My FIC - Myanmar Fisheries Information Center

My FIC - Myanmar Fisheries Information Center

Share

A project by WorldFish Myanmar and the Department of Fisheries to provide research data for relevant NGOs, research institutions, and universities.

12/11/2025

အားလုံးပဲ မင်္ဂလာပါ ..

MCCLမှ မြန်မာ့ရေပြင်မှာ တွေ့ရတဲ့ ပင်လယ်နေနို့တိုက်သတ္တဝါတွေ (၃၃) မျိုးအကြောင်းကို ဖော်ပြခဲ့ပြီးနောက်မှာတော့ ၎င်းတို့ရဲ့အသားစားသုံးမှုနဲ့ ပတ်သက်ပြီး သက်ရောက်တဲ့ကျန်းမာရေးဆိုးကျိုးအကြောင်းကို သိပ္ပံနည်းကျ အထောက်အထားများနဲ့အတူ မျှဝေပေးချင်ပါတယ်။

ပင်လယ်နေနို့တိုက် သတ္တဝါတွေဖြစ်တဲ့ လင်းရှူး၊ လင်းပိုင်နဲ့ ဝေလငါးတို့ဟာဆိုရင် ပင်လယ်သမုဒ္ဒရာအစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ မျိုးစိတ်တွေဖြစ်ပြီး သက်တမ်းအားဖြင့်လည်း ကြာရှည်စွာနေထိုင်နိုင်တဲ့မျိုးစိတ်တွေဖြစ်တာကြောင့် ၄င်းတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ မာကျူရီဒြပ်စင် တွေစုစည်းနေပါတယ်။ ပင်လယ်ရေညစ်ညမ်းလာတာနဲ့အမျှ အမျှ၄င်းတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ လူသားတို့အသုံးပြုတဲ့ ပစ္စည်းတွေမှာ ပါဝင်တဲ့ ဓာတုဒြပ်ပေါင်း “PCBs” တွေအပြင် စွန့်ပစ် ပလတ်စတစ်ပစ္စည်းတွေကနေ ဖြစ်ပေါ်လာတဲ့ သေးငယ်လွန်းတဲ့ ပလတ်စတစ်အမှုန်အမွှားတွေလည်း များစွာစုစည်းနေပါသေးတယ်။

ပြဒါး ခေါ် မာကျူရီ (Hg) ဟာ ရေ၊ လေ၊ မြေ စတဲ့ သဘာဝထဲမှာပုံစံအမျိုးမျိုးအနေနဲ့ရှိနေပြီး လူသားတွေအသုံးပြုတဲ့ အပူချိန်တိုင်းကိရိယာ၊ လေထုဖိအားတိုင်းကိရိယာ၊ ဘက်ထရီများ၊ ပိုးသတ်ဆေးအချို့စတဲ့ ပစ္စည်းတွေမှာပါဝင်တဲ့အပြင် ရွှေတူးဖော်ရာမှာလည်း အသုံးပြုကြပါတယ်။ ဘယ်လို ပြဒါးမျိုးမဆို တိရစ္ဆာန်နဲ့ လူတွေရဲ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မှု ပမာဏများပါက အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

မာကျူရီ (Hg) လို့ ခေါ်တဲ့ ပြဒါးဟာ – လူတွေအသုံးပြုတဲ့ အပူချိန်တိုင်းကိရိယာ၊ လေထုဖိအားတိုင်းကိရိယာအပြင်၊ ​ဘက်ထရီများနဲ့ ပိုးသတ်ဆေးအချို့စတဲ့ ပစ္စည်းတွေမှာပါဝင်တဲ့ ဓါတုဓါတ်တစ်မျိုးဖြစ်ပြီး - မိမိတို့ပတ်ဝန်းကျင်ရှိ ရေ၊ လေ၊ မြေ ထဲမှာပုံစံအမျိုးမျိုးအနေနဲ့ရှိနေနိုင်ပါတယ်။ ဒီပြဒါးဟာ သက်ရှိခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မှု ပမာဏများပါက တိရစ္ဆာန်နဲ့ လူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

