11/08/2026
🏆 WINNERS ANNOUNCEMENT 🎉
✨ ဒီတစ်ပတ်ရဲ့ Weekly Health Quiz ကံထူးရှင်များကို ကြေညာပါပြီရှင်! ✨
“သွေးပေါင်ကျတာ” နဲ့ “သွေးအားနည်းတာ” တူတူပဲလားဆိုတဲ့ မေးခွန်းလေးအတွက် မှန်ကန်တဲ့အဖြေ “မတူဘူး” ဆိုပြီး ဝင်ရောက်ဖြေဆိုပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ 🥰🧡
🎁 KPay ဆုငွေ (၃,၀၀၀ ကျပ်) ကံထူးရှင် (၃) ဦး
ယခုအပတ်အတွက် ကံထူးသွားကြတဲ့ ကံထူးရှင်လေးတွေကတော့ -
Anty Kyeinwin 🎉
Yu Nandar Myint 🎉
မေပွင့်ဖြူဖြူ🎉
အားလုံးပဲ Congratulations ပါရှင်! 🥳👏
📌 ဆုငွေထုတ်ယူရန်
ကံထူးရှင်များအနေဖြင့် ဆုငွေလက်ခံရယူနိုင်ရန် KPay အကောင့်အမည် နှင့် ဖုန်းနံပါတ် တို့ကို Page Messenger မှတဆင့် အမြန်ဆုံး (၂၄ နာရီအတွင်း) ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ 📲
👉 နောက်လာမည့် Weekly Quiz အသစ်တွေမှာလည်း KPay ဆုငွေတွေနဲ့အတူ ပျော်ပျော်ပါးပါး ထပ်မံပါဝင်ဆင်နွှဲနိုင်ဖို့ Perfect Life Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်! 😍
#ကျန်းမာရေးဗဟုသုတ
10/08/2026
✨ဒီအပတ်ရဲ့Weekly
Quiz အသစ်အတွက် အဆင်သင့်ဖြစ်ပြီးလား❓️✨
လူတိုင်းသိထားသင့်တဲ့ ကျန်းမာရေးဗဟုသုတမေးခွန်းလေးနဲ့အတူ KPay ဆုငွေတွေ ကံထူးလိုက်ရအောင်! 🥰🧡
🩸 QUIZ
“သွေးပေါင်ကျတာ” နဲ့ “သွေးအားနည်းတာ” တူတူပဲလား?
🅰️ တူတူပဲ
🅱️ မတူဘူး
🅲️ အခြေအနေပေါ်မူတည်ပြီး တူတယ်
🅳️ မသိသေးဘူး 😅
👇👇👇
A / B / C / D ထဲက ကိုယ်ထင်တဲ့အဖြေကို Comment မှာ ရေးခဲ့ပါ။
🎁 ဆုလက်ဆောင်
ဆုကြေး: KPay 3,000 ကျပ်စီ
ကံထူးရှင်: အဖြေမှန်သူများထဲမှ (၃) ဦးကို ရွေးချယ်ပေးသွားပါမည်။ 💸
📝 ပါဝင်ရမည့် အဆင့်များ
✅ Perfect Life Page ကို Like & Follow လုပ်ထားပေးပါ။
✅ Quiz အဖြေ (A / B / C / D) ကို ဤပို့စ်၏ Comment တွင် ရေးပေးပါ။
✅ သူငယ်ချင်း (၂) ယောက်ကို Tag တွဲပေးပါ။ 👯
⏰ အချိန်ဇယားနှင့် စည်းကမ်းချက်များ
❌ Google မရှာဘဲ ကိုယ်ထင်တာကို ဖြေကြည့်ပါဦး။ 😄
🕗 မဲဖောက်မည့်အချိန် - မနက်ဖြန် ည ၈:၀၀ နာရီ
🎉 ကံထူးရှင်စာရင်းကြေညာမည့်ရက် - နက်ဖြန် ည ၈:၀၀ နာရီ
📌 ဒီ Quiz လေးကို သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ဝင်ဆင်နွှဲဖို့ Share ပေးသွားလို့ရပါတယ်နော်။
အားလုံးပဲ Good Luck ပါရှင်!
