အမျိုးသမီးတို့အတွက်
ပန်သစ်အွန်လိုင်းပညာဒါနကျောင်း
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပန်သစ်အွန်လိုင်းပညာဒါနကျောင်း, School, Room (60)C, Yangon Insein Road, Hlaing Township, Yangon.
28/04/2019
28/04/2019
လုပ်ငန်းခွင်ဝင်နေကြတဲ့သူတွေ ဖတ်စေချင်လို့ပါ
၁) တစ်ပါးသူဟာ ဘယ်လောက်ပဲ ဆိုးနေပါစေ၊ ကိုယ့်ကို နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်က ရနိုင်မှာဖြစ်တယ်။
၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို၊ စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။
၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။
၎) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။
၅) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ ဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။
၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျော့သွားမှာ မဟုတ်ဘူး။
၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ၊ အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ။
၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။ ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။
၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေ ထည့်ရမှာလဲ? ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?
၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။
၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။
၁၂) လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်းအချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ ဆိတ်ဆိတ်နေရင် လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ မရှိဘူး။
၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်။
၁၄) လူတွေက ကိုယ့်ကို ကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။ လူတွေက ကိုယ့်ကိုနှိမ်တယ် ဒါ ရှက်စရာမဟုတ်ဘူး။
၁၅) တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်က တစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ။
Credit to
Source-Knowledge Village
Re-share by Prospect Myanmar
Re-share by....
..
..
27/04/2019
သင် အင်္ဂလိပ်စာ လေ့လာနေပြီဆို
ဒီအချက် ၁၂ ချက်ကို မလုပ်ပါနဲ့တော့
+++++++++
1.
Translating
ဘာသာပြန်မနေပါနဲ့။
တစ်ခုခု ဖတ်လိုက်ရ၊ ကြားလိုက်ရရင်ကိုပဲ အတိအကျ ဘာသာပြန်ချင်နေတဲ့အကျင့်တွေ မြန်မာ ကျောင်းသူ/သားတွေမှာ တွေ့ရပါတယ်။ အဲ့ဒါနဲ့ပဲ ရှေ့ဆက်မတိုးနိုင်တော့ဘူး။ Communicative မဖြစ်တော့ဘူး။
ဘာသာစကားတွေရဲ့ ပင်မရည်ရွယ်ချက်ကိုက Communication လုပ်ဖို့ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။
2.
’t be afraid to make mistakes
အမှားလုပ်မိမှာ မကြောက်ပါနဲ့တော့။
မှားလည်း ဘာဖြစ်လဲ။ ပြောင်ပြောင်တင်းတင်းပဲပေါ့။ ပြင်ပေးတဲ့သူက ပြင်ပေးလိမ့်မယ်။ နောက်တော့ အမှန်သိလာမှာပေါ့။ ကိုယ့်မိခင်ဘာသာစကားမှ မဟုတ်ဘဲ။
3.
Being Nervous
ရှက်ကြောက်တာ စိတ်လှုပ်ရှားတာတွေ ဖြစ်မနေနဲ့တော့။
အခြားဘာသာစကားတစ်ခုနဲ့ ပြောတာ၊ ရေးတာ လူကြားထဲ ကပြခိုင်းတာလည်း မဟုတ်ဘူး။ သေနတ်နဲ့ ထောက်ခံထားရတာလည်း မဟုတ်ဘူး။ ဖြစ်ခါစ ရည်းစားနဲ့ ချိန်းတွေ့တာလည်း မဟုတ်ဘူး။ စကားပြောတာပဲ။ ဒါကြောင့် Nervous ဖြစ်စရာမလိုဘူး။
4.
taking it personally when people don’t understand you.
ကိုယ်ပြောတာ သူများနားမလည်ဘူးဆိုပြီး အားငယ်မသွားနဲ့။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်နဲ့။
နားမလည်ရင် နားလည်တဲ့နည်းနဲ့ ပြော။ လက်ဟန် ခြေဟန်တွေ သုံးလို့ရတယ်။ ပြန်မေးလို့ရတယ်။ အဲ့ဒါ ချို့ယွင်းချက်တစ်ခု မဟုတ်ဘူး။
5.
’t just Learn in class
အတန်းထဲမှာပဲ လေ့လာတာမျိုးမလုပ်ပါနဲ့။
ကိုယ့်ကျောင်းသားတွေမှာလည်း ဒီပြသနာရှိတယ်။ အတန်းချိန်အပြင် ရောက်သွားရင် English က ကိုယ်နဲ့ဘာမှ မဆိုင်သလိုပဲ။ အဲ့ဒီလိုလုပ်လို့မရဘူး။ တတ်မှာမဟုတ်ဘူး။ ကိုယ် မြင်သမျှ ကြားသမျှ တွေးသမျှ အားလုံး English လို ပုံစံပြောင်းချင်တဲ့အတွေး အမြဲရှိရမယ်။
6.
’t give up.
လက်မလျော့လိုက်ပါနဲ့။
အရမ်းအရေးကြီးတယ်။ ငါသင်တန်းတွေ တက်ဖူးတာပဲ။ မရပါဘူး။ မလွယ်ပါဘူး။ ဘယ်တော့မှ အဲ့လိုမတွေးနဲ့။
လုပ်သာလုပ်။ ပန်းတိုင်က လက်တစ်ကမ်းမှာ။
7.
Worrying
စိတ်ပူမနေပါနဲ့။
တတ်မှ တတ်ပါ့မလား။ ပြောမှ ပြောနိုင်ပါ့မလား။ မပြောနိုင်ရင်ရော။ မှားကုန်ရင် ဘယ်လိုလုပ်မှာလဲ။
သင်တန်းတက်တာတွေ တကယ်ရော ထိရောက်မှာလား။ အများကြီး ပူမနေနဲ့။ ကိုယ့်ကိုယ်ကိုယ်ရော ပြန်မေး။ မရဘူးဆိုပြီး တစိုက်မတ်မတ် လေ့လာသလား။ မရဘူး။ ရမှာလည်း မဟုတ်ဘူးဆိုပြီး မလုပ်မိပဲ နေသလား။
ဒီကမ္ဘာပေါ်မှာ ကိုယ်လိုသူလို လူစင်စစ်တွေ English စကားပြောတာ English သုံးတာ သန်းပေါင်းများစွာရှိတယ်။
8.
comparing yourself to other English Speakers
တခြားသူတွေနဲ့ သွားမယှဉ်နဲ့။
ကိုယ်ထက် ပိုတော်တယ်ဆိုတာ သူတို့မှာ အကြောင်းရှိတယ်။ ဘယ်သူမှ မလေ့ကျင့်ပဲ တော်လာတာမရှိဘူး။ ကိုယ့်မှာလည်း ကိုယ်ကပိုတော်သွားရမဲ့ အကြောင်းအရင်း ဖန်တီးနိုင်ရမယ်။
9. using outdated, insufficient methods.