PCBs ဆိုတဲ့ လူလုပ်ဓာတုဓာတ်ပေါင်းဟာ ဖိအားနဲ့ အပူခံနိုင်စွမ်း၊ ပစ္စည်းတွေရဲ့ တာရှည်ခံနိုင်စွမ်းမြင့်မားစေရန်အတွက်ထည့်သွင်းအသုံးပြုကြတဲ့ ဓာတုဓာတ်ပေါင်းဖြစ်ပြီး စက်ပစ္စည်းများစွမ်းအင်လည်ပတ်ရာမှာ သုံးတဲ့ အရည်နဲ့ အဆီများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးသုတ်ပစ္စည်းများ၊ ရာဘာပစ္စည်းများနဲ့ carbonless copy paper စာရွက်တွေမှာ ပါ၀င်ပြီး သေသေချာချာမစွန့်ပစ်ခဲ့ရင် အဆိပ်သင့်ဓာတုဒြပ်ပေါင်းအဖြစ် အန္တရာယ်ပြုနိုင်ပါတယ်။

မိုက်ခရိုပလတ်စတစ် ကိုတော့ လူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့ ရေချိုးဆပ်ပြာ၊ သွားတိုက်ဆေး နဲ့ အလှပြင်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုကြတာတွေရှိပါတယ်။ ဒါ့အပြင် လူသားတွေအသုံးပြုပြီးစွန့်ပစ်လိုက်တဲ့ ပလတ်စတစ်ပစ္စည်းတွေကနေတစ်ဆင့် ပတ်ဝန်းကျင်ထဲရောက်လာပြီး အမှုန်အမွှားများအဖြစ်ပြိုကွဲသွားပါတယ်။ ၎င်းတို့ဟာ နည်းအမျိုးမျိုးနဲ့ သတ္တဝါများရဲ့ အစာလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်ရှိအဆီနဲ့ အသားထဲသို့ ဝင်ရောက်စုံပြုံနေတတ်တဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

သြစတေးလျအခြေစိုက် လင်းပိုင်များနဲ့ ပတ်သက်ပြီး သုတေသနလုပ်ဆောင်တဲ့အဖွဲ့ ကနေပြီးတော့ ဂျပန်နိုင်ငံ အွန်လိုင်းစျေးမှ ရီဆို Risso’s လင်းပိုင် ကိုယ်တွင်းအင်္ဂါရဲ့ အစိတ်အပိုင်းအချို့ကို သုတေသနပြုလုပ်ရန်အတွက် ဝယ်ယူခဲ့ပါတယ်။ သုတေသနပြုလုပ်ခဲ့တဲ့ စမ်းသပ်ချက်တွေအရ Risso’s လင်းပိုင်ရဲ့ ကိုယ်တွင်းအင်္ဂါထဲမှာ ပြဒါးပါဝင်မှုနှုန်းဟာ ၃၉ မိုက်ခရိုဂရမ် အထိ တွေ့ရှိရပြီး၊ ဒီပမာဏဟာ ဂျပန်ကျန်းမာရေး၀န်းကြီးဌာနရဲ့ အကြံပြုထားတဲ့ အသားထဲမှာပါ၀င်တဲ့ စားသုံးရန်ဘေးကင်းတဲ့ပမာဏ 0.4 မိုက်ခရိုဂရမ် ထက် ၉၇.၅ ဆ ပိုမိုများပြားနေတာကို တွေ့ရပါတယ်။ 🇰🇷 တောင်ကိုရီးယားနိုင်ငံမှာလည်း စျေးထဲမှာရောင်းချကြတဲ့ ဝေလငါးနဲ့ လင်းပိုင်အသားနမူနာတွေရဲ့ တစ်ဝက်ကျော်ဟာ ကိုးရီးယား ကျန်းမာရေးဆိုင်ရာအာဏာပိုင်များမှ ချမှတ်ထားတဲ့ အသားအစို ၁ ဂရမ် (၆၁.၂၈ ကျပ်သား) တွင် စားသုံးရန်ဘေးကင်းတဲ့ပမာဏ ၀.၅ မိုင်ခရိုဂရမ် ထက်များစွာ ကျော်လွန်နေတယ်လို့ Endo နဲ့ အခြားသုတေသီများက ၂၀၀၇ ခုနှစ်က လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။

