28/02/2023
English Proverbs အင်္ဂလိပ်စကားပုံများ
Don’t count your chickens before they hatch = အနာဂတ်မှာဘာဖြစ်မယ်မှန်းမသိဘဲ မသေချာတဲ့အစီအစဉ်တွေမဆွဲနဲ့။
You haven’t even gotten the job yet and you want to go buy a new car. Don’t count your chickens before they hatch!
မင်းအလုပ်တောင်မရသေးဘဲ ကားအသစ်သွားဝယ်ချင်နေပြီပေါ့။ အနာဂတ်မှာဘာဖြစ်မယ်မှန်းမသိဘဲ မသေချာတဲ့အစီအစဉ်တွေမဆွဲပါနဲ့ကွာ။
Actions speak louder than words = လူတစ်ယောက်ရဲ့အပြုအမူတွေက လူတစ်ယောက်ရဲ့စကားတွေထက် ပိုအရေးပါပါတယ်။
She promised us one thing, but then she did something entirely different; actions speak louder than words.
သူမကငါတို့ကို ကတိတစ်ခုပေးတဲ့တယ် ဒါပေမဲ့ သူမက ငါတို့ကိုကတိပေးထားတာရဲ့လုံးဝ ဆန့်ကျင်ဘက်ကို လုပ်ခဲ့တယ်။ သူမရဲ့အပြုအမူတွေက သူမရဲ့စကားတွေထက်ကိုပိုအရေးပါပါတယ်။
Where there’s a will, there’s a way = ဆန္ဒရှိရင် နည်းလမ်းရှိတယ်။
I want to learn how to play guitar but I can’t afford to attend the class.
Don’t worry. Where there’s a will, there’s a way.
ငါ ဂီတာတီးသင်ချင်တယ်ကွာ ဒါပေမဲ့ ငါသင်တန်းတက်ဖို့ ပိုက်ဆံမတတ်နိုင်ဘူး။
စိတ်မပူပါနဲ့ကွာ။ ဆန္ဒရှိရင် နည်းလမ်းရှိပါတယ်။