ခေတ်နောက်ကျနေတဲ့ မဖြစ်စလောက် လေ့လာမှုတွေလုပ်တာ ရပ်ပစ်လိုက်ပါ။ ဒီခေတ်မှာ အရင်ကလို ရှေးရိုးကြီးတွေ။ ပင်ပင်ပန်းပန်းလုပ်ရတာကြီးတွေက သိပ်ဘောင်မဝင်တော့ဘူး။ English class တွေ ပိုပြီးကောင်းလာပြီ။မန္တလေးမှာပဲကြည့်။ သီချင်းတွေဆိုခိုင်းတဲ့ သင်တန်းတွေ။ ဆရာကိုယ်တိုင် ဂစ်တာတီးသင်တာတွေ။ Games တွေ ကစားပြီး သင်တာတွေ စုံလို့လင်လို့။ ကျွန်တော်ကိုယ်တိုင်လည်း တစ်နေ့တစ်နေ့ ဘယ်လို ဆန်းသစ်ရမလဲပဲ လေ့လာနေရတယ်။
10.
’t work too much on one skill and neglect to others.
Skill တစ်ခုထဲ ကွက်ပြီးလေ့လာနေတာမျိုး မလုပ်သင့်ဘူး။
ပြောနိုင်ပြီး နားမထောင်တတ်တာ အလကားပဲ။ မြန်မာတွေ အဖြစ်များတာကျ နားတော့လည်တယ်တဲ့ ပြန်မပြောတတ်ဘူးတဲ့။ အဲ့ဒါ ကိုယ့်ကိုယ်ကိုယ် လိမ်နေတာ။ ပြောတာကို နားထောင်တတ်ရင် ပြန်ပြောနိုင်တဲ့ Skill ပါ တွဲ ပါလာတာ။ ကိုယ်ကိုယ်တိုင် ပိတ်ထားတဲ့ တံခါးတွေ ပြန်ဖွင့်လိုက်တော့။
11.
spending too much time studying.
အချိန်အကြာကြီးယူပြီး လေ့လာစရာမလိုဘူး။
တွေ့သမျှ မြင်သမျှ ကြားသမျှ အမြဲသင်ယူနေဖို့ပဲ လိုတယ်။ မြို့ထဲမှာချိတ်ထားတဲ့ English လို ဆိုင်းဘူတ်တွေ အကုန် လေ့လာဖူးသလား။ ရေသန့်ဘူးမှာ ပါတဲ့ Vocab = Meaning တွေ အကုန်သိလား။ English is everywhere. နော်။
12.
thinking of learning as a chore.
လေ့လာတာကို ပျင်းစရာကြီး။ ကျောင်းစာကြီး ဆိုပြီး မတွေးပါနဲ့။ English ဆိုတာ ကျောင်းစာမဟုတ်ဘူး။ တစ်ကမ္ဘာလုံး ကောင်းကောင်းပြောဆိုဆက်ဆံနိုင်အောင် ဘုံသတ်မှတ်ထားတဲ့ ဘာသာစကားတစ်ခုပဲ။
ဒီ ၁၂ ချက် မလုပ်ဘဲ လေ့လာရင်ကိုပဲ မကြာခင် လေ့လာသမျှက ကိုယ့်ရဲ့စွမ်းရည်တွေအဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲသွားမှာဆိုတာကို ကျွန်တော် ရဲရဲကြီးအာမခံပါတယ်။]
ဒီPost ကို အခုလို အစက အဆုံးထိ ဖတ်တဲ့စိတ်ဓာတ်လောက်ဆို English စာလေ့လာဖို့ အဆင်သင့်ဖြစ်တဲ့ အနေ အထား ရောက်နေပါပြီ။
Credit original uploader
25/04/2019
သိပ်ကောင်းတယ်ဗျာ။ ဖတ်ကြည့်ပါ။ မူရင်းစာရေး
သူ ကိုကျော်မင်းထွန်းကိုအထူးကျေးဇူးတင်ပါတယ်။
" ပညာ အား အဓိပ္ပါယ် ဖွင့်ဆိုပုံ နှစ်မျိုး ''
-----------------------------------------
မနက်က လိုင်းဖွင့်လိုက်တာနဲ့ ဘွဲယူဓာတ်ပုံတစ်
ပုံအရင်တွေ့တယ်။ ဓာတ်ပုံ ရိုက်ထားတာက ဘွဲ့
ဝတ်စုံ ဝတ်ပြီး နွားလှည်း တံပိုးကို ထမ်းထားတဲ့ပုံ
ပါ။
ဘွဲရလည်း ဘာမှ သုံးမရ ဘူး လို့ ရေးထားပါသေးတယ်
မိတ်ဆွေ တို့လဲ အဲ့ဒီ ပုံ တွေ့ပြီးပြီ ဖြစ်ကောင်းဖြစ်မှာပါ
...................................................................
မြန်မာစာလုံးတွင် ပညာ ဟု တစ်လုံးတည်း သုံးသော်လည်း
အင်္ဂလိပ် ဘာသာတွင်မူ Education နှင့် Wisdom
ဟူ၍ နှစ်မျိုးကွဲလေသည်
Education ဆိုတာက ကျောင်းကနေသော် လည်းကောင်း
မိဘ ဆီကနေသော် လည်ကောင်း သင်ယူတက်မြောက်
ဘွဲ့ရလာတာကို ဆိုလိုတာပါ
အဲ့တာကို ပညာတက် educated person လို့ခေါ်ပါတယ်
နောက်ပညာတစ်ခုက
အမှားအမှန်ကိုကောင်းကောင်း ဝေဖန် ပိုင်းခြားနိုင်တဲ့ပညာပါ
ဘယ်လို မနေ သင့်ဘူး ဘယ်လိုနေသင့်တယ်
ဘယ်လိုမပြောသင့်ဘူး ဘယ်လိုပြောသင့်တယ်
ဘယ်လိုမယူဆ သင့်ဘူး ဘယ်လို ယူဆသင့်တယ်
စသည့် အမှားအမှန်ဝေဖန်နိုင်တာ ကိုတော့
Wisdom ဆိုတဲ့ စာလုံးသုံးပါတယ်
Wise ဆိုတဲ့စာလုံးက လာတာပါ
..................................................................
လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ကျွန်တော် စကိုင်းနက်မီဒီယာ
မှာ ဘာသာပြန်လုပ်တာ ၁ သိန်းရပါတယ်လခ
ကျွှန်တော့အတွက် ဖူလုံ ပါတယ်
ဒါပေမယ့် ကျွှန်တော် ဆက်တက်ချင်တဲ့ ဗြိတိ ကောင်စယ်က
၈ ပတ် ကို ၃ သိန်းသွင်းရမယ်
IELTS ဖြေရင်လည်း ၁၄၅ ဒေါ်လာ သွင်းရမယ်ဆိုတော့
ကျွှနိတော့ လက်ထဲမှာက ၁၀ သိန်းလောက်ပဲရှိတယ်
မလုံလောက်ပါဘူး
အဲ့ဒါနဲ့ စကိုင်းနက် ကနေ အလုပ်ထွကိ လိုက်ပြီး
မထသ ၆၂ လိုင်းက ၅ခ /၆၈၀၃ကို isuzu ကားကြီး
ကို တစ်လ ၆ သိန်းနဲ့ ကန်ထရိုက်ယူလိုက်ပါတယ်
................................................................
နေ့လည်ဘက်မှာ ယဉ်မောင်းနဲ့စပယ်ယာက လိုင်းဆွဲခိုင်းပါ
တယ်
ကျွှန်တော်က တော့ သင်တန်းတွေ လိုက်တက်ပါတယ်
ညနေ ပြန်လာတော့ တောင်ဒဂုံက SGI ဆိုတဲ့အထည်ချူပ်
ဖယ်ရီ ယူ ထားပါတယ်
တောင်ဒဂုံ စက်မူ့ဇုန်ကနေ ရေလည် ကျောက်တန်းဘုရား
ရှေ့ထိပါ ကျွှန်တော် ကိုယ်တိုင်မောင်းပါတယ်
ကျောက်တန်းရေ လည် ဘုရားရှေ့မှာ ည အိပ်ပါတယ်
မနက်ကျရင် အလုပ်သမားတွေ ပြန်ကြိုပြီး စက်ရုံပို့ပေါ့်
တစ်နေ့ ၄ သောင်း ရပါတယ်
...................................................................
" Wisdom ရဲ့ အရေးကြီးပုံ''
ကျွှန်တော့တို့ကား ဂိတ်က တောင်ဒဂုံ မြို့စွန်မှာ ဂိတ်ဆုံးတယ်
ကားဂိတ်မှာ ရေခဲရေ ရောင်းနေတဲ့ '' အငယ်လေး '' ဆိုတဲ့
လူငယ် တစ်ယောက်ရှိတယ်
အတန်းပညာ ၂ တန်းလောက်တက်ဖူးတယ်
ညနေ မှာ ပြန်ခါနီး သူက ပိုနေတဲ့ ရေ ခဲရေ ကို
လိုင်းဆွဲပြီး ပြန်လာတဲ့ကားသမားတွေ လိုက်လိုက်တိုက်တယ်
ညနေဘက် သူအလုပ်အားရင် ဂိတ်မှာ ပြင်နေတဲ့ကားတွေလိုက် ကူညီတယ်
စကားပြော အလွန်ညက်ပြီး
လူကြီးတွေနဲ့လည်းအဆင်ပြေအောင်ပေါင်းသင်းတက်လို့
လူ ချစ်ခံရတယ်
ကျွှန်တော်က ကိုယ့်ကား ကို ကိုယ်တိုင်ပြင်တော့
သူက လာလာကူရင်းနဲ့ ရင်းနှီးလာတယ်
သူနေ့တိုင် လာလာပြင်ပေးတယ်
ကျွှန်တော်လည်း ကားပြင်ရင်းသင်ပေးတယ်
ပြီးရင် CNG gas သွားထည့်ရင် သူလိုက်လာတယ်
ကျွှန်တော် ကားမောင်း ဆက်သင်ပေးတယ် ကားကြီးတွေရဲ့
စီယာတိုင် ယူဆ ပုံ ကို သူကျွှမ်းကျင်လာတော့
ကားတစ်စီးပြီးတစ်စီး gas ထည့်ရင် သူကားရွှေ့ ပေးတယ်
ကျွှန်တော်က ကားပေါ်မီးဖွင့်ပြီး အင်္ဂလိပ် စာအုပ်ဖတ်နေတာ
ပေါ့
လိုရင်းပြော ရရင် သူ ကားကြီး မောင်းနိုင်သွားတယ်
နောက်တော့ ကျွှန်တော်ကို စပယ်ယာ လိုင်စင် လုပ်ပေးဖို့
ပူဆာ တယ်
ကျွှန်တော်က ကားလောက မှ ခဏ ပဲ နေမှာ ဒါကြောင့်မို့
ကူညီ နိုင်သလောက် ကူညီမယ် စိတ်ကူးထားတော့
ဘယ်သူကပဲ လိုင်စင်လုပ်ပေးပါ ကားမောင်းသင်ပေးပါ
လာပြောရင် ကွှန်တော်အဆငိပြေအောင်လုပ်ပေးတာချည်းပဲ
နောက်တော့ အငယ်လေး စပယ်ယာ လိုက်တယ် တခြားကား
မှာ ကားပိုင်ရှင်ရဲ့ ယုံကြည်မှူ့ ရသွားတော့
Owner casher ဖြစ်လာတယ် ငွေသိမ်းပေါ့
အဲ့ဒီ အချိန်မှာ ကျွှန်တော် IELTS စာမေးပွဲမှာ6.7
ရသွားတော့ ကားလောက ကနေ
ကျွှန်တော် ထွက်သွားတယ်
၃၅ လမ်းမှာ Global link နာမည်နဲ့ အင်္ဂလိပ်စကားပြော
သင်တန်းဖွင့်လိုက်ပါတယ်
ဒီနေ့ အချိန် ထိ
အဲကွန်းအောက်မှာ ဘာသာပြန်ရတဲ့ဘဝ
ကားသမားဘဝ နဲ့
အင်္ဂလိပ်စာဆရာ ဘဝ
ဘယ်ဟာ သဘောကျလဲမေးရင်
ကားသမားဘဝ ကို ကျွှန်တော်ပျော်တယ်
ယောင်္ကျားဆန်ဆန် ရုံးကန် ရတာကို
ကျွှန်တော်နှစ်သက်ပါတယ်
...................................................................
