Hola Myanmar -Spanish Class

Hola Myanmar -Spanish Class Hola Myanmar is the association of experts who experienced interacting with natives for more than a

🇪🇸 Hola 🇪🇸🎬 Movie ကြိုက်သူတွေအနေနဲ့ Netflix ကြည့်ရင်း စပိန်ဘာသာစကားကို ဘယ်လိုလေ့လာကြမလဲ ? 🎬 စပိန်ဘာသာစကားကို လေ့လာနေပေမဲ...
24/08/2026

🇪🇸 Hola 🇪🇸

🎬 Movie ကြိုက်သူတွေအနေနဲ့ Netflix ကြည့်ရင်း စပိန်ဘာသာစကားကို ဘယ်လိုလေ့လာကြမလဲ ?

🎬 စပိန်ဘာသာစကားကို လေ့လာနေပေမဲ့ ရုပ်ရှင်ကြည့်ရင်း ဘာတွေပြောမှန်း မသိဖြစ်နေကြတာကို ကြုံဖူးကြမှာပါ ။

🎬 Netflix ကို ဒီအတိုင်း မကြည့်ဘဲ အောက်ဖော်ပြပါ နည်းလမ်း လေးချက်နဲ့ လေ့ကျင့်ကြည့်ရအောင်။

🇪🇸 မိမိရဲ့ Language Level Setting ထဲမှာ Subtitle ချိန်ပါ။

Beginner : Spanish Audio + English Subtitle

Pre Intermediate or Intermediate : Spanish Audio + Spanish Subtitle

Advanced: Spanish Audio Only (Subtitle ပိတ်ကြည့်ပါ)

🇪🇸 10 minutes ခန့် လေ့ကျင့်နည်း (10-Minute Method)

ဇာတ်လမ်းတစ်ပုဒ်လုံး ကြည့်တာထက် မိနစ် ၂၀ စာ အခန်းတိုလေးကိုပဲ -

-စပိန်စာတန်းထိုးနဲ့ တစ်ကြိမ် ကြည့်ပါ။

-မသိတဲ့ စကားလုံး ၃ ခု ရေးမှတ်ပါ။

-ဇာတ်လမ်းထဲက ဇာတ်ဆောင်တွေ

ပြောသလို လိုက်ပြောကြည့်ပါ။

-Subtitle ပိတ်ပြီး အသံချည်းပဲ နောက်တစ်ခေါက် ပြန်နားထောင်ပါ။

🇪🇸 Language Reactor Extension သုံးပါ

ကွန်ပျူတာနဲ့ ကြည့်ရင် Chrome မှာ Language Reactor ထည့်ထားပါ။ စပိန်/အင်္ဂလိပ် Subtitle ၂ ခုပြိုင်တူ ပြပေးရုံမက စကားလုံးပေါ် မောက်စ်တင်ရုံနဲ့ အဓိပ္ပာယ် တန်းကြည့်လို့ရပါတယ်။

🇪🇸 စပိန်စကားပြော ဇာတ်လမ်းကောင်းများ ကို ရွေးကြည့်ပါ။

🇪🇸 အထက်ပါ အကြံပြုချက်တွေအပြင် ပိုကောင်းတဲ့ အချက်များကိုလဲ comment မှာ မျှဝေပေးကြပါအုံးနော် ။

🇪🇸 Hola Myanmar Online Spanish Class မှာ တက်ရောက်ပြီး စနစ်တကျ လေ့လာချင်တယ်ဆိုရင် Message Box ကနေ အသေးစိတ်သိရှိနိုင်ဖို့ 24/7 မေးမြန်းနိုင်ပါတယ်ရှင်။

🇪🇸 September intake အတွက် Schedule လေးတွေ ထွက်ပြီမို့လို့ နောက်မကျရအောင် သင်တန်းအပ်ထားလို့ရပါပြီ။

🇪🇸 Schedule class ကို အချိန်မရလို့ Private သင်ချင်သူများအတွက်လည်း စာသင်ချိန်ကို သင်မယ့်ဆရာနဲ့ အဆင်ပြေအောင် ညှိနှိုင်းပေးပါတယ်ရှင်။


