MST HR & Talent Acquisition Consultancy Service

MST HR & Talent Acquisition Consultancy Service

Share

HR & Acqisition Talent Consulting Service

31/03/2026

New Class Will Start After Thingyan!
Contact: 09250640771

12/03/2026

Class: Brighter Future _4 Skills Class
Text: Headway (Pre-Intermediate)
Location: North Dagon (နာရီစင်မှတ်တိုင်အနီး)
Anyone interested and for detailed information, please contact to Viber 09250640771

Welcome to All.

08/10/2025

We are looking for a dynamic and experienced professional to join us as a "Senior Business Development Manager". Apply now to be part of our team!”

Role
• Highly motivated Business Development Manager to drive growth, and expand our market presence.
• The ideal candidate will define and implement a growth strategy aligned with business objectives in Yangon’s EV mobility sector. Drive growth in Yangon’s EV mobility sector through market analysis, strategic partnerships, and new revenue opportunities.
• Stay current on EV policies, regulatory trends, and transport infrastructure developments to refine business strategy.

Responsibilities
• Drive revenue growth by developing new streams, closing deals, and managing end-to-end sales.
• Maintain accurate deal pipelines using CRM tools. •Build business cases, proposals, and financial models to support partnerships and expansion.
• Collaborate with finance, operations, legal, and technical teams on pitches and ex*****on.
• Lead and mentor a lean business development team with clear goals.
• Align cross-functional teams to ensure product-market fit and delivery.
• Track and report KPIs on pipeline, conversion, revenue, and partnerships.
• Provide strategic insights and updates to senior leadership.

Photos from MST HR & Talent Acquisition Consultancy Service's post 24/08/2025

အားလုံးမင်္ဂလာပါ...
ဒီတခေါက်မှာ အလုပ်ဝင်သူတိုင်းမလွဲမသွေကြုံရမယ့် Interview နဲ့ပတ်သက်ပြီးနဲနဲလောက်ထပ်ပြောချင်ပါတယ်၊
Career Path - Journey တခုစတော့မယ်ဆိုယင်၊ ပထမဆုံးကြုံကြရမှာကတော့၊ အလုပ်အတွက် Interview ပါဘဲ၊ Interview တခုကိုအောင်မြင်စွာဖြတ်သန်းဘို့ဘာတွေလုပ်သင့်သလဲဆိုတာနဲ့ပတ်သက်ပြီးအောက်ပါအချက်တွေအပေါ်မူတည်နေတယ်လို့အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်၊

၁. အင်တာဗျူးရဲ့သဘာဝ ( Nature of Interview)
၂. နိဒါန်း (Introduction)
၃. ဆောင်ရန်၊ ရှောင်ရန်များ (Dos and Don’ts)
၄. မေးလေ့မေးထရှိသောမေးခွန်းများ (Common Questions)
၅. နမူနာအဖြေများ နှင့် (Sample Answers)
၆. နိဂုံးပိုင်း စတာတွေဘဲဖြစ်ပါတယ်. (The end of Interviews)

ဒီအချက်တွေပေါ်အခြေခံပြီးနောက်ပိုင်းမှာတခုချင်းဆွေးနွေးသွားပါမယ်၊
ခုလတ်တလောမှာ၊ သတင်းကောင်းတခုပေးချင်ပါတာက၊https://www.facebook.com/RiseHospitalityHub?mibextid=ZbWKwL Rise Hospitality Hub သင်တန်းမှာ Course တခုခုကိုသင်ယူဘို့ စာရင်းသွင်းလိုက်တာနဲ့၊ ဆရာ့ရဲ့ “Preparation for Interview” သင်တန်းကိုအခမဲ့တက်ယူခွင့် ရနိုင်ပါတယ်ဆိုတဲ့အကြောင်းပါဘဲခင်များ၊ သင်တန်းနဲ့ပတ်သက်တဲ့အချက်အလက်များကိုအောက်မှာဖော်ပြထားပါတယ်
📌 သင်တန်းအပ်နှံရန်
📞 09780960303, 09420118083
📧 [email protected]
📲 http://m.me/risehospitalityhub