၂၀၁၆မှာ YBS မပြောင်း ခင်လေးမှာ
ကျွှန်တော် မြို့တော်ခန်းမ ရှေ့မှာ
ဗီယက်နာမ် တစ်ယောက်ကို
မြို့တော်ခန်းမ အကြောင်းရှင်းပြနေတုန်း
လိုင်းကားတစ်စီး ကျွှန်တော့ ဘေးမှာ လာရပ် ပြီး
'' ကိုကျော် ကျွှန်တော့ မှတ်မိလား '' ကျွှန်တော် အငယ်လေး ပါ''
ဂိတ်ဘက်ရောက်ရင် ဝင် လာ ခဲ့ပါဦးဗျာ ကျေးဇူးဆပ် ချင်လို့
ကျွှန်တော် အခု ကားပိုင် ဖြစ်နေပြီဗျ''
ကျွှန်တော် ပြုံး မိ တယ်
တစ်ချိန်က ကားဂိတ်မှာ ရေခဲရေ ရောင်းနေတဲ့ခလေး
အခု လိုင်းကားတစ်စီး ပိုင်သွားတယ်
သူ့မှာ education မရှိခဲ့ဘူး
ဒါပေမယ့် Wisdom တော့ရှိတယ်
ဘဝ မှာ ဘယ်လိုနေသင့်တယ် ဘယ်လိုမနေသင့်ဘူး
ဘယ်သူကို ချဉ်းကပ်သင့်တယ် ဘယ်သူ့ကိုရှောင်သင့်တယ်
ဘယ်လိုစကားမပြော သင့်ဘူး ဘယ်လို ပြောသင့်တယ်
အမှား အမှန်ကို ကောင်းကောင်း ခွဲနိုင်ခဲ့တယ်
သူက ဘဝ ကို Education မရှိပေမယ်
Wisdom နဲ့ ဘဝ ကို ဖြတ်သန်းသွားတယ်
...................................................................
" Education '' ရဲ့ အရေးပါ ပုံ
Education ကလည်း အရမ်းအရေးပါ ပါတယ်
တစ်ချို့ ရဟန်းပညာရှိ လူပညာရှိတွေက ကျောင်းပညာရေး
ကို '' သင်ညာ '' တွေ ဆို ပြီး wisdom လောက် အရေးမပါ
ဘူး လို့ ဆိုတာလည်း မကြာခဏ ဖတ်ရ ပါတယ်
ကျွှနိတော် ယဉ်ကျေးစွာ ငြင်းဆိုပါတယ်
Wisdom လိုပဲ Education ကလည်း အရေးကြီးပါတယ်
ဆရာတစ်ယောက်က ပညာဆိုတာ
'' ကျောင်းကသင်လာတာမဟုတ်ဘူး ဆယ်တန်း
အောင်ဖို့ထက် လူ လိုနားလည် ဖို့ လိုတယ် လို့
ဆိုတယ် ''
သူပြော ချင်တာက. လူ့ဘဝ နေတက် ဖို့ ကို အပြု
သဘောဆို ချင်တာ။
ဒါပေမယ့် အဲ့ဒီ စကားကို
ဆယ်တန်း တဖုတ်ဖုတ် ကျနေတဲ့ကောင်က
ယူ သုံးရော
" ဆယ်တန်းအောင် ဖို့ ထက် လူလိုသိဖို့ လိုတယ်တဲ့ ''
အမှန်က မိဘ ကျောင်းထားပါ လျှက်
ဆယ်တန်းတောင် အဖြစ်ရှိအောင်မဖြေ နိုင်တဲ့ ကောင်က
ယူသုံး လိုက်ပြီး သူ့ရဲ့ ဆယ်တန်းမအောင်တာကို
ကာဘာလုပ်သွားတယ်
..................................................................
ကျွှန်တော် ကားသမား ဘဝ မှာ
ယုဇန ဥယဉ်မြို့တော်က
ညီညီအောင် ဆိုတဲ့ စက်ဆရာသိပ်တော်တယ်
မျက်စိကို အဝတ်စည်းထားပြီး
ကားအင်ဂျင်က ဘယ်မူလီမဆို ဖြုတ်ယူလာခဲ့
သူလက်နဲ့ စမ်းကြည့်တာနဲ့တင်
ဘယ်နေရာက မူလီ ဆိုတာ အလွှတ်ပြောနိုင်အောင်
သူ့Subject ကို သူနိုင် နင်းတယ်
အပြောအဆိုလည်း ညက်တယ်
ကျွှန်တော် ရဲ့
မက်ကနီကယ် အင်ဂျင်နီယာ တက်နေတဲ့သူငယ်ချင်း
အမြဲတမ်း ကျောင်းပြေးပြီး ထန်းရည်သောက်တယ်
အချိန်တန်ဘွဲ့ရ လာတယ်
education certificate ရှိတယ်
စက်နဲ့ ပတ်သတ်တဲ့အင်ဂျင်နီယာပေမယ့်
ကားရဲ့ ပင်စတင် တောင် အပြင်မှာ မတွေ့ ဘူးဖူး
အဲ့တာ သူရယ် စက်ဆရာ ညီညီအောင်ရယ်
သဘောင်္တက်တော့
စက်ကို အရမ်းကျွှမ်းတဲ့ ညီညီ အောင်က
ဆီလောင်းအဆင့်နဲ့သင်္ဘော လိုက်ရတယ်
လခ ၇ သိန်း
စက်အကြောင်းတကယ်နားမလည်တဲ့
အင်ဂျင်နီယာကျောင်းဆင်းက
တတိယ အရာရှိ ဖြစ်သွားတယ်
လခ သိန်း၂၀
ဘာကွာသွားလဲ
Education ကွာသွားတာပဲ
ဒါကြောင့် Education ကလည်း
ဘဝ ရပ်တည်ရေးအတွကိ
သူ့နေရာနဲ့ သူ အသုံးဝင်ပါတယ်
သင်ညာ ပဲ ပြောပြော
ဘာပဲပြောပြော
ပြောချင်တာပြော အသုံးဝင်တယ်
...................................................................