Hoy se han entregado en la Embajada de EspaĂąa en Yangon los certificados de asistencia con aprovechamiento a los seis pr...
19/08/2026

Hoy se han entregado en la Embajada de EspaĂąa en Yangon los certificados de asistencia con aprovechamiento a los seis profesores de Hola Myanmar -Spanish Class que han completado el Curso de FormaciĂłn Inicial de Profesores de EspaĂąol, 30 horas de formaciĂłn especĂ­ficamente orientadas a la enseĂąanza del espaĂąol en Myanmar e impartidas por el Instituto Cervantes de Manila, con el apoyo de la Embajada de EspaĂąa.

Un pequeño paso más hacia la profesionalización y el fortalecimiento de la enseñanza del español en Myanmar 🇪🇸🇲🇲

Aprender una lengua es acercarse a otras culturas, conectar a las personas y abrir nuevas oportunidades. Y hacerlo en español significa formar parte de una comunidad de más de 600 millones de personas en todo el mundo… y aprender el idioma de los campeones y campeonas del mundo 😉🏆🇪🇸

¡Enhorabuena a los seis profesores y gracias por seguir haciendo crecer el español en Myanmar! 👏📚

ယနေ့ ရန်ကုန်မြို့ရှိ စပိန်သံရုံး၌ Hola Myanmar စပိန်ဘာသာစကားသင်တန်းမှ ဆရာခြောက်ဦးအား စပိန်ဘာသာစကားသင်ကြားရေးဆရာများအတွက် အခြေခံသင်တန်း အောင်မြင်စွာ ပြီးဆုံးခဲ့သည့်အတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အဆိုပါသင်တန်းသည် မြန်မာနိုင်ငံတွင် စပိန်ဘာသာစကား သင်ကြားပို့ချနိုင်ရေးအတွက် အထူးရည်ရွယ်စီစဉ်ထားသည့် နာရီ ၃၀ ကြာ သင်တန်းဖြစ်ပြီး၊ စပိန်သံရုံး၏ ပံ့ပိုးကူညီမှုဖြင့် Instituto Cervantes Manila က ပို့ချပေးခဲ့ခြင်းဖြစ်ပါသည်။

ဤသည်မှာ မြန်မာနိုင်ငံရှိ စပိန်ဘာသာစကားသင်ကြားရေးကဏ္ဍကို ပိုမိုစနစ်ကျ၍ ကျွမ်းကျင်ပညာရှင်ဖြစ်လာစေရန်နှင့် ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သည့် သေးငယ်သော်လည်း အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ 🇪🇸🇲🇲

ဘာသာစကားတစ်ခုကို သင်ယူခြင်းသည် အခြားယဉ်ကျေးမှုများကို ရှာဖွေလေ့လာခြင်း၊ လူအချင်းချင်း ချိတ်ဆက်ပေးခြင်းနှင့် အခွင့်အလမ်းသစ်များကို ဖွင့်လှစ်ပေးခြင်းပင် ဖြစ်ပါသည်။ စပိန်ဘာသာစကားကို သင်ယူခြင်းအားဖြင့်လည်း ကမ္ဘာတစ်ဝန်းရှိ လူဦးရေ သန်း ၆၀၀ ကျော် ပါဝင်သော၊ ထို့အပြင် ကမ္ဘာ့ဖလား ချန်ပီယံတို့၏ဘာသာစကားလည်းဖြစ်သော တစ်ကမ္ဘာလုံးဆိုင်ရာ အသိုက်အဝန်းကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပါသည်။ 😉🏆🇪🇸

ဆရာ ခြောက်ဦးလုံးကို အထူးပင် ထပ်မံဂုဏ်ပြုအပ်ပါသည်။ မြန်မာနိုင်ငံတွင် စပိန်ဘာသာစကား ဆက်လက်ဖွံ့ဖြိုးတိုးတက်လာစေရန် ပါဝင်ကူညီပေးကြသည့်အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။ 👏📚

