RSED Engineering

RSED Engineering

Share

Building Services Engineering Reliable & Sustainable Engineering Design

30/08/2025

Mechanical Design Engineer ခေါ်ယူခြင်း

Mechanical Building System Design and Drafting လုပ်ရန်အတွက် Mechanical Design Engineer ၁ ယောက် လိုအပ်ပါတယ်။
Microsoft Office / Auto CAD drafting /Basic ACMV Design / Static Calculation / Cooling Load Calculations / Fire Protection System / Fire Alarm Systems အတွေ့အကြုံရှိရင် ပိုအဆင်ပြေပါမယ်၊ အတွေ့အကြုံ မရှိရင်လည်း အလုပ်သင်ကနေ စခန့်ပြီး သင်ပေးပါမယ်။

စိတ်ဝင်စားလျှင် email ပို့ပြီး လျောက်ထားနိုင်ပါတယ်၊
ရုံးနေရာ - ၉ ရပ်ကွက် ၊တောင်ဥက္ကလာပ ၊
email - [email protected]
Ph No - 09-425295950

Olansi Air Purifier K06 Demo 08/02/2025

အဲယားကွန်းခန်း တွေထဲမှာ သွားလာ နေထိုင်သူများအတွက် ၊ ရန်ကုန် ရဲ့ လေထု ညစ်ညမ်းမှုကို ကာကွယ်ဖို့အတွက်

Essential Air Purifier လေသန့်စင်စက် တစ်လုံးတပ်ဆင်ခြင်းးဖြင့်၊ အခန်းတွင်းမှ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ များကို ဖြစ်စေနိုင်သည့် ဗိုင်းရပ်စ် ပိုးမွှားများ နှင့် အမှုန်းအမွှားများကို ၉၉.၉၅% အထိသန့်စင်ပေးနိုင်ခြင်း၊ ကျန်မာရေး ထိခိုက်နိုင်သော (VOC) နှင့် အနံအသက် ဆိုးများကို ဖယ်ရှားပေးနိုင်ခြင်းတိုကို ပြုလုပ်ပေးနိုင်ပါတယ်၊

#ဉရောပ အဆင့်အတန်းမှီ (CB, CE,RoHS) ဖြစ်တဲ့ Essential Air Purifier
- အသုံးပြုနိုင်သည့် ဧရိယာ- ၄၁၀ စတုရန်ပေ (ပေ ၂၀ ပတ်လည် )
- ၁၀၀၀,၀၀၀ ကျပ်
- အိမ်အရောက် ပိုဆောင်ခ Free
- Cash on Delivery

အသေးစိတ်အချက်အလက်များသိရှိလိုပါက ကျေးဇူးပြု၍ အောက်ပါဖုန်းနံပါတ် သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။
📞 - 09425295950

👉 ရန်ကုန်မြို့တွင် delivery အိမ်အရောက် ပို့ပေးပါတယ်။ ပစ္စည်းရောက်မှ ငွေချေနိုင်ပါတယ်။ Delivery Free ဖြစ်ပါတယ်။

👉 အခြားနယ်မြို့များကိုလည်း ကားဂိတ်သို့ ပို့ပေးပါတယ်။ AYA, KBZ Pay ဖြင့် အဆင်ပြေရာကို အသုံးပြုနိုင်ပါတယ်။ Mobile Banking နှင့်လည်း လွှဲလို့ရပါတယ်။ ငွေလွှဲပြီးပါက ကားဂိတ်သို့ ပို့ဆောင်ပေး ပါသည်။

Selling Price 1000,000 Kyats per set,
- Free delivery on Yangon City
- Warranty: 2 years

Specification
- Usage - Clinic/Office/Home/School/Restaurant
- CARD 320 cmh
- Applicable area - 38 sq.m
- TVOC removal - 93.5%
- Sterilization - UVC
- Negative Ion - 50 millions/cm3
- Certification - CB, CE, RoHS, CQC

Function & Feature
1.Remove odors, e.g. to***co smoke, beverage smell, pet smell etc.
2.Eliminate dust, pollen, allergy, mold and Kill bacterial, virus, germs.
3.Remove formaldehyde, benzene and TVOC.
4.Clear static, increase brain oxygen, refresh body and help you breathe and sleep better and improve human immunity.
5.Auto air quality control with odor sensor and indicator.
6.Three-grade wind speed control.
7. 1~12H timer with sleeping mode.
8. 7-Stage Purifying
9. Ultra quiet DC motor - Low power consumption

Olansi Air Purifier K06 Demo More technological specification, please feel free to contact [email protected] or call us +86-20-39906061

02/07/2024

Mechanical Design Engineer ခေါ်ယူခြင်း

Mechanical Building System Design and Drafting လုပ်ရန်အတွက် Mechanical Design Engineer ၂ ယောက် လိုအပ်ပါတယ်။
Microsoft Office / Auto CAD drafting /Basic ACMV Design / Static Calculation / Cooling Load Calculations / Fire Protection System / Fire Alarm Systems အတွေ့အကြုံရှိရင် ပိုအဆင်ပြေပါမယ်၊ အတွေ့အကြုံ မရှိရင်လည်း အလုပ်သင်ကနေ စခန့်ပြီး သင်ပေးပါမယ်။

စိတ်ဝင်စားလျှင် email ပို့ပြီး လျောက်ထားနိုင်ပါတယ်၊
email - [email protected]
Ph No - 09-425295950

28/12/2023

Short Term ACMV Design Engineer ခေါ်ယူခြင်း

ACMV Design Calculation လုပ်ရန်အတွက် short term ACMV Design Engineer ၃ ယောက် ခေါ်ချင်ပါတယ်၊ Microsoft Excel / Auto CAD drafting / Static Calculation / Cooling Load Calculations အတွေ့အကြုံရှိရင် ပိုအဆင်ပြေပါမယ်၊

စိတ်ဝင်စားလျှင်
email - [email protected]
Ph No - 09-425295950
Zaw Moe Khine
RSED Engineering

30/11/2023

We are hiring Graduate Engineer (Mechanical Engineer).
Mechanical Engineer (BS)
Requirements-
1-Bachelor degree in mechanical engineering
2-Proficiency with Auto CAD
3-Mathematical computing and analysis tools knowledge
4-Strong communication and interpersonal skills, ability to work in a collaborative and inclusive environment
5-Engage in continuing education and explore new theories and solutions
6-Strong interested in Air Conditioning Design System and Calculation process.
7-Have to work at least one year in company after training periods.
8- We will provide 3 to 6 months in house training
9-Willing to take leadership after one year
10-able to work on Weekend & late .
11-Prefer Good Skill in Myanmar fonts typing
12-No Experience required (prefer Graduate Engineer)
Interested to apply
Email - [email protected]

14/12/2020

ACMV Commercial System Design Course
Online Class (Saturday & Sunday)
( 6:30pm to 8:30pm-Myanmar Time) December လ တန်းခွဲအတွက် စတင်စာရင်း ပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Manual Cooling Load Calculation ကို
1997 ASHRAE Fundamental မှ CLTD method ဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ Manual Load Calculation ကို နားလည်တတ်မြောက်ပြီးမှသာ HAP E-20 ဖြင့် Projects များကို တွက်ချက် ပြီး Design လုပ်ရပါမယ်။ Central Type Chilled Water System ကိုအသုံးပြုမည့် Office Building အတွက် ACMV System ကို သင်ကြားပေးမှာ ဖြစ်ပါတယ်၊

ACMV System မှာ မသိမဖြစ်တဲ့ Fluid Mechanics , Heat Transfered & Air Property (Psychrometric Chart )ကို Fundamental Engineering အနေဖြင့် သင်သွားပေးပါမယ်။

Block Load calculation ကို Carrier HAP (E20) ဖြင့် သင်ကြားသွားမှာ ဖြစ်ပါတယ်။ Manual Load Calculation ကို Peak Load (100%) နှင့် OFF-Peak 50% Condition သာ တွက်ယူ မှာ ဖြစ်ပြီး HAP software ဖြင့်သာ အကြိမ်ပေါင်း 8760 hours တွက်ယူ မှာ ဖြစ်ပါတယ်။ ACMV (Commercial) System ကို သင်တန်း ပြီးဆုံးပါက ကိုယ်တိုင် Design လုပ်နိုင်သည် အထိ သင်ကြား ပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းကာလအတွင်း Office Building တစ်ခုလုံးရဲ့ ACMV System ကို Design & Draft လုပ်ရမယ် ဖြစ်သောကြောင့် Home Work and Exercise အတွက် အချိန်များ ပေးရပါမယ်၊ Group Discussion ကို သင်တန်းအချိန်အပြင် တစ်ပတ်ကို တစ်နာရီပေးပြီး လုပ်ပါမယ်။

Saturday & Sunday
Timing : 6:30pm to 8:30pm ( Myanmar Time )
Duration : 3 months (minimum 50 hours)
Course Fee : 150000 kyats (SG$ -150)
Starting Date - 26 Dec 2020
Limited seat only, enroll now

ACMV Course Main Outlines -
Carrier HAP E-20 Intermediate Course (Cooling Load Calculation)
Manual Cooling Load Calculation
Fundamental of Air conditioning
Psychrometric & Air Property
Fundament of Heat Transfer
Human Thermal Comfort
ACMV Fundamental Control
Ducting Design Layout
(Sizing Duct / CHW Pipe / FAL/EAL/EAG/SAD)
Selection of Fan Coil Units- VRV System & Chilled Water Units
Chilled Water Pump Head Calculation.
Selection of Air Terminal Units (Supply Diffusers, Return Grilles)
Selection of FAN (Using Software & Hardcopy)
MV System Calculation
Duct System External Static Pressure Calculation
Staircase Pressurization System Calculation.

International Knowledge ရရှိရန် Updated International Guidelines / Standard
(Such as ASHRAE / CIBSE / SS / NFPA )များကို Reference လုပ်ပြီး
သင်ကြားပေးပါမည်

Attendants will be benefit for getting international ACMV equipments catalogues , standards , Fan selection software & Carrier Cooling Load software(HAP).
Your knowledge will be more powerful than before & you will be more confident after attending this course.

Thanks & Regards,
Zaw Moe Khine
RSED Engineering Co.Ltd
No-29 A3,Zayar Thiri Lane, Hledan,Kamayut,Yangon.Myanmar.
Phone No - 09 -4252 95950 /
09-79 2233 566
Email [email protected]
Facebook - https://www.facebook.com/RSEDEngineering
Website - www.acmvdesign.net







Photos from RSED Engineering's post 05/12/2020

Manual Cooling Load Calculation Online Course ( 2nd - Batch ) Registration List

27/11/2020

Manual Cooling Load Calculation Course -2nd Batch (FOC Course )

Mechanical Engineer များအတွက် သိထားရမည့် Manual Cooling Load Calculation Online Course ကို ပညာဒါန အနေဖြင့် သင်ကြားပေးမည်ဖြစ်ပါသည် ။ အတန်း ပုံမှန် တက်ရန်လိုအပ်ပါသည် ။ Home Work လုပ်ရန်လိုအပ်ပါသည် ။

Duration - 1 Month
Time - Thursday & Friday ( 6:30 - 8:30 PM )
Starting Date - 3.12.2020
Fee - Free Of Charge ( FOC)

သင်တန်းတက်ရောက်ရန်စိတ်ဝင်စားသူများ အောက်ဖော်ပြပါ Group ကို Join ၍ Name , Education , Ph No , Email တို့ကို သေချာ မှန်ကန်စွာ Registration List Excel Sheet တွင်မိမိတို့ကိုယ်တိုင် ဝင်ရောက်ဖြည့်သွင်း၍ စာရင်းပေးကြပါရန် ။ လူဦးရေ ကန့်သတ်ထားပါသည် ။

( မှတ်ချက် - သင်တန်းသားအသစ်များကို ပို၍ဦးစားပေးခြင်းဖြစ်သည့်အပြင် ၊ 1st Batch မှ သင်တန်းသားများ အား သင်ကြားမှု Video Recording Files များ နှင့် Slides များပေးထားပြီးဖြစ်၍ 2nd Batch တွင် ပြန်လည်တက်ရောက်ခြင်းမပြုပါရန် တောင်းဆိုပါသည် ။ 1st Batch Group ကိုလည်း ဖျက်သိမ်းခြင်းမရှိပဲ Weekly Home Work လုပ်ဆောင်ခြင်း ၊ Q&A Section ထားရှိခြင်း များဖြင့် ဆက်လက်ထားရှိသွားပါမည် ။ )

Thanks & Regards,
Zaw Moe Khine
RSED Engineering
Phone No - 09-4252 95950
https://www.facebook.com/groups/374503273643528

26/11/2020

Fresh Graduated Engineers များအတွက်

Mechanical Engineer တစ်ယောက်အတွက် Building Services Engineering အပိုင်းမှာ လုပ်ကိုင်မယ် ဆိုရင် ACMV Systems , Fire Protection System , Plumbing & Sanitary System တို့ကို လေ့လာသိရှိထားရပါမယ် ။ ဒီအပိုင်း တွေမှာ မဖြစ်မနေ သိထားရမယ့် Fundamental Engineering ကတော့ Fluid Mechanics ၊ Thermodynamic နဲ့ Heat Transfer တို့ဖြစ်ကြပါတယ် ။ System အားလုံးကို Specialist တစ်ယောက်ဖြစ်ရန် အတွက် အချိန်များစွာလိုအပ်ပါတယ် ။ ကိုယ့်ရဲ့ စိတ်ဝင်စားမှု အားသာချက်ကို စဉ်းစားပြီး အပိုင်းတစ်ပိုင်းထဲကို Specialist ဖြစ်ရန်ကြိုးစားသင့်ပါတယ် ။ Coordination အပိုင်း ၊ Management အပိုင်းတွေကို လုပ်ကိုင်ဖို့ စိတ်ဝင်စားရင်တော့ Systems အားလုံးကို ခြုံငုံပြီးသိရှိထားရပါမယ် ။

ကျောင်းမှာ သင်ကြားခဲ့တဲ့ Fundamental Engineering ကို Applied လုပ်ဆောင်နိုင်ရန် အတွေ့အကြုံကောင်းရှိတဲ့ Senior Engineers များရဲ့ တွဲခေါ်သင်ယူပြသမှုနဲ့အတူ Local Standard Guideline , International Standard Guideline တွေကို လေ့လာမှတ်သားရပါမယ် ။ ဒါမှသာလျှင် Local Code Compliance , International Code Compliance တွေကို နားလည်ပါမယ် ။ Successful ဖြစ်နေတဲ့ Buildings တွေရဲ့ As built Drawings တွေကို တတ်သိနားလည်သော Engineers ဆီက လေ့လာသင်ယူရပါမယ် ။ Mechanical Buildings Services မှာ အသုံးပြုမည့် စက်ပစ္စည်းများရဲ့ အကြောင်းကို Technical Catalogues, Technical Data Handbooks (Manufacturers များ၏ Websites , Local Suppliers ) များ မှတစ်ဆင့် လေ့လာမှတ်သားရပါမယ် ။

Professional Engineer တစ်ယောက်အနေဖြင့် ရပ်တည် လုပ်ကိုင်မည်ဆိုရင်တော့ International Associations ( ASHRAE , NFPA , CIBSE , ICC , etc ... ) များမှ နှစ်စဉ်ထုတ်ဝေသော Standard Guidelines , Handbooks များ နှင့် နိုင်ငံတကာမှ အသိအမှတ်ပြုထားသော Third Party Companies များမှ ထုတ်ဝေသည့် Computerized Calculations Technical Software များကို စဉ်ဆက်မပြတ်လေ့လာမှတ်သားရပါမယ် ။
မိမိကိုယ်တိုင်၏ Skills ကို Improved ဖြစ်ရန်အတွက် ကြိုးစားရပါမယ် ။ လုပ်ကိုင်မည့် ရာထူး၏ Role And Responsibilities ကိုသိရှိနားလည်ရပါမယ်။

ဥပမာအားဖြင့်

Responsibilities For Design Engineer

-Preparation of Detail Tender Drawings.
-Obtain and assemble data to complete design, visiting job sites to compile measurements as necessary
-Develop Detailed Design Drawings and Specifications.
-Review and Analyse Specifications, Sketches ,drawings, ideas and related data to access factors effecting component designs, procedures and instructions.
-Compute Engineering formulas to develop and design detailed Specifications for equipment and systems.
-Work together with Project Managers for Project drawings Preparation.

Responsibilities For M&E Site Engineer

-Prepare and Conduct Technical Meeting For M&E Part.
-Conduct for M&E Co-ordination Meeting.
-Review all M&E Shop Drawings from Design Team and submitted to Consultant for Approval.
-Monitor Site Progress and Coordinate with Sub-Contractors to meet target Date.
-Ensure the achievement of high safety and quality standards for Site Construction Activities.
-Liaison with Clients, Relevant Authorities and Consultants.

အထက်ပါ အကြောင်းအရာများသာမက အချို့သော အလုပ်အကိုင် အခွင့်အလမ်းများ သည် ဉာဏ် နဲ့ ဝီရိယ အပြင် ကံအကြောင်းတရားကောင်းမွန်မှုအပေါ်တွင် လည်းမူတည်နေတတ်ပါသေးတယ် ။

Good Luck For All !!!
Stay Safe and Keep Healthy !!!

Thanks & Regards ,
Zaw Moe Khine

29/10/2020

Cooling Load Calculation ဘာကြောင့် တွက်ရတာလဲ ?

1- Equipments ရွေးချယ်ရာတွင် မှန်ကန်မှုရှိရန်
2- Human Comfort ရရှိရန်
3- Equipments Room အမျိုးအစားတွင် Thermal Comfort ရရှိရန်
4- Energy Efficiency ပိုမိုကောင်းမွန်ရန် အတွက်

Cooling Load Calculation ကို သေချာမှန်ကန်စွာတွက်ယူရပါတယ်၊

ဒါပေမယ့် Concept Design Stage မှာ တော့ MEP Equipment Plant Room Layout များကို Architect နဲ့ ညှိနှိုင်းပြီး နေရာချဖို့အတွက် Detail Calculation ကိုမတွက်ပဲ Rule of Thumb နဲ့ပဲ တွက်ပါတယ်၊ Concept Design Stage မှာတော့ AC Load တင်မကပဲ MV အတွက်ပါ စဉ်းစားရပါတယ်၊ Code Compliance ဖြစ်ရန်အတွက် MV လိုအပ်ချက် ၊ Pressurization လိုအပ်ချက် ၊ Smoke Control System လိုအပ်ချက်များကို စဉ်းစားပြီး Riser Layout ၊ Plant Room layout များကို Architect နဲ့ ညှိနှိုင်း ရပါတယ်၊

Rule of Thumb ဖြင့် Cooling load အပြင် Electrical Input Load ကိုပါတွက်ချက်ပြီး Electrical Design Engineer ကို ပေးရပါတယ်၊ ဒါမှသာလျှင် Electrical Design Engineer က Transformer နှင့် Genset Size များကို ခန့်မှန်းပြီး Plant Room Size ကို တောင်းဆိုနိုင်မှာဖြစ်ပါတယ် ။ Detail Design Stage မှာတော့ ထပ်ပြီး Electrical Engineer ကို Electrical Load Input power ထပ်ပေးရပါမယ်။

Detail Load Calculation ကို Architectural Layout Comfirmed ဖြစ်ပြီးပြီဆိုရင်တော့ စတင်တွက်လို့ရပါပြီ ၊ Clients Confirmation ရရန်လိုအပ်တဲ့ အခန်းများ ပါလာပြီဆိုရင်တော့ ထပ်ပြီးစဉ်းစားရပါမယ်၊ ဥပမာ Office Server Room အခန်းတွေလိုမျိုး 24/7 Run မယ့်အခန်းပုံစံ များ ၊ ပြီးတော့ Central Type Air Con သုံးတဲ့ အဆောက်အဦးပုံစံများအတွက် Weekend တွေမှာဖြစ်ဖြစ် Over Time မှာ ဖြစ်ဖြစ် အချိန်မရွေး အသုံးပြုလို့ရနိုင်မယ့် အခန်းတွေကို Dedicated Units နှင့် Back up units များ ပေးရန် အတွက် ထပ်ပြီး စဉ်းစားရပါတယ်။

Detail Load Calculation တွက်ရန်အတွက်အခြေခံလိုအပ်သောအချက်များမှာ -

1-Weather Profile
( Weather Profile ကို သိရန်အတွက် အဆောက်အဦးရဲ့ တည်နေရာ ကို သိရပါမယ် -ဥပမာ ရန်ကုန် )

2-Building Orientation
( အဆောက်အဦးက ဘယ်အရပ်ကို မျက်နှာမူထားသလဲ သိရပါမယ်)

3-Architecture Layout Drawings
(အဆောက်အဦး ၏ အထပ်တွေရဲ့ အခန်းဖွဲ့ စည်းပုံ )

4- Space Type
( အသုံးပြုမည့် အခန်းအမျိုးအစား )

5-Elevation Drawings
(အရပ်မျက်နှာမူထားသောနံရံများ၏အတိုင်းအတာပုံ )

6-Section Drawings
( အဆောက်အဦး၏ အတွင်းဖြတ်ပိုင်း နှင့် အတိုင်းအတာ ပုံ )

7-Building Construction Materials such as Glass Specification ၊ Wall Detail ၊ Floor Detail ၊ Roof Detail
( အဆောက်အဦးမှာ အသုံးပြုမည့် မှန်များ ၊ နံရံများ ၊ ကြမ်းခင်းများ ၊ အမိုးများ ၏ ပစ္စည်း အမျိုးအစား)

8- Air System Configuration such as Terminal Units ၊ Ducted FCU ၊ CAV AHU ၊ VAV AHU
( အသုံးပြုမည့် Air Con Units )

အထက်ပါ အချက်အလက်များသိပြီဆိုလျှင် Detail Load Calculation ကိုစတင်တွက်ချက်နိုင်ပါပြီ ။

Thanks & Regards,
Zaw Moe Khine
RSED Engineering

Photos from RSED Engineering's post 27/10/2020

သင်တန်းသားများ၏ အမည် စာရင်းပါ ၊ ကိုယ်ရဲ့ အမည် ၊ ဖုန်း ၊ email မှန်မမှန် စစ်ပေးကြပါရန် ၊
စာရင်းတွင် ပါဝင်သူများ Group မှာ ဝင်၍ Join နိုင်ပါပြီ ၊
အားလုံးကို ကျေးဇူးပါ ။

https://www.facebook.com/groups/376188756862914/

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


389 Thu Ya Street, South Okkalapa
Yangon
11091

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Saturday 09:00 - 20:30
Sunday 09:00 - 20:30