တစ်ချို့ အရာ ရှိတွေ
သိပ်မောက်မာ ရိုင်းစိုင်းတယ်
လူကြီးကို လည်း ဆဲ ချင်ဆဲတယ်
Wisdomမရှိဘူးပေါ့
ဒါပေမယ့် Education က ရှိနေတော့
ဘဝ ရပ်တည်လို့ရနေတယ်
တစ်ချို့လည်း Education မရှိပေမယ့်
နေတက် ထိုင်တက် တော့
တဖြည်းဖြည်း အထက်ရောက်လာတယ်
အဲ့တာ ဘဝ ကို Wisdom နဲ့ရပ်တည်တာပေါ့
ဘဝ မှာ
Education
သို့မဟုတ်
Wisdomတစ်ခု
ကောင်းကောင်းရှိရင်
ဘဝ ရပ်တည်လို့ရတယ်
နှစ်ခု လုံး ရှိရင် Perfect ဖြစ်သွားပါတယ်
ဒါကြောင့်
ကိုယ့်မှာ လိုနေတာ
ကိုယ့် ကြိုးစားဖြည့်ပေါ့
အလားတူပဲ
Education ကသာ ကောင်းတယ်
Wisdom ကသာ မှန်တယ် လို့
ဇောင်းပေးပြီ မပြောအပ်ပါဘူး
ဘာလို့လဲ ဆိုတော့ နှစ်ခု စလုံး လိုအပ် လို့ပေါ့
...................................................................
ဗာဟု သစ္စဉ္စ သိပ္ပဉ္စ ဝိနယောစ သုသိက္ခိတော
သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ
အကြားအမြင်ဗဟုသုတ များခြင်း
အပြစ်ကင်းသော စက်မူ့လက်မူ့အတတ်ကို တတ်ခြင်း
ကိုယ်ကျင့်တရားကောင်းခြင်း
အပြောအဆို ချိုသာယဉ်ကျေးခြင်း
ဤလေးပါးသည် တိုးတက်ကြီးပွားချမ်းသာကြောင်း
ကောင်းမြတ်သော မင်္ဂလာမည်ပေ၏
ကျော်မင်းထွန်း ( 24.3.2019)
Credit Ko Kyaw Min Tun
25/04/2019
သင့်ကိုချမ်းသာစေနိုင်သည့် နည်းလမ်း ၁၆ချက်
၁။ ကိုယ်ပိုင်နည်းလမ်းများဖြင့် အသက်ရှင်နေထိုင်ပါ။
၂။ လောင်းကစားမလုပ်ပါနဲ့။
၃။ နေ့စဉ်စာဖတ်ပါ။
၎။ မလိုအပ်ဘဲ Facebook သုံးနေတဲ့အချိန်တွေကို လျော့ချပါ။
၅။ စိတ်ခံစားချက်များကို ထိန်းချူပ်ပါ။
၆။ ကောင်းမွန်တဲ့ အပေါင်းအသင်းမိတ်ဆွေများရှာဖွေပါ။ပုံမှန် စေတနာ့ဝန်ထမ်းလုပ်ပါ။
၇။ အလုပ် နှင့် စီးပွားရေးထက် ကျော်လွန်ပြီးလုပ်ဆောင်တတ်အောင်လေ့ကျင့်ပါ။
၈။ ဆန္ဒရှိတာတွေကို လျော့ချပြီး ရည်မှန်းချက်ပန်းတိုင်တွေသတ်မှတ်ပါ။ လက်တွေ့ဖြစ်အောင်လုပ်ဆောင်ပါ။
၉။ အချိန်ဆွဲခြင်းများကို ရှောင်ကျဉ်ပါ။
၁၀။ စကားပြောတာတွေကိုလျော့ပါ။ များများနားထောင်တတ်အောင် သင်ယူပါ။
၁၁။ အဆိပ်အတောက်ဖြစ်စေသာ လူတွေကို ရှောင်ရှားပါ။
၁၂။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။
၁၃။ သင့်ကိုနောက်ပြန်ဆွဲထားသော ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ချက်တွေကို ဖယ်ရှားပါ။
၁၄။ လမ်းညွှန်ပြသပေးနိုင်သူကို ရှာဖွေဆည်းကပ်ပါ။ Role Model ထားပါ။
၁၅။ " ကံဆိုးလိုက်တာ"၊ " မဖြစ်နိုင်ပါဘူး" စတဲ့ စကားလုံးတွေကို သင့်အဘိဓါန်ထဲက ဖယ်ထုတ်ထားပါ။
၁၆။ ကိုယ့်ရဲ့ အဓိကရည်ရွယ်ချက်ကို သိရှိပြီး အမြဲသတိရပါ။
ဒီအချက်တွေထဲမှာ သင်လုပ်နိုင်ဖို့ခက်ခဲတဲ့အချက်တစ်ခုမှ မပါပါဘူး။ အားလုံးက သင်လုပ်နိုင်တဲ့အကြောင်းအရာတွေချည်းပါပဲ။
ကျွန်တော် သာမာန်ဝန်ထမ်းဘ၀ကနေ ဒီနေ့ BEC Service Group Co., Ltd ရဲ့ CEO တစ်ယောက်အဖြစ်ရပ်တည်လာနိုင်တာက ဒီထဲကအချက်တွေကို လိုက်နာဆောင်ရွက်ခဲ့လို့ပါ။
သင်သာ အမှန်တကယ်ချမ်းသာချင်သူ၊ အောင်မြင်ချင်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဒါတွေကိုသင်လုပ်ကိုလုပ်သင့်တယ်ဆိုတာ သင်သိပြီးသားဖြစ်မှာပါ။
သင်ကိုယ်တိုင်မပြောင်းလဲချင်ဘူးဆိုရင်တော့ ဘယ်သူကမှသင့်ကို လာပြီးပြောင်းလဲပေးလို့ရမှာ မဟုတ်ပါဘူး။
ကိုယ်ကိုယ်တိုင်စတင်ပြောင်းလဲရင်း အောင်မြင်မှုတွေ ရှာဖွေလိုက်ပါလို့ အကြုံပြုရင်း..
Kyaw Min Htwe ( Business & Success Coach )
CEO, BEC Service Group Co., Ltd.
