21/08/2026
ကျွန်တော်တို့ မိသားစု SME တော်တော်များများ ကြုံဖူးတဲ့ ပြဿနာတစ်ခုရှိတယ်...
“ငါမရှိရင် မဖြစ်ဘူး၊ ငါပဲဝယ်၊ ငါပဲရောင်း၊ ငါပဲစာရင်းလုပ်၊ အားလုံးငါ့အလုပ်”
ဒါဟာ လုပ်ငန်း စနစ်မကျသေးတဲ့ လက္ခဏာပါ။
စနစ်ကျတဲ့လုပ်ငန်း (Business Systemization) ဆိုတာ ကိုယ်မရှိတဲ့အချိန်မှာတောင် အလုပ်တွေ ချောချောမွေ့မွေ့ ဆက်လည်နေတာပါ။
မိသားစု SME စနစ်ကျဖို့ အခုပဲ စလုပ်သင့်တဲ့ အဆင့် (၅) ဆင့် 👇
၁။ ငွေကြေးစနစ် အရင်ကျပါ
· လုပ်ငန်းအကောင့်နဲ့ အိမ်သုံးအကောင့် လုံးဝခွဲပါ။
· လစဉ် အသားတင်အမြတ် (ROI) တွက်ပါ။ ဘဏ်အတိုးထက် များရဲ့လားဆန်းစစ်ပါ။
· အနည်းဆုံး ၃ လစာ အရန်ငွေ သီးသန့်ထားပါ။
၂။ မိသားစုဝင်တွေရဲ့ အခန်းကဏ္ဍ ရေးသတ်မှတ်ပါ
· ဘယ်သူက ငွေကိုင်၊ ဘယ်သူက ဝယ်ယူရေး၊ ဘယ်သူက ရောင်းရေး ဆိုတာ Org Chart နဲ့ ရှင်းအောင်လုပ်ပါ။
၃။ လုပ်ငန်းလုပ်နည်း (SOP) စာရေးပါ
· ဆိုင်ဖွင့်/ပိတ်နည်း၊ ငွေသွင်းနည်း၊ ဖောက်သည်တိုင်ကြားချက် ကိုင်တွယ်နည်းတွေ ရေးမှတ်ထားမှ လူအသစ်တောင် လွယ်ကူစွာ လုပ်နိုင်မှာပါ။
၄။ ရိုးရှင်းတဲ့ ဒစ်ဂျစ်တယ်ကိရိယာတွေ သုံးပါ
· Google Sheets, Viber Group, စာရင်းကိုင် App တစ်ခုခုနဲ့ စနစ်ကို နည်းပညာနဲ့ထိန်းပါ။
၅။ ပုံမှန် Review အစည်းအဝေးလုပ်ပါ
· အပတ်စဉ် / လစဉ် ရောင်းအား၊ အမြတ်၊ ပြဿနာတွေ ပြန်သုံးသပ်မှ စနစ်က ရှင်သန်နေမှာပါ။
🎯 မှတ်ထားပါ – ပစ္စည်းများများရှိဖို့မလိုဘူး။ စနစ်ကျပြီး ငွေလည်သွက်ဖို့ပဲ လိုတယ်။
ခုချိန်ထိ ကိုယ့်လုပ်ငန်းကို ဘယ်ကစရမှန်းမသိ ဖြစ်နေတုန်းလား?
👉 KBS International မှာ SME တွေအတွက် လက်တွေ့ကျတဲ့ စနစ်ချပေးခြင်း၊ Coaching နဲ့ Training တွေ ရှိပါတယ်။
ကိုယ့်လုပ်ငန်းရဲ့ အားနည်းချက်ကို ပရော်ဖက်ရှင်နယ်တွေနဲ့ အတူဖြေရှင်းပါ။
📱 Hotline: 09-767002230, 09-450541444
📧 Email: [email protected]
📍 အမှတ် (၅)၊ လှည်းတန်း (၃) လမ်း၊ လှည်းတန်း၊ ကမာရွတ်၊ ရန်ကုန်။
ဒီပို့စ်ကို Save ထား၊ စနစ်ကျချင်တဲ့ SME သူငယ်ချင်းတွေကို Share ပေးလိုက်ပါ။ 💪
🏢 KBS International Consultancy, Coaching & Training Services
📍 အမှတ် (၅)၊ လှည်းတန်း (၃) လမ်း၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
📱 Hotline: 09-767002230, 09-450541444
📧 Email: [email protected]
"Empowering Leaders, Transforming Organizations." 💪
🌟 ကျွန်တော်တို့၏ အဓိက ဝန်ဆောင်မှုများ -
1. Business Coaching & Consultancy
2. Strategic Startup Support
3. Finance & Accounting Internal Control System
4. HR Outsourcing (One-Stop Solutions)
5. Talent Management Solutions
6. Corporate Management Training
7. Digital Business Management
8. Customer Experience & Sales Optimization
9. Leadership Development
10. Strategic Sales & Marketing Training
11. General Management Training
#စနစ်ကျစီးပွားရေး
#စနစ်ကျစီးပွားရေး
KBS International Consultancy, Coaching & Training Services
Zaw Win - Business Coach & Consultant
Zaw Win - Jobs4U