14/08/2026
ချစ်ခင်လေးစားအပ်ပါသော မိဘများရှင်
ယခု ရက်ပိုင်း ဝမ်းပျက်ဝမ်းလျှော အရေးပေါ်
အခြေအနေ ဖြစ်ပွားလျှက်ရှိပါသဖြင့်
ကျောင်း၌ အစာစားခါနီးတိုင်း၊ အစာစားပြီးတိုင်း၊
ရေအိမ်ဝင်ပြီးတိုင်း လက်ဆေးစေခြင်း နှင့်
စာသင်ခန်းပါတ်ဝန်းကျင် သန့်ရှင်းရေး
ပိုမို အလေးထားဆောင်ရွက်သွားပါမည်။
မိဘများမှလည်း ကလေးများ အစားအသောက် အနေအထိုင် ပိုမို သတိထားဂရုစိုက်ပေးကြပါရန်
လေးစားစွာ ပန်ကြားအပ်ပါသည်ရှင်။
✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️
ကျန်းမာရေးဝန်ကြီးဌာနမှ
အရေးကြီး သတင်းထုတ်ပြန်ချက်
၁၂.၈.၂၀၂၆ ရက်နေ့၊ ရန်ကုန်မြို့
ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းရောဂါအရေးပေါ်အခြေအနေဖြစ်ပေါ်နေပြီး လမ်းမတော်နှင့် လသာမြိုနယ်တိုမှ ဝမ်းပျက်ဝမ်းလျောလူနာ ရာကျော် ဦးကို အရေးပေါ်ဌာနနှင့် စောင့်ကြည့်လူနာဌာနတွင် အရေးပေါ်ကုသပေးလျက်ရှိသည်။ လူနာဦးရေ ဆက်လက်များပြားလာနိုင်သည့်အတွက် ဆေးရုံအနေဖြင့် GE case Tent ကို ချက်ချင်းဖွင့်လှစ်ရန် ဆောင်ရွက်နေပြီဖြစ်သည်။
လက်ရှိဖြစ်ပွားမှုအတွက် အဓိကအကြောင်းရင်းမှာ ရေပိုက်လိုင်းများအတွင်း ညစ်ညမ်းမှုဟု ယာယီသုံးသပ်ထားသောကြောင့် လသာနှင့် လမ်းမတော်မြိုနယ်ရှိ သောက်သုံးရေလိုင်းအားလုံးကို အရေးပေါ်စစ်ဆေး သန့်ရှင်းရေးပြုလုပ်ရန် သက်ဆိုင်ရာဌာနများထံ အထူးအရေးတကြီး တောင်းဆိုအပ်ပါသည်။ ထိုအပြင် ရေလိုင်းတစ်ခုတည်းသာ အကြောင်းရင်းမဟုတ်နိုင်သည့်အတွက် ရောဂါပျံ့နှံမှုပုံစံ၊ စားသောက်ကုန် ထောက်ပံ့မှုကွင်းဆက်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များကိုပါ ဆက်လက်သုတေသနပြု ဖော်ထုတ်ရန် ကျန်းမာရေးကျွမ်းကျင်သူများက သတိပေးထားသည်။
ဤရောဂါသည် လမ်းဘေးဆိုင်ငယ်များမှသာမက ဆိုင်ကြီးဆိုင်ကောင်းများ၏ နောက်ကွယ်ရှိ မသန့်ရှင်းမှုများကြောင့်လည်း အလွန်လျင်မြန်စွာ ကူးစက်နိုင်ပါသည်။ အသွင်အပြင်သာကောင်းမွန်ပြီး မီးဖိုချောင်နှင့် ရေခဲသေတ္တာများအတွင်း သန့်ရှင်းမှုအားနည်းနေပါက လူနာအရေအတွက် ပိုမိုဆိုးရွားလာနိုင်သောကြောင့် စားသုံးသူပြည်သူများအနေဖြင့် အလွန်အမင်းသတိပြုရွေးချယ်ရန် လိုအပ်ပါသည်။
ပြည်သူများအနေဖြင့် အောက်ပါအချက်များကို အထူးလိုက်နာဆောင်ရွက်ရန် အရေးကြီးပါသည်။ သန့်ရှင်းလတ်ဆတ်သော အစားအစာများကိုသာ ရွေးချယ်စားသုံးရန်၊ အစာမစားမီနှင့် အိမ်သာသုံးပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာဆေးကြောရန်၊ ပြုတ်ကျိုထားသော ရေ သိုမဟုတ် တံဆိပ်ခတ်သန့်စင်ရေကိုသာ သောက်သုံးရန်၊ အစားအစာများကို ကျက်အောင်ချက်ပြုတ်စားသုံးရန်၊ ဝမ်းလျှောခြင်း၊ အန်ခြင်းစသော ရောဂါလက္ခဏာများခံစားရပါက အိမ်တွင်မနေဘဲ နီးစပ်ရာဆေးရုံ သိုမဟုတ် ဆေးခန်းသို ချက်ချင်းပြသရန် လိုအပ်ပါသည်။ ရှောင်ရန်မှာ ရေခဲများ၊ အသုပ်များ၊ လမ်းဘေးတွင်ရောင်းချသော အစိမ်းလိုက်အစားအစာများကို လုံးဝရှောင်ကြဉ်ရန်၊ မသေချာမသန့်သော စားသောက်ဆိုင်များတွင် မသွားရောက်စားသုံးရန် ဖြစ်သည်။
ယခုအချိန်သည် ရောဂါတားဆီးကာကွယ်ရေး အချိန်ကာလဖြစ်သောကြောင့် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် အထူးအရေးကြီးပါသည်။ သတင်းအသစ်များကို ဆက်လက်ထုတ်ပြန်သွားပါမည်။
#ကျန်းမာရေး
#ကျန်းမာရေးသုတေသန
#အစားသောက်နှင့်ဆေးဝါးကြီးကြပ်ရေး
#ပြည်သူကျန်းမာရေး
#ဒေသန္တရကျန်းမာရေး
#အစာအိမ်အူလမ်းကြောင်းဌာန