U.S.EAP နဲ့ WHO/JECFA ရဲ့ ထုတ်ပြန်ထားချက်အရ တစ်ရက်လျှင် ခန္ဓာကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် အသားထဲ ပြဒါးပါ၀င်မှုနှုန်း ၀.၁ မိုင်ခရိုဂရမ် မှ ၀.၂၃ မိုင်ခရိုဂရမ်အထိသာ စားသုံးရန်ဘေးကင်းတယ်လို့ ဖော်ပြထားပါတယ် (ဥပမာ ခန္ဓာကိုယ်အလေးချိန် ၁၃၀ ပေါင် (၆၀ ကီလိုဂရမ်) ရှိသူများသည် စားသုံးရန်ဘေးကင်းတဲ့ ပမာဏတစ်နေ့လျှင် ၆ မှ ၁၄ မိုင်ခရိုဂရမ်အတွင်းသာစားသုံးသင့်ကြောင်းအကြံပြုထားပါတယ်)။
ဒါကြောင့် ဒီသတ္တဝါတွေရဲ့ အသားနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို စားသုံးမိခြင်းဟာ လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ဖော်ပြထားချက်အရ ကိုယ်ဝန်ဆောင်မိခင်ဟာ ပြဒါးပမာဏ အနည်းငယ်ပါ၀င်သော အသားအစိတ်အပိုင်းတို့ကို စားသုံးမိရုံမျှဖြင့်ပင် မိခင်ဝမ်းဗိုက်ထဲရှိ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒီဓာတုပစ္စည်းတွေဟာ ဦးနှောက်နဲ့ အာရုံကြောစနစ်ထိခိုက်ခြင်း၊ ဟော်မုန်းမညီမျှခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်ခြင်းနဲ့ မျိုးဆက်ပြန့်ပွားမှုကို ထိခိုက်စေခြင်းစတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
စပိန်နိုင်ငံမှာတော့ မကြာခဏသောင်တင်တတ်တဲ့ လင်းရှူး၊ လင်းပိုင်မျိုးစိတ် ၃ မျိုးကို သုသေတနပြုလုပ်ထားချက်အရ ၄င်းတို့ရဲ့ ခန္ဓာကိုယ်ရှိအဆီပြင် (၁) ဂရမ်မှာ PCBs ပါ၀င်မှုနှုန်း ၀.၃၂ မှ ၁၆၀.၇၄ မိုက်ခရိုဂရမ်အတွင်းပါဝင်တယ်လို့သိရပါတယ်။ လူတွေရဲ့ ကျန်မားရေးအပေါ်သက်ရောက်နိုင်တာကတော့ နှလုံးသွေးကြောဆိုင်ရာပြဿနာများ၊ အသည်းနှင့်ဆိုင်သောရောဂါများ နဲ့ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းကို တိုးမြှင့်စေပါတယ်။

