28/03/2024
ဒီမှာ ရှဲပေးဖို့ မေ့နေလို့။ ဆရာ၊ ဆရာမ တွေ စိတ်ပါဝင်စားရင် တက်လို့ရ။
‼️‼️သတိ April Fool မဟုတ်ပါ။ ‼️‼️
Pen က နေ April Fools’ Day (1st April) မှာ April Fool မဟုတ်တဲ့ အမှန်အကန် ပညာဒါန အတန်းလေး ပေးဖို့ရှိပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံက လူငယ် လူကြီးမရွေး ခက်ခဲကြပ်တည်းနေကြတဲ့ အချိန်ဆိုတော့ အနည်းငယ်လောက် ပဲဖြစ်ဖြစ် ကူညီပေးဖို့ ရည်ရွယ်ပြီး ဒီ Short Course လေးကို ပေးဖြစ်တာပါ။
အဲ့ဒါကတော့ Duolingo Introductory Course ဖြစ်ပါတယ် ခင်ဗျ။ စာမေးပွဲဖြေမယ့် သူများ၊ စိတ်ဝင်စား သူများ၊ ကလေး မိဖများ ပါ join နိုင်ပါတယ်။
🏷️🏷️အတန်းချိန်ကတော့ ည(၇) နာရီ ကနေ (၈) နာရီ (အများစု အဆင်ပြေမယ့် အချိန်လေး ရွေးပေးထားတာပါ။)
သင်တန်းကတော့ နှစ်ရက် တက်ရပါမယ်။
🏷️🏷️ဧပြီလ -၁ ရက်
🏷️🏷️ဧပြီလ -၂ ရက် တို့ ပါ။
ဘာတွေ သင်ပေးမလဲ။ Duolingo English Test ကို အခုမှ စပြီး ဖြေကြည့်ချင်တဲ့ သူတွေ သိလိုတဲ့
- Duolingo က ဘာအတွက် ဖြေ ရ မှာလဲ၊ ဖြေဖို့ ဘာတွေ လိုမလဲ
- Duolingo ရဲ့ Exam format ( စာမေးပွဲ ပုံစံ)
- မြင်ရတတ်တဲ့ မေးခွန်း အမျိုးအစားတွေ
- Do’s and Don’ts တွေ (ရှောင်ရန်၊ ဆောင်ရန်တွေ)
- အခြားသိဖို့လိုအပ်တာ တွေ၊ resources တွေ
ကို မျှဝေ ပေးသွားမှာပါ။
မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာ လုံး အသုံးပြုပြီး ပြောပြ သင်ကြားပေးမှာ မို့လို့ နားမလည်မှာ တွေးပူစရာ မလိုပါ ခင်ဗျ။
ကဲ့ ဒါဆိုရင် သင်တန်းလေးကို join ဖို့ ဘာလုပ်ရမလဲ ဆိုတော့ ဒီအောက်က Google form လေး ဖြည့်ပေးရပါမယ်။
https://forms.gle/2U2DQXcMmDp8aiQ59
Zoom link တွေကို email ကနေ တစ်ဆင့် ပို့ပေးမှာ ဖြစ်ပါတယ် ခင်ဗျ။ email မှန်မှန်ကန်ကန်လေး ရေးပေးဖို့တော့ လိုပါလိမ့်မယ်။
အခုလို အချိန်မှာ အားလုံး လိုအပ်နေတာမလို့ ဒီပိုစ့်လေးကို လည်း Share ပေးရင်း ပညာဒါန တူတူ လုပ်ကြရအောင်။ 🤗🤗🤗