25/04/2019
တစ်နေ့လျှင်...
တစ်ရွက်လောက်သာ
လေ့လာကြည့်ပါ
ကျက်မှတ်ပါ , လေ့ကျင့်ပါ
သင့်ရဲ့.....
အင်္ဂလိပ်စာစွမ်းရည်
အမှန် တိုးတက်လာလိမ့်မယ်
Credit ; UTT ( U Tint Tun )
22/04/2019
သင်
အသက် ၂၀ - ၂၈ ဆိုလျှင်
ဒါကိုမဖြစ်မနေဖတ်ပါ
(အလွတ်ရသလောက်နီးပါးဖြစ်အောင် ဖတ်ထားလိုက်ပါ အကျိုးရှိပါတယ်.).
အသက် (၂၀)ကျော်အရွယ်ဟာ ဘ၀မှာ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာအပြောင်းအလဲတွေဖြစ်လာသလို မိဘတွေကလည်း အရွယ်ရောက်လာသူတစ်ယောက်အနေနဲ့ ဆက်ဆံလာချိန်ဖြစ်ပါတယ်။ ပြီးတော့ ဒီအရွယ်မှာ ငွေရှာဖို့အတွက်ကိုလည်း အရမ်းကိုစိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။ ဒီအရွယ်မှာ သင့်အနေနဲ့ ဘွဲ့တစ်ခုခုရပြီးသည်ဖြစ်စေ မရသေးဘူးဖြစ်စေ၊
(၂၀)ကျော်အရွယ်နဲ့ နောက်ပိုင်းမှာ အောင်မြင်ဖို့အတွက် စတင်ပြင်ဆင်တတ်ဖို့အရေးကြီးပါတယ်။ အများစုကတော့ ဒီအချိန်မှာ ထူးထူးခြားခြားပြောင်းလဲမှုတွေကိုလုပ်ဆောင်ဖို့နဲ့ ကြီးကြီးမားမားအောင်မြင်မှုကို ရယူဖို့က အရမ်းငယ်သေးတယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တော့ အသက်(၂၀)ကျော်အရွယ်ဆိုတာ သင့်ရဲ့ဘ၀ တလျှောက်လုံးမှာ အောင်မြင်မှုတွေဆွတ်ခူးရယူနိုင်ဖို့အတွက် အလေ့အကျင့်ကောင်းတွေကို စတင်ပျိုးထောင် မွေးမြူသင့်တဲ့အချိန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် (၂၀)ကျော်တွေအတွက် ဒီနေ့လုပ် မနက်ဖြန်မှာ ထူးခြားချက်တွေ ခံစားရမယ့် လုပ်ဆောင်စရာ(၇)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ လေ့လာသင်ယူပါ။
သင့်ရဲ့ပညာရေးကိုဆုံးခန်းတိုင်ပြီလို့ မသတ်မှတ်လိုက်ပါနဲ့။ ဆက်လက်လေ့လာသင်ယူနေဖို့လိုပါတယ်။ ဒီလိုပြောလို့ အလုပ်ထွက်ပြီး MBA ဘွဲ့သွားယူဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သင်တတ်နိုင်သမျှ အရာအားလုံးကို သင်ယူတတ်ဖို့ပဲဖြစ်ပါတယ်။ ဘာမဟုတ်တဲ့အရေးကိစ္စအတွက် အချိန်တွေအလဟဿကုန်ဆုံးနေမယ့်အစား အခမဲ့တက်ရောက်နိုင်တဲ့ သင်တန်းကျောင်းတွေမှာ လေ့လာသင်ယူပါ။ အချိန်မရှိဘူးဆိုရင်လည်း အွန်လိုင်ကနေ အခမဲ့သင်ကြားပေးနေတာတွေရှိပါတယ်။ ကြိုးစားရှာဖွေ လေ့လာပါ။
၂။ အမှားလုပ်မိဖို့ မကြောက်ပါနဲ့။
အမြန်လှုပ်ရှားရင် မတော်တဆမှုတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် မတော်တဆမှုကိုကြောက်နေရင် မြန်မြန်လှုပ်ရှားနိုင်မှာမဟုတ်ပါဘူး။ လူအများစုက အလုပ်ပြောင်းတာလိုမျိုး ထူးခြားတဲ့ပြောင်းလဲမှုတွေ လုပ်ရမှာကို မှားသွားမလား စိုးရိမ်ကြောက်လန့်တတ်ကြပါတယ်။ သင့်အတွက် တစ်ခုခုအဆင်မပြေဘူးခံစားရရင် ရုန်းထွက်ဖို့အတွက် ကြောက်နေလို့ မဖြစ်ပါဘူး။ နယ်ပယ်သစ်မှာ သင်အခက်တွေ့ချင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုရုန်းထွက်လိုက်မှသာ သင်နဲ့ကိုက်ညီမှုကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ တစ်ခုမှတ်ထားရမှာက သင်ဘယ်ကြိမ်ရှုံးနိမ့်လဲဆိုတာထက် သင်ဘယ်လောက်အောင်မြင်လဲဆိုတာကိုပဲ လူတွေက အရေးစိုက်ကြတာပါ။
၃။ အသုံးစရိတ်၊ စုဆောင်းမှု နဲ့ ရင်းနှီးမြုပ်နှံမှု
ဒီတစ်ခုကို သင်စိတ်ဝင်စားမှာပါ။ သင့်ရဲ့ငွေကြေးနဲ့ ပတ်သက်ပြီးဘယ်လို စီမံရမယ်ဆိုတာက အရမ်းကိုအရေးကြီးပါတယ်။ ကဲ တွက်ကြည့်ရအောင်။ အသက်(၂၅)နှစ်မှာ စတင်ပြီး တစ်လမှာ ဒေါ်လာ(၂၀၀) စုဆောင်းတယ် ဒါမှမဟုတ် ရင်းနှီးမြုပ်နှံမှုလုပ်တယ် ဆိုကြပါစို့။ သင့်အနေနဲ့ စုဆောင်းရင်းနှီးမြုပ်နှံငွေရဲ့ တစ်နှစ်ကို (၅)ရာခိုင်နှုန်းပဲ ပြန်ရမယ်ဆိုရင်တောင် အသက်(၆၅)နှစ်အရွယ်ရောက်တဲ့အခါမှ စုစုပေါင်း ဒေါ်လာ (၃၀၅၂၀၄) အထိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ (၂၀)ကျော်အရွယ်နဲ့ (၃၀)အစောပိုင်းကို လစ်လျူရူပြီး (၃၅)နှစ်မှ စတင်စုဆောင်းရင်းနှီးမယ်ဆိုရင်တော့ အသက်(၆၅)နှစ်မှာ ဒေါ်လာ (၁၆၆၄၅၁) လောက်ပဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
၎။ စာရေးပါ။