🇪🇸 Hola‎ 🇪🇸🇪🇸 ‎August intake မှာ လူပြည့်သွားလို့ မတက်လိုက်ရတဲ့သူတွေအတွက်𝑺𝒆𝒑𝒕𝒆𝒎𝒃𝒆𝒓 𝒊𝒏𝒕𝒂𝒌𝒆 𝑺𝒄𝒉𝒆𝒅𝒖𝒍𝒆 ထွက်ပါပြီရှင်။‎🇪🇸 Span...
14/08/2026

🇪🇸 Hola‎ 🇪🇸

🇪🇸 ‎August intake မှာ လူပြည့်သွားလို့ မတက်လိုက်ရတဲ့သူတွေအတွက်𝑺𝒆𝒑𝒕𝒆𝒎𝒃𝒆𝒓 𝒊𝒏𝒕𝒂𝒌𝒆 𝑺𝒄𝒉𝒆𝒅𝒖𝒍𝒆 ထွက်ပါပြီရှင်။

‎🇪🇸 Spanish စကားပြောတတ်တာနဲ့ အခွင့်အလမ်းတွေအများကြီးရှိတယ်ဆိုတာ သိပြီးပြီလား ?
‎
‎🇪🇸 Spanish ဘာသာစကားအတွက်သင်တန်းရွေးချယ်မှုမှားမှာရော ကြောက်နေလား ?

‎‎🇪🇸 ‎Spanish ဘာသာစကားကိုအခြေခံကနေစပြီး ကျွမ်းကျင်စွာ တတ်မြောက်ချင်တဲ့သူတွေအတွက်
‎
‎✨ အခြေခံမရှိသူတွေရော ၊ အခြေခံရှိပြီးသားတွေပါ တက်လို့ရနိုင်မယ့် 𝑯𝒐𝒍𝒂 𝑴𝒚𝒂𝒏𝒎𝒂𝒓 𝑺𝒑𝒂𝒏𝒊𝒔𝒉 𝑶𝒏𝒍𝒊𝒏𝒆 𝑪𝒍𝒂𝒔𝒔 ရှိနေပါပြီ။
‎
‎✨ Hola Myanmar သင်တန်းမှာ ဘယ်လိုသင်မှာလဲ ?
‎
‎✅ အသံထွက်တွေကို သေချာသင်ပေးမယ်။
✅ Daily Conversation ကိုအဓိကသင်ပေးမယ်။
‎✅ Grammar လည်းကြောက်စရာမလို ၊အထူးတလည်စာကျက်စရာမလိုပဲ ဆရာနဲ့သင်ကြားရင်းနဲ့ စာရသွားမှာ ဖြစ်ပါတယ်။

‎‎‎🇪🇸 ‎Hola Myanmar - Spanish Class ရဲ့ Basic Course မှာ သုံးလတာသင်တန်းလေးပြီးသွားရင်တော့
✓Pronunciation - အသံထွက်တွေကို confident ရှိရှိပိုင်နိုင်မှန်ကန်စွာ ထွက်ဆိုနိုင်ခြင်း။
✓Basic Grammar - အခြေခံ grammar ကို ပိုင်နိုင်စွာ တတ်မြောက်စေခြင်း။
✓Conversation - အထိုက်အလျောက် စကားပြောကို ပြောဆိုနိုင်ခြင်း။ အစရှိတဲ့အချက်များကို ပိုင်နိုင်သွားစေမှာပါ။
‎‎
‎‎🇪🇸 ‎အတန်းတစ်တန်းမှာ သင်တန်းသား ရှစ်ယောက်ပဲလက်ခံတာမို့လို့ အမြန်စုံစမ်းဖို့လိုအပ်ပါမယ်။
🇪🇸 Hola Class မှာ Basic Course တက်ပြီးသွားတဲ့သူတွေအတွက် Pre Intermediate Class နဲ့ Inter Class တွေလည်း September လထဲမှာ ထပ်ဖွင့်ဖို့ရှိပါတယ်။

🇪🇸 Schedule class ကို အချိန်မရလို့ Private သင်ချင်သူများအတွက်လည်း စာသင်ချိန်ကို သင်မယ့်ဆရာနဲ့ အဆင်ပြေအောင် ညှိနှိုင်းပေးပါတယ်ရှင်။






contact - 09 953041949

🇪🇸 Hola 🇪🇸🇪🇸 Hola Myanmar Spanish Class ကို Year 2020 မှ Year 2026 ထိအောင် ယုံကြည်စွာ တက်ရောက်ခဲ့ကြတဲ့ တစ်ယောက်ချင်းစီကိ...
12/08/2026