#ကျန်းမာရေးဗဟုသုတ #ကျန်းမာရေး #ဆေးပညာဗဟုသုတ
08/08/2026
👻 လမ်းကြုံလို့ လိုက်ခဲ့တာပါ…
မိုးချုပ်စ… လူသူပါးတဲ့လမ်းမကြီးပေါ်မှာ ကောင်လေးတစ်ယောက် ကားမောင်းလာတယ်။
လမ်းဘေးမှာ ထီးလေးကိုင်ပြီး ကောင်မလေးတစ်ယောက် 👩
လက်ပြတားတယ်။
ကောင်လေးလည်း သနားတာနဲ့ 🚗
“တက်လေ…” ဆိုပြီး ကားပေါ်တင်လိုက်တယ်။
ကောင်မလေးက နောက်ခုံကနေ
“ကျေးဇူးတင်ပါတယ်…” 😶
တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဆက်မောင်းလာကြတယ်။
ခဏကြာတော့ ကောင်မလေးက—
“ကိုကြီး… ရှေ့မှာ ချောက်ရှိတယ်နော်။ သတိထား…”
ကောင်လေး 😨
“ဟင်… ဒီလမ်းမှာ ချောက်ရှိလို့လား?”
ကောင်မလေးက အသံအေးအေးနဲ့—
“ရှိတယ်လေ…
အဲ့ဒီချောက်ထဲ ကားထိုးကျပြီး ငါသေခဲ့တာ…”
😱😱😱
ကောင်လေးလည်း ဘရိတ်အသာနင်းပြီး…
ဘေးကို လှည့်ကြည့်ကာ ပြုံးပြုံးလေးနဲ့—
“အာ… ဟုတ်သားပဲ။
အဲ့ဒီတုန်းက… ကားမောင်းတာ ကိုယ်ပဲလေ!” 🤣🤣🤣
👻 သရဲက လမ်းကြုံလိုက်တာမဟုတ်ဘူး…
အတိတ်က Driver ကို လာတွေ့တာ! 😂
#သရဲပုံပြင်
#ရယ်စရာပုံပြင်
#ဟာသ
07/08/2026
🚨 "အဖျားကျသွားပြီ... သက်သာပြီ" လို့ ထင်လိုက်တာက သွေးလွန်တုပ်ကွေးမှာ အန္တရာယ်အများဆုံး အမှားတစ်ခု ဖြစ်နိုင်ပါတယ်။
လူအများစုက အဖျားကျသွားရင် "ပျောက်သွားပြီ" လို့ ထင်ကြပါတယ်။
ဒါပေမယ့်...
⚠️ သွေးလွန်တုပ်ကွေးမှာ အဖျားကျပြီး 24–48 နာရီအတွင်းက အရေးကြီးဆုံး ကာလဖြစ်နိုင်ပါတယ်။
ဒီအချိန်မှာ သွေးရည်ယိုစိမ့်ခြင်း (Plasma leakage) နဲ့ Shock ဝင်နိုင်တဲ့ အန္တရာယ် ရှိနိုင်တာကြောင့် သတိထားဖို့ လိုပါတယ်။
🚑 အောက်ပါ Warning Signs တွေထဲက တစ်ခုခုရှိလာရင် ဆေးရုံကို ချက်ချင်းသွားသင့်ပါတယ်။
❌ ဗိုက်အရမ်းနာလာခြင်း
❌ အန်တာမရပ်ခြင်း
❌ နှာခေါင်း၊ သွားဖုံးက သွေးယိုခြင်း
❌ လက်ဖျား၊ ခြေဖျား အေးပြီး နုံးနယ်လာခြင်း
❌ အိပ်ချင်နေခြင်း၊ သတိလစ်သလို ဖြစ်လာခြင်း
🚫 အဖျားကျသွားတာတစ်ခုတည်းနဲ့ "ပျောက်သွားပြီ" လို့ မယူဆပါနဲ့။