ရည်မှန်းချက်ပန်းတိုင်တွေ ချရေးပါ။ မှတ်စု စာအုပ်မှာ စာရေးပါ။ စာအုပ်တစ်အုပ် ဒါမှမဟုတ် စီးပွားရေးစိတ်ကူးတွေ၊ စီမံချက်တွေ၊ လုပ်ချင်တာတွေ အားလုံးကို ချရေးထားပါ။ ဒီလို ချရေးထားတာဟာ သင့်ရဲ့စိတ်ကူးတွေ အတွေးတွေကိုဖော်ပြဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သင့်ဦးနှောက်ကိုလည်း ဆန်းသစ်တီထွင်ဉာဏ်တွေ ဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်။ ပိုပြီး မိုက်တာမျိုးလုပ်ချင်လား? သင်စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး မှတ်တမ်း တစ်ခုရေးပါ။
၅။ လေ့ကျင့်ခန်းလုပ်ပါ။ တရားမှတ်ပါ။
ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့အတွက် လူတိုင်းလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းကြောင့် တစ်နေ့လုံးနေလို့ကောင်းနေမှာဖြစ်ပြီး အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ယုံကြည်မှုတွေလည်း ပိုရှိလာစေမှာဖြစ်ပါတယ်။ သင့်ရဲ့ဦးနှောက် ကျန်းမာဖို့အတွက်ကတော့ တရားထိုင်ပေးရမှာ ဖြစ်ပါတယ်။ တရားထိုင်တာက သင့်ရဲ့စိတ်ကို ကြည်လင်လန်းဆန်းစေပြီး မှန်ကန်တဲ့ အတွေးတွေနဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့ ယောဂ လေ့ကျင့်မယ်ဆိုရင်လည်း ဖြစ်ပါတယ်။
၆။ မိမိကိုယ်ကို အခြားလူတွေနဲ့ မနှိုင်းယှဉ်ပဲ ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေကို အာရုံစိုက်ပါ။
သင့်ရဲ့သူငယ်ချင်းတွေ မိတ်ဆွေတွေ ဘယ်လိုအလုပ်အကိုင်ကောင်းတွေ လုပ်နေတယ်၊ ဘယ်လိုဝင်ငွေကောင်းနေတယ်ဆိုတာတွေ လိုက်ကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်မနေပါနဲ့။ ကိုယ်ပိုင် ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေကိုပဲ အာရုံစိုက်ပါ။ ရည်မှန်းချက်ပန်းတိုင်ဆီကိုရောက်ဖို့ သင်တတ်နိုင်သမျှအရာအားလုံးကို သင်ယူလေ့လာနိုင်ဖို့ လှုပ်ရှားပါ။
၇။ ပေးကမ်းပါ။
အကျိုးကျေးဇူးတစ်စုံတစ်ရာပြန်မရနိုင်တာကြောင့် အပေးအကမ်းမရှိတာမျိုး မဖြစ်ပါစေနဲ့။ ပြန်ရဖို့ကို မျှော်လင့်မနေသင့်ပါဘူး။ လူမှုအဖွဲ့အစည်းကောင်းကျိုးအတွက် ပေးဆပ်ဖို့ကို တစ်စက္ကန့်မှ နှောင့်နှေ့မနေပါစေနဲ့။ ကူညီနိုင်မယ့်နည်းလမ်းတွေအများကြီးရှိပါတယ်။ ငွေကြေးဥစ္စာပေးကမ်းတာမှ မဟုတ်ပါဘူး။ သင်တတ်ထားတဲ့ ပညာတွေကို ဝေမျှသင်ကြားပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။
အသက်(၂၀)ကျော်အရွယ် လူငယ်လူရွယ်တွေဟာ အရာအားလုံးကို စွမ်းဆောင်အောင်မြင်နိုင်တယ်လို့ ယုံကြည်ထားပြီး အလေ့အကျင့်ကောင်းတွေကို မွေးမြူတတ်ဖို့အရေးကြီးကြောင်း တိုက်တွန်းလိုက်ပါတယ်။
22/04/2019
အင်္ဂလိပ်စာမှာ အချစ်ဘယ်နှစ်မျိုးရှိလဲဆိုတာသိစေဖို့
credit
21/04/2019
အရမ်းကောင်းလွန်းလို့ ပြန်လည်မျှဝေလိုက်ပါတယ် ကျော်မသွားကြပါနဲ့
Credit : Original Uploader
19/04/2019
🗣🗣နေ့စဉ်သုံးလျပ်တစ်ပြက်အင်္ဂလိပ်ဝါကျတိုများ(၉၉)🗣🗣
*********************************************
I haven't many books on that subject. = အဲ့ဒီဘာသာရပ်နဲ့ဆိုင်တဲ့ စာအုပ်တွေ ငါ့မှာ များများစားစား မရှိပါဘူး။
I haven't many friends. = ကိုယ့်မှာ သူငယ်ချင်း များများ မရှိပါဘူး။
I haven't only got one pair of hands. = ငါ့မှာ လက်ရှိလုပ်နေတာနဲ့တင် မအားလွန်းလို့ ဘာမှထပ်မလုပ်နိုင်တော့ပါဘူးကွာ။
I haven't read it. = ကိုယ်ဒါကို မဖတ်သေးပါဘူး။
I haven't read this book. = ငါ ဒီစာအုပ် မဖတ်ဖူးဘူး။
I haven't seen him ages. = ကျွန်တော် သူ့ကို မတွေ့တာ အကြာကြီးကြာနေပြီ။
I haven't seen him in years. = သူ့ကို ငါ မတွေ့တာ နှစ်ချီကြာနေပြီ။
I haven't seen him lately. = ငါ ခုတစ်လော သူ့ကို မမြင်မိဘူး။
I haven't seen him of late. = ငါ အခုတလော သူ့ကို မမြင်မိပါဘူး။
I haven't seen Mya Mya lately. = ကျွန်တော် ခုရက်ပိုင်းမှာ မြမြကို မမြင်မိပါဘူး။
I haven't seen that girl. = အဲ့ဒီကောင်မလေးကို မမြင်ဖူးဘူး။
I haven't seen you for a long time. = ကိုယ် မင်းနဲ့ မတွေ့ရတာ အတော်ကြာပြီပဲ။
I haven't seen you for ages. = ငါနဲ့ မင်းနဲ့ မတွေ့တာ အတော့်ကိုကြာပြီကွာ။