🇪🇸 Hola 🇪🇸

🇪🇸 Hola Myanmar Spanish Class ကို Year 2020 မှ Year 2026 ထိအောင် ယုံကြည်စွာ တက်ရောက်ခဲ့ကြတဲ့ တစ်ယောက်ချင်းစီကို Hola Myanmar Team က ကျေးဇူးအထူးတင်ပါတယ်ရှင်။









contact - 09 953041949

🇪🇸 Hola 🇪🇸🇪🇸 𝟐𝟎𝟐𝟔 𝐃𝐄𝐋𝐄 𝐄𝐱𝐚𝐦  စပိန်ဘာသာစကား လေ့လာနေသူများအတွက် ကမ္ဘာတစ်ဝှမ်း အသိအမှတ်ပြု တရားဝင် လက်မှတ်တစ်ခုဖြစ်တဲ့ DELE...
07/08/2026

🇪🇸 Hola 🇪🇸

🇪🇸 𝟐𝟎𝟐𝟔 𝐃𝐄𝐋𝐄 𝐄𝐱𝐚𝐦

စပိန်ဘာသာစကား လေ့လာနေသူများအတွက် ကမ္ဘာတစ်ဝှမ်း အသိအမှတ်ပြု တရားဝင် လက်မှတ်တစ်ခုဖြစ်တဲ့ DELE (Diploma de Español como Lengua Extranjera) စာမေးပွဲအကြောင်းနှင့် 2026 ခုနှစ် စာမေးပွဲ အချိန်ဇယားများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

📌 𝐃𝐄𝐋𝐄 စာမေးပွဲဆိုတာ ဘာလဲ။

DELE လက်မှတ်သည် စပိန်ပညာရေးဝန်ကြီးဌာနနှင့် Instituto Cervantes တို့မှ တရားဝင် ထုတ်ပေးသော စပိန်ဘာသာစကား ကျွမ်းကျင်မှု လက်မှတ်ဖြစ်ပါတယ်။

🇪🇸 𝐃𝐄𝐋𝐄 လက်မှတ်ရှိထားခြင်း၏ အကျိုးကျေးဇူးများ။

-ပညာသင်ဆု လျှောက်ထားနိုင်ခြင်း
စပိန်နှင့် လက်တင်အမေရိက တက္ကသိုလ်များသို့ လျှောက်ထားရာတွင် အဓိက လိုအပ်ချက်ဖြစ်ခြင်း။

-အလုပ်အကိုင် အခွင့်အလမ်းများ
နိုင်ငံတကာ ကုမ္ပဏီများ၊ သံရုံးများနှင့် NGO များတွင် စပိန်ဘာသာစကား ကျွမ်းကျင်သူအဖြစ် လျှောက်ထားနိုင်ခြင်း။

🇪🇸 𝟐𝟎𝟐𝟔 𝐃𝐄𝐋𝐄 𝐄𝐱𝐚𝐦 စာမေးပွဲ ရက်စွဲများနှင့် စာရင်းပေးသွင်းရန် နောက်ဆုံးရက်များ

A2 level - February Session

Exam Date: 13 February 2026

Registration Deadline: 7 January 2026
------
A1 မှ C2 level - May Session

Exam Dates: 22–23 May 2026

Registration Deadline: 8 April 2026
-------

𝐀𝟐, 𝐁𝟏, 𝐁𝟐, 𝐂𝟏 𝐥𝐞𝐯𝐞𝐥- 𝐎𝐜𝐭𝐨𝐛𝐞𝐫 𝐒𝐞𝐬𝐬𝐢𝐨𝐧

Exam Dates: 16–17 October 2026

Registration Deadline: 2 September 2026
------
𝐀𝟏 မှ 𝐂𝟐 𝐥𝐞𝐯𝐞𝐥 - 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 𝐒𝐞𝐬𝐬𝐢𝐨𝐧