အခြားသော သုတေသနတွေအရ ဝေလငါးတွေရဲ့ အဆီ၊ အဆုတ် တွေမှာ မိုက်ခရိုပလတ်စတစ်တွေ စိမ့်ဝင်နေတာကိုလည်း တွေ့ရှိရပါတယ်။ မိုက်ခရိုပလတ်စတစ်ပါ၀င်နေသော ၄င်းသတ္တဝါများရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ စားသုံးခြင်းနှင့် ပတ်သက်ပြီး လူတွေရဲ့ကျန်မာရေးအပေါ်သက်ရောက်မှုများကို ယခုအချိန်ထိ သိပ္ပံပညာရှင်များက အတိအကျ သတ်မှတ်နိုင်ခြင်း မရှိသေးသော်လည်း ပလတ်စတစ် ဓာတုပစ္စည်းများ၏ သက်ရောက်မှုသည် ရေနေသတ္တဝါများကိုပါမကဘဲ လူသားများရဲ့ ကျန်းမာရေးအပေါ် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် တစ်ကမ္ဘာလုံးအတိုင်းအတာ အနေနဲ့ ရှိနေပါတယ်။​ ကမ္ဘာတစ်ဝန်းရှိ အချို့နေရာများတွင် ဝေလငါးနဲ့ လင်းပိုင်အသားများကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးနေကြပြီး အချို့နိုင်ငံတွေမှာ ၎င်းကို ရိုးရာအစားအစာအဖြစ်သတ်မှတ်ပြီး ထုံးတမ်း အစဉ်အလာအရ စားသုံးကြပါတယ်။ ဤသိပ္ပံဆိုင်ရာအချက်အလက်များကို မျှဝေခြင်းသည် စားသုံးခြင်း ရိုးရာဓလေ့များကို ထိပါးရန် မဟုတ်ဘဲ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအပါအဝင် လူသားများအားလုံး၏ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ အသိပညာတိုးပွားရန်နှင့် ပြန်လည်မျှဝေနိုင်ရန်အတွက်သာ ရည်ရွယ်ပါတယ်။ အောက်က ပုံစာမှာလည်း ပုံနှင့်တကွ အကျဉ်းချုံးဖော်ပြထားတာကို လေ့လာနိုင်ပါတယ်။




ကိုးကားချက်များ

References:
Merrill, G. B., Hermabessiere, L., Rochman, C. M., & Nowacek, D. P. (2023). Microplastics in marine mammal blubber, melon, & other tissues: Evidence of translocation. Environmental Pollution, 335, Article 122252. https://doi.org/10.1016/j.envpol.2023.122252
Endo, T., Ma, Y.-U., Baker, C. S., Funahashi, N., Lavery, S., Dalebout, M. L., Lukoschek, V., & Haraguchi, K. (2007). Contamination level of mercury in red meat products from cetaceans available from South Korea markets. Marine Pollution Bulletin, 54(6), 669–677. https://doi.org/10.1016/j.marpolbul.2007.01.028
McCurry, J. (2023, April 18). Japan’s ‘toxic’ dolphin meat contains mercury up to 100 times safe level, test shows. The Guardian. https://www.theguardian.com/world/2023/apr/18/japans-toxic-dolphin-meat-contains-mercury-up-to-100-times-safe-level-test-shows
Gutiérrez-Muñoz, P., Pérez-Fernández, B., Saavedra, C., Covelo, P., Méndez-Fernández, P., López, A., Viñas, L., & Pierce, G. J. (2024). Monitoring levels of polychlorinated biphenyls (PCBs) in three cetacean species stranded in Galicia (Spain), NE Atlantic. Marine Pollution Bulletin, 199, 116–125. https://doi.org/10.1016/j.marpolbul.2024.117126
UN Environment Programme. (2019, October 29). Mercury in your body – A threat to your health [Video]. YouTube. Retrieved October 11, 2025, from https://youtu.be/py3QiZj

Virginia Department of Environmental Quality. (2018, May 2). What are PCBs [Video]. YouTube. Retrieved October 11, 2025, from https://youtu.be/qZNlBm_gRdU?si=1DUZ6n_8uMZdrvAJ

World Health Organization. (2007). Safety evaluation of certain food additives and contaminants. WHO Food Additives Series, No. 58. https://apps.who.int/food-additives-contaminants-jecfa-database/Document/Index/9006