❤️ ဒီအချက်ကို မသိသေးတဲ့ မိသားစု၊ သူငယ်ချင်းတွေဆီ Share ပေးလိုက်ပါ။ တစ်ချက် Share လုပ်ပေးတာက လူတစ်ယောက်ရဲ့ အသက်ကို ကာကွယ်ပေးနိုင်ပါတယ်။
💬 ဒီအချက်ကို အရင်က သိပြီးသားလား? "သိတယ်" ဒါမှမဟုတ် "မသိဘူး" လို့ Comment မှာ ရေးပေးခဲ့ပါ။
#သွေးလွန်တုပ်ကွေး #ကျန်းမာရေးအသိပညာ
06/08/2026
🚨 PERFECT LIFE သင်တန်းဆင်းများအတွက် ကျန်းမာရေးနယ်ပယ်မှာ အလုပ်ရှာနေသူများအတွက် အခွင့်အရေး
✔️ Clinic
✔️ Pharmacy
✔️ Home Care
✔️ Nurse Aide
စတဲ့နေရာတွေမှာ အလုပ်လျှောက်ထားနိုင်မယ့်သူများကို ခေါ်ယူနေပါတယ်။
📌 အတွေ့အကြုံမရှိသေးလို့ စိတ်မပူပါနဲ့။
Perfect Life သင်တန်းကျောင်းမှာ လက်တွေ့အခြေခံကနေ သင်ကြားပေးပြီး အလုပ်လျှောက်ထားနိုင်တဲ့အထိ လမ်းညွှန်ပေးပါတယ်။
💉 Practical Training
📖 Theory + Hands-on Practice
🎓 Certificate ပေးအပ်
🤝 သင်တန်းပြီးသူများအတွက် အလုပ်အကိုင်လမ်းပါပေးနေပါသည်။
"အလုပ်မရမှာ ကြောက်တယ်" ဆိုတဲ့သူတွေအတွက်
သင်တန်းတက်ပြီး အရည်အချင်းတိုး၊ အလုပ်အကိုင်အခွင့်အလမ်းကို ဖန်တီးလိုက်ပါ။
#သင်တန်းပြီးအလုပ်ရ
#အလုပ်အကိုင်အခွင့်အလမ်း
05/08/2026
⚠️ "သန်ကောင် ပါးစပ်က အန်လာရင် လည်ပင်းကို ထုံ (၃) လိုင်းဆွဲရင် သံမတက်တော့ဘူး" ဆိုတာ အမှန်လား? 🤔
ဒီအယူအဆကို ယုံနေသေးတဲ့သူ ဘယ်လောက်များရှိသေးလဲ? 👇
❌ MYTH (အယူအဆအမှား)
"သန်ကောင် ပါးစပ်က အန်လာရင် လည်ပင်းကို ထုံ (၃) လိုင်းဆွဲလိုက်ရင် သံမတက်တော့ဘူး။"
✅ FACT (အမှန်တရား)
လည်ပင်းကို ထုံးဆွဲတာက သန်ကောင်ကို မဖယ်ရှားနိုင်သလို သန်ကောင် ပြန်မတက်အောင်လည်း မကာကွယ်နိုင်ပါဘူး။
သန်ကောင် ပါးစပ်က အန်ထွက်လာတာဟာ ကုသမှုလိုအပ်နိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် ဆေးရုံ/ဆေးခန်းမှာ ပြသပြီး သင့်တော်တဲ့ သန်ချဆေးနဲ့ ကုသသင့်ပါတယ်။
💡 မှတ်ထားသင့်တာက...
ကျန်းမာရေးနဲ့ ပတ်သက်လာရင် လက်ဆင့်ကမ်း အယူအဆတွေကို ယုံကြည်တာထက် သိပ္ပံအခြေခံ အချက်အလက်တွေနဲ့ မှန်ကန်တဲ့ ကုသမှုကို ရွေးချယ်တာက ပိုလုံခြုံပါတယ်။
👇 မေးချင်တာက...