Exam Dates: 13–14 November 2026

Registration Deadline: 30 September 2026
------

📌 𝐃𝐄𝐋𝐄 စာမေးပွဲတွင် ဘာသာစကား ကျွမ်းကျင်မှု စွမ်းရည် (၄) မျိုးလုံးကို စစ်ဆေးပါသည်။

-ComprensiĂłn de lectura (Reading Skill)

-ComprensiĂłn auditiva (Listening Skill)

-ExpresiĂłn e interacciĂłn escritas (Writing Skill)

-ExpresiĂłn e interacciĂłn orales (Speaking Skill)

🇪🇸 စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသူများအနေဖြင့် မိမိဖြေဆိုလိုသည့် Level အတွက် စာရင်းပေးသွင်းရန် နောက်ဆုံးရက် မတိုင်မီ ကြိုတင်ပြင်ဆင် စာရင်းသွင်းထားကြဖို့ တိုက်တွန်းချင်ပါတယ်။

🇪🇸 DELE exam အကြောင်းကို details သေချာသိချင်သူများအတွက် အောက်ပါ link များမှာ ၀င်ရောက် လေ့လာနိုင်ကြပါတယ်။

Official DELE Portal & Registration: https://examenes.cervantes.es/es/dele/que-es

General Instituto Cervantes Website: https://cervantes.org/








contact - 09 953041949

🎉 𝐇𝐚𝐩𝐩𝐲 𝟑𝟎𝐭𝐡 𝐀𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲, 𝐌𝐕🎉Thank you indeed for appreciation of MV 30 years journey supported by Industry partners and...
28/07/2026

🎉 𝐇𝐚𝐩𝐩𝐲 𝟑𝟎𝐭𝐡 𝐀𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲, 𝐌𝐕🎉

Thank you indeed for appreciation of MV 30 years journey supported by
Industry partners and friends far and near.






🇪🇸 Hola‎ 🇪🇸🇪🇸 ‎July intake မှာ လူပြည့်သွားလို့ မတက်လိုက်ရတဲ့သူတွေအတွက် 𝑨𝒖𝒈𝒖𝒔𝒕 𝒊𝒏𝒕𝒂𝒌𝒆 𝑺𝒄𝒉𝒆𝒅𝒖𝒍𝒆 ထွက်ပါပြီရှင်။‎🇪🇸 Spanish ...
21/07/2026

🇪🇸 Hola‎ 🇪🇸

🇪🇸 ‎July intake မှာ လူပြည့်သွားလို့ မတက်လိုက်ရတဲ့သူတွေအတွက် 𝑨𝒖𝒈𝒖𝒔𝒕 𝒊𝒏𝒕𝒂𝒌𝒆 𝑺𝒄𝒉𝒆𝒅𝒖𝒍𝒆 ထွက်ပါပြီရှင်။

‎🇪🇸 Spanish စကားပြောတတ်တာနဲ့ အခွင့်အလမ်းတွေအများကြီးရှိတယ်ဆိုတာ သိပြီးပြီလား ?
‎
‎🇪🇸 Spanish ဘာသာစကားအတွက်သင်တန်းရွေးချယ်မှုမှားမှာရော ကြောက်နေလား ?

‎‎🇪🇸 ‎Spanish ဘာသာစကားကိုအခြေခံကနေစပြီး ကျွမ်းကျင်စွာ တတ်မြောက်ချင်တဲ့သူတွေအတွက်
‎
‎✨ အခြေခံမရှိသူတွေရော ၊ အခြေခံရှိပြီးသားတွေပါ တက်လို့ရနိုင်မယ့် Hola Myanmar Spanish Online Class ရှိနေပါပြီ။
‎
‎✨ Hola Myanmar သင်တန်းမှာ ဘယ်လိုသင်မှာလဲ ?
‎
‎✅ အသံထွက်တွေကို သေချာသင်ပေးမယ်။
✅ Daily Conversation ကိုအဓိကသင်ပေးမယ်။
‎✅ Grammar လည်းကြောက်စရာမလို ၊အထူးတလည်စာကျက်စရာမလိုပဲ ဆရာနဲ့သင်ကြားရင်းနဲ့ စာရသွားမှာ ဖြစ်ပါတယ်။