Photos from Ivatan Fisheries Professionals's post 10/11/2025
15/07/2023

အားလုံးပဲ မင်္ဂလာပါ...
ဒီတစ်ပတ်မှာတော့ ပင်လယ်နို့တိုက်သတ္တဝါ(လင်းရှူး၊ လင်းပိုင်) အသားတွေကို စားသုံးမှုတိုးလာရတဲ့ အကြောင်းအရင်းတွေကို မျှဝေပေးချင်ပါတယ်။ ဒီအကြောင်းအရာများကို မျှဝေရာမှာ မည်သည့် ဒေသခံတစ်ဦးတစ်ယောက်အပေါ်မှာမှ အဆိုးမြင်အပြစ်တင် ထိခိုက်လိုသော ရည်ရွယ်ချက်မျိုးနှင့် ဝေမျှခြင်း မဟုတ်ပဲ လက်ရှိ ဖြစ်ပွားနေတဲ့ အကြောင်းရင်းများကို အသိပညာ ရစေလိုခြင်းသာ ဖြစ်ပါသည်။

အချို့ဒေသရှိ ငါးဖမ်းပိုက်တွေမှာ မတော်တဆဖမ်းရာမှသေဆုံးသွားတဲ့ပင်လယ် နေနို့တိုက်သတ္တဝါ (လင်းရှူး၊ လင်းပိုင်) အသားများကို စားသုံးမှုများ တိုးလာပါတယ်။ ဒီလိုစားသုံးမှုတိုးလာခြင်းက လူတွေရဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာ နဲ့ ရှားပါးမျိုးစိတ်ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် အဟန့်အတားများကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ပင်လယ်နေ နို့တိုက် သတ္တဝါများစားသုံးမှု နဲ့ အသုံးပြုမှုကို လှုံ့ဆော်ပေးနေတဲ့ အကြောင်းအရာ၊ တွန်းအားများကို ကျွန်ုပ်တို့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်နားလည်သဘောပေါက်ဖို့ မရှိမဖြစ်မနေလိုအပ်ပြီး အသိပညာမြှင့်တင်ရန်အတွက် MCCL သုတေသနမှတွေ့ရှိသော အချက်အလက်များကို မျှဝေလိုက်ရပါတယ်။

လာမယ့် အပတ်မှာလည်း ပင်လယ်နေနို့တိုက်သတ္တဝါအသားများ စားသုံးခြင်းကြောင့်လူ့ကျန်းမာရေးနဲ့ ထိန်းသိမ်းရေး အပေါ် ကျရောက်နိုင်သောဆိုးကျိုးသက်ရောက်မှုများကို ဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်။

28/06/2023

ဒီနေ့ရဲ့ ရောက်တတ်ရာရာ အဏ္ဏဝါသုတကမ္ဘာမှာတော့ ကိုယ်ဝန်ဆောင်တဲ့ဖြစ်စဉ်ကို မျှဝေခံစားတဲ့ ကြည်နူးစရာ ရေနဂါး (Sea Horse)လေးတွေ အကြောင်းကို ဝေမျှပေးချင်ပါတယ်။

ရေနဂါးတွေဟာ ကဗျာဆန်တဲ့ချစ်ခြင်းကို ပုံဖော်တဲ့ ရေနေသတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။ လူတွေလက်မထပ်ခင် ချိန်းတွေ့ပြီး ချစ်ခြင်းကိုတစ်ဆင့်ချင်း တည်ဆောက်ကြသလိုပဲ လက်တွဲဖော်အဖြစ် ရွေးချယ်ထားတဲ့ ရေနဂါးအချင်းချင်းဟာလည်း မိတ်မလိုက်ခင်မှာ နေ့တိုင်း သူတို့ရဲ့အမြှီးတစ်ခုနဲ့ တစ်ခုကို တွယ်ချိတ်ပြီး​ တစ်ကိုယ်လုံးလှည့်ပတ်ကကြရင်း သူတို့ရဲ့ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်ကြပါတယ်။ ဒီလိုနေ့တိုင်း က​ကြရင်း သူတို့ရဲ့ ချစ်ခြင်းသံယောဇဉ်တွေ ခိုင်မာသွားပြီလို့ သေချာတဲ့အချိန်မှာ မိတ်လိုက်တာကို စတင်ပြုလုပ်ကြပါတယ်။