"လည်ပင်းကို ထုံး (၃) လိုင်းဆွဲရင် သံမတက်တော့ဘူး" ဆိုတာကို အရင်က ယုံဖူးလား?
👍 ယုံဖူးတယ် ဆိုရင် Like လုပ်ခဲ့ပါ။ ❤️ မယုံဘူး ဆိုရင် Love ပေးခဲ့ပါ။ 💬 ကိုယ်ကြားဖူးတဲ့ အခြားကျန်းမာရေး အယူအဆအမှားတွေကိုလည်း Comment မှာ မျှဝေပေးခဲ့ပါဦး။
📌 ဒီအချက်လေးကို မိသားစုနဲ့ သူငယ်ချင်းတွေ သိအောင် Share ပေးလိုက်ပါ။
#ကျန်းမာရေးအမှန်တရား #သန်ကောင်
03/08/2026
✨ဒီအပတ်ရဲ့Weekly
Quiz အသစ်အတွက် အဆင်သင့်ဖြစ်ပြီးလား❓️✨
လူတိုင်းသိထားသင့်တဲ့ ကျန်းမာရေးဗဟုသုတမေးခွန်းလေးနဲ့အတူ KPay ဆုငွေတွေ ကံထူးလိုက်ရအောင်! 🥰🧡
💧 မေးခွန်း: ရေသောက်တာ ကျန်းမာရေးအတွက် ကောင်းပေမယ့်... အလွန်အကျွံ သောက်မိရင် ဘယ်အင်္ဂါကို အန္တရာယ်အများဆုံး ဖြစ်စေနိုင်မလဲ?
A. ❤️ နှလုံး
B. 🧠 ဦးနှောက်
C. 🫁 အဆုတ်
D. 🩺 အသည်း
🎁 ဆုလက်ဆောင်
ဆုကြေး: KPay 3,000 ကျပ်စီ
ကံထူးရှင်: အဖြေမှန်သူများထဲမှ (၃) ဦးကို ရွေးချယ်ပေးသွားပါမည်။ 💸
📝 ပါဝင်ရမည့် အဆင့်များ
✅ Perfect Life Page ကို Like & Follow လုပ်ထားပေးပါ။
✅ Quiz အဖြေ (A / B / C / D) ကို ဤပို့စ်၏ Comment တွင် ရေးပေးပါ။
✅ သူငယ်ချင်း (၂) ယောက်ကို Tag တွဲပေးပါ။ 👯
⏰ အချိန်ဇယားနှင့် စည်းကမ်းချက်များ
❌ Google မရှာဘဲ ကိုယ်ထင်တာကို ဖြေကြည့်ပါဦး။ 😄
🕗 မဲဖောက်မည့်အချိန် - မနက်ဖြန် ည ၈:၀၀ နာရီ
🎉 ကံထူးရှင်စာရင်းကြေညာမည့်ရက် - လာမယ့် Tuesday ည ၈:၀၀ နာရီ
📌 ဒီ Quiz လေးကို သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ဝင်ဆင်နွှဲဖို့ Share ပေးသွားလို့ရပါတယ်နော်။
အားလုံးပဲ Good Luck ပါရှင်! 🥰🧡
28/07/2026
🚨 "အားဆေးလို့ ထင်ပြီး ဆားရည် (IV Drip) တင်နေကြတာ... နောက်ကွယ်မှာ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်တဲ့ အမှားကြီး (၅) ခုကို သိပြီးပြီလား?"
"အားနည်းသလိုလိုဖြစ်တာနဲ့ ဆားရည်ထိုးလိုက်ရင် ချက်ချင်း နေကောင်းသွားမယ်" ဆိုတဲ့ အယူအဆနဲ့ လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ဆားရည် (IV Drip) တင်တတ်ကြတဲ့အလေ့အထက တကယ်တော့ အလွန်အမင်း စိုးရိမ်စရာကောင်းမှန်း သိကြရဲ့လားရှင်?