‎‎‎🇪🇸 ‎Hola Myanmar - Spanish Class ရဲ့ Basic Course မှာ သုံးလတာသင်တန်းလေးပြီးသွားရင်တော့
✓Pronunciation - အသံထွက်တွေကို confident ရှိရှိပိုင်နိုင်မှန်ကန်စွာ ထွက်ဆိုနိုင်ခြင်း။

✓Basic Grammar - အခြေခံ grammar ကို ပိုင်နိုင်စွာ တတ်မြောက်စေခြင်း။
✓Conversation - အထိုက်အလျောက် စကားပြောကို ပြောဆိုနိုင်ခြင်း။ အစရှိတဲ့အချက်များကို ပိုင်နိုင်သွားစေမှာပါ။
‎‎
‎‎🇪🇸 ‎အတန်းတစ်တန်းမှာ သင်တန်းသား ရှစ်ယောက်ပဲလက်ခံတာမို့လို့ အမြန်စုံစမ်းဖို့လိုအပ်ပါမယ်။

🇪🇸 Hola Class မှာ Basic Course တက်ပြီးသွားတဲ့သူတွေအတွက် Pre Intermediate Class နဲ့ Inter Class တွေလည်း August လထဲမှာ ထပ်ဖွင့်ဖို့ရှိပါတယ်။

🇪🇸 Schedule class ကို အချိန်မရလို့ Private သင်ချင်သူများအတွက်လည်း စာသင်ချိန်ကို သင်မယ့်ဆရာနဲ့ အဆင်ပြေအောင် ညှိနှိုင်းပေးပါတယ်ရှင်။






contact - 09 953041949

𝑪𝒐𝒏𝒈𝒓𝒂𝒕𝒖𝒍𝒂𝒕𝒊𝒐𝒏𝒔 𝒕𝒐 𝑺𝒑𝒂𝒊𝒏 𝒐𝒏 𝒃𝒆𝒊𝒏𝒈 𝒄𝒓𝒐𝒘𝒏𝒆𝒅 𝒕𝒉𝒆 23𝒓𝒅 𝑭𝑰𝑭𝑨 𝑾𝒐𝒓𝒍𝒅 𝑪𝒖𝒑 𝑪𝒉𝒂𝒎𝒑𝒊𝒐𝒏𝒔! 🏆🥇⚽
20/07/2026

𝑪𝒐𝒏𝒈𝒓𝒂𝒕𝒖𝒍𝒂𝒕𝒊𝒐𝒏𝒔 𝒕𝒐 𝑺𝒑𝒂𝒊𝒏 𝒐𝒏 𝒃𝒆𝒊𝒏𝒈 𝒄𝒓𝒐𝒘𝒏𝒆𝒅 𝒕𝒉𝒆 23𝒓𝒅 𝑭𝑰𝑭𝑨 𝑾𝒐𝒓𝒍𝒅 𝑪𝒖𝒑 𝑪𝒉𝒂𝒎𝒑𝒊𝒐𝒏𝒔! 🏆🥇⚽

🇪🇸 Hola 🇪🇸                                                                               🇪🇸 Spanish Language ကို သင်ဖို့...
25/06/2026

🇪🇸 Hola 🇪🇸

🇪🇸 Spanish Language ကို သင်ဖို့ English Level - Basic / Pre Intermediate အပြင် ဘာတွေလိုအပ်သလဲ ?

🇪🇸 Hola Class မှာ တစ်ချို့သောသူတွေ လာမေးလေ့ရှိကြတဲ့ မေးခွန်းလေးတစ်ခုပါ။

🇪🇸 Language တစ်ခုကို လေ့လာတဲ့အခါမှာ အခု ပြောပြပေးမယ့် အချက်လေး‌တွေ ရှိရင် လုံလောက်ပါတယ်။