မိတ်လိုက်တဲ့အချိန်မှာ အမဟာ သူရဲ့ဥပို့ပြွန်ကနေတစ်ဆင့် အထီးရဲ့ဗိုက်ပေါ်က ဥဝပ်ပေးမယ့် အိတ်ကပ်လေးထဲကို ဥတွေ သွင်းထည့်ပေးလိုက်ပါတယ်။ ပြီး​တော့ အထီးဟာ ဥလေးတွေ သန္ဓေအောင်စေဖို့် သူရဲ့ဥဝပ်အိတ်ကပ်လေးထဲကို သုတ်ရည်တွေ လွှတ်ထုတ်လိုက်ပါတယ်။

ဒီလိုနဲ့ တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်လောက် ကြာတဲ့အချိန်မှာ အထီးဟာ သူ့ရဲ့ခန္ဓာကိုယ်တင်းလာတာ ခံစားရပြီဆိုတာနဲ့ အကောင်ပေါက်လေးတွေကို မွေးထုတ်လိုက်ပါတော့တယ်။ ဒီလိုပုံစံနဲ့ ရေနဂါးအထီးလေးတွေဟာ ကိုယ်ဝန်ဆောင်တဲ့ဖြစ်စဉ်ကို အမကိုယ်စား နွေးထွေးစွာ လုပ်ဆောင်ပေးကြပါတယ်။

03/05/2023

အာလုံးပဲ မင်္ဂလာပါ…..
MCCL ကနေ မြန်မာနိုင်ငံမှာ တွေ့ရတဲ့ “ပင်လယ်နေနို့တိုက်သတ္တဝါများအကြောင်း သိကောင်းစရာ” အစီအစဉ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဒီအစီအစဉ်မှာတော့ မြန်မာနိုင်ငံမှာ ကျက်စားတဲ့ ပင်လယ်နေနို့တိုက်သတ္တဝါများ၊ ဒေသခံတွေနဲ့ ၎င်းတို့အကြား အပြန်အလှန်ဆက်နွယ်မှုများ၊ သောင်တင်ခြင်း ဖြစ်စဉ်များ၊ မြန်မာနိုင်ငံအတွင်း ထိန်းသိမ်းရေးလုပ်ငန်းအခြေအနေများ၊ ၎င်းတို့အပေါ်ကျရောက်နေတဲ့ ခြိမ်းခြောက်အန္တရာယ်များနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှု အရေးကြီးပုံ တို့ ပါဝင်မှာဖြစ်ပြီး လစဉ် ဒုတိယအပတ် သောကြာနေ့တိုင်းမှာ သတင်းအချက်အလက်များ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ ဒီလမှာတော့ မြန်မာနိုင်ငံမှာတွေ့ရတဲ့ ကမ္ဘာ့အကြီးဆုံး သတ္တဝါများထဲမှာပါတဲ့ သွားမပါဝေလငါးဘလင်း (Baleen Whales) ဝေလငါးမျိုးစိတ်တွေအကြောင်း ကို အောက်ပါ ပုံစာမှာ လေ့လာကြရအောင်။

သွားမပါဝေလငါးမျိုးစိတ်တွေမှာ သွားတွေအစား မေးရိုးတလျှောက် ကြမ်းရှတဲ့ အမျှင်ကြမ်းတွေပါရှိပါတယ်။ ၎င်းအမျှင်ကြမ်းတွေက ပင်လယ်ထဲက ပင်မွှားတွေ၊ မျှောတွေ၊ ပုစွန်ဆိတ်တွေနဲ့ ကင်းမွန်ကောင် သေးသေးလေးတွေကို စစ်ယူစားသုံးဖို့ အသုံးဝင်ပါတယ်။ ဒီဝေလငါးမျိုးစိတ်တွေဟာ အလွန်ကြီးမားလေ့ရှိပြီး မြန်မာနိုင်ငံအတွင်းမှာ အထူးပြုလေ့လာထားခြင်းမရှိသေးသလို ဦးတည်ထိန်းသိမ်းခြင်းများလည်း မရှိသေးပါဘူး။ ဒီပုံမှာပါတဲ့ မျိုးစိတ်တွေက မြန်မာနိုင်ငံမှာ ကျက်စားလျက်ရှိနိုင်ကြောင်းကို ကမ်းရိုးတန်းတစ်လျောက် သောင်တင်ခြင်း ဖြစ်ရပ်များ၊ ရေကြောင်း ကုန်သွယ်နှင့် ခရီးသွားယာဥ်များ၏ သတင်းပို့ချက်များဖြင့်သာ ခန့်မှန်းထားခြင်းဖြစ်တယ်။ ဒါကြောင့် သူတို့တွေရဲ့ အလေ့အထ သဘောသဘာဝတွေကို တိတိကျကျ သိရှိဖို့ရာ နိုင်ငံအတွင်း လိုအပ်လျက်ရှိပါတယ်။



