Art2Arch Institute

Art2Arch Institute

Share

သင်တို့၏ အနာဂတ်အောင်မြင်မှုသည် ကျွန်ုပ်တို့၏ ရည်မှန်းချက်ဖြစ်ပါသည်။

26/04/2026

School of Architecture and Design (SoA+D) KMUTT တက္ကသိုလ်သို့ ကျောင်းဝင်ခွင့်ရရှိသွားသော
သိမ့်ရတနာကြွယ်... Congratulation ပါ။ 🌿🌿💐💐
👏👏👏😊

ကျောင်းသူ သိမ့်ရတနာကြွယ် သည် Art to Arch Institute တွင် ဖွင့်လှစ်သော Portfolio Class တွင်... ၃-လကြာ သင်ယူခဲ့ပြီး... နိုင်ငံခြားတက္ကသိုလ်သို့ ဝင်ခွင့်ရရန်ကြိုးစားပြင်ဆင်ခဲ့ပါသည်။

အဆိုပါ ဘာသာရပ်များမှာ
🏡 Archi Design Principle ပညာ
🏡 Artwork Creation ပညာ
🏡 Scale Modeling ပညာ
🏡 3D Software ပညာ တို့ဖြစ်ပြီး

Art to Arch Institute ကျောင်းမှလည်း လိုအပ်သည်များကို အဖက်ဖက်မှ လမ်းညွှန်သင်ကြားပေးခဲ့ပါသည်.....

ထိုင်းနိုင်ငံရှိ KMUTT ကျောင်းတွင်
Architecture ဘာသာရပ် တက်ရောက်နိုင်ရန်အတွက်
Entrance ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်ခဲ့သဖြင့်...

နိုင်ငံခြား တက္ကသိုလ်ကို တက်ရောက်ခွင့်ရသော (ဒုတိယမြောက်) ကျောင်းသူတစ်ယောက် အဖြစ် သိမ့်ရတနာကြွယ် အား မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။ 😊😊😊

#သင်တန်း

Photos from Art2Arch Institute's post 22/04/2026

Design Studio (Pavilion Project) အတွက် ကွင်းဆင်းလေ့လာတိုင်းတာခြင်း ပုံရိပ်များ Site Analysis...(အပိုင်း-2)

Art to Arch Institute မှ Diploma in Architecture (Batch-2) ကျောင်းသူကျောင်းသားများအတွက်
⛳ Site Analysis ပြုလုပ်ပုံများ၊
⛳ လက်တွေ့ ကွင်းဆင်းတိုင်းတာပုံများ၊
⛳ Site measurement ပြုလုပ်ပုံများကို စနစ်တကျ ပြုလုပ်တတ်ရန် ရည်ရွယ်ပြီး Site Location ရှိရာသို့ သွားရောက်၍ Design Master မှ သင်ကြားပေးခဲ့ပါတယ်။

အဆောက်အဦးတစ်ခုကို Architecture Design စတင်ပြုလုပ်တော့မယ်ဆိုရင် Site ရှိတဲ့နေရာသို့ သွားရောက်ပြီး
Site Analysis ပြုလုပ်ရပါတယ်။

Site Analysis မပြုလုပ်ပဲ ဆောက်မယ်၊ archi design ဆွဲမယ်ဆိုရင် လက်တွေ့ မကျတဲ့ အရာတစ်ခုကို ပြုလုပ်နေသလို ဖြစ်နေမှာပါ။

#သင်တန်း

Photos from Art2Arch Institute's post 22/04/2026

Design Studio (Pavilion Project)အတွက်
Site Analysis သွားရောက် လေ့လာခြင်း ပုံရိပ်များ
(အပိုင်း-1)

April 7 ရက်နေ့က Art to Arch Institute မှ ဆရာများ ဦး
ဆောင်ကာ... Site Location ရှိရာ ဗိုလ်ချုပ်ပန်းခြံ သို့ သွားရောက်၍... Site Analysis လေ့လာတိုင်းတာခြင်းကို ပြုလုပ်ခဲ့ကြပါသည်။