🎯 Be Curious

- စပ်စုပါ။ ဟုတ်ပါတယ်။ တခြားနေရာတွေမှာ စပ်စုတာ မကောင်းပေးမယ့် Language တစ်ခုကို သင်ယူတော့မယ်ဆိုရင် အဲ့ဒီအကြောင်းကို
သိချင်စိတ်ပြင်းပြစွာနဲ့ အရာအားလုံးကို စပ်စုတတ်ရပါမယ်။

🎯 Keep Learning

- စဉ်ဆက်မပျက် လေ့လာသင်ယူပါ။
Language တစ်ခုကို လေ့လာတဲ့အခါမှာ အချိန်ကြာလာရင် ပျင်းသွားတတ်ကြတာ သဘာ၀ပါပဲ။ အဲ့ဒီအချိန်ရောက်လာရင် ကိုယ်သင်ကြားနေတဲ့ Languageရဲ့ နှစ်သက်ရာ Movie, Song, Story, Documentation စသဖြင့် ပြောင်းလဲပြီး လေ့လာကြည့်လို့ရပါတယ်။

🎯 Don't be afraid to try something new

- အသစ်တစ်ခုကို ထပ်လေ့လာရမှာ မကြောက်ပါနဲ့။ လူတိုင်းဟာ မွေးကတည်းက အလုံးစုံ တတ်မြောက်တဲ့သူတွေမဟုတ်ပါဘူး။ အသက်အရွယ်အလိုက် knowledge အသစ်တွေကို သင်ယူမှုတွေနဲ့ ရှင်သန်နေကြရပါတယ်။
Hola class မှာ အသက် 6 နှစ်ကစပြီး အသက် 50 ကျော်အထိ လေ့လာသင်ယူနေတဲ့ သူတွေရှိပါတယ်။

🇪🇸 Language အသစ်တစ်ခုကို လေ့လာတဲ့သူတွေက အသက်ကြီးလာတဲ့အခါ ဖြစ်တတ်ကြတဲ့ Alzheimer ရောဂါကို တစ်စိတ်တစ်ပိုင်း ကာကွယ်ပြီးသားလဲ ဖြစ်ပါတယ်တဲ့။

🇪🇸 မိမိတို့နဲ့ ကိုက်ညီမယ့် ဘာသာစကားတစ်ခုကို သင်ယူဖို့ Hola Myanmar Team က စောင့်ကြိုပါရစေရှင်။




contact - 09 953041949

🇪🇸 Hola 🇪🇸       🪘 Cajón  🪘 🪘 Spain ဂီတကို စိတ်၀င်စားသူတွေအတွက် Cajón (ကာဟွန်) ဆိုတဲ့ တူရိယာ တစ်ခုအကြောင်း ပြောပြချင်ပါတ...
18/06/2026

🇪🇸 Hola 🇪🇸

🪘 Cajón 🪘

🪘 Spain ဂီတကို စိတ်၀င်စားသူတွေအတွက် Cajón (ကာဟွန်) ဆိုတဲ့ တူရိယာ တစ်ခုအကြောင်း ပြောပြချင်ပါတယ်။

🪘 Cajón ဟာ ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးနဲ့ အသုံးအဝင်ဆုံး တူရိယာတွေထဲက တစ်ခုပါ။ စပိန်ဘာသာစကားနဲ့ "သေတ္တာ" လို့ အဓိပ္ပာယ်ရပြီး ပုံစံက ရိုးရိုးရှင်းရှင်းလေး ထင်ရပေမဲ့ သူ့နောက်ကွယ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းကြောင်းနဲ့ မယုံနိုင်စရာကောင်းလောက်အောင် စုံလင်လှတဲ့ အသံအနိမ့်အမြင့် အရောင်အသွေးတွေ ရှိနေပါတယ်။