ကောင်းစေချင်တဲ့ စေတနာနဲ့ဖြစ်စေ၊ အလွယ်သုံးချင်လို့ပဲဖြစ်စေ မဆင်မခြင် IV Drip တင်ခြင်းဟာ တချို့လူနာတွေအတွက် အသက်အန္တရာယ်အထိ ခြိမ်းခြောက်လာနိုင်တဲ့ ဆိုးရွားတဲ့ အမှားကြီးတွေ ဖုံးကွယ်နေပါတယ်။ ကိုယ့်ချစ်ရသူတွေအတွက် ဒီအချက်တွေကို မသိလို့ တကယ်ဖြစ်လာမှ နောင်တမရရအောင် အိမ်တိုင်း၊ လူနာပြုစုသူတိုင်း သိထားသင့်တဲ့ အချက် (၅) ချက်ကို အမြန်ဆုံး ဖတ်ကြည့်လိုက်ပါဦး!! 👇
❌ (၁) "နေမကောင်းတိုင်း ဆားရည်တင်ရမယ်" လို့ ထင်နေခြင်းက ဘာကြောင့် မှားတာလဲ?
အဖျား၊ အအေးမိ၊ အားနည်းတာတိုင်းမှာ IV Drip လိုအပ်တယ်လို့ ထင်မှတ်ပြီး အလွယ်တကူ တင်ခိုင်းတတ်ကြပါတယ်။ တကယ်တော့ ရေဓာတ်နဲ့ အာဟာရကို ပါးစပ်ကနေ သောက်သုံးနိုင်ရုံနဲ့တင် လုံလောက်နေတဲ့ လူနာတွေအတွက် မလိုအပ်ဘဲ ထိုးမိတာဟာ ခန္ဓာကိုယ်ကို မလိုအပ်တဲ့ ဒဏ်ပိစေပါတယ်။
✅ အမှန်: IV Drip လိုအပ်ခြင်း မလိုအပ်ခြင်းကို လူနာရဲ့ လက်ရှိရောဂါအခြေအနေအပေါ် မူတည်ပြီး ဆရာဝန်ကသာ တိကျစွာ ဆုံးဖြတ်ပေးရပါမယ်။
❌ (၂) "ဆားရည်တင်လိုက်ရင် ရောဂါမြန်မြန်ပျောက်တယ်" ဆိုတဲ့ အယူအဆ အမှန်ကော ဟုတ်ရဲ့လား?
ဆားရည်တင်လိုက်တာနဲ့ ရောဂါတွေ အကုန်ပျောက်ကင်းသွားမယ်လို့ ထင်မှတ်နေကြပေမဲ့ IV Drip ဆိုတာ ရောဂါကို တိုက်ရိုက်ကုသပျောက်ကင်းစေတဲ့ ဆေးတစ်လက် မဟုတ်ပါဘူး။ ဒါကို မသိဘဲ အားကိုးနေမိရင် ရောဂါကို ပိုာကြန့်ကြာစေနိုင်ပါတယ်။
✅ အမှန်: သူ့ရဲ့ အဓိကတာဝန်က ခန္ဓာကိုယ်ထဲကို ရေနဲ့ ဓာတ်ဆားတွေကို ဖြည့်တင်းပေးဖို့သာ ဖြစ်ပြီး ရောဂါပိုးရှိလာရင် သင့်တော်တဲ့ သီးသန့်ကုသမှုများကိုသာ အဓိက ခံယူရပါမယ်။
❌ (၃) အိမ်မှာ ကျွမ်းကျင်သူမရှိဘဲ အလွယ်တကူ IV Drip တင်ခြင်းက ဘယ်လောက်အထိ အန္တရာယ်များလဲ?
