24/04/2025
အထက (၃) ဒဂုံမြောက် အာစရိယပူဇော်ပွဲဖြစ်မြောက်ရေး အဖွဲ့ဝင် ၊ အငြိမ်းစားဆရာ ဆရာမကြီးများ ကျန်းမာရေးစောင့်ရှောက်မူကော်မတီဝင် ကိုမျိုးမင်းသိန်း ဘဝတပါးသို့ ပြောင်းသွား ကွယ်လွန်သွားပါသဖြင့် မိသားစုနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲမိပါကြောင်း ကျောင်းသားဟောင်းများကိုယ်စား ကြေငြာအပ်ပါသည်။ ကိုမျိုးမင်းသိန်းသည် ကျောင်းသားဟောင်းများစုပေါင်းလှုပ်ရှားသော လူမူပရဟိတလုပ်ငန်းများနှင့် ဒဂုံမြောက်မြို့နယ်၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများမှာ စဥ်ဆက်မပြတ်လှုပ်ရှားဆောင်ရွက်မူများကို အသိအမှတ်ဂုဏ်ပြုပါကြောင်း၊ အစဥ်အမြဲသတိရနေပါကြောင်း ဝမ်းနည်းကြေကွဲစွာဖြင့် ဆရာ ဆရာမများ သူငယ်ချင်းမိတ်ဆွေများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
စီနီယာနောင်တော် ကိုမျိုးမင်းသိန်း ကောင်းရာသုဂတိလားပါစေ