Diploma in Architecture (Batch-2) Students များ အနေဖြင့် Site တစ်ခုမှာ ကနဦး လေ့လာစဥ်းစားရမဲ့
1) Orientation
2) Surrounding Level
3) Landscaping
4) Drainage System
5) Lighting
6) Site Approach စတဲ့ လိုအပ်သော Design Approach များကို Studio Master မှ Real life သင်ကြားပို့ချ ပေးခဲ့ပါသည်။

#သင်တန်း analysis

17/04/2026
Photos from Art2Arch Institute's post 11/04/2026

May 22 မှာ စသင်ဖွင့်လှစ်တော့မဲ့ Portfolio Preparation Class ရဲ့ သင်ကြားမှု System နဲ့ သင်ကြားမှုများး...🥰

သင်တန်းရက်📆
Class A - Thursday & Friday
Class B - Sat & Sunday
Class အတန်း ၂ခု ရှိတာမို့ မိမိအဆင်ပြေတဲ့ Class မှာ သင်ကြားလို့ရပါတယ်။

သင်ကြားချိန် ⏰
မနက် ၁၀နါရီ မှ ၁၂ နာရီထိ (တစ်ဘာသာ)
Lunch စား
နေ့လည် ၁ နာရီ မှ ၃ နာရီထိ (တစ်ဘာသာ)

သင်တန်းကာလ
၃လ

သင်တန်းအသေးစိတ် မေးမြန်းလိုပါက
ကျောင်းဖုန်း ၀၉ ၈၈၆၆၃၃၉၉၈ ကိုဖြစ်စေ
FB messenger မှာ ဖြစ်စေ
မေးမြန်းနိုင်ပါတယ်။

#သင်တန်း

10/04/2026

ဒီနေ့တော့
ကျောင်းသူကျောင်သား တွေ အမှတ်မှားနေ ၊ အလွှဲလေးတွေ ပြောပြချင်လို့ပါ။ 😍

မေးခွန်းတွေမေးကြတယ်...

⛳ Artwork တတ်ပြီးရင် Archi Design လုပ်လို့ရလားတဲ့???
မရနိုင်ဘူးလို့ ဖြေချင်ပါတယ်။ Art ဆိုတာ စိတ်ခံစားချက် အတိုင်း၊ Mood ကိုသရုပ်ဖော် ရေးဆွဲရတာပါ။ Archi က အဲ့လိုသဘောမဆောင်ပါဘူး။

Art နဲ့ ရေးဆွဲထားတဲ့ Building တစ်လုံးက Perspective အမြင်မှာ လှပခန်ညားနေရင် အနုပညာကို ဖော်ကြူးခွင့် ရပြီလို့ တွေးကောင်း၊ တွေးလို့ ရနိုင်ပေမဲ့...အာခီတက်ချာမှာ စဥ်းစားပေးရတာက ဒီထက်ပိုပါတယ်။ လက်တွေ့ အပြင်မှာ ဆောက်လို့ရတဲ့အထိ Creation abilities ရှိရပါမယ်။

Building concept
Building Orientation
Building Functions and Space usage တွေ
အဲ့ အဆင့်တွေ စဥ်းစားပြီးမှ
Building Aesthetic အပိုင်းကို ပုံဖော်ရတာပါ။ Techincal အပိုင်းတွေ၊ Construction အပိုင်းတွေ အားလုံးကိုလဲ နားလည်ထားရပါမယ်။ 😊

⛳⛳နောက်တစ်ခု မေးကြတာက
Artwork ရဲ့ sketch drawing တတ်ထားရုံနဲ့
Archi Drawing တွေကို ရေးဆွဲလို့ရ မရ သိချင်ပါတယ်တဲ့???
မရပါဘူးလို ရိုးရိုးလေးပဲ ဖြေပါရစေ။ drawing ရေးဆွဲမှု ပုံစံ
စဥ်းစားမှု ပုံစံတွေက တူလဲမတူပါဘူးနော်...😊

