27/07/2019
Business Plan ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားသင့်တဲ့ Tips လေးတွေ မျှဝေပေးချင်ပါတယ်။
Mission
လုပ်ငန်းစတင်လုပ်ကိုင်သူများအနေနဲ့ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းဟာ ဘယ်လိုအမျိုးအစားလဲ? ဘယ် Market ကို ရည်ရွယ်လုပ်ကိုင်ချင်တာလဲ? သင့်လုပ်ငန်းအခြေအနေကရော ဘယ်အနေအထားမှာ ရှိနေတာလဲ? မိမိလုပ်ငန်း အဓိက လုပ်ကိုင်ရပ်တည်လိုတဲ့ ရည်ရွယ်ချက်ကရော ဘာလဲ? ဒီအချက်တွေက Business Plan ထဲ ထည့်သွင်းရေးဆွဲရမယ့် အချက်တစ်ခုပါပဲ။
Vision
သင့် လုပ်ငန်းကို ဘယ်အခြေအနေထိ အောင်မြင်အောင် လုပ်ဆောင်မှာလဲ? သင့်လုပ်ငန်း ရောက်ရှိစေလိုတဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရော ဘယ်လိုသတ်မှတ်ထားမလဲ? အောင်မြင်မှုတွေ ရဖို့ ဘယ်လို Milestones တွေ ချမှတ်ထားပြီး အကောင်ထည်ဖော် ဆောင်ရွက်မလဲ ဆိုတဲ့ Vission က အရေးကြီးဆုံး ထည့်သွင်းသင့်ပါတယ်။
Core Value
သင့်လုပ်ငန်း အောင်မြင်စေဖို့ ရည်ရွယ်ချက် ချမှတ်ထားတဲ့ အတိုင်း ရောက်နိုင်ဖို့အတွက် လုပ်ငန်းရဲ့ အဓိက တန်ဖိုးထားရမယ့် အပိုင်းတွေကို တိကျသေချာစွာ သိရှိထားဖို့လဲ လိုအပ်သလို နည်းလမ်းတကျ ချမှတ်ထားဖို့ လိုအပ်ပါတယ်။
သင့်လုပ်ငန်းမှာ ချမှတ်ထားတဲ့ Mission Vision တွေ အတိုင်း ရပ်တည်လည်ပတ်နိုင်စေဖို့ မရှိမဖြစ် လိုအပ်တဲ့ Core Values တွေက ဘာတွေဖြစ်မလဲ? ဥပမာ သင့်လုပ်ငန်းရဲ့ Revene ဖြစ်မလား၊ Customers ဖြစ်မလား၊ သင့်လုပ်ငန်းရဲ့ ၀န်ထမ်းတွေ ဖြစ်မလား အစရှိတဲ့ သင့်လုပ်ငန်းရဲ့ Core Category တွေကို အသေးစိတ်ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
Goals - Objective
Core Value တခုချင်းစီ အတွက် Goals တွေ သတ်မှတ်ထားဖို့ လိုပါတယ်။
ဒီလို သတ်မှတ်ထားတဲ့ Goal တွေက Smart ဖြစ်ဖို့လည်း အရေးကြီးပါတယ်။
ဘယ်လို SMART GOAL ဖြစ်ရမလဲဆိုတော့
S: Specific - သတ်သတ်မှတ်မှတ်နဲ့ တိကျသေချာမှုရှိရမယ်
M: Measurable – Goals ကို ရောက်ရှိဖို့ တိုင်းတာနိုင်မှု ရှိရမယ်
A: Attainable – သင်အမှန်တကယ် ရယူနိုင်တဲ့ Goal ဖြစ်ရမယ်
R: Relevant - အမှန်တကယ် ကျိုးကြောင်းဆီလျော်မှု ရှိရမယ်
T: Timebond - အချိန်ကန့်သတ်ချက် ရှိရမယ်
အခုလို အချက်တွေနဲ့ Goal တွေကို တည်ဆောက်ပြီး Goal တခုချင်းစီအတွက် တိကျသေချာပီး သင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် Objectives တွေကို ချမှတ်ရေးဆွဲ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
Action Plan
သင် ချမှတ်ရေးဆွဲထားတဲ့ Objective တစ်ခုချင်းစီအတွက်ကိုတော့ Action Plan လဲ ရေးဆွဲထားဖို့ လိုပါသေးတယ်။ Action Plan မှာ When, What, Who, How အချက်အလက်တွေကို အခြေခံပြီး နည်းစနစ်တကျ ထည့်သွင်းရေးဆွဲထားမယ်ဆိုရင် သင့်လုပ်ငန်းရဲ့ Business Plan က လုပ်ငန်းတစ်ခု ကောင်းမွန်စွာ လည်ပတ်နိုင်မယ့် Plan ကောင်းတစ်ခု အဖြစ် ဖန်တီး အသုံးပြုနိုင်မှာပါ။
A+ Myanmar for Professionals