📍 သင်တန်းနေရာ - အမှတ် ၂၉၃၊ ၅လွှာ၊ ဇလပ်ဖြူကွန်ဒို၊ ရွှေဂုံတိုင်လမ်းမကြီး၊ ၅ထပ်ကြီးဘုရားရှေ့၊ ဗဟန်း၊ ရန်ကုန်။

𝗥𝗜𝗦𝗘 𝗳𝗼𝗿 𝘆𝗼𝘂𝗿 𝗯𝗿𝗶𝗴𝗵𝘁 𝗳𝘂𝘁𝘂𝗿𝗲!





13/05/2025

အားလုံးမင်္ဂလာပါ...
- ပြီးခဲ့တဲ့တခေါက်ကစခဲ့တဲ့ Autocratic Leadership Style နဲ့ပတ်သက်ပြီးဆက်ပြောချင်ပါတယ်၊ Autocratic-Leadership Style ရဲ့အားသာချက်တွေထဲက ဒီမှာအသုံးများလူသိများတဲ့ခေါင်းစဉ်တွေကိုဦးစားပေးပြီးပြောပါ့မယ်။
- ပထမအချက်က Quick Decision Making ဆိုတဲ့ “ဆုံးဖြတ်ချက်လျင်မြန်စွာပေးနိုင်ခြင်း” ဆိုတဲ့အချက်ပါ၊
- Autocratic Leadership Style မှာ ခေါင်းဆောင်တယောက်ထဲကနေ အရာရာကို ဆုံးဖြတ်တဲ့အတွက်၊ ဆုံးဖြတ်ချက် တခုခုပေးရမယ်ဆိုယင် တော်တော်ကိုမြန်မြန်ဆုံးဖြတ်ပေးနိုင်တာကိုတွေ့ရပါတယ်၊ဒါက သူရဲ့ နံပါတ် ၁ အားသာချက်
- ဒုတိယအချက်ကတော့ “Effective in Crisis Situation” ဆိုတဲ့ အခက်အခဲကြီးကြီးမားမားနဲ့ ရင်ဆိုင်လာရတဲ့အချိန် ပါပဲ၊ အဲဒီလိုအချိန်မျိုးတွေမှာဆိုယင်လည်း၊ ခေါင်းဆောင်တယောက်ထဲကနေ ချက်ချင်းဆုံးဖြတ်ပြီး ဦးဆောင်သွား နိုင်တဲ့အတွက်ခပ်မြန်မြန်နဲ့ထိရောက်အောင်လုပ်သွားနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်၊ နောက်တခေါက်မှာဆိုယင်တော့ Autocratic Leadership Style ရဲ့အားနဲချက်များနဲ့အတူ၊ ဒီမှာတွေ့ကြုံနေရတာတွေနဲ့ဘယ်လိုစပ်ဟပ်မှုရှိသလူဲဆိုတာ ကိုပါနှိုင်းယှဥ်သုံးသပ်ပြသွားပေးပါ့မယ်။
- အားလုံးကျန်းမာရွှင်လန်းကြပါစေ....

