20/08/2025
Community Youth Leadership Training was
===================================
successfully finished
==================
We are delighted to announce the successful conclusion of the 2025 Three-Month Community Youth Leadership Training. This achievement would not have been possible without the unwavering support of our sponsors, the invaluable collaboration of our local partners, and the dedicated efforts of our instructors. Our deepest gratitude goes to you all.
To our remarkable cohort of graduates: you have been equipped with essential skills and knowledge. We now encourage you to step forward and become the catalysts for positive change. Apply your newfound leadership to inspire progress and build a brighter future within each of your communities.
22/03/2025
Online Class Open!
Lyceum Institute မှ ၂၀၂၅ ခုနှစ် ဧပြီလမှ ဇွန်လအထိကျင်းပမည့် သင်တန်းကို in person မတက်နိုင်သော လူငယ်များအတွက် Zoom Class အစီအစဉ်ကို ပြန်လည်ဆောင်ရွက်သွားပါမည်။
Zoom Class အတွက် ဘာသာရပ်များ
1. Public Policy and Governance
2. Federal and Democracy
3. Crises Management
အောက်ဖော်ပြပါ link တွင် ၂၀၂၅ခုနှစ် မတ်လ (၂၇) ရက်နေ့ ကို နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။
https://docs.google.com/forms/d/e/1FAIpQLScaJi0sgDNnaXZ-3LOb58QmVHZXFWxNUeg7VckUtFpIWjXoXg/viewform?usp=dialog
မှတ်ချက်။ ။Zoom Class သည် Free ဖြစ်သော်လည်း ထောက်ပံ့ကြေးမရှိပါ။
ပိုမိုသိရှိလိုပါက email: [email protected], phone & Signal: 09888307962 ဆက်သွယ်မေးမြန်းနိုင်ပါသည်။
11/03/2025
Lyceum Institute
Announcement Form
၂၀၂၅ခုနှစ်၊ မတ်လ (၁) ရက်
Lyceum Institute သည် ၂၀၂၄ ခုနှစ်တွင် Foster Education Foundation မှတည်တောင်သည့် Community Education Institute တစ်ခုဖြစ်သည်။ ဤ Institute သည် လူငယ်များအတွက် မြို့ပြနှင့် ကျေးလက်ဒေသ ပညာရေးအခွင့်အရေး ကွာဟချက်များကို လျော့ချရန်နှင့် Community အတွက် လူငယ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာနိုင်ရန် တစိုက်မတ်မတ် ဆောင်ရွက်သွားမည် ဖြစ်သည်။
Lyceum Institute မှ သင်ကြားပေးမည့် ဘာသာရပ်များ
Compulsory Courses Elective Courses
Public Policy & Governance English Language
Federalism & Democracy Basic Computer
Disaster/Crises Management
အထက်ဖော်ြပထားသည့် ဘာသာရပ်များကို သင်ကြားပေးမည့်အပြင် ပြည်တွင်းပြည်ပရှိ တက္ကသိုလ်နှင့် သင်တန်းကျောင်းများ၏ သတင်းအချက်အလက်များ မျှဝေပေးခြင်း၊ ပညာတော်သင်ဆု (Scholarship) လျှေက်ထားခြင်းနှင့် အခြားလိုအပ်သောကိစ္စများကို အကူအညီပေး ဆောင်ရွက်သွားမည်ဖြစ်သည်။
Lyceum Institute တွင် ပညာသင်ကြားနေစဉ် သင်ကြားနေသည့် လူငယ်များအတွက် နေရေးထိုင်ရေးနှင့် စားရေးသောက်ရေးကိစ္စများကို တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။
လစဉ်ထောက်ပံ့ကျေး (၂၅,၀၀၀) ကျပ်နှင့် Field Work အတွက် (၁၀၀,၀၀၀) ကျပ်ကို ထောက်ပံ့ပေးမည်ဖြစ်သည်။
သင်ကြားချိန် နှစ်လ မှ သုံးလ (မတ်လ မှ ဇွန်လ) ကြား ဖြစ်သည်။ ကျောင်းသား ဗဟိုပြုစနှစ်ကို ကျင့်သုံးပြီး စဉ်းစားတွေးခေါ်မှုနှင့် လေ့လာသုံးသပ်နိုင်မှု စွမ်းရည်များ တိုးတက်ဖွံ့ဖြိုးစေရန် ဉီးတည်သင် ကြားပေးမည်။
ကျောင်းသူ/သား (၂၀) ဉီးသာလက်ခံနိုင်မည်ဖြစ်၍ အမြန်ဆုံးလျှောက်စေလိုပါသည်။
ကျောင်းသူ/သား ရွေးချယ်မှုစံနှုန်း
ကျောင်းသူ/သားများကို လက်ခံရာတွင် အောက်ပါ အချက် (၁) သို့မဟုတ် အချက် (၂) နှင့် ပြည့်မှီသူများကိုသာ လက်ခံရွေးချယ်မည်ဖြစ်သည်။
၁။ ပညာရေးတက်လမ်းရှာဖွယ်သူများ
(က) စနှစ်ဟောင်း (၁၀) တန်း အောင်ရမည်
(ခ) စနှစ်သစ် (၁၂) တန်း အောင်ရမည်
(ဂ) အခြေခံ English Skills ရှိရမည်။
(ဃ) မြန်မာစာ ရေးတက်ဖတ်တက်ရမည်။
(၂)။ မိမိ Community အတွက် အကျိုးပြုလိုသူများ (ပညာအရည်အချင်းသတ်မှတ်ခြင်းမရှိ)
(က) မိမိ community ၏ ဘာသာရေးအဖွဲ့၊ လူမှုရေးအဖွဲ့၊ ရပ်ရွာအဖွဲ့နှင့် အခြားသောအဖွဲ့ အစည်းတစ်ခုခု၌ဖြစ်စေ တက်ကြွလှုပ်ရှားသူဖြစ်ရမည်။
(ခ) မိမိ community အတွက် ပြန်လည်ပေးဆပ်လိုသူဖြစ်ရမည်။
(ဂ) မြန်မာစာ ရေးတက်ဖတ်တက်ရမည်။
(၃)။ ကျား/မ၊ ကိုးကွယ်ယုံကြည်မှု စသည့်လူတန်းစားခွဲခြားမှုမရှိပဲ အထက်ပါစံနှုန်းနှင့် ပြည့်မှီသူများအားလုံး လျှောက်ထားနိုင်ပါသည်။
လျှောက်ထားရန်
(၁) လျှောက်လွှာကို email: [email protected] (သို့မဟုတ်)
Signal: ၀၉၈၈၈၃၀၇၉၆၂ တွင် ပေးပို့နိုင်သည်။ လျှေက်လွှာ download ပါ https://docs.google.com/document/d/133AHzhqzITYAoY0xiaVtMEXAUoPv8Pks/edit?usp=sharing&ouid=109022785955477452012&rtpof=true&sd=true
(၂) ၂၀၂၅ခုနှစ်၊ မတ်လ (၂၀) ရက်နေ့ကို နောက်ဆုံးထား၍ ပေးပို့ရမည်။
(၃) အောင်မြင်သည့် လျှောက်လွှာများကို တစ်ပတ်အတွင်း အကြောင်းပြန် ကြားပါမည်။
အထက်အကြောင်းအရာနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ဖုန်း (၀၉၈၈၈၃၀၇၉၆၂) တွင်ဆက် သွယ်မေးမြန်းနိုင်ပါသည်။