I haven't seen you for donkey's year. = ငါ နင့်ကို မတွေ့တာ တော်တော့်ကို ကြာနေပြီနော်။
I haven't the courage to refuse. = ငါ့မှာ ငြင်းပယ်နိုင်တဲ့ သတ္တိမရှိဘူး။
I haven't the faintest! = ကျွန်တော်ဖြင့် အစအနတောင် မသိပါဘူးဗျာ။
I haven't the foggiest! = ကျွန်တော်ဖြင့် လုံးဝ မသိလိုက်ရပါလား။
I haven't the foggiest idea! = ငါဖြင့် အစအနလေးတောင် မသိပါဘူး။
I haven't the foggiest! Where Mg Mg is working now. = မောင်မောင် အခုဘယ်မှာ အလုပ်လုပ်နေသလဲဆိုတာ ငါ နည်းနည်းမှကို မသိဘူး။
I haven't the heart to kill the dog. = ဒီခွေးကို သတ်ချင်တဲ့စိတ် ငါ့မှာ မရှိပါဘူး။
I haven't the patience to hear your complaints. = ခင်ဗျားရဲ့ မကျေမနပ်ချက်တွေ နားထောင်ဖို့ စိတ်မရှည်တော့ဘူး ဗျာ။
I have thinned down a lot since I went on a diet. = ကိုယ် အစားအစာကို ချင့်ချင့်ချိန်ချိန်စားသောက်ပြီးကတည်းက တော်တော်ကြီး ပိန်သွားခဲ့တာလေ။
I haven't time to do it. = အဲ့ဒါလုပ်ဖို့ ငါ့မှာ အချိန်မရှိတော့ဘူး။
I haven't yet done it. = ငါ အဲ့ဒါကို မလုပ်ရသေးဘူးဟေ့။
I haven't yet read your letter. = ငါ မင်းစာကို မဖတ်ရသေးဘူးဟ။
I haven't yet recovered from astonishment. = ငါဖြင့် ခုထိ အံ့သြလို့ကို မဆုံးဘူးကွာ
I have nothing against foreigners. = ငါ နိုင်ငံခြားသားတွေကို ကြည့်မရဘူး။
I have nothing to ask you. = ငါ မင်းကို မေးစရာ ဘာမှ မရှိပါဘူး။
I have nothing to blame myself for. = ငါ့မှာ နောင်တရစရာ အကြောင်းမရှိဘူး။
I have nothing to do. = ငါ့မှာ ဘာမှ လုပ်စရာမရှိပါဘူး။
I have nothing to do with it. = ငါနဲ့ ဘာမှကို မဆိုင်တာပါ။
I have nothing to do with the like of you. = မင်းလိုကောင်စားမျိုးနဲ့ ငါ ပတ်သက်စရာ အကြောင်းမရှိဘူး။
I have nothing to do with them. = ငါ သူတို့နဲ့ ပတ်သက်စရာ ဘာအကြောင်းမှ မရှိဘူး။
I have nothing to do with you. = ငါ မင်းနဲ့ ပတ်သက်စရာ ဘာအကြောင်းမှ မရှိဘူး။
I have nothing to eat. = ငါ့မှာ ဘာစားစရာမှ မရှိဘူး။
I have nothing to say. = ငါ့မှာ ပြောစရာမရှိပါဘူး။
I have nothing to say about it. = အဲ့ဒီအကြောင်းနဲ့ ပတ်သက်လို့ ငါမှာ ပြောစရာဘာမှ မရှိဘူး။
I have one brother and two sisters. = ကျွန်တော့်မှာ အကိုတစ်ယောက်နဲ့ အမနှစ်ယောက် ရှိပါတယ်။
I have only got a cold. = ငါ အအေးမိရုံလေးပါ။
I have only got a few dollars left. = ကိုယ့်မှာ ငွေနည်းနည်းပဲ ကျန်တော့တယ်။
I have only one thing. = ကိုယ့်မှာ တစ်ခုထဲပဲရှိတာပါ။
I have only personal things in it. = အဲ့ဒီအထဲမှာ ကျွန်တော့် ကိုယ်ပိုင် အသုံးအဆောင်လောက်ပါပဲ။
I have paid out a lot on repairing that house. = ဒီအိမ်ပြင်ဆင်စားရိတ်ငွေ အမြောက်အများကို ပေးချေပြီးပါပြီ။
I have painted my car from top to bottom. = ငါ ကားတစ်စီးလုံးကို ဆေးသုတ်ပြီးသွားပြီ။
I have put in only 6 months. = ကျွန်တော်လုပ်တာ ၆လလောက်ပဲ ရှိပါသေးတယ်။
I have put it where I can find it again. = အဲ့ဒါကို ငါ ပြန်ရှာလို့ရမယ့်နေရာမှာ ငါထားခဲ့ပါတယ်။
I have read a lot of books. = ငါ စာအုပ်တွေ အများကြီး ဖတ်ပြီးပြီ။
I have read this book. = ကျွန်တော် ဒီစာအုပ်ဖတ်ပြီးပြီ။
I have run through this book. = ဒီစာအုပ်ကို ငါ လျှောက်ဖတ်ပြီးပါပြီ။
I have said all I should say. = ငါ ပြောသင့်တာတွေ ပြောခဲ့ပြီးပြီ။
I have said him but he doesn't know how to do. = ငါ သူ့ကို ပြောထားပြီပြီ...ဒါပေမယ့် သူက ဘာလုပ်ရမှန်း မသိဘူးလေ။
@@ပညာရှာဆဲမို့အမှားပါကပြုပြင်ပေးကြပါခင်ဗျာ။
@@အားလုံးကိုအစဉ်လေးစားချစ်ခင်လျက်...ဦးမျိုး(ခေတ္တ-မလေးရှား)
19/04/2019
Click here to claim your Sponsored Listing.
Location
Category
Website
Address
Room (60)C, Yangon Insein Road, Hlaing Township
Yangon
11051