26/03/2025

ယခင်တပါတ်မှအဆက်
အကျင့်စာရိတ္တနဲ့ပတ်သက်ပြီး၊ မေးခွန်းတွေ အမျိုးမျိုရှိတဲ့အထဲက၊ ကျနော့်အနေနဲ့ မေးရ လွယ်ပြီးပိုလက်တွေ့ကျတယ်လို့ထင်ရတဲ့ မေးခွန်းလေးတွေကိုထုတ်နုတ်ထားပါတယ်၊ ကြည့်ရအောင်ပါ။
သီဝရီအရကတော့ “Ethical Decision-Making”မေးခွန်းလို့ဆိုပါတယ်၊ အကျင့်သိက္ခာ/ကိုယ်ကျင့်တရားနဲ့ပတ်သက်လာတဲ့ အခါမှာ၊ ဘယ်လို စဉ်းစားဆုံးဖြတ် တယ်ဆိုတာကိုကြည့်ပြီ၊ ဘယ်လိုလူမျိုး ဖြစ်နိုင်တယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ဘို့ မေးတဲ့မေးခွန်းမျိုးလို့ဆိုနိုင်ပါတယ်။ (ဒီနေရာမှာတခုကြားဖြတ်ပြောချင်တာက၊ ဒီမေးခွန်းတွေဟာ “Moral” နဲ့သက်ဆိုင်တဲ့ အတွက်၊ မှားတယ် မှန်တယ်ဆိုတာထက်၊ လူ ၁ယောက်က ဘယ်ဘက်ကိုအားသန်သလဲ ဆိုတာကို၊ အကဲခတ်တဲ့မေးခွန်း များဖြစ်တယ် ဆိုတာကိုသတိထားစေချင်ပါတယ်)။
အခုမေးခွန်းပုံစံ ၃-မျိုးလောက်ကြည့်ရအောင်ပါ၊ မူရင်း “English Version.” တွေကို မြန်မာလိုဆီလျော်အောင် ဘာသာပြန် ထားပါတယ်၊
🚩Have you ever faced a moral dilemma at work? How did you resolve it?
🚩လုပ်ငန်းခွင်မှာ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့အကျဉ်းအကျပ်မျိုးကြုံဘူးပါသလား? ကြုံခဲ့ဘူးတယ်ဆိုယင်ဘယ်လိုမျိုးကိုင်တွယ် ဖြေရှင်းခဲ့ပါသလဲ?

🚩What principles guide your decision-making?
🚩ဆုံးဖြတ်ချက်တခုချဘို့ဘယ်လိုအခြေခံမူဝါဒတွေကို (ကိုယ့်ဘာသာကိုယ်) ပြဌာန်း ထားပါသလဲ?

🚩How would you handle a situation where doing the right thing might lead to negative consequences?
🚩ကိုယ်ကတော့မှန်တာကိုလုပ်တာဘဲ၊ ဒါပေမဲ့အကျိုးဆက်က ‘Negative” ဘက်ကိုဦးတည်သွားနေတယ်ဆိုယင် ဘယ် လိုမျိုးထိန်းကျောင်းလုပ်ဆောင်ပါသလဲ?
အခုပြောခဲ့တဲ့မေးခွန်းတွေကတော့ကိုယ်ကျင့်တရား/သိက္ခာ စသည်တို့ကိုတနည်းနည်းနဲ့ ဖော်ထုတ်တဲ့မေးခွန်းများထဲကတချို့ပါ၊ အနဲနှင့်အများအသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
• နောက်လာမယ့်အခန်းမှာတော့၊ အသုံးများတဲ့ Leadership ပုံစံအချို့နဲ့၊ အဲဒီပုံစံတွေအရ၊ ဘယ်လိုလူမျိုးကို ဘယ်လို ပေါင်းသင်းဆက်ဆံသင့်တယ်ဆိုတဲ့အကြောင်းကိုလည်း ကျနော့်အတွေ့အကြုံအရ sharing လုပ်ချင်ပါသေးတယ်၊
• နောက်တခေါက်ဆုံကြရအောင်ပါ။
⭐N.B. ဒီ “Sharing” တွေဟာ ကျနော့်ရဲ့ အနှစ် ၃၀ နီးပါးအတွေ့အကြုံတွေကို၊ လေ့လာဖတ်ရှုထားတဲ့သီဝရီများနဲ့ပေါင်းစပ်ပြီး Compile လုပ်ထားတာဖြစ်တဲ့အတွက် တချို့နေရာတွေမှာ၊ တခြားသောသူများနဲ့ အမြင်တူချင် မှတူပါလိမ့်မယ်၊ လိုတာယူ မလိုတာ ပယ် လို့ရပါတယ်၊ ကိုယ်ပိုင်အတွေ့အကြုံများဖြစ်တဲ့အတွက် ကူးယူချင်တယ်ဆိုယင် ခရက်ဒစ်လေးပေး ပြီးယူယင်ပိုကျေးဇူးတင်မိမှာအမှန်ပါဘဲ။

အားလုံးကျန်းမာအဆင်ပြေကြပါစေခင်များ

23/03/2025

ဒီတခေါက်မှာတော့ အတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေကိုအင်တာဗျူးတဲ့အခါမှာဘယ်လိုမေးခွန်းတွေမေးယင်ကောင်းမလဲဆိုတာနဲ့ပတ်သက်ပြီးနဲနဲပြောပါရစေ၊ Company အများစုကအတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေကို ခန့်ဘို့ဝန်လေးတတ်ကြပါတယ်၊ အချိန်မပေးနိုင်တာ၊ သေချာသင်ပေးနိုင်တဲ့ HR တို့၊ Mentor ကောင်းကောင်းတို့ မရှိသေးတာတွေလည်းပါမှာပါ၊ နောက်တခုအားမနာတမ်း ပြောရယင်၊ တချို့လူငယ်တွေကပညာအခြေခံကောင်းပြီး၊ Talent ကလည်းရှိတော့လက်ရှိ လူဟောင်းတွေကိုကျော်တက်သွားမှာကို စိုးရိမ်တာလည်းပါနိုင်ပါတယ်။ တချို့လူငယ်တွေမှာလုပ်ငန်းအတွေ့အကြုံမရှိသေးပေမဲ့၊ တခြားဗဟုသုတတွေ၊ ဘာသာစကားကျွမ်းကျင်တာတွေရှိနေနိုင်ပါတယ်၊ တခုပဲရှိတာက HR (သို့) သက်ဆိုင်ရာတာဝန်ရှိသူတွေက အဲဒီအရည်အချင်းတွေကိုမြင်တတ်ဘို့နဲ့၊ သူတို့ ပြောထွက်လာအောင်မေးတတ်ဘို့ပဲလိုပါတယ်။ “မင်းဘာတွေတတ်သလဲ၊ ဘာတွေသိလည်း”ဆိုတဲ့မေးခွန်းမျိုးတွေကတော့ ရှောင်ရန်ထဲမှာသာထည့်ထားလိုက်ပါတော့။ Interviewer ဘက်ကလိမ္မာပါးနပ် စွာနဲ့မေးတတ်ယင် တနည်းအားဖြင့်ချဉ်းကပ်တပ်ယင်၊ လူငယ်တွေပြောရဲဆိုရဲဖြစ်လာအောင် encourage လုပ်ပေးလိုက်ယင် သူတို့ဘက်ပြောယင်းနဲ့ ကိုယ်ပိုင်အရည်အချင်းတွေထွက်လာမှာသေချာပါတယ်။
ဥပမာ - ကျောင်းတက်တုန်းက (သို့) အားလပ်ရက်တွေမှာတုန်းက ဘာတွေလုပ်ဖြစ်သလဲ၊ ဘယ်လိုစာတွေဖတ်ဖြစ်သလဲ၊ ရှေးဟောင်းစာပေကိုဘယ်လိုမြင်သလဲ၊ AI ကိုဘယ်လိုမြင်သလဲ၊ သူငယ်ချင်းတွေထဲက အရင်းနှီးဆုံးတယောက်အကြောင်းနဲနဲ လောက်ပြောပြလို့ရမလား၊ ဘာလို့ အရင်းနှီးဆုံးဖြစ်သွားတာလဲ စသည်ဖြင့် အများကြီးမေးလို့ရပါတယ်၊ ဒီမေးခွန်းတွေက “ Ice-Breaking” လို့ခေါ်တဲ့မေးခွန်းတွေဘာပဲ။ နောက်အရေးကြီးဆုံးမေးခွန်းတမျိုးကတော့ စာရိတ္တကိုအကဲခတ်တဲ့မေးခွန်း တွေပါ၊ အဲဒါမျိုးကလည်းမေးတတ်မှ၊ နို့မို့ဆို “ကျနော်ကအကျင့်အားလုံးကောင်းပါတယ်၊ တခါတလေ လိမ်ပြောတတ်တာလေး တခုဘဲရှိပါတယ်” ဆိုတဲ့သူမျိုးခန့်မိရက်သား ဖြစ်နေတတ်ပါတယ်။
နောက်တပါတ်ဆက်ပါဦးမယ်

12/03/2025

(ယခင်ဆောင်းပါးမှအဆက်)
နောက်တခုသတိထားမိတာကတော့ခုနောက်ပိုင်းအင်တာဗျူးမေးတဲ့သူ/ဖြေတဲ့သူတွေကတချို့စာသင်ခန်းတွေမှာလို၊ဒါပေးဒါကျက်ဒါဖြေတွေလုပ်လာကြတာကိုသတိထားမိပါတယ်။
ဥပမာ-candidate အခန်းထဲရောက်တာနဲ့ Interviewer က“Tell me about yourself” ဆိုတာနဲ့စတော့တာဘဲ၊ candidate ကလည်းဒါကိုဘဲအသေကျက်ထားတာဆိုတော့ အပိုင်ပေါ့၊ ဒေါက်ဒေါက်ဒေါက်နဲ့ ရွတ်တာအသက်တောင်မရှူနိုင်ဘူး၊ အင်တာဗျူးတိုင်းကို “Tell me about yourself” နဲ့စရမယ်လို့ပုံသေသတ်မှတ်ထားစရာမလိုဘူးလို့ထင်ပါတယ်၊ “Free Conversation” (or) “Casual Talk” လေးတွေနဲ့စလည်းရပါတယ်၊
ဥပမာ - “How do you feel today?”, “ Is your home far or near from here, how many minutes’ drive?” အစရှိသဖြင့်မေးခွန်းလေးတွေမေးယင်းနဲ့ကိုယ်သိချင်တာတွေကို၊ တဖြည်းဖြည်းမေးသွားလို့ရပါတယ်၊ တချို့ကဒါမျိုးတွေမေးယင် “personal” ဆံနေမှာပေါ့လို့ပြောစရာရှိပါတယ်၊ ကျနော့်အနေနဲ့ပြောရမယ်ဆိုယင်တော့“personal” မဆံပါဘူးလို့ဘဲပြောချင်ပါတယ်၊ တခုတော့ရှိတာပေါ့၊ “မင်းမှာအဝတ်အစားဘယ်နှစ်စုံရှိသလဲတို့၊ ဒီနေ့ဘာဟင်းနဲ့စားခဲ့သလဲတို့၊ မင်းအဖေနဲ့အမေအသက်ဘယ်လောက်ကွာသလဲ” ဆိုတဲ့မေးခွန်းမျိုးတွေတော့မမေးမိစေနဲ့ပေါ့လေ...
(ဆက်ပါဦးမယ်)

Myat Soe Htun on LinkedIn: အားလုံးမင်္ဂလာပါ Post တွေမတင်ဖြစ်တာတော်တော်ကြာသွားခဲ့ပါတယ်၊… 29/12/2024

Myat Soe Htun on LinkedIn: အားလုံးမင်္ဂလာပါ Post တွေမတင်ဖြစ်တာတော်တော်ကြာသွားခဲ့ပါတယ်၊… အားလုံးမင်္ဂလာပါ Post တွေမတင်ဖြစ်တာတော်တော်ကြာသွားခဲ့ပါတယ်၊ ခုတော့ကြိုးစားပြီးပြန်တင်ပါ့မယ် ဒီတခေါက်မှာ ပု...

08/04/2024

We are looking for Asst. HR urgently!

19/03/2024

Green City Co;Ltd မှ Sr. HR Executive ​ခေါ်​နေပါတယ်၊ Urgent လို​နေလို့ပါ၊ အ​သေးစိတ်သိချင်သူများ ​အောက်​ဖော်ပြပါနံပါတ် (သို့) viber ကတဆင့်စုံစမ်းနိုင်ပါတယ်၊ အခ​ကြေး​ငွေ​ပေးစရာမလိုပါ၊ အလုပ်ရှာ​နေသူများကိုကူညီတာသက်သက်ပါ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mahamying Housing . U Wisara Road. , Bld 34/RmA 3
Yangon
11211

Opening Hours

Saturday 15:00 - 17:00
17:30 - 19:30
Sunday 15:00 - 17:00
17:30 - 19:30