Photos from Myanmar Coastal Conservation Lab's post 03/05/2023
26/03/2023

ရေဝပ်ဒေသဆိုတာကတော့ အားလုံးသိကြတဲ့ အတိုင်း ကုန်းတွင်းတွေမှာ ရေလွှမ်းခြုံနေတဲ့ နေရာများဖြစ်ပြီး အမြဲမပြတ်ပြောင်းလဲနေတဲ့ ထူးခြားသော ဂေဟစနစ်တစ်ခုဖြစ်ပါတယ်။ ရေဝပ်ဒေသများသည် ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော လူသားတို့၏ အစားအစာများနှင့် အလုပ်အကိုင်အခွင့်လမ်းများ ကိုထောက်ပံ့ပေးရုံသာမက ရေကြီးရေလျှံခြင်းနှင့် မုန်တိုင်းတို့ကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုများကို ထိန်းညှိပေးပါသည်။ထို့အပြင် ရေတိုက်စားမှုအားတားဆီးပေးပြီး နှုန်းအနည်နစ်များပို့ချရာတွင်လည်း ကူညီပေးပြန်ပါသည်။
ရေဝပ်ဒေသများသည် ကျေရိုးမဲ့သတ္တဝါငယ်များနှင့် သားငါးပေါကြွယ်ဝသောကြောင့် ကမ္ဘာပေါ်ရှိဆောင်းခိုငှက်များက သားပေါက်ရန်နှင့် ဆောင်းခိုရန် အဓိကလာရောက်ကျက်စားလေ့ရှိကြသည်။ ဤသို့သော ကောင်းမွန်သည့်ဂေဟစနစ်များ ရှိနေခြင်းကြောင့် ရေဝပ်ဒေသများသည် လူသားများအတွက် ရေကြည်ရေသန့်ထုတ်လွှတ်ပေးခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သိုလှောင်ရာအဖြစ် အရေးပါပြီ စိတ်ညစ်ညူးမှုများကို ပြေပျောက်စရာ အပန်းဖြေသည့် နေရာတစ်ခုအဖြစ်လည်း ထောက်ပံ့ပေးလျက်ရှိပါသည်။
ထို့ကြောင့် ဤကဲ့သို့ အဖိုးတန်သော ရေဝပ်ဒေသများ ကမ္ဘာပေါ်တွင် မပျောက်ကွယ် အောင်ထိန်းသိမ်းရန် လွန်စွာအရေးကြီးပါသည်။

12/03/2023
12/03/2023

အားလုံးမင်္ဂလာပါ..

ပြီးခဲ့တဲ့အပတ်က ပင်လယ်နေနို့တိုက်သတ္တဝါတွေ အရှင်သောင်တင်တဲ့အခါ ပြုလုပ်သင့်တဲ့အရာနဲ့ ရှောင်ရှားရမည့်အရာတွေ မျှဝေပြီးပြီးမို့ ဒီနေ့မှာတော့ ပင်လယ်နေနို့တိုက်သတ္တဝါ အသေသောင်တင်တဲ့အခါ ရယူထားနိုင်တဲ့ အချက်အလက်များအကြောင်းနဲ့
သေဆုံးသွား​တဲ့ခန္ဓာကိုယ်၏ အဆင့်သတ်မှတ်ချက်များကို MCCL မှမျှဝေလိုက်ရပါတယ်။.....



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon