14/05/2026
✨ Silicon Private School မှ မိသားစုဝင်အသစ်များ ခေါ်ယူနေပါပြီ! ✨
သင်ဟာ သင်ကြားရေးအပေါ် စိတ်အားထက်သန်ပြီး အနာဂတ်မျိုးဆက်သစ်တွေကို ပုံဖော်ပေးချင်တဲ့ ဆရာ/မ တစ်ဦးဆိုရင် ကျွန်တော်တို့ SEC - Silicon Private School နဲ့ လက်တွဲဖို့ ဖိတ်ခေါ်ပါတယ်။ 🧑🏫👩🏫
အထက်တန်းပြ ဆရာ/မ (Full Time) များ အမြန်အလိုရှိပါတယ်။ 🔔
သင်ကြားရမည့် ဘာသာရပ်များ:
📚 သင်္ချာ (Math)
🧪 ဓာတုဗေဒ (Chemistry)
🔬 ဇီဝဗေဒ (Bio)
📊 စီးပွားရေး (Eco) + လူမှုရေး (Social Studies)
ကျွန်တော်တို့ရဲ့ အဖွဲ့နဲ့အတူ ပညာရေးလောကကို အတူတူ ပုံဖော်ကြပါစို့။ 🚀
လျှောက်ထားလိုသူများအနေဖြင့်:
🏫 ကျောင်းသို့ ကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါတယ်။
📍 လိပ်စာ: အမှတ် (၁၈)၊ မင်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
ဆက်သွယ်ရန်:
📞 ဖုန်း: 09-269 334 170 / 09-533 3323
📱 Viber: 095333323 သို့လည်း CV Form ပို့ကာလျှောက်ထားနိုင်ပါသည်။
#အလုပ်အကိုင်အခွင့်အလမ်း #ဆရာအလုပ် #ပညာရေး
01/05/2026
'May Day’ သို့မဟုတ် ‘အလုပ်သမားနေ့’
ကျွန်တော်တို့ နေ့စဉ် မြင်တွေ့နေရတဲ့ တိုးတက်မှုတွေရဲ့ နောက်ကွယ်မှာ မရှိမဖြစ် အရေးပါတဲ့ အုတ်မြစ်တစ်ခုရှိနေပါတယ်။
အဲဒါကတော့ ကျရာကဏ္ဍကနေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပါဝင်ထမ်းဆောင်နေကြတဲ့ အလုပ်သမားထုကြီးရဲ့ လုပ်အားပဲ ဖြစ်ပါတယ်။
ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (International Labour Day) ပါ။
ကမ္ဘာ့တစ်ဝှမ်းမှာရှိတဲ့ ကာယ၊ ဉာဏ နှစ်ဖြာသော အလုပ်သမားများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။
#အလုပ်သမားနေ့
30/04/2026
ကဆုန် ညောင်ရေသွန်းပွဲ..💦
ညောင်ရေသွန်းပွဲသည် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဘာသာရေး ဓလေ့ပွဲတော်တစ်ခု ဖြစ်သည်။
ညောင်ရေသွင်းပွဲကို ဂိမှာနဟု ဆိုအပ်သော နွေဥတု၏ နောက်ဆုံးလဖြစ်သော ကဆုန်လပြည့်နေ့တွင် ကျင်းပကြသည်။
ထိုနေ့သည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။
ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။
ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။
ထို့ကြောင့် ညောင်ရေသွန်းပွဲတော်သည် မြန်မာလူမျိုးတို့ အမွန်အမြတ်ထားသော ပွဲတော်တစ်ရပ်ဖြစ်သည်။
#ကဆုန်ညောင်ရေသွန်းပွဲ
21/04/2026
သင့်ရင်သွေးတို့ရဲ့ အနာဂတ်အတွက် စိတ်ချရဆုံး ရွေးချယ်မှု "SEC" 🎓✨
"သင့်သားသမီးအနာဂတ်ကို ပုံဖော်ရာ SEC ပါ" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကလေးငယ်တွေရဲ့ ပညာရေးခရီးလမ်းမှာ အခြေခံကောင်းတွေနဲ့အတူ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ SEC - Silicon Private School မှ အမြဲအသင့်ရှိနေပါတယ်။ 🌟
ကလေးတွေ ပျော်ရွှင်စွာ သင်ကြားနိုင်မယ့် ပတ်ဝန်းကျင်၊ ခေတ်မီသင်ရိုးညွှန်းတမ်းတွေနဲ့ အတွေ့အကြုံရင့် ဆရာ၊ ဆရာမတွေက စနစ်တကျ ပြုစုပျိုးထောင်ပေးနေတာမို့ မိဘတို့အနေနဲ့ စိတ်အေးချမ်းသာစွာ ယုံကြည်အပ်နှံနိုင်မှာပါ။ 🏫📚
✅ ကလေးတို့ရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုနှင့် စာရိတ္တကောင်းမွန်ရေးကို အဓိကထားခြင်း
✅ ပျော်ရွှင်စရာ သင်ကြားရေး နည်းစနစ်များ
✅ လုံခြုံပြီး သန့်ရှင်းသပ်ရပ်သော ကျောင်းပတ်ဝန်းကျင်
သားသားမီးမီးတို့ရဲ့ အောင်မြင်တဲ့ ဘဝခြေလှမ်းတွေကို SEC နဲ့အတူ အခုပဲ စတင်လိုက်ရအောင်လားခင်ဗျာ။ 👦👧✨
📞 ဆက်သွယ်စုံစမ်းရန် ဖုန်းနံပါတ်များ:
09-269 334 170
09-533 3323
📍 ကျောင်းလိပ်စာ:
အမှတ်(၁၈)၊ မင်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
🎓🌟📖
17/04/2026
နှစ်သစ်ဦးမှာ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ။ 💮✨
ယနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါစေ။
နှစ်သစ်မှာ ရတနာရွှေငွေများ ဆတက်ထမ်းပိုး တိုးပွားပိုင်ဆိုင်နိုင်ကြပါစေကြောင်း SEC မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏🌼
မင်္ဂလာရှိသော နှစ်သစ်မှာ လုပ်ကိုင်ကြံစည်သမျှ အောင်မြင်ဖြစ်ထွန်းကြပါစေ။ ❄️💦
- Silicon Private School
16/04/2026
💦 သင်္ကြန်အတက်နေ့မှာ ပျော်ရွှင်စရာ အမှတ်တရကောင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေ! 💦
ဒီနေ့ဟာ သင်္ကြန်ကာလရဲ့ နောက်ဆုံးရက်ဖြစ်သလို၊ နှစ်သစ်ကို ကူးပြောင်းဖို့ အသင့်ပြင်နေတဲ့ နေ့ထူးနေ့မြတ်လေးပဲ ဖြစ်ပါတယ်။
SEC ကို အစဉ်တစိုက် အားပေးလာကြတဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံး နှစ်သစ်မှာ လုပ်ကိုင်သမျှ အောင်မြင်ဖြစ်ထွန်းကြပါစေ။ 🛠️❄️
အတာရေနဲ့အတူ ဘေးဘယာဝေးကွာပြီး လန်းဆန်းတက်ကြွတဲ့ ခြေလှမ်းသစ်တွေကို လှမ်းနိုင်ကြပါစေခင်ဗျာ။ ✨🚀
#သင်္ကြန် #နှစ်သစ်မင်္ဂလာ
15/04/2026
မင်္ဂလာရှိသော သင်္ကြန်အကြတ်နေ့လေး ဖြစ်ပါစေ... 🙏💦
ဒီနေ့ကျရောက်တဲ့ "အကြတ်နေ့" မှာ မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး အေးချမ်းသာယာရှိကြပါစေကြောင်း SEC မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။ 🍃✨
#သင်္ကြန်အကြတ်နေ့ - Silicon Private School
14/04/2026
မင်္ဂလာရှိသော သင်္ကြန်အကျနေ့လေး ဖြစ်ပါစေလို့ (SEC) မှ ဆုတောင်းပေးလိုက်ပါတယ်! 🎊
သင်္ကြန်ပွဲတော်ရဲ့ ဒုတိယမြောက်နေ့ဖြစ်တဲ့ "အကျနေ့" မှာ ချစ်ခင်ရသူတွေနဲ့အတူ အတာရေစင် စိုစိုရွှဲရွှဲနဲ့ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။
စိတ်သစ်၊ လူသစ်နဲ့ ရှေ့ဆက်ရမယ့် နေ့ရက်တိုင်းမှာလည်း ကံကောင်းခြင်းတွေ အပြည့်နဲ့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ကြပါစေဗျာ။ 🌊🔥
13/04/2026
"မင်္ဂလာရှိသော သင်္ကြန်အကြိုနေ့လေး ဖြစ်ပါစေ..." 💦❄️🌿
နွေအပူတွေကို အတာရေအေးအေးလေးနဲ့ ဖြေဖျောက်ရင်း စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်စရာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
လူကြီးမင်းတို့ရဲ့ ပတ်ဝန်းကျင်နဲ့ စိတ်နှလုံးသား အစဉ်အမြဲ အေးမြလန်းဆန်းနေဖို့ ကျွန်တော်တို့ SEC မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ✨🤝
- Silicon Private School #သင်္ကြန် #အကြိုနေ့
04/04/2026
ကလေးတိုင်းမှာ ကိုယ်စီကိုယ်ငှ ပါရမီနဲ့ ထူးခြားတဲ့ သင်ယူနိုင်စွမ်းတွေ ရှိကြပါတယ်... ✨
ကလေးတစ်ယောက်နဲ့ တစ်ယောက်က ပန်းလေးတွေလိုပဲ ပွင့်လန်းတဲ့အချိန်နဲ့ ပုံစံချင်း မတူညီကြပါဘူး။
ဒါကြောင့် ကလေးတွေရဲ့ အားသာချက်တွေကို ရှာဖွေဖော်ထုတ်ပေးပြီး သူတို့ရဲ့ အိပ်မက်တွေဆီ လျှောက်လှမ်းနိုင်ဖို့ Silicon Private School က အကောင်းဆုံး ပံ့ပိုးကူညီပေးနေပါတယ်။ 🎒
သားသားမီးမီးတို့ရဲ့ အနာဂတ်အတွက် စိတ်ချရတဲ့ ပတ်ဝန်းကျင်နဲ့ မှန်ကန်တဲ့ သင်ကြားမှုပုံစံကို ရွေးချယ်ပေးဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်။ ❤️
အသေးစိတ်ကို အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။
📞 09-269 334 170 / 09-533 3323
📍 အမှတ်(၁၈)၊ မင်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။