစ်ပါတယ်။
01/04/2025
Singapore Red Cross Society မှ Myanmar နဲ့ Thailand ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီပေးဖို့အတွက် fundraising လုပ်တာ ၂ ရက်ရှိသွားပါပြီ ➕️
ယနေ့မှစပြီး ရက်ပေါင်း ၆၀ အထိ ပါဝင်အားဖြည့်နိုင်ပါသေးတယ်
Singapore မှာ နေထိုင်/ကျောင်းတက်နေသူတွေအတွက် Tax-free ဖြစ်မှာဖြစ်ပါတယ်၊ ကိုယ့်ရဲ့ NRIC/FIN/UEN ကိုဖြည့်စွက်လိုက်ရုံနဲ့ tax deduction (for Singapore) အတွက် claim လုပ်လို့ရမှာဖြစ်ပါတယ် 🆓️
၂ ရက်အတွင်း $827,154 အထိရလာအောင် ပါဝင်အားဖြည့်ပေးကြတဲ့ donor အားလုံး၊ NUS Red Cross Youth၊ NUS Disaster Management Group နှင့်တကွ National University of Singapore (NUS) မှကျောင်းသူကျောင်းသားများကိုလည်း အသိအမှတ်ပြုအပ်ပါတယ် 🇸🇬
$1 million ပမာဏပြည့်ဖို့အတွက်ဆိုရင်လည်း 18% တောင်မကျန်တော့တာဖြစ်လို့ အမြန်ဆုံးပြည့်မယ်လို့ ယုံကြည်ပါတယ်။
ပါဝင်အားဖြည့်လိုပါက – https://www.giving.sg/donate/campaign/src-myanmar-thailandearthquake
Sending prayers to whoever affected by the major earthquake...🕯🇲🇲
31/03/2025
ယမန်နေ့က ကျွန်ုပ်တို့ Multi-Somme မှတာဝန်ရှိသူနှင့် National University of Singapore Disaster Management Group တို့အဆက်အသွယ်ရရှိခဲ့ပါတယ်...
Singapore Red Cross နှင့် Singapore Red Cross Youth အဖွဲ့အစည်းများမှ ပြုလုပ်သော Myanmar နှင့် Thailand ငလျင်ဒဏ်သင့်ပြည်သူများအတွက် အကူအညီပေးအပ်မှုဆိုင်ရာ fundraising အစီအစဥ်ကို Singapore နိုင်ငံရှိ NUS တက္ကသိုလ်မှာ တက်ရောက်နေကြသော နိုင်ငံတကာမှ ကျောင်းသူကျောင်းသားများအကြား ပိုမိုသိရှိစေရန် NUS Disaster Management Group မှ ဖြန့်ကျက်မျှဝေပေးခဲ့ပါသည်။
ထိုသို့ ကူညီပေးမှုကြောင့်လည်း ၂၄ နာရီအတွင်းတွင် donor ပေါင်း ၇၆၇ ယောက်ကျော်မှ လှူဒါန်းအားဖြည့်ပမာဏ $၁၇၇,၅၀၀ များရရှိလာကာ target ဖြစ်သည့် $၅၀၀,၀၀၀ ပမာဏ၏ ၃၅.၅% သို့ရောက်ရှိလာပြီဖြစ်ပါတယ် (*ယခုထိ ဆက်လက်မြင့်တက်နေဆဲ)
ထို fundraising ကိစ္စရပ်ကို Singapore Red Cross အဖွဲ့အစည်းမှ လက်ခံ စီမံကွပ်ကဲတာဖြစ်ပါတယ်။ Link ကိုတော့အောက်မှာဖော်ပြပေးထားပါတယ် —
https://donate.redcross.sg/myanmar-thailandearthquake
..sending prayers to whoever affected by the major earthquake 🕯
30/03/2025
ယမန်နေ့များတွင်ဖြစ်ပေါ်ခဲ့ရှိသော ငလျင်ဘေးဒဏ်ကြောင့် လူအမြောက်အမြားပိတ်မိခဲ့ရာ အရေးပေါ်ကယ်ဆယ်ရေးများ၊ ဆေးရုံများအနေဖြင့် စဥ်ဆက်မပြတ် ကယ်ဆယ်ကုသနေရသည်ကိုတွေ့ရှိမိပါသည်။