Archi drawings တွေ ရေးဆွဲပုံ က သီးသန့် သင်ကြားပေးရတာပါ။ အာခီ ကျောင်းသူကျောင်သားတွေကို Drawing Board တွေ၊ Scale rule တွေ၊ set square တွေနဲ့ တခြား apply material တွေနဲ့ သင်ကြားပေးရတာပါ။ ယုတ်အစွဆုံး ခဲတံကို ဘယ်လိုစချွန် ရသလဲဆိုတာကစပြီး သင်ကြားရတာပါ။

⛳⛳⛳
နောက်ဆုံးမေးတစ်ခု မေးကြတာကတော့...
Perspective drawing ပါ။
Artwork မှာ သင်ကြားပေးတဲ့ One point/ Two Point Perspective သင်ကြားပုံနဲ့ အာခီမှာ သင်ကြားရတဲ့ Perspective drawing တွေက
တူကြသလားတဲ့ဗျာ 😇
အဲ့ဒါလဲ လုံးဝ (လုံးဝ) မတူပါဘူးဗျ။

Architectural Perspective drawing တွေက Drawing Board မှာ drawing paper ကို ကပ်ပြီး စဆွဲရတာပါ။

Building Plan ကို ကြည့်လိုတဲ့ Perspective view ရအောင် အရင်ချိန်ရပါတယ်။ ပြီးမှ VP point ၊ SP point ၊ ကြည့်လိုတဲ့ Cutting Plane ကို စဥ်းစားပြီး စဆွဲရတာပါ။ Projection lines တွေပစ်ပြီး တစ်ဆင့်ချင်း ပုံဖော်ရေးဆွဲရတာပါ။

အဲ့လိုရေးဆွဲပြီး ထွက်လာတဲ့ Exterior Perspective ပုံတွေ၊ Interior Perspective တွေကမှ ကိုယ်ပိုင် idea အာခီ ကျောင်းသားတစ်ယောက်ရဲ့ design ကို ဖော်ကြူးထားတဲ့ Perspective drawing လို့ ဆိုလိုချင်ပါတယ်။

#သင်တန်း

Photos from Art2Arch Institute's post 08/04/2026

ArtWork Creation သင်တန်းဆင်း exam မှာ
Art Principle အခြေခံ သဘောတရားတွေ...
Art Composition တွေ...
Perspective ကို art အမြင်နဲ့ ရေးဆွဲပုံတွေ...
Colour အလင်းအမှောင် Art သဘောတရားတွေ...
Building တွေကို Art အမြင်နဲ့ ရေးဆွဲရတာတွေကို

မိမိ ကိုယ်ပိုင် idea 🥰 ကိုယ်တိုင်ဲ​ရေးဆွဲ ဖော်ကြူးပြသနိုင်ခဲ့တဲ့ သမီးငယ် ဖူးဖူး (ခ) မြတ်ဖူးပြည့် ကို Art to Arch Institute မှ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။

#သင်တန်း

Photos from Art2Arch Institute's post 05/04/2026

International university မှာ Architecture ဗိသုကာ ဘာသာရပ်ကို သွားရောက်သင်ယူလိုသူများ အနေဖြင့် ဘယ်လိုပြင်ဆင်ရမလဲ?
ဘယ်ဘာသာတွေကို လေ့လာသင်ယူရမလဲ ?
ဆိုတာနားလည်သွားအောင် ရှင်းပြချင်ပါတယ်...😊

Portfolio Prepearation မှာ သင်ယူရမဲ့
လိုအပ်သော ...ဘာသာရပ်များကိုလည်း ဖော်ပြ
အကြံပြုလိုက်ပါ​တယ်။ 😊😊😊

✍️(1) Architecture school portfolio အတွက်... ပထမဆုံး လိုအပ်တာက Artwork Creation ဘာသာရပ်ပါ။

လိုအပ်တဲ့အကြောင်းရင်းက အဓိကအားဖြင့်

သင့်ရဲ့ design ideas တွေ ကို visually communicate လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ Architecture ဆိုတာ technical drawing ချည်းပဲမဟုတ်ပါ — artistic expression ကလည်း အရေးကြီးပါတယ်။

💬(2) Architecture school portfolio တစ်ခုအတွက်... ဒုတိယ လိုအပ်တာက Architecture Principles (ဗိသုကာပညာ အခြေခံမူများ)ပါ။ အဲ့သည်ဘာသာရပ်ဟာ
အာခီကျောင်းသားကျောင်းသူများ အတွက် အလွန်ကို အရေးကြီးပြီး မရှိမဖြစ်လိုအပ်ပါတယ်။

