Daily Dose of Nihongo

Daily Dose of Nihongo ဂျပန်စာကို နေ့တိုင်းထိတွေ့ပြီး ပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်စေဖို့ရည်ရွယ်ပါတယ် ကြိုးစားကြရအောင်နော်

December JLPT ဖြေဖို့ဖောင်တင်ရတော့မှာဖြစ်ပါတယ်၁၂လပိုင်းမှာ N4 ဖြေဖို့နဲ့  N3 ဖြေဖို့အတွက်အခုအတန်းသစ်လေးဖွင့်ပါတော့မယ်စာမ...
25/07/2025

December JLPT ဖြေဖို့ဖောင်တင်ရတော့မှာဖြစ်ပါတယ်
၁၂လပိုင်းမှာ N4 ဖြေဖို့နဲ့ N3 ဖြေဖို့အတွက်
အခုအတန်းသစ်လေးဖွင့်ပါတော့မယ်
စာမေးပွဲဖောင်ပါတစ်ပါတည်းတင်ပေးသွားမှာပါ

လူနည်းနည်းစာများများလုပ်မယ့်သူများအတွက်သာ

4.8.2025 မှာအတန်းစပါမယ်
မနက်ကနေ ညနေထိ အတန်းထဲမှာ စာတစ်ခါတည်းကျက်ပြီး
စာမေးပွဲနေ့တိုင်းစစ်ပြီးတော့
ခေါင်းထဲမှာစာတွေစွဲကျန်နေအောင်သင်တဲ့ သင်ကြားပုံမျိုးကိုသုံးပြီးသင်မှာဖြစ်ပါတယ်
စာသင်ချိန်များပါတယ်
အာမခံပေးနိုင်တာတစ်ချက်ကတော့
ဉာဏ်သိပ်မကောင်းရင် စာမေးပွဲကိုလွတ်လွတ်ကင်းကင်းအောင်ပါမယ်
ဉာဏ်လေးနည်းနည်းကောင်းမယ်ဆိုရင် အမှတ်ကောင်းကောင်းနဲ့အောင်ပါမယ်
ဉာဏ်လည်းကောင်းတယ် စကားနားထောင်ပြီးလိုက်ကြိုးစားမယ်ဆိုရင်
အမှတ်ပြည့်မှန်းလို့ရပါတယ်
ဂျပန်သွားရန်အတွက် မိမိနှင့်အဆင်ပြေမယ့်လမ်းကြောင်းကို
အသေးစိတ် တစ်ယောက်ချင်းဆွေးနွေးပေးပါတယ်
ဒါဆို အောက်မှာ အတန်းနဲ့ပတ်သတ်တဲ့အချက်အလက်လေးတွေကြည့်လိုက်ပါဦးနော်

N5+4
သင်တန်းကာလ 4months
သင်တန်းချိန် 9AM to 4PM
သင်ကြားမည့်ရက် Mon to Fri
သင်တန်းကြေး N5(350000)N4(400000)(3ကြိမ်ခွဲသွင်းနိုင်ပါသည်)
သင်တန်းနေရာ No(17/B),Daw Hla Khin st;No2 qua,Mayangone,Yangon
သင်တန်းသား 20 only
သင်ကြားမည့်ဖတ်စာအုပ်များ Minna no nihongo(Grammar)
Tango 1500
Topikku(Reading)
Tasuku(Listening)
Look and Learn (Kanji)
Old Question (15set)

N3
သင်တန်းကာလ 4months
သင်တန်းချိန် 9AM to 4PM
သင်ကြားမည့်ရက် Mon to Fri
သင်တန်းကြေး N3 (450000)(2ကြိမ်ခွဲသွင်းနိုင်ပါသည်)
သင်တန်းနေရာ No(17/B),Daw Hla Khin st;No2 qua,Mayangone,Yangon
သင်တန်းသား 15 only
သင်ကြားမည့်ဖတ်စာအုပ်များ Tango 3000(Meaning)
Soumatome (Meaning)
Soumatome (Grammar)
N3 Grammar Master
Soumatome (Kanji)
Look and Learn (Kanji)
Soumatome (Reading)
Shinnkansan (Listening)
Old Question (10set)

ထပ်ပြောပါမယ်
စာသေချာလုပ်ပြီးတော့ နောက်နှစ်မှာဂျပန်ရောက်ချင်တယ်ဆိုတဲ့ကျောင်းသားများသာလက်ခံပါမယ်
မိဘကလုပ်ခိုင်းလို့သာလုပ်ရတာပါ လုပ်ချင်တာမဟုတ်ဘူးဆိုသူများလက်မခံပါ
မိဘကပဲလုပ်ခိုင်းလို့ဖြစ်စေ မိမိကိုယ်တိုင်လုပ်ချင်လို့ဖြစ်စေ
ဘယ်လိုကြောင့်ဖြစ်ဖြစ် အတန်းအပ်လိုက်ပြီဆိုရင်တော့
စာသေချာလုပ်စေချင်ပါတယ်
အချိန်နှင့်ငွေဟာ အလကားမရပါ
ပိုက်ဆံရလို့သင်တယ်ဆိုပေမယ့်လည်း ကျွန်မအချိန်နဲ့စေတနာပင်ပန်းမှုများပါ ထည့်ပြီးသင်ကြားပေးရတာပါ
ငွေရရုံသပ်သပ်သင်ခြင်းမဟုတ်တာမို့
ပညာမလိုလားသူများမလာပါရန်မေတ္တာရပ်ခံပါတယ်
တစ်ယောက်ပါလာတယ်ဆိုရင်လည်း
မတက်လိုက်ရတဲ့တစ်ယောက်အတွက် နစ်နာပါတယ်
သတ်မှတ်ထားတဲ့ကျောင်းသားအရေအတွက်ထပ် ပိုလက်မခံပါ

ဂျပန်သွားရန်အတွက် မိမိနှင့်အဆင်ပြေမယ့်လမ်းကြောင်းကို
အသေးစိတ် တစ်ယောက်ချင်းဆွေးနွေးပေးပါတယ်
09691800620

7လပိုင်းစာမေးပွဲဖြေမယ့်သူတွေအတွက်အတန်းသစ်လေးဖွင့်ပါပြီနော် အတန်းတစ်တန်းမှာ ၇ ယောက်ပဲလက်ခံမှာပါရှင်N5,N4,N3 အတန်းနဲ့ Toku...
02/01/2025

7လပိုင်းစာမေးပွဲဖြေမယ့်သူတွေအတွက်
အတန်းသစ်လေးဖွင့်ပါပြီနော်

အတန်းတစ်တန်းမှာ ၇ ယောက်ပဲလက်ခံမှာပါရှင်
N5,N4,N3 အတန်းနဲ့ Tokutei Gaisyoku အတန်း
အားလုံးပေါင်း ၄တန်းပဲဖွင့်ပါမယ်

အတန်းတိုင်းကသင်သမျှလူတွေအားလုံးကို
နောက်နှစ်မကုန်ခင် ဂျပန်ရောက်ဖို့
အစွမ်းကုန်ပံ့ပိုးပေးသွားပါမယ်
အာမခံလားလို့မေးရင်တော့
စကားနားထောင်တဲ့သူတွေကို အာမခံပေးပါတယ်

ပြီးတော့
သင်တန်းကြေးကိုအရင်မသွင်းရပါဘူး
ပထမဆုံးတစ်ရက်ကို
အရင်လာတက်ပြီး အဆင်ပြေတယ်ဆိုမှ
နောက်ရက်သေချာတက်ဖြစ်မှပဲ
သင်တန်းကြေးသွင်းလို့ရပါတယ်
ကိုယ့်သင်ကြားပုံက ပေါ့ပေါ့ပါးပါးနဲ့
စာမှတ်မိလွယ်အောင်သင်တဲ့ပုံမျိုးပါ
ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့သင်ပါတယ်
မောင်နှမတွေလိုဆက်ဆံပါတယ်
ဒီလိုမျိုးဆက်ဆံပုံအဆင်ပြေတဲ့သူမျိုးနဲ့ပဲအတန်းကိုသင်ချင််ပါတယ်
ပိုက်ဆံသွင်းထားလို့ဆက်တက်ရတာမျိုးသဘောမကျပါဘူး
ဒါကြောင့် သင်တန်းကြေးမသွင်းခင်
ဆုံးဖြတ်ပါ
ကိုက်ညီမှတက်ပါလို့အကြံပေးချင်ပါတယ်

အတန်းတိုင်းမှာ ဘာတွေလုပ်ပေးမလဲဆိုတော့
-ပြန်လှန်လေ့ကျင့်ပေးပါမယ်
အရှေ့တစ်လယ်ဗယ်လုံးပါ
-စာကိုသေချာသင်ပါမယ်
-လေ့ကျင့်ခန်းသေချာလုပ်ရပါမယ်
-အိမ်စာပေးပါမယ်(လေ့ကျင့်ခန်းတွေ)
-မေးခွန်းဟောင်းလေ့ကျင့်ပေးပါမယ် (အနည်းဆုံး၅စုံ)
-ခန်းဂျီးတွေကိုဘယ်လယ်ဗယ်မဆို
စုတ်ချက်ကအစမှတ်နည်းတွဲလုံး သေချာသင်ပါတယ်
-ဖတ်စာအုပ်တွေပေးပါတယ်
ဖတ်စာအုပ်များပါတယ် တစ်level ကိုအနည်းဆုံး၅အုပ်လောက်ကိုသင်တာပါ

သင်တန်းကြေးကတော့
N5 300000
N4 350000
N3 400000
Tokutei 150000 ပါ
အကုန်အဆင်ပြေသလိုခွဲပေးလို့ရပါတယ်
စာသင်ချိန်ကတော့ တစ်ပတ်၅ရက်ပါ အတန်းတိုင်းအကုန်
တစ်ချိန်ကိုအနည်းဆုံး၂နာရီသင်ပါမယ်

အတန်းချိန်တွေကတော့ လူနည်းတာမို့
တက်တဲ့သူတွေအဆင်ပြေတဲ့အချိန်ချိန်ညှိပေးတာပါ
ဒါကြောင့် သေချာလာမေးလိုက်တာပဲပိုအဆင်ပြေပါတယ်
ဖုန်းဆက်မေးရင်တော့ ပိုပြေပါတယ်
09691800620

လာအပ်တော့နော် အတန်းတွေအကုန်က တစ်ဝက်ပြည့်နေပြီ
တစ်ချို့အတန်းကလူပြည့်သွားပြီ
အမျိုးတို့လည်း
Share ကူကြပါဦး လူအများသိရအောင်လို့

N4 သီးသန့်အပြင်တန်းပါ8လပိုင်း၁၅ရင်နေ့စပါမယ်ရှင်လူနည်းနည်း စာများများသင်မှာဖြစ်ပါတယ်N4 ဆိုတာ N3,2အတွက်အခြေခံမို့ အောင်ရုံ...
02/08/2024

N4 သီးသန့်အပြင်တန်းပါ
8လပိုင်း၁၅ရင်နေ့စပါမယ်ရှင်
လူနည်းနည်း စာများများသင်မှာဖြစ်ပါတယ်
N4 ဆိုတာ N3,2အတွက်အခြေခံမို့
အောင်ရုံလောက်ပဲဆိုရင် နောက်အဆင့်တွေမှာပင်ပန်းမှာပါ
သေချာနားလည်ပြီးတတ်ကျွမ်းမယ်ဆိုရင်တော့
အေးအေးဆေးဆေးပဲ တော်လာမှာမို့
စာများများသင်ပါတယ်
နားလည်တဲ့ထိသင်ပါတယ်
သင်တန်းကြေးကို
ပထမဆုံးတစ်ရက်မှာမယူပါဘူး
သင်ကြားပုံကကိုယ်နဲ့ကိုက်ညီတယ်ဆိုမှ
တက်လို့ရပါတယ်
ပထမတစ်ရက်မှာအခမဲ့တက်ပါ
သင်တာမကောင်းရင်ဆက်မတက်ပါနဲ့
သင်ကြားပုံကကိုယ်နဲ့အဆင်ပြေလို့ဆက်တက်ရင်တော့
စာကိုတစ်နေ့စာတစ်နေ့လုပ်သွားရင်း
ကိုယ်တိုင်သက်တောင့်သက်သာနဲ့
စာကိုသေချာနားလည်တဲ့အထိသင်ပေးသွားမှာပါ
လူဦးရေ (5)ယောက်သာလက်ခံပါမယ်
တက်တဲ့သူတိုင်းစာမေးပွဲအောင်ဖို့အာမခံနဲ့သင်ပေးပါတယ်
ပညာရပ်တစ်ခုကို သေချာနားလည်တတ်ကျွမ်းကြဖို့မျှော်လင့်ပြီးစာသင်ကြားပါတယ်ရှင်
သင်တန်းကြေး ၃၀၀၀၀၀ကျပ်ပါရှင်
N5 revision N4 and Old question
စာအုပ် ခဲတံ ဖတ်စာအုပ်အားလုံးပေးပါတယ်
ထပ်ဝယ်ဖို့မလိုပါဘူးရှင်

အချစ်တွေနဲ့


Hello Minasanအရင်က Jueno Japanese Class Page လေးကနေအခု Daily Dose of Nihongo ဆိုပြီးနာမည်လေးပြောင်းထားပါတယ်နာမည်လေးနဲ့လိ...
12/07/2024

Hello Minasan
အရင်က Jueno Japanese Class Page လေးကနေ
အခု Daily Dose of Nihongo ဆိုပြီးနာမည်လေးပြောင်းထားပါတယ်
နာမည်လေးနဲ့လိုက်အောင်လည်း နေ့တိုင်းလေ့လာနိုင်မယ့်အရာလေးတွေတင်ပေးသွားဖို့ရည်ရွယ်ထားပါတယ်
Youtube ,TikTok , Telegram , Instagram တွေမှာလည်း
ဒီနာမည်လေး Daily Dose of Nihongo ဆိုပြီးရိုက်ရှာရင်တွေ့နိုင်မှာဖြစ်ပါတယ်
အောက်မှာလည်း link တွေအကုန်ထည့်ပေးထားပါတယ်နော်
VPN အဆင်မပြေရင်တောင်မှ ဘယ်နေရာကကြည့်ကြည့် ကြည့်နိုင်အောင်စီစဉ်ပေးထားမှာမို့
နေ့တိုင်းလာလာကြည့်ပြီး စာကြိုးစားကြရအောင်နော်
毎日 楽しんで 頑張ろう💪

YouTube

https://youtube.com/?si=b8nfrrEOSp8THkd6

TikTok

https://www.tiktok.com/.dose.of.nih?_t=8nxqENlxzQP&_r=1

Telegram

https://t.me/dailydoseofnihongo

Instagram

https://www.instagram.com/dailydoseof_nihongo?igsh=NzVlNXA2OWFlZnhx&utm_source=qr


JLPT ဖြေရန် နာရီပိုင်းအလို ကျောင်းသားတွေအားလုံး ရင်တုန်နေကြမယ်လို့ထင်ပါတယ်အောက်ကအချက်လေးတွေဖတ်ပြီးတော့ ပြင်ဆင်လိုက်ကြရအေ...
06/07/2024

JLPT ဖြေရန် နာရီပိုင်းအလို

ကျောင်းသားတွေအားလုံး ရင်တုန်နေကြမယ်လို့ထင်ပါတယ်
အောက်ကအချက်လေးတွေဖတ်ပြီးတော့ ပြင်ဆင်လိုက်ကြရအောင်နော်

၁) မနက်ဖြန်ယူသွားရမယ့်ပစ္စည်းတွေအကုန်ပြင်ထားပါ
ခဲတံခဲဖျက် မှတ်ပုံတင် စာမေးပွဲဖြေဆိုခွင့်ကဒ် အစရှိသဖြင့်
တစ်ရှုးထုတ်သေးမျိုးနဲ့ သကြားလုံးတစ်လုံးနှစ်လုံးလောက်လည်း ထည့်သွားပါဦး
လူတွေအရမ်းများရင် မူးလာတာမျိုးဖြစ်တတ်လို့ပါ

၂) အဝတ်အစားတွေလည်းတစ်ခါတည်းပြင်ထားပါနော်
မနက်မှ တောင်ပြေးဆွဲမြောက်ပြေးဆွဲမဖြစ်ရအောင်လို့

၃) ခုမှစာတွေအရမ်းကျက်ချင်နေလည်း မကျက်ပါနဲ့တော့နော်
ရပြီးသားတွေပြန်ပျောက်သွားတတ်ပါတယ်
တတ်နိုင်သလောက် ရပြီးသားတွေကိုပဲ ပြန်ဖတ်ပါတော့

၄) ကိုယ်ထုတ်ထားတဲ့ notes တွေပြန်ကြည့်တာမျိုး
မေးခွန်းဟောင်းတစ်စုံလောက်ဖြေကြည့်တာမျိုးလုပ်ပါ
ဟိုဟာကိုင်လိုက် ဒီဟာကိုင်လိုက်လုပ်တာထပ်တော့အများကြီးသာပါတယ်

၅) ရေစက်ချမယ့်အဖွဲ့လည်း notes လေးတွေနည်းနည်းလောက်ပြန်ကြည့်ရင်
ဘာပဲပြောပြော မှတ်မိတဲ့တစ်ခုနှစ်ခုလေးကလည်း ကပ်သီးလေးအောင်ဖို့
အထောက်အကူဖြစ်နိုင်ပါတယ်

၆) အရမ်းစိတ်လှုပ်ရှားပြီးတော့ ရင်တုန်နေပြီဆိုရင်
ဗိုက်ပြည့်အောင်ထစားလိုက်ပါ
ပြီးရင်တော့ ပြင်စရာရှိတာပြင်ပြီး အိပ်လိုက်ပါတော့

၇) မနက်စောစောသွားဖို့အတွက် စောစောထပြင်ပါ
ဒါကြောင့် ဒီနေ့တော့ စောစောအိပ်ပါတော့

၈) မနက်နိုးပြီးရင် ရေဝအောင်သောက်ပါ
အိမ်သာတက်သွားပါ
မနက်စာစားသွားပါ
ဘာမှမလုပ်ပဲနဲ့သွားရင် လမ်းမှာဒုက္ခရောက်တတ်ပါတယ်

၉) မနက်စာကိုမဖြစ်မနေစားသွားဖို့ပြောချင်ပါတယ်
ဦးနှောက်ကလည်း ဗိုက်ပြည့်နေမှ အလုပ်ကောင်းကောင်းလုပ်တာပါ
ဝမ်းလျောစေလောက်မယ့်အစာတွေကိုတော့ရှောင်ပါ
ရင်တုန်တတ်ရင် ကော်ဖီလည်းမသောက်သွားပါနဲ့

၁၀) လောလောလောလောလုပ်တာမျိုးတွေမလုပ်ပါနဲ့
ခေါင်းအေးအေးထားပြီးဖြေပါ ဒီလောက်ကြည့်လာတဲ့စာတွေ
သေချာပြန်စဉ်းစားရင်ထွက်လာမှာပါ

၁၁) စာမေးပွဲခန်းထဲမှာ ဦးနှောက်ကြီးဗလာဖြစ်သွားတာမျိုးကြုံဖူးကြမှာပါ
အဲ့လိုအချိန်ဆိုရင် မျက်လုံးလေးမှိတ်ပြီး ခနလောက်နေလိုက်ပါ
တစ်မိနစ်လောက်ပဲ
စိတ်သက်သာရာရသွားရင် သူ့ဘာသာစာတွေပြန်ပေါ်လာပါလိမ့်မယ်
အရမ်းကြောက်ပြီးတော့ ဟုန်မသွားပါနဲ့

၁၂) ဘေးလူကောင်းဖို့မျှော်လင့်တာထပ် ကိုယ့်ဘာသာ ရသလောက်ဖြေခဲ့တာကပိုအောင်နိုင်ခြေမြင့်ပါတယ်နော်

ဒီလောက်ဆိုရင်တော့ ပြင်ဆင်တာလုံလောက်ပြီထင်ပါတယ်
အားလုံးချောချောမောမော အေးအေးဆေးဆေးနဲ့ ကောင်းကောင်းမွန်မွန်ဖြေဆိုအောင်မြင်နိုင်ကြပါစေရှင်

အချစ်တွေနဲ့
JUENO

Hello 2025 ခုနှစ် ထဲမှာ ကျိန်းသေပေါက် ဂျပန်ရောက်ရမယ်ဆိုပြီးတွေးဖူးလားမတွေးရသေးရင် အခုတွေးလိုက်ပါတော့ခုမှစပြီးစာလုပ်မယ့်သ...
05/07/2024

Hello
2025 ခုနှစ် ထဲမှာ ကျိန်းသေပေါက် ဂျပန်ရောက်ရမယ်ဆိုပြီးတွေးဖူးလား
မတွေးရသေးရင် အခုတွေးလိုက်ပါတော့
ခုမှစပြီးစာလုပ်မယ့်သူတွေရော
Level တစ်ခုခုပြီးထားတဲ့သူတွေရော
ကြိုးစားချင်စိတ်သာရှိမယ်ဆိုရင်
ဂျပန်ရောက်သွားဖို့အတွက်
အိုင်ကတာဝန်ယူပေးနိုင်ပါတယ်
လူအများကြီးတော့ တာဝန်မယူနိုင်ပါဘူး
အလုပ်နဲ့ရော ကျောင်းနဲ့ပါ ပို့ပေးပါမယ်
(အေဂျင်စီပါတွဲလုပ်တာမို့ တာဝန်ယူနိုင်ပါတယ် )
တစ်ဦးချင်းစီအခမဲ့ဆွေနွေးမှုလုပ်ပေးပါတယ်
N5+4 တစ်တန်းနဲ့
N3 တစ်တန်း နှစ်တန်းပဲဖွင့်ပါမယ်
ဒီအတန်း၂တန်းမှာလာတက်တဲ့သတွေအားလုံးကို
အောင်ဖို့အာမခံပေးနိုင်ပါတယ်
ဂျပန်ရောက်ဖို့ရောပေါ့

N5+4 တန်းမှာ လူဦးရေ (၅)ယောက်ပဲလက်ခံပါမယ်
N3 တန်းမှာ (၇)ယောက်ပဲလက်ခံပါမယ်
လက်ခံလိုက်တဲ့လူအားလုံးကိုသေချာတာဝန်ယူပေးမှာပါ
လာမယ့် ၇လပိုင်း ၁၀ရက်နေ့ကနေစပြီးတော့ စသင်မှာဖြစ်ပါတယ်
အချိန်ဇယားဆွဲပြီးထိထိ‌‌ရောက်‌‌ရောက် သေချာသင်မှာဖြစ်တာမို့
စာကိုသေချာလိုက်လုပ်မှရပါမယ်

ရက် တစ်ပတ်၅ရက် Mon to Fri
သင်တန်းကာလ ၁၀.၇.၂၀၂၄ မှ ၃၁.၁၁.၂၀၂၄ ထိ
အချိန်။ ညှိနှိုင်း (နေ့လည်ဖက်)
သင်တန်ကြေး
N5+4 ၄သိန်းခွဲ (စာအုပ်ဖိုးများအပါ)
N3 ၃သိန်းခွဲ (စာအုပ်ဖိုးများအပါ)
(နှစ်ကြိမ်ခွဲသွင်းနိုင်ပါသည်)
နယ်မှလူများအတွက် အဆောင်ရှိပါသည်
🍀🍀🍀နှစ်ယောက်အတူလာအပ်ရင် လျော့ဈေးရှိပါတယ်
09763046052 ကိုဆက်သွယ်ပြီးအသေးစိတ်မေးမြန်းနိုင်ပါတယ်

အောက်ကတော့ ဒီနှစ် ၄လပိုင်းနဲ့
၇လပိုင်းမှာ ဂျပန်ထွက်သွားတဲ့အိုင့်ကလေးတွေပါ

N4 သီးသန့်အပြင်တန်းပါလာမယ့် စနေနေ့စပါမယ်ရှင်လူနည်းနည်း စာများများသင်မှာဖြစ်ပါတယ်N4 ဆိုတာ N3,2အတွက်အခြေခံမို့ အောင်ရုံလော...
08/08/2023

N4 သီးသန့်အပြင်တန်းပါ
လာမယ့် စနေနေ့စပါမယ်ရှင်
လူနည်းနည်း စာများများသင်မှာဖြစ်ပါတယ်
N4 ဆိုတာ N3,2အတွက်အခြေခံမို့
အောင်ရုံလောက်ပဲဆိုရင် နောက်အဆင့်တွေမှာပင်ပန်းမှာပါ
သေချာနားလည်ပြီးတတ်ကျွမ်းမယ်ဆိုရင်တော့
အေးအေးဆေးဆေးပဲ တော်လာမှာမို့
စာများများသင်ပါတယ်
နားလည်တဲ့ထိသင်ပါတယ်
သင်တန်းကြေးကို
ပထမဆုံးတစ်ရက်မှာမယူပါဘူး
သင်ကြားပုံကကိုယ်နဲ့ကိုက်ညီတယ်ဆိုမှ
တက်လို့ရပါတယ်
ပထမတစ်ရက်မှာအခမဲ့တက်ပါ
သင်တာမကောင်းရင်ဆက်မတက်ပါနဲ့
သင်ကြားပုံကကိုယ်နဲ့အဆင်ပြေလို့ဆက်တက်ရင်တော့
စာကိုတစ်နေ့စာတစ်နေ့လုပ်သွားရင်း
ကိုယ်တိုင်သက်တောင့်သက်သာနဲ့
စာကိုသေချာနားလည်တဲ့အထိသင်ပေးသွားမှာပါ
လူဦးရေ (၁၀)ယောက်သာလက်ခံပါမယ်
တက်တဲ့သူတိုင်းစာမေးပွဲအောင်ဖို့အာမခံနဲ့သင်ပေးပါတယ်
ပညာရပ်တစ်ခုကို သေချာနားလည်တတ်ကျွမ်းကြဖို့မျှော်လင့်ပြီးစာသင်ကြားပါတယ်ရှင်

အချစ်တွေနဲ့
JUENO

Hello အားလုံးပဲ မင်္ဂလာရှိသော လပြည့်နေ့လေးဖြစ်ပါစေရှင်လပြည့်နေမှာ ပညာဒါနအနေနဲ့ N5 မစခင်မှာသိထားဖို့လိုတဲ့ အခြေခံလေးတွေကိ...
01/08/2023

Hello
အားလုံးပဲ မင်္ဂလာရှိသော လပြည့်နေ့လေးဖြစ်ပါစေရှင်
လပြည့်နေမှာ ပညာဒါနအနေနဲ့ N5 မစခင်မှာ
သိထားဖို့လိုတဲ့ အခြေခံလေးတွေကို ပညာဒါနလုပ်ပေးသွားမှာဖြစ်ပါတယ်

ဂျပန်စာမှာ Level 5ခုရှိပါတယ် အဲ့ကိုမသွားခင်
ပထမဆုံး စာလုံးတွေကိုခေါ်ဝေါ်တဲ့အသံထွက်နဲ့ရေးနည်းဖတ်နည်းများကိုလေ့လာရပါတယ်
ဒီနေရာမှာ သေချာမကျေညက်ခဲ့ဘူးဆိုရင်
N5 စတင်လေ့လာတဲ့အခါမှာ အခက်အခဲတွေတွေ့နိုင်ပါတယ်
စာမဖတ်နိုင်လို့ အားမလိုအားမရလည်းဖြစ်နိုင်ပါတယ်
ဒါကြောင့်မို့လို့ စာလုံးတွေကို
တစ်လုံးချင်း အသံထွက် ပါးစပ်အနေအထား ရေးနည်း ဆွဲနည်း
အားလုံးသေချာလေးလေ့လာစေချင်ပါတယ်

Telegram channel နဲ့တင်ပေးထားတာမို့
အကန့်အသတ်မရှိဝင်ရောက်လေ့လာနိုင််ပါတယ်
ကြိုဆိုပါတယ်ရှင်
ဒီ link လေးကနေဝင်ရောက်နိုင်ပါတယ်
https://t.me/+KpYV434kXz40YjVl
အိမ်စာလိုက်လုပ်တဲ့သူတွေလည်း
comment မှာပြန်ထပ်ပေးခဲ့လို့ရပါတယ်
စစ်ပေးသွားပါမယ်နော်

ဂျပန်စာနဲ့ပတ်သတ်သမျှ Page Messenger မှာ
လာရောက်မေးမြန်းနိုင်ပါတယ်
ကျောင်းအလုပ်နဲ့ပတ်သတ်လို့လည်း ဆွေးနွေးတိုင်ပင်ပေးပါတယ်
အားလုံးပဲအဆင်ပြေကြပါစေ

အချစ်တွေနဲ့
JUENO

みんなさんこんにちはစားသောက်ဆိုင်စာမေးပွဲဖြေဖို့စိတ်ကူးရှိတယ်ဆိုရင်တော့ဒီမှာလာကျက်ကြပါနော်တစ်ရက်စီကျက်သွားနိုင်ဖို့အတွက် ခေါင်းစဉ်...
26/07/2023

みんなさん
こんにちは
စားသောက်ဆိုင်စာမေးပွဲဖြေဖို့စိတ်ကူးရှိတယ်ဆိုရင်တော့
ဒီမှာလာကျက်ကြပါနော်
တစ်ရက်စီကျက်သွားနိုင်ဖို့အတွက်
ခေါင်းစဉ်တွေတစ်ခုစီအောက်ကစာလုံးလေးတွေစုပေးထားပါတယ်🥰

မီးနင်းလေးတွေကျက်ပြီးတော့မှ
စာပိုဒ်တွေကိုလိုက်ဖတ်ကြည့်ပြီး
အဓိပ္ပါယ်ကိုလိုက်မှတ်ပါနော်
အတိအကျကြီးကျက်တာထပ်
အဓိပွါယ်သေချာနားလည်မှဖြေနိုင်မှာပါ 🥰

ပထမတစ်ရက်တင်ပေးထားတာလေးကဒီမှာပါ
https://m.facebook.com/story.php?story_fbid=pfbid0WSoQaYqaUuzy1Ehiqj2r6zex
Mn1HQyLKr4oruNS1MAXmnMVD2f7qmHQQFwhQHir1l&id=100063770508679&mibextid=ZbWKwL

နောက်ထပ်လည်းထပ်ထပ်တင်ပေးသွားမှာမို့
Page လေးကို like and see first လေးလည်းလုပ်ထားပေးပါဦးနော် 🥰

အားလုံးအဆင်ပြေကြပါစေ
အချစ်တွေနဲ့
JUENO

MAJA ကတော့ 2023 December အတွက် JLPT Form တင်ဖို့ထုတ်ပြန်လိုက်ပါပြီwatashi တို့ကျောင်းကကလေးများ ဖြေမယ့်စာရင်းလာပေးနိုင်ပါ...
24/07/2023

MAJA ကတော့ 2023 December အတွက် JLPT Form တင်ဖို့ထုတ်ပြန်လိုက်ပါပြီ

watashi တို့ကျောင်းကကလေးများ ဖြေမယ့်စာရင်းလာပေးနိုင်ပါပြီနော်
ဘာတွေပေးရမလဲဆိုတော့
၁) ဖြေဆိုမယ့်Level
၂) မှတ်ပုံတင်မိတ္တူ
၃) ဓါတ်ပုံ၂ပုံ
၄) Form ကြေး

အမြန်လေးတော့လာပေးထားပါနော်
လူအရေအတွက်အကန့်အသတ်နဲ့မို့လို့ ကျန်မနေခဲ့ရအောင်လို့ပါ
ဘာဖြေရမလဲတွေဝေနေတဲ့ကလေးတွေလည်း
အောက်က video လေးကိုကြည့်ပြီးတော့ ဆုံးဖြတ်လိုက်ကြနော်
(you တို့ကတွေဝေနေပေမယ့် MAJA ကြီးကတော့ မတွေဝေပဲ
စာမေးပွဲကြေးက အလစ်တဲလေးတက်သွားပြီနော် )
https://fb.watch/l_3sIqCBHY/

အတန်းသစ်တွေလည်းလက်ခံနေပါပြီနော်
စာစလုပ်ဖို့တွေးကြပါတော့ရှင်

အချစ်တွေနဲ့
JUENO

みんなさんこんにちは!ကြားထဲခဏလေးပျောက်နေတာ လက်ဆောင်တွေပြင်ဆင်နေလို့ပါအများကြီးပြင်ဆင်ထားတယ်နော်ဒီနေ့တော့ Tokutei စားသောက်ဆိုင်ဖြေဖ...
21/07/2023

みんなさん
こんにちは!
ကြားထဲခဏလေးပျောက်နေတာ လက်ဆောင်တွေပြင်ဆင်နေလို့ပါ
အများကြီးပြင်ဆင်ထားတယ်နော်
ဒီနေ့တော့ Tokutei စားသောက်ဆိုင်ဖြေဖို့လုပ်နေတဲ့ကလေးတွေအတွက် 
မီးနင်းလေးတွေပြင်ဆင်ပြီးတင်ပေးလိုက်ပါတယ်
ခေါင်းစဉ်လေးနဲ့ တစ်ရက်ပြီးတစ်ရက်တင်ပေးသွားပါမယ်နော်
တစ်ရက်စာတစ်ရက်လိုက်ကျက်စေချင်လို့ပါ🥰

မြန်မာပြန်စာအုပ်မကိုင်ပဲ မီးနင်းတွေကျက်ပြီးတော့မှ
ဂျပန်လိုစာအုပ်ကစာပိုဒ်တွေကိုဖတ်ရင်းဘာသာပြန်ပြီး
ဆိုလိုရင်းကိုလိုက်မှတ်မှ စာရမှာမို့ပါ🥰

နောက်ရက်တွေလည်း ဒီလိုပဲဆက်တိုက်တင်ပေးသွားမှာမို့
page လေးကို like and see first လေးလုပ်ထားပေးပါဦးနော်
နောက်ရက်မှထပ်တွေ့ပါမယ်🥰
またね!

အချစ်တွေနဲ့ 
JUENO

Address

Yangon
06022

Website

Alerts

Be the first to know and let us send you an email when Daily Dose of Nihongo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Daily Dose of Nihongo:

Shortcuts

Share