ဆေးရုံခုတင်များမလောက်ငှခြင်း၊ အသက်ကယ်တင်ရန်အချိန်မမှီခြင်းတို့်မှ အတတ်နိုင်ဆုံးလျှော့ချရန် EZM 12 ကို inspiration ယူထားသည့် 15-sec window နည်းလမ်းကိုမျှဝေပေးလိုက်ပါတယ် —
နှလုံးခုန်နှုန်း (လက်ကောက်ဝတ်ဖြစ်စေ/မေးရိုးအောက်လည်ချောင်းဘေးဖြစ်စေ တိုင်းနိုင်သည်)ကို တိုင်းတာပြီး ၁၅ စက္ကန့်အတွင်း ရရှိလာသော အချက်ရေ အရေအတွက်ကို ၄ ဖြင့် မြှောက်ပါက bpm (beats per min) နှလုံးခုန်နှုန်းကို ပျမ်းမျှသိနိုင်ပါသည်။ (ဥပမာ - အချက်ရေ ၂၀ × ၄ = ၈၀ bpm)
သာမန်ကြည့်လျှင် အလုပ်ရှုပ်သဖွယ်မြင်စေရသော်လည်း ၁၅ စက္ကန့်ပေါ်မူတည်၍ ကယ်တင်ရမည့်လူနာများကို ပိုမိုကယ်တင်နိုင်မှာဖြစ်ပါတယ်
( ငြိမ်သက်ဆဲအနေအထားတွင် bpm ၆၀ အောက် နှင့် ၁၂၀ အထက်တွင်ရှိပါက ဂရုပြုသင့်ပါသည် )
ထို့အပြင် ဆေးရုံများတွင် လူအင်အားမလောက်ငှမှုများဖြစ်သဖြင့် အချိန်နဲ့တပြေးညီစောင့်ရှောက်မှုများ မလုပ်ဆောငိနိုင်ကြသေးပါကလည်း အချင်းချင်းဖြစ်စေ မိမိကိုယ်တိုင်ဖြစ်စေတိုင်းတာပြီး အရေးပေါ်အခြေအနေဖြစ်မဖြစ်ကို ဆန်းစစ်နိုင်ပါသည်။ (*အရေးပေါ်ကုသမှုမလိုအပ်သည့်/screening စစ်ဆေးမှုခံယူပြီးသူများကို ဆိုလိုပါသည်)
Sending prayers to whoever affected by the major earthquake...🕯
30/03/2025
လတ်တလောဖြစ်ပွားခဲ့သော 7.7 အဆင့်ရှိ မြေငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ နေထိုင်စရာဆုံးရှုံးသွားကြသူများအတွက် Mandalay မြို့အတွင်းတွင် emergency shelter များကို ဖော်ပြပါနေရာများတွင် on-ground မှ သက်ဆိုင်ရာ၊ပရဟိတအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြမည်ဆိုလျှင် ကောင်းမွန်သင့်လျော်ကြောင်း အကြံပေးချင်ပါသည်။
ရှာဖွေတွက်ချက်မှုများမှာ မန္တလေးမြို့ရှိ ဆေးရုံကြီး ၃ ခု (Ortho ခုတင် ၅၀၀၊ မြို့တော်ဆေးရုံ၊ ပြည်သူ့ဆေးရုံကြီး) မှ ၃.၃ ကီလိုမီတာ (3.3km) စက်ဝန်းအတွင်း open space ဖြစ်ပြီး လူများစွာဆံ့နိုင်သော နေရာများကိုစုစည်းတင်ပြထားတာဖြစ်ပါတယ်။ (*Indoor ဖြစ်သောနေရာများကတော့ aftershocks များငြိမ်သက်ပြီး ဒုတိယအဆင့် ပြန်လည်နေရာချထားရေး ဆောင်ရွက်ချိန်များမှာ သင့်လျော်နိုင်ပါတယ်)
ဝေဟင် Arial POV မှ radius circling နဲ့တွက်ချက်ထားတာဖြစ်သောကြောင့် ကုန်းလမ်းသွားလာမှုအတွက် အကွာအဝေးကွာဟမှုအနည်းငယ်ဖြစ်နိုင်ပါတယ်။
Sending sincere prayers to Mandalay and wherever affected 🕯️
15/01/2025
IELTS ထဲမှာ UKVI IELTS အမျိုးအစားက ဘာတွေအားသာချက်ရှိသလဲဆိုတာ သုံးသပ်ကြည့်ကြရအောင် 🔴⚪
—————————