ဆေးထိုးတဲ့အခါ လိုအပ်တဲ့ ပိုးသတ်ခြင်း (Sterile) နည်းလမ်းတွေ မမှန်ကန်ဘူးဆိုရင် လူနာရဲ့ အသက်ကိုပါ ထိခိုက်စေနိုင်တဲ့... ⚠️ ပိုးဝင်ခြင်း ⚠️ သွေးကြောရောင်ခြင်း ⚠️ ဆေးအမျိုးအစား မှားယွင်းခြင်း စတဲ့ ဆိုးရွားတဲ့ အန္တရာယ်တွေ ချက်ချင်း ဖြစ်ပေါ်လာနိုင်ပါတယ်။
✅ အမှန်: မည်သည့် IV Drip ကိုမဆို ကျန်းမာရေးအတွက် အထူးလေ့ကျင့်သင်ကြားထားတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကသာ စနစ်တကျ ထိုးသင့်ပါတယ်။
❌ (၄) "မြန်မြန်ဝင်လေ ကောင်းလေ" ဆိုပြီး Flow ကို တိုးမြှင့်ခြင်းက လူနာကို ဘယ်လိုဒုက္ခပေးမလဲ?
ဆေးရည်တွေကို ကိုယ့်သဘောနဲ့ကိုယ် အမြန်ကုန်အောင် တင်တာမျိုးက အထူးသဖြင့် အသက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ နှလုံး၊ ကျောက်ကပ်ရောဂါ အခံရှိသူတွေမှာ အလွန်တရာ အန္တရာယ်များပြီး... ⚠️ ရေဓာတ်လွန်ကဲခြင်း ⚠️ အသက်ရှူခက်ခဲခြင်း တွေကို ကြီးမားစွာ ဖြစ်စေနိုင်ပါတယ်။
✅ အမှန်: ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်း သတ်မှတ်ပေးထားတဲ့ သင့်တော်တဲ့နှုန်းအတိုင်းသာ မှန်ကန်စွာ ဝင်ရပါမယ်။
❌ (၅) IV Drip တင်နေချိန် လက်ရောင်၊ နာ၊ ဖောင်းနေတာကို လျစ်လျူရှုရင် ဘာတွေဖြစ်နိုင်မလဲ?
ဆေးရည်တွေ သွေးကြောထဲ တန်းမသွားဘဲ သွေးကြောအပြင်ဘက်ကို စိမ့်ဝင်ထွက်နေတာ ဖြစ်နိုင်ပါတယ်။ ဒီအချက်ကို သတိမထားမိဘဲ ပေါ့ဆထားလိုက်မယ်ဆိုရင် တစ်ရှူးတွေ ထိခိုက်ပျက်စီးပြီး ပိုဆိုးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
✅ အမှန်: ထိုးထားတဲ့နေရာ နာကျင်လာတာ၊ ဖောင်းလာတာ၊ အေးစက်တာ သို့မဟုတ် ပူစပ်လာတာတွေ ဖြစ်လာရင် ကျန်းမာရေးဝန်ထမ်းကို ချက်ချင်း အသိပေးပြီး ပြင်ဆင်ရပါမယ်။
📌 မှတ်ထားပါ
💉 IV Drip ဆိုတာ အားဆေးတစ်လက် မဟုတ်ပါဘူး။ လိုအပ်တဲ့အချိန်မှာ မှန်ကန်တဲ့လူနာကို မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးပြုမှသာ အမှန်တကယ် အကျိုးရှိစေမှာ ဖြစ်ပါတယ်။
💬 Comment မှာ ဖြေပေးပါဦး...
"နေမကောင်းရင် ဆားရည်တင်လိုက်ရင် ပိုမြန်မြန်ကောင်းမယ်" လို့ သင် အရင်က ယုံကြည်ဖူးပါသလား? 👍 ယုံဖူးတယ် ❤️ မယုံဖူးဘူး
📌 ဒီ Post လေးကို Save လုပ်ထားပြီး မိသားစုနဲ့ မိတ်ဆွေတွေကို Share ပေးလိုက်ပါဦး။ လူတစ်ယောက်ရဲ့ အယူအဆမှားတစ်ခုကို ပြင်ပေးနိုင်ရုံနဲ့ သူတို့ရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။