🪘 ၁၈ ရာစုနှောင်းပိုင်း ပီရူးနိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ စပိန်ကိုလိုနီနယ်ချဲ့တွေ ပီရူးကို ခေါ်လာတဲ့ အာဖရိကန်သုံ့ပန်းတွေကို သူတို့ရဲ့ ရိုးရာဗုံတွေ မတီးဖို့ ပိတ်ပင်ခဲ့ကြပါတယ်။ အာဖရိကန်တွေဟာ အဲဒီပိတ်ပင်ချက်ကို ကျော်လွှားပြီး သူတို့ရဲ့ ဂီတရိုးရာကို ဆက်ထိန်းထားနိုင်ဖို့အတွက် ပရိဘောဂပစ္စည်းအဖြစ် အလွယ်တကူ ဟန်ဆောင်လို့ရတဲ့ နေ့စဉ်သုံးပစ္စည်းတွေကို တူရိယာအစား ပြောင်းသုံးခဲ့ကြပါတယ်။ အဓိကကတော့ ပစ္စည်းသယ်တဲ့ သစ်သားသေတ္တာခွံတွေကို ဗုံအဖြစ် ပြောင်းတီးခဲ့ကြတာက စတင်ခဲ့ပါတယ်။

🪘 လမ်းဘေးဖျော်ဖြေသူတွေနဲ့ Acoustic တီးဝိုင်းတွေ ကာဟွန်ကို သဘောကျကြတာက သူက ဒရမ်စုံတစ်ခုလုံးရဲ့ အသံမျိုးထွက်အောင် တုပတီးခတ်နိုင်လို့ပါ။

🪘 အရှေ့ဘက်မျက်နှာပြင် (Tapa လို့ခေါ်တဲ့ အချပ်) ရဲ့ အလယ်တည့်တည့်ကို ပုတ်လိုက်ရင် ဒရမ်ကန်သံ (Kick drum) လိုမျိုး နက်ရှိုင်းပြီး ဟိန်းထွက်သွားတဲ့ ဘေ့စ်သံ ထွက်လာပါတယ်။
အပေါ်ထောင့်စွန်းတွေ ဒါမှမဟုတ် အနားသတ်တွေကို ပုတ်ရင်တော့ စနဲလ်ဒရမ်အတိုင်း စူးရှပြီး စူးစူးဝါးဝါး အသံမျိုး ထွက်လာမှာပါ။

🪘 ပီရူးမှာ စတင်ခဲ့တာဆိုပေမဲ့ ကာဟွန်ဟာ Flamenco ဂီတရဲ့ အဓိက မရှိမဖြစ် တူရိယာတစ်ခု ဖြစ်လာခဲ့ပါတယ်။

🪘 သူ့ရဲ့ စူးရှပြတ်သားတဲ့ အသံမြင့်မြင့်လေးတွေက Flamenco ကချေသည်တွေရဲ့ ခြေသံပြင်းပြင်းတွေ၊ ဂစ်တာတီးခတ်သံတွေနဲ့ အလိုက်ဖက်ဆုံး ပေါင်းစပ်သွားတာပါ။

🪘 ကာဟွန်ကို အခုထိ လူကြိုက်များနေရတဲ့ အကြောင်းရင်းတစ်ခုကတော့ စတင်တီးခတ်ဖို့ တော်တော်လေး လွယ်ကူလို့ပါ။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ အတီးပညာရှင်တွေအတွက်တော့ ပိုပြီးဆန်းသစ်တဲ့ နည်းစနစ်တွေ ထုတ်သုံးနိုင်လောက်အောင်ကို ဆွဲဆောင်မှုအပြည့် ရှိတဲ့ တူရိယာလည်း ဖြစ်ပါတယ်။

🇪🇸 နောင်လာမယ့်အပတ်တွေမှာလည်း စပိန်စကားပြော နိုင်ငံတွေရဲ့ စိတ်၀င်စားစရာအကြောင်းတွေကို ထပ်မံဝေမျှပေးသွားမှာဖြစ်လို့ see first လုပ်ထားဖို့ မမေ့ကြနဲ့နော်။

🇪🇸 Schedule class ကို အချိန်မရလို့ Private သင်ချင်သူများအတွက်လည်း စာသင်ချိန်ကို သင်မယ့်ဆရာနဲ့ အဆင်ပြေအောင် ညှိနှိုင်းပေးပါတယ်။





contact - 09 953041949

Address

Suite#502, Tower (B), Mindama Condominium, Mindama Road, Mayangone Township, Yangon
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959953041949

Website

Alerts

Be the first to know and let us send you an email when Hola Myanmar -Spanish Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Hola Myanmar -Spanish Class:

Shortcuts

Share