Archi Principle တွေ မသိရှိခဲ့ဘူးဆိုရင် design ထုတ်တဲ့အခါ အခွံသာရှိပြီး အနှစ်မရှိတဲ့ ကြက်ဥလို ဖြစ်နေမှာပါ။

သင့်ရဲ့ ဒီဇိုင်းစွမ်းရည်ကို ပြသတဲ့နေရာတင်မကဘဲ၊ သင်ဟာ ဒီဇိုင်းကို စနစ်တကျ စဉ်းစားတတ်သူ (Design Thinker)၊ အာခီဘဝရဲ့ ပထမဆုံးခြေလှမ်း ဖြစ်ကြောင်း သက်သေပြရမယ့် နေရာဖြစ်လို့ပါ။

🏢(3) Architecture school portfolio အတွက် architectural graphics လေ့လာဖို့ လုံးဝလိုအပ်ပါတယ်။

အကြောင်းရင်းက drawing + diagram + visual communication ကို အခြေခံပြီး သင့်ရဲ့ design ကို အဲဒီ graphics တွေနဲ့ပဲ ပြသရမှ ဆရာတွေ၊ Jury အကဲဖြတ်ဝင်တွေ၊ viewer တွေက သဘောပေါက်ကြမှာ ဖြစ်လို့ပါ။

🏠(4) Architecture school portfolio အတွက် architectural scale model လေ့လာဖို့ လိုအပ်သလား ဆိုရင် — မဖြစ်မနေရ လိုအပ်တဲ့ requirement မဟုတ်ပေမယ့်, လေ့လာထားရင် portfolio quality ကို တကယ့် meaningful level တစ်ခုတက်စေပါတယ်။

တချို့နိုင်ငံခြား Uni တွေက ကျောင်းသားတွေရဲ့ ကိုယ်ပိုင်ပြုလုပ်ထားတဲ့ Inspire စိတ်ကူး model တစ်ခု တောင်းပါတယ်။ ၄၈ နာရီအတွင်း အပြီး လုပ်ပေးရတာပါ။ 😅

Scale model က architecture education ရဲ့ core skill တစ်ခုဖြစ်လို့ reviewer ဆရာတွေက portfolio ထဲမှာ model-making evidence တွေကို မြင်ချင်ကြတာပါ။

👨‍💻(5) AutoCAD မလေ့လာဘဲ portfolio တင်လည်း ရပါတယ် — ဒါပေမယ့် AutoCAD drawings ပါတဲ့ portfolio
ကို ပြသမယ်ဆိုရင် က “architecture-ready” applicant လို့ reviewer ဆရာ တွေက ချက်ချင်းသဘောပေါက်ပါတယ်။

Technical + creative balance ကို ပြသနိုင်တဲ့အတွက် AutoCAD skill က portfolio preparation မှာ အလွန်အရေးကြီးတဲ့ advantage ဖြစ်ပါတယ်။

🧑‍💻(6) SketchUp + V‑Ray မလေ့လာဘဲ portfolio တင်လည်း ရပါတယ် —
ဒါပေမယ့် 3D renderings ပါတဲ့ portfolio က reviewer ဆရာ တွေကို...“architecture-ready” applicant လို့ ချက်ချင်းသဘောပေါက်စေပါတယ်။

Technical (AutoCAD) + Creative (SketchUp/V‑Ray) balance က architecture portfolio ရဲ့ strongest formula ဖြစ်ပါတယ်။

Requirement Subject တွေအကြောင်း သိရှိနားလည်ပြီးရင် ဘယ်လိုပုံစံနဲ့ သင်ကြားရမလဲ ဆိုတာ ဆက်ပြီး ရှင်းပြပါမယ်။ 😊😊😊😊

🧐စာတွေ့လက်တွေ့ ပြုလုပ်ပြီး သင်ကြားတဲ့ သင်ရိုး System ဖြစ်တာမို့ Class Work တွေ၊ Assignment တွေကို နေ့စဥ် ပြုလုပ်ရမှာဖြစ်ပါတယ်။

🎯 ကျောင်းသူကျောင်းသားတွေရဲ့ Creation လက်ရာတွေကို နေ့စဥ် စစ်ဆေးပြီး အကဲဖြတ်ပါတယ်။ လိုအပ်သော အချက်တွေကို မှတ်မိတတ်ကျွမ်းစေရန် လမ်းညွှန်သင်ကြားပေးပါတယ်။

🎯သင်ထောက်ကူ ပစ္စည်းများ စီစဥ်ပေးခြင်း
🎀အာခီ drawing များရေးဆွဲရာမှာ drawing board ရှိဖို့ လိုအပ်တာမို့ ကျောင်းသားကျောင်းသူများအတွက် ကျောင်းမှာ ရေးဆွဲနိုင်ဖို့ စီစဥ်ပေးခြင်း

🎀Concept Design တွေပြုလုပ်ရာမှာ လိုအပ်တဲ့ block တုံးတွေကို စီစဥ်ပေးခြင်း

🎀Scale Model ပြုလုပ်ရာမှာ လိုအပ်တဲ့ အခြေခံပစ္စည်းများကို စီစဥ်ပေးခြင်း တို့ ဖြစ်ပါတယ်။

📅📅📅
သင်တန်းကာလ - (၃လ)

⛳⛳⛳
သင်တန်းနေ့ - Class 2 ခု ရှိတာမို့ ရွေးချယ်တက်ရောက်လို့ အဆင်ပြေပါတယ်။
Class A - ကြာသပတေး ၊ သောကြာ (Weekday)
Class B - စနေ၊ တနဂ်နွေ (Weekend)

⏰⏰⏰
သင်တန်းချိန် - မနက် ၁၀ နာရီ မှ ညနေ ၃ ထိပါ။
သင်တန်းကျောင်းမှာ သင်ကြားရမှာဖြစ်ပါတယ်။

☎☎☎
စုံစမ်းမေးမြန်းလိုပါက Art2Arch Institute ရဲ့
ကျောင်းဖုန်း 09886633998 ကိုဖြစ်စေ၊ FB messenger ကိုဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။


#သင်တန်း

Photos from Art2Arch Institute's post 02/04/2026

Artistic Space ပန်းချီပြခန်းသို့ သွားရောက်လေ့လာခြင်း🥰🥰🥰

Diploma in Architecture ကျောင်းသူကျောင်သားများ
အနေဖြင့် Artwork ဘာသာရပ်ကို ကျောင်းမှာ သင်ကြားရသလို... လက်တွေ့ Artist တွေရဲ့ ဖန်တီးမှုလက်ရာတွေကို သိရှိသွားအောင်...Art to Arch Institute မှ စီစဥ်ပြီး သွားရောက်လေ့လာခဲ့ပါတယ်။

ပြပွဲမှာ သိရှိလိုသော မေးခွန်းများကို စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့သော Artist Yan Lin Aung နှင့်တကွ ပူးပေါင်းပြသခဲ့သော Artist များကို ဤစာဖြင့် ဂုဏ်ပြုအပ်ပါသည်။

#သင်တန်း

02/04/2026

Artwork Creation သင်တန်းပြီးစီးမှု အမှတ်တရ...
ကျောင်းမလာသူမပါ 😂

Portfolio Class and Diploma in Archi (Batch-2)

#သင်တန်း

Photos from Art2Arch Institute's post 29/03/2026

ဒီနေ့ သင်တဲ့ Scale Modeling Class မှာ ပြုလုပ်ရတဲ့ ပုံစံလေးတွေပါ။

ကျောင်းသူကျောင်းသားတွေရဲ့
ကိုယ်ပိုင် idea တွေ...
ကိုယ်ပိုင် Knowledge Thinking တွေနဲ့ ကြိုးစားပြုလုပ်ထားတာမို့ လက်ခုပ်လေးတီးပြီး အားပေးလိုက်ကြပါ။👏👏👏👏👏

#သင်တန်း စားပြုလု

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


No. 143, First Floor, 